6P အစီအစဉ်တွင် လက်ဗွေနှိပ်မှတ်ပုံတင်ခဲ့သော ပထမအသုတ်တွင် ၁၇၉၅၉ ယောက်ကိုတရားဝင်ခွင့်ပြုမည်

>> Saturday, October 22, 2011

အလုပ်ရှင် ၁၅၇၄ ဦးတို့၏လက်အောက်တွင် လုပ်ကိုင်နေကြသော တရားမ၀င်အလုပ်သမားများ လွန်ခဲ့သောလက ပထမအသုတ်အဖြစ် လက်ဗွေနှိပ်မှတ်ပုံတင်ခဲ့ရာ ယင်းအုပ်စုတွင် ၁၇၉၅၉ ယောက်ပါဝင်ခဲ့သည်။ ထိုအထဲမှ ၁၇၂၂၇ ယောက်ကို တရားဝင်အဖြစ်အသိအမှတ်ပြုပြီး၊ ၇၃၂ ယောက်ကိုငြင်းပယ်ခဲ့သည် ဟု ပြည်ထဲရေးဝန်ကြီး Datuk Seri Hishammuddin Hussein ကပြောဆိုခဲ့ပါသည်။

ထိုငြင်းပယ်ခြင်း ခံရသူများတွင် သတ်မှတ်ထားသော သတ်မှတ်လုပ်ငန်း ၅ ခု၏မဟုတ်သော အခြားလုပ်ငန်းများ တွင်လုပ်ကိုင်နေသော သူများဖြစ်ကြောင်း၊ ထိုပြင် သတ်မှတ်ထားသောနိုင်ငံ စာရင်းတွင်မပါဝင်ကြောင်း ပြောပါသည်။ သတ်မှတ်ထားသော အလုပ်အကိုင် ၅ မျိုးမှာ- စက်ရုံကုန်ထုတ်လုပ်ရေး၊ စိုက်ပျိုးရေး၊ ဥယျာဉ်ခြံမြေ၊ ဆောက်လုပ်ရေး၊ နှင့် ၀န်ဆောင်မှုများ တို့ဖြစ်ကြပါသည်။ ၆ P အစီအစဉ်တွင် စုစုပေါင်း ၁.၃ သန်းမှတ်ပုံတင်ခဲ့ကြပါသည်။ အကယ်၍ ထိုလုပ်ငန်း ၅ မျိုးတွင်မပါဝင်သော အလုပ်မျိုးကိုလုပ်ကိုင်သော အလုပ်သမားများအတွက်မူ အလုပ်ရှင်များက အသနားခံတင်ပြပါက စဉ်းစားမည်ဖြစ်သည်။

အလုပ်ရှင်များသည် လာမည့် ၂၀၁၂ ဇန်န၀ါရီလ ၁၀ ရက်နေ့နောက်ဆုံးထား၍ မိမိတို့၏ အလုပ်သမားများကို မှတ်ပုံတင်ပေးရမည် ဖြစ်သည်။ အကယ်၍ ပျက်ကွက်ပါက အလုပ်ရှင်ရော၊ အလုပ်သမားပါ အကျိုးဆက်ကို ခံရမည် ဟုပြည်ထဲရေးဝန်ကြီးက ပြောပါသည်။ သူက အစိုးရသည် မှတ်ပုံတင်မထားသော မည်သူကိုမဆို အရေးယူမည်ဖြစ်ပြီး နိုင်ငံအတွင်းမှ နှင်ထုတ်မည် ဖြစ်ပါသည်။

ယခုအချိန်တွင် မှတ်ပုံမတင်ရသေးသူများသည် အချိန်မဆိုင်းဘဲ လ၀က ရုံးများတွင်မှတ်ပုံတင်ခြင်း၊ သတင်းပေးခြင်း၊ ကိုယ်ရေးအချက်အလက်နှင့် လက်ဗွေနှိပ်ခြင်းစသည့်တို့ကို အမြန်ဆုံးဆောင်ရွက်ကြရန် နှင့် အကယ်၍ လ၀က မှ သတ်မှတ်ကာလ ကျော်လွန်သည်နှင့် ဥပဒေနှင့်အညီ ဆောင်ရွက်မည်ဖြစ်ပြီး၊ အပြစ်ဒဏ်အပြင် နယ်နှင်ဒဏ်ပေးမည် ဖြစ်ပါသည်။
၆ P အစီအစဉ်တွင် မှတ်ပုံတင်ထားသူများအနေနှင့်လည်း နေရပ်ပြန်လိုပါကလည်း လွယ်ကူသော နည်းလမ်းများ စီစဉ်ထားကြောင်းယင်းက ဆက်၍ ပြောသည်။

မှီငြမ်း။ ။ Star Online Newspaper

နွားကျောင်းသား (Friend Ever)

0 comments:

  © Blogger templates Sunset by Ourblogtemplates.com 2008

Back to TOP