Showing posts with label အမှတ်တရ. Show all posts
Showing posts with label အမှတ်တရ. Show all posts

ပဉ္စမအကြိမ်မြောက် မလေးရှားနိုင်ငံ စာပေဟောပြောပွဲ (ဓာတ်ပုံ၊ အသံဖိုင်)

>> Monday, December 26, 2011

ဆရာကြီး ဦးအောင်သင်း၊ ဆရာမနုနုရည် (အင်းဝ)၊ ဆရာကျော်ဝင်း၊ ဆရာအော်ပီကျယ် တို့မှနေပြီး ဒီဇင်ဘာ ၂၅၊ ၂၀၁၁ တွင် မလေးရှားနိုင်ငံ ကေအယ်မှာ ဟောပြောခဲ့ကြတာပါ။ ဆရာ၊ ဆရာမတွေ တက်ညီလက်ညီဟောခဲ့ကြတာ အရမ်းကျေနပ်ဆရာကောင်းပါတယ်။ ဆရာကြီး ဦးအောင်သင်းဆိုရင် မတ်တပ်ရပ်ပြီး မဟောနိုင်တဲ့အတွက် ကုလားထိုင်နဲ့ ဟောရပါတယ်။ လာရောက်နားထောင်ကြသူများလည်း ခန်းမအပြည့်ဖြစ်သွားခဲ့ပြီး မလေးရှားမှာ အအောင်မြင်ဆုံး ဟောပြောပွဲတခုလို့ ဆိုရမလိုပါပဲ။

လာရောက်နားမထောင်နိုင်သူများနဲ့ အဝေးမှစာပေ၀ါသနာပါသူများ ပြန်နားထောင်လို့ရနိုင်အောင် အသံဖမ်းထားပေမယ့် အကြောင်းမညီညွတ်လို့ ဆရာကြီးဦးအောင်သင်းနဲ့ ဆရာမနုနုရည် (အင်းဝ) တို့ရဲ့ ဟောပြောမှုဖိုင် မရလိုက်ပါဘူး။ ဆရာကျော်ဝင်းနဲ့ ဆရာအော်ပီကျယ်တို့ရဲ့ အသံဖိုင်ပဲ တင်ပေးလိုက်ပါတယ်။

မြန်မာ့နိုင်ငံရေးဓလေ့နှင့် တတိယလှိုင်းအတွေ့ (ဦးကျော်ဝင်း)

U Kyaw Win by mgpala

ပြောင်းလဲခြင်း (ဦးအော်ပီကျယ်)

U Aww Pe Kyal by phoepagyi

အပြည့်အစုံသို့.....

ဆဲဗင်းဇူလိုင်

>> Thursday, July 7, 2011

ဆဲဗင်းဇူလိုင်


ဆဲဗင်းဇူလိုင်၊ သွေးမြေဖြိုင်ကျ
သမဂ္ဂအဟုန်၊ ကြောက်ဒူးတုန်သည်
ဒိုင်းနမိုက်ခွဲ၊ ပင်စည်လှဲလည်း
ကျန်သည့်အမြစ်၊ အသစ်ဖြစ်စေ
တရစ်ရစ်တွယ်၊ မေ့မလွယ်သည့်
ရင်ကွဲသမိုင်း၊ အတိတ်ရိုင်းကို
ရဲရဲနီစွေး၊ ကျောင်းသားသွေးနှင့်
ဒေါင်းမာန်ဒေါင်းစိတ်၊ ရင်သို့ဖိတ်လျက်
ဆက်တိုင်းမျိုးဆက်၊ လက်သို့သက်သည်
ဥဒါန်းဘယ်ခါ၊ မကြေရာတည့်။

မောင်ပါလ
၇.၇.၂၀၁၁

အပြည့်အစုံသို့.....

ဒေါ်အောင်ဆန်းစုကြည့်၏ ၆၆-နှစ်မြောက် မွေးနေ့ နှင့် နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေး ၀တ်ပြုဆုတောင်းပွဲ

>> Monday, June 20, 2011

၁၉.၆.၂၀၁၁ (တနင်္ဂနွေနေ့) တွင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည့်၏ ၆၆-နှစ်မြောက် မွေးနေ့ (မြန်မာနိုင်ငံအမျိုးသမီးများနေ့) ဂုဏ်ပြုပွဲနှင့် မတရားအကျဉ်းကျခံနေရသော နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေး ၀တ်ပြုဆုတောင်းပွဲ တို့ကို မလေးရှားရောက် မြန်မာ့အရေးလှုပ်ရှားမှုအင်အားစုမှ
ကျင်းပပြုလုပ်ခဲ့ပါသည်။

တက်ရောက်လာသူများမှ မွေးနေ့အမှတ်တရ ဆုတောင်းစကားများပြောကြားခြင်း၊
ဒေါ်အောင်ဆန်းစုကြည်အား ဂုဏ်ပြုတေးသီချင်းများ သီဆိုဖျော်ဖြေခြင်း၊
ဂုဏ်ပြုကဗျာများ ရွတ်ဖတ်ခြင်း၊ နိုင်ငံရေးအကျဉ်းသားများ အမြန်ဆုံးလွတ်မြောက်ရေးအတွက်
လက်မှတ်ထိုးတောင်းဆိုခြင်းနှင့် ဆုတောင်းမေတ္တာပို့သခြင်း၊ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်စေရန်
ရည်မှန်းလျက် ငှက်လွှတ်ခြင်း၊ ဆုတောင်းစာများကပ်၍ မိုးပျံပူဖောင်းလွှတ်ခြင်း စသည့်အစီအစဉ်များကို
စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။

တက်ရောက်လာကြသူများအား ဘလက်ကောင်းဘုန်းကြီးကျောင်းမှ ဒန်ပေါက်ထမင်း လှူဒါန်းကျွေးမွေးပြီး
ပွဲဖြစ်မြောက်ရေးကော်မတီမှ ခေါက်ဆွဲကြော်၊ အအေးဖျော်ရည်၊ ကော်ဖီတို့ဖြင့် ဧည့်ခံကျွေးမွေးခဲ့သည်။
ညနေ ၆နာရီခွဲခန့်တွင် အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြပါသည်။














အပြည့်အစုံသို့.....

ပီနန်းဘုန်းတော်ကြီးကျောင်းတွင်းမှ မြန်မာ့ရိုးရာသင်္ကြန်

>> Wednesday, April 13, 2011

အပြည့်အစုံသို့.....

၂၀၁၀ ရွေးကောက်ပွဲအား ကန့်ကွက်ဆန္ဒပြပွဲ ( video file)

>> Friday, November 5, 2010

အပြည့်အစုံသို့.....

အမူးသမားမောင်းတဲ့ကား

>> Sunday, August 8, 2010

(ညီညွတ်ခဲ့ကြသော ၈-လေးလုံးအရေးတော်ပုံကြီးအား ပြန်ပြောင်းအောင်းမေ့လျက်.......)

အရှိန်ပြင်းစွာ မောင်းနေသောကားတစီး။ ဦးတည်ချက်ကားမမှန်။ လမ်းဘေး ချော်ထွက်သွားလိုက်။ ဟိုဝင်တိုးလိုက်၊ ဒီဝင်တိုးလိုက်။

ကားမောင်းလာသူက အရက်အလွန်အကျွံမူးနေသူ။ ကားပေါ်တွင် ခရီးသည်အများအပြားလိုက်ပါလာကြသည်။ ထိုခရီးသည်များသည် တိမ်းမှောက်မည်ကဲ့သို့ဖြစ်နေသော တစုံတခုနှင့်တိုက်မိမည်ကဲ့သို့ဖြစ်နေသာ ကားပေါ်တွင်လိုက်ပါလာကြသည့်တိုင် မတူညီသောစိတ်ထားကိုယ်စီနှင့်................။

ခရီးသည်အများစုမှာ မိမိတို့သည် အရက်သမားမောင်းနှင်နေသောကားပေါ်တွင် လိုက်ပါလာကြသည်ကို စိုးစဉ်းမျှမစဉ်းစားမိကြဘဲ ကိုယ့်စိတ်ကူး၊ ကိုယ့်အတွေးများနှင့်ကိုယ်ရှိကြလျက် ကားမှောက်မည်၊ ကားမှောက်လျှင် မိမိတို့ဘာဖြစ်ကြမည်ကို ပေလျာယကန်ပြု၍နေကြကုန်၏။

ခရီးသည်တချို့မှာ ကားမောင်းသူတိုက်သောအရက်ကိုသောက်ပြီးလျှင် ကားမောင်းသူအား ကားမောင်းကျွမ်းကျင်ကြောင်း၊ အရှိန်မြှင့်ကာထပ်မောင်းစေလိုကြောင်း အစရှိသဖြင့် ၀ိုင်းဝန်းမြှောက်ပင့်ပြောဆိုကြပြီးလျှင် ကားမောင်းသူနှင့်အပြိုင် မူးနေကြကုန်၏။

တချို့သောခရီးသည်များမှာကား မိမိတို့စီးလာသည့်ကားသည် ဒရိုင်ဘာ၏ မူမမှန်သောထိန်းချုပ်မောင်းနှင်မှုအောက်တွင် မကြာမီအချိန်အတွင်း တိမ်းမှောက်တော့မည် သိ၏။ ထိုသူတို့သည် မိမိတို့အသက်ဘေးလွတ်နိုင်သည့်အကာအကွယ်၊ အမှီသဟဲတို့ကိုသာ ရှာကြကုန်၏။

အနည်းစုသာဖြစ်သော ခရီးသည်များသာလျှင် ခရီးသည်အားလုံး၏ ဒုက္ခဖြစ်မည့်အရေးကို စိုးရိမ်ပူပန်မိလျက်၊ ကားမောင်းသူအရက်သမားအား မမောင်းစေဘဲ အခြားကျွမ်းကျင်သည့်သူတယောက် အစားထိုးမောင်းနှင်နိုင်ရန်အတွက် အမျှော်အမျှင်ကြီးစွာ ကြိုးစားအားထုတ်ကြကုန်၏။ သို့သော် ခရီးသည်အများစု၏ အကူအညီမရသည်ကတကြောင်း၊ အတ္တကြီးစွာဖြင့် မိမိလွတ်မြောက်ရာကိုသာ ရှာကြကုန်သောခရီးသည်တို့အား ရှောင်တိမ်းနေရသည်ကတကြောင်း၊ ကားသမားအားမြှောက်ပင့်နေကြကုန်သော ဖော်လံဖားခရီးသည်များ၏ ရန်လိုမှုကို ရင်ဆိုင်နေရသည်ကတကြောင်း၊ လူနည်းစုသာဖြစ်သည်ကတကြောင်းတို့ကြောင့် ကြိုးစားအားထုတ်မှုမှာ ထင်သလောက်မအောင်မြင်ဘဲ ရှိကြကုန်၏။

ကားသည် အထိန်းအကွပ်မမှန်စွာ ပြေးမြဲပြေးလျက်........................

ကားပေါ်တွင် လိုက်ပါစီးနင်းလာကြကုန်သော ခရီးသည်အားလုံး၏ ကြကံမ္မာတို့သည်ကား...................။

အပြည့်အစုံသို့.....

အာဇာနည်နေ့

>> Friday, July 16, 2010

အာဇာနည်နေ့အား လေးစားစွာဂုဏ်ပြုလျက်.................................




Design by Nay Win Ni

အပြည့်အစုံသို့.....

‘လဇူလိုင်ကို ရဲဝံ့သူသာပိုင်တယ်’ နှင့် အခြားကဗျာ -၉ ပုဒ် ( ငြိမ်းလူ )

>> Friday, April 30, 2010

30720726-Nyein-Lu-s-Poems

Ref : ဒေါက်တာလွဏ်းဆွေ

အပြည့်အစုံသို့.....

ဗလာရင်ခေါင်းနဲ့ တွန်မယ့်ဒေါင်းသံ

>> Friday, March 12, 2010



ရဲဘော်ဖုန်းမော်နှင့်တကွ တော်လှန်ရေးအဆက်ဆက်ကျဆုံးသွားခဲ့သော ရဲဘော်အပေါင်းသို့......

ရဲဘော်တို့ရေ..........

အာဏာချည်တိုင် လက်မလွတ်နိုင်တဲ့
နွားအို နွားယုတ်ကြီးတွေလည်း
မိုက်တွင်းဆက်နက်နေဆဲပေမို့....
ငါတို့လျှောက်ရမယ့်လမ်း
ဘယ်လောက်ပဲ ကြမ်းတမ်းရှည်လျားပါစေ
အာဏာရှင်စနစ် မြေလှန်ပစ်မယ်ဆိုတဲ့
ငါတို့သံဓိဋ္ဌာန် မြဲမြံပါစေ့မယ်။

ခိုင်မတ်တဲ့စိတ်ဓာတ်ကို တွယ်ဖက်
သစ္စာတရားကို ဦးထိပ်ရွက်ရင်း
ဗလာရင်ခေါင်းနဲ့ တွန်မယ့်ဒေါင်းသံ
ဘ၀ဂ်သို့တိုင် ကြားနိုင်စေ့မယ်။

အာဏာရှင်စနစ်ဆိုး ဦးကျိုးစေရမယ်

မောင်ပါလ

အပြည့်အစုံသို့.....

မတ်လတော်လှန်ရေးများသို့ အမှတ်တရ-၂

>> Sunday, March 7, 2010

သွေးစွန်းသော တနင်္ဂနွေနေ့ (သို့) ၁၉၈၈ ခုနှစ်၊ မတ်လ (၁၃)

အပြည့်အစုံသို့.....

မတ်လတော်လှန်ရေးများသို့ အမှတ်တရ-၁

>> Saturday, March 6, 2010

ကျောင်းသားအတ္ထုပ္ပတ္တိ
(ရွှေဘုန်းလူ)

(၁)
မင်းရဲ့ရုပ်အလောင်းဟာ
ခြင်္သေ့ဂူထဲမှာ ရှိလိမ့်မယ်။
အမှောင်စုန်းစုန်းမှာ
အရာအားလုံး မေ့ဖျောက်ပစ်
နောက်တခေတ် မင်းအောင်မြင်စေကွယ်။
အက်ကွဲနေသောလက်များနဲ့
ဘုရားသခင်ထံ ငါတို့ဆုတောင်း
မင်း……..ကောင်းရာသုဂတိလားပါစေ……..လို့
ငါတို့ရဲ့သွေးတစက်ကို
ထက်ဝက်ခွဲ
မင်းခံတွင်းထဲ
တဲတဲလေးလျှောချကြည့်ရင်
နှုတ်ခမ်းသေများက
ဖွဖွတိုးတိုးလေး လှုပ်ရှားအော်မြည်
ဒီ… မို… က… ရေ… စီ….
ဒီမိုကရေစီ…..လို့ ဆိုလိမ့်မယ်။

ညီလေးရယ်……………….
ရနိုင်မယ်ဆိုရင်
မင်းရဲ့အရိုးတမှုန်ကို
နိဗ္ဗာန်ဘုံအထိယူပြီး
ဘုရားသခင်ကို ပြကြည့်ချင်တယ်။
မင်းဟာ သူရဲကောင်းလေးဖြစ်တယ်။
မင်းဟာ အာဇာနည်လေးဖြစ်တယ်။
မင်းဟာ……..
ဗမာကျောင်းသားလေး… ဖြစ်တယ်လေ။

(၂)
ရေငတ်သလို ငတ်ခဲ့ရတဲ့
ဗမာပြည်က “လူ့အခွင့်အရေး” ဟာ
အကျဉ်းထောင်ထဲမှာ…..
သင်္ချိုင်းမြေမှာ……
တရားရုံးရဲ့ ရာဇ၀တ်မှုတွေထဲမှာ………… ရှိနေတယ်။
မင်း… စွန့်ခွာခဲ့တဲ့
စာသင်ကျောင်းကလေး
မင်းသတင်းတွေ မေးနေပြီ
မင်းရဲ့ စာအုပ်ဟောင်းထဲမှာ
ဆရာမရဲ့ မှတ်ချက်….
မင်းအတွက်….
“နောက်ထပ်စာအုပ်အသစ်လဲပါ” တဲ့
စာအုပ်မလုံလောက်မှု…
ဖောင်တိန်မလုံလောက်မှု…
မုန့်စားဆင်းချိန်မှာ ကျောင်းခန်းထဲအိပ်နေမှု… စတဲ့
လူမှုကိစ္စအ၀၀
မင်းချည်းမှ မဟုတ်ခဲ့ပါဘူးကွယ်
တိုက်ပွဲမှာ
ချွန်မြစွာ တောင်းဆိုနိုင်ဖို့
ခေါင်းလောင်းအိုကြီးကိုနှုတ်ဆက်
ချီတက်လာတဲ့ အာဇာနည်လေးရေ…
ခွပ်ဒေါင်းရဲ့ တကြောင်းစာချွန်
သမိုင်းစင်ကိုထမ်း
ရာဇ၀င်ကြမ်းခက် သွေးစက်ရွှဲစို
ခုတော့………………..
မင်းရဲ့ ခုံနံပါတ်လေး “ငို” နေပြီ။

(၃)
ရွှေဘုန်းရောင်လက်ဝင်းတဲ့
နှင်းပြာပြာ မနက်ဦးများမှာ
ဒိုကမ္ဘာကို ပြန်လာဦးမှာလား…ဟင်…
“ အမျိုး၊ ဘာသာ၊ သာသနာ အတွက်
သားနှုတ်ဆက်ခဲ့ပါတယ်” တဲ့
မင်းထားခဲ့တဲ့ စာတိုကလေး
မင်းတို့အိမ်ကို ပေးလိုက်ပြီ
ယိုင်နဲ့ကျဉ်းမြောင်းနေတဲ့
မင်းတို့ရဲ့ အိမ်ကလေးထဲမှာ
မင်းရဲ့ဖေဖေဟာ
လက်သီးကို ကျစ်ကျစ်ပါအောင်
ဆုတ်ထားတယ်…
မင်းရဲ့မေမေဟာ
အခန်ထောင့်မှာ
ငြိမ်သက်စွာထိုင်ပြီး
မျက်ရည်စီးကြောင်းတခုကို အဖော်ပြု
(ရင်ထဲမှာတော့)
သား ပြန် (လု) နေရှာတော့မယ်။

“ကောင်မွန်စွာ
သင်္ဂြိုလ်ပြီးစီးပါကြောင်း” …. တဲ့
အလောင်းကိုမှ
မမြင်ရ မတွေ့ရ
ဘယ်နေရာမှာ ကျဆုံးခဲ့သလဲ ညီလေးရယ်
ဒေါင်းရုပ်ကလေးလိုပဲ
မင်းရဲ့အထ္တုပ္ပတ္တိဟာ
အတောင်ပံပါတယ်
နွယ်လိုပတ်ချည် ခိုင်ကျည်နစ်စူး
ရောက်လေရာ ဘ၀အဆက်ဆက်မှာ
မင်း…. မော်ဖူးရခြင်းများစွာနဲ့
ကင်းဝေးပါလိမ့်မယ်…။

(၄)
အိမ်ထရံမှာ
တခါခါ မင်းမျက်ရည်သုတ်တဲ့
စုတ်ချာချာ လွယ်အိတ်ကလေး
ခေတ်ဘေး ခေတ်ဒဏ်သင့်နေရှာတယ်…
“ခေတ်လွတ်လပ်မ
ကျောင်းသားလွတ်လပ်မယ်”
အရွယ်နဲ့ မလိုက်အောင်တွေး
“ကျောင်းသားအရေး” ဆိုတာ
မင်းမှာ မရှိခဲ့ပါဘူး
“ဘုရားခေတ်မှာဆို
ရဟန္တာဖြစ်တဲ့ထိ လိမ္မာမယ်”
ဒါပေမယ့်………………………
“အမှောင်ခေတ်မှာတော့
အာဏာရှင်ကို ဖီဆန်တယ်”
ညီလေးရယ် မင်းသိပ်မှန်တယ်…………။

ခံယူချက်ကို
အမြောက်ဆံလို ပစ်ဖောက်
အဝေးဆုံး အမြင့်ဆုံး
ဘ၀တဆုံး မင်းရောက်ခဲ့တယ်
စစ်မောင်းသံကြားရင်
ခွာတရှပ်ရှပ် ဖြစ်ချင်တဲ့
စစ်မြင်းကလေးလို
မင်းဟာ…………..
ရာဇ၀င်ကို ထိုးခွဲ
တိုက်ပွဲကို ဒုန်းဖောက်
မီးတောက်ဆူးခြစ်
ခေတ်သစ်ပူဇော်
တော်လှန်တဲ့ညီလေးရေ…
ခွပ်ဒေါင်းအပေါင်းရဲ့
ကောင်းချီးသြဘာသံတွေ
မင်း… ရောက်ရာအရပ်က ကြားပါစေ….

(၅)
ညီလေးရေ
ရာဇ၀င်ရေးရာ
စာအုပ်ပိတ်
တော်လှန်ရေးမှာ “အိပ်“ တော့နော်
မင်း စိတ်ချသွားပါ
အရာအားလုံးကို မေ့ဖျောက်
သွေးနဲ့တည်ဆောက်တဲ့ အုတ်ဂူတလုံး
တလောကလုံး လင်းစေသားကွယ်
တိမ်သားရိုးရီ
ဒီမိုကရေစီ တောင်တက်လမ်းက
ခပ်ကြမ်းကြမ်း ကျောက်လေးတွေအဖြစ်
စွဲနစ်ကျန်တင်လို့
ငါတို့ အောင်မြင်မှာပါ………….
ဗမာပြည်အတွက် လိုအပ်တဲ့
“လူအခွင့်အရေးနဲ့ ဒီမိုကရေစီ”
အရှေ့ဖက်အရပ်မှာ
ခြင်္သေ့တွေ ချီလာပြီ…
စစ်မြင်းတွေ ပြိုင်လာပြီ…
ခွပ်ဒေါင်းတွေ ပျံလာနေပြီလေ…..
ညီလေးရေ
ငြိမ်းချမ်းစွာ….
အေးမြစွာ….
သန့်ရှင်းစွာ…..
နောင်ဘ၀မှာ မြင်ယောင်ကြည့်စမ်းကွယ်
ဘာပဲဖြစ်ဖြစ်
ယမ်းငွေ့တလူလူ ကြားထဲမှာ
မင်းချစ်တဲ့ ဗမာပြည်ကြီးဟာ
ဒေါင်းအလံကို ပန်းလိုပန်လို့… လှလို့…
သြော်…………………..
ဒေါင်းအလံကို ပန်းလိုပန်လို့…………
လှလို့ပါပဲ…………………ညီလေးရယ်…။

တာရာမင်းဝေ အမှတ်တရစာစုများမှ ထုတ်နှုတ်ဖော်ပြသည်။

အပြည့်အစုံသို့.....

ဂါရ၀ပြု ပူဇော်ကန်တော့ပွဲ အခမ်းအနား မှတ်တမ်းဓာတ်ပုံများ

>> Sunday, February 28, 2010



စာရေးဆရာ စာပေပညာရှင်ကြီးများအား တွေ့ဆုံဂါရ၀ပြုပူဇော်ကန်တော့ပွဲကို ဖိတ်စာပါနေရာနှင့်အချိန်အတိုင်း အောင်မြင်စွာကျင်းပပြုလုပ်ခဲ့ကြကြောင်းသိရှိရပါသည်။

စာရေးဆရာကြီးနန်းညွန့်ဆွေ(ကိုဇာဂနာအဖေ)၊ ဦးဝင်းတင်၊ ဦးအုန်းမောင်၊ ဦးအုန်းကြိုင် တို့တက်ရောက်ခဲ့ကြသည်။ ဘဘ ဦးဝင်းတင်မှာ အကြောင်းကြောင်းကြောင့် မတက်ရောက်နိုင်ခဲ့ပေ။ မတက်ရောက်သည့် ပုဂ္ဂိုလ်များထံသို့ ကန်တော့ခံပစ္စည်းများကို အိမ်အရောက်ပေးပို့ခဲ့ကြကြောင်း သိရှိရသည်။

အခမ်းအနားကို သတ်မှတ်ထားသည့်အစီအစဉ်အတိုင်း- တက်ရောက်လာသောပုဂ္ဂိုလ်များအား ကန်တော့ခြင်း၊ ကဗျာရွတ်ခြင်း၊ ပေးပို့လာသောသ၀ဏ်လွှာများ ဖတ်ကြားခြင်းများဖြင့်ကျင်းပခဲ့ကြသည်။ ပြီးနောက် အကန်တော့ခံပုဂ္ဂိုလ်များမှ သြ၀ါဒ စကားပြောကြားပါသည်။ တက်ရောက်လာသူတို့အား ကျေးဇူးတင်စကားပြောကြားပြီး အခမ်းအနားရုတ်သိမ်းကာ အကျွေးအမွေးနဲ့ဧည့်ခံကြောင်းသိရှိရသည်။ အခမ်းအနားသို့ NLD၊ MDC၊ အင်္ဂါမိသားစုများနှင့် ကျောင်းသားလူငယ်များ၊ အခြားဧည့်ပရိတ်သတ်များ တက်ရောက်ကြကြောင်း သိရသည်။

ထို့နောက် ကိုဘိုကြည်အိမ်သို့သွားရောက်ကြပြီး ကိုဘိုကြည်မိခင် ကွယ်လွန်ခြင်းနှစ်ပတ်လည်တွင် ငှက်လွှတ်ခဲ့ကြကြောင်း သိရှိရသည်။

 

  


ဓာတ်ပုံများပေးပို့လာသော Fight for Freedom Burma အားကျေးဇူးအထူးတင်ရှိပါသည်။

အပြည့်အစုံသို့.....

၂၀၁၀ အော်စကာဆု ရွေးချယ်ရန်စုစည်းထားသောစာရင်းတွင် ပါဝင်သည့် BURMA VJ

>> Thursday, February 4, 2010

ရွှေဝါရောင်တော်လှန်ရေးက အဖြစ်အပျက်တွေကို စုဖွဲ့ပြီး ဇာတ်လမ်းဆင်ရိုက်ကူးထားတဲ့ ရုပ်ရှင်ပါ။ အကိုတယောက်ကပေးပို့လာပေးပါတယ်။ ကျနော့်မှာ ပြန်ပြီးမျှဝေချင်တဲ့ဆန္ဒကလည်း ရှိနေတော့ သူ့ကိုပဲအကူအညီတောင်းပြီး Hosting လုပ်ခိုင်းရပါတယ်။ မလေးရှားမှာ DVD တချပ်စာကို free user တယောက် upload တင်ရင် နှစ်ချို့သွားလိမ့်မယ်။ အဓိကကျနော်ပြောချင်တာက ဒီရုပ်ရှင်ကို ဒေါင်းယူပြီး အပြင်မှာစီးပွားရေးမလုပ်စားကြဖို့ပါပဲ။ မူပိုင်ခွင့်နဲ့ ပတ်သတ်လို့ တစုံတရာပြောကြားချင်ပါတယ်ဆိုရင်လည်း မောင်ပါလနဲ့သာ လုံးဝသက်ဆိုင်ပါကြောင်း...............။ ပေးပို့လာသောအကိုအားလည်း အထူးကျေးဇူးတင်ရှိပါတယ်ခင်ဗျား။

လိုချင်ရင်အောက်ကလင့်ခ်ကနေဒေါင်းယူသွားကြပါ။

BURMA VJ Part-1
BURMA VJ Part-2
BURMA VJ Part-3
BURMA VJ Part-4
BURMA VJ Part-5
BURMA VJ Part-6
BURMA VJ Part-7
BURMA VJ Part-8
BURMA VJ Part-9

အပြည့်အစုံသို့.....

မြန်မာ့ဘ၀၊ မြန်မာ့ဝန်းကျင်နှင့် မြန်မာ့ကဗျာ (စာတမ်း) တင်မိုး

>> Friday, January 29, 2010

ကဗျာဆရာကြီး (ဦး) တင်မိုး ၃ နှစ်ပြည့်အမှတ်တရ လက်ဆောင် မေစာ ရှာဖွေတင်ဆက်ပြီး မိုးမခ မှာ ဖော်ပြပေးထားတာပါ။ (ဦး) တင်မိုးရဲ့ လက်ရေးမူကို သိမ်းထားချင်ရင်သိမ်းထားလို့ရအောင် ပြန်ပြီးတင်ပေးလိုက်တာပါ။

25954162 Tin Moe Burmese Life Style and Poem Paper

အပြည့်အစုံသို့.....

ပြည်သူ့အချစ်တော် နိုင်ငံကျော် လူရွှင်တော် ဇာဂနာ၏ (၄၉) နှစ်ပြည့် မွေးနေ့အ မှတ်တရ (ဦးညွတ်ဂုဏ်ပြုခြင်း အစီအစဉ်)

>> Wednesday, January 27, 2010

စစ်ခွေးတိုက်မှာ ဇာဂနာ့ တနေ့တာ


ဇာဂနာ

စိတ်ကူးယဉ်တဲ့ အလုပ်ကလွဲလို့ ဘာမှ လုပ်စရာမရှိတဲ့ နေရာပါဗျာ။ မိုးလင်းကနေ မိုးချုပ် ငုတ်တုတ် ထိုင်နေရုံ ကလွဲလို့ ဘာမှလုပ်စရာမရှိ။ စကားပြောဖော် မရှိ။ မိခင်ဘာသာစကားတောင် မေ့သွားမှာစိုးလို့ စမ်းပြီးပြောပြော ကြည့်နေရတာ။ အီအီးပါလို့ကလည်း မဖြောင့်၊ ရှူရှူးပန်းလို့ကလည်း အဆင်မပြေ။ ဒန်ပန်းကန်ပြားသာသာ မိလ္လာခွက်ထဲ အီအီးရော ရှူရှူးရော ပါလည်းပါ ပန်းလည်းပန်း လုပ်ရတာကိုး။ အီးနှစ်တုံးလောက်ဆို ပေါက်ပြီး သား ရှူရှူးတွေက ဖင်ပြန်စင်နေပြီ။ ကိုယ့်ရှူရှူး ကိုယ်ရွံနေလို့ မဖြစ်ပါဖူးလေလို့သာ သဘောပိုက်ရပါတော့ တယ်။ ပါလိုက်ဦးဟ ... ပန်းလိုက်ဦးဟ။

အီအီးနဲ့ ဆန့်ကျင်ဘက် မန်မန်ကျတော့လည်း တော်တော်အဆင်ပြေသားခမျ။ စာထဲပေထဲမှာတော့ ရောင်စုံသူ ပုန်ပဲ ကြားဖူးတာ၊ ခုတော့ ရောင်စုံထမင်းဆိုတာ တွေ့နေပါပြီ။ အမယ် ... ဒါတောင် စိတ်မဆိုးနဲ့နော် စိတ်ဆိုးလို့ များ ထမင်းလုံးနဲ့ ကောက်ပေါက်လိုက်ရင် နဖူးကွဲသွားမှာ ဘာမှတ်နေလဲ။ ကိုယ့်မှာက စားစရာဆိုလို့ ပါးစပ်တခု ပဲ ပါတာဆိုတော့ ထောင်ကကျွေးတဲ့ ဟင်းပဲ အကောင်းအကန်း လုပ်စားရတာပ။


စစ်ခွေးတိုက်မှာ ပိုင်ဆိုင်သမျှ ...

မနက် ပဲဟင်းတဲ့။ ကိုယ်ပျောက်ပဲ။ လူကြီးအငိုတိတ်အောင် အရိပ်အရောင် မမြင်ရတဲ့ ပဲဆိုမှ ပဲဟင်းပါ ခမျ။ ည နေကျတော့ တာလပေါဟင်း။ ထောင်စည်းရိုးနားမှာ သန့်ရှင်းရေးကောင်းနေပုံရတယ်။ ဘာပင် ဘာရွက်မှန်းမ သိတဲ့ အလေ့ကျတွေလည်း ဖြစ်နိုင်ပါရဲ့။ တွေ့ရာအရွက် ထည့်လို့သာ ချက်ထားတဲ့ တာလပေါနဲ့ မကြာမျှောပြီး ရင်ပဲ လာပကောလို့သာ ရေရွတ်လိုက်ပါတော့။ ဂြီ ဂြီ ဂွမ် ဂွမ် အသံတွေပေးလို့ လုပ်သားမောင် ၀မ်းနှုတ်ဆေး အ မလေး အဘလေး တသွားလောက်ပါရဲ့။ အိုဘယ့် ... တာလပေါ။ ကိုယ့်မှာသာ အစားခက် အပေါက်ခက် အပါ ခက် အနေခက်နေတာ၊ အောင်မာ ထောင်ကျတွေကတော့ ပျော်လို့ဗျား။ ဇာဂနာတည်းခိုနေရာ စစ်ခွေးနံဘေး က ကွက်လပ်ထဲမှာ မိန်းမဘော်လီဘောပြိုင်ပွဲနဲ့ ယောင်္ကျားဘောပွဲ လာလို့များတောင် ကျင်းပနေသေးရဲ့။ တရွှီး ရွှီး တဖြောင်းဖြောင်းနဲ့ အာဆီယံမှာ အလံမလွှင့်နိုင်တဲ့ မြန်မာအသင်းတောင် မျက်ရည်ဘူးသီးလောက် ကျသွား လောက်ပါရဲ့။ မှောင်တဲ့အထိ ကန်နေလိုက်ကြတာ။

အော် .. သူတို့တွေခမျာလည်း ဒီလိုမှမနေရင် ဘယ်လိုနေကြမလဲ၊ ထိုင်ငိုနေလို့မှ ထောင်က လွတ်မှာမဟုတ်ဘဲ လို့တွေးပြီး မြန်မာ့အသံကလွှင့်တဲ့ ဘောပွဲလို အသံသာ နားထောင်ပြီး တနေကုန်လိုက်ရပါတော့တယ်။ ကိုင်း .. နေ၀င်ပြီဆိုတာနဲ့ တပ်ထောင်ထာ ခြင်ထု အင်အားစုလို့လာပြန်တော့ တို့တာဝန်အရေးရယ်ကြောင့် ခြင်နှိမ်နှင်း ရေးလုပ်ငန်း စလိုက်ရပါတော့တယ်။ လိုက်သတ်တာတော့ မဟုတ်ပါ။ ပုဆိုးနဲ့ ခါထုတ်ရတာပေါ့။ မရိုသေ့စကား အဲဒီအချိန်မှာတော့ ဇာဂနာ ဖင်တုန်းလုံးလေးနဲ့ခမျ။ ဟီဟိ .. ချစ်စရာလေး။ ဒီလိုခါထုတ်မှ မကိုက်ရတဲ့ ခြင်တွေ ခမျာ တဖြေးဖြေး တပ်ကွဲသွားပြီး ည (၁၁) နာရီလောက်မှာ ပျောက်ဆုံးသွားပါလေရော။ ဒီလိုနဲ့ပဲ ဇာဂနာ့ တ နေ့တာဟာ ပြီးဆုံးခဲ့ရပါတယ်။ သူများတကာ အိပ်ချိန်ရောက်ပြန်လည်း မအိပ်နိုင် နံရံမှီပြီး လုပ်စရာမရှိ ရေပဲ သောက်လို့ ခြင်တပ်ကြီး မပျောက်မချင်း ထိုင်လို့သာ စောင့်နေရပါတော့တယ်။

ဘုရားရိုက်မည့် နွားငမိုက်များသို့ …


အမှန်အကန်
အဖန်ဖန် သစ္စာရှိကြဖို့
သံဃံ သရဏံ ဂစ္ဆာမိကြပါတော့
အနှစ်ဗလာ အခါခါ မိုက်ကြဆဲဟာမို့
ပလာတာ မကြိုက်တဲ့
နွားငမိုက်တွေမှာတော့
ဘုရားရိုက်တာသာ ခံကြပေရော့လို့
မလျော့မပို
အသော့ ဆိုလိုက်ပါရဲ့။ ။

Ref: ဒေါက်တာလွဏ်းဆွေ

အပြည့်အစုံသို့.....

ကိုဇာဂနာ (ခ) ကိုသူရအတွက် မွေးနေ့သီချင်းများ (ဇန္န၀ါရီလ ၂၇-ရက်)



အပြည့်အစုံသို့.....

နယူးယောက် ကဗျာဆရာကြီး ဦးတင်မိုးနှင့် မြန်မာမိသားစုများမှ ဦးတင်မိုးကွယ်လွန်သည့် ၃-နှစ်ပြည့် ကောင်းမှုကုသိုလ်

>> Sunday, January 24, 2010


ကဗျာဆရာကြီး ဦးတင်မိုး ကောင်းမှုကုသိုလ် ပြု အခမ်းအနားတွင် ကြွရောက်လာသော ဆရာတော်သံဃာတော်များ


နယူးယောက် မြန်မာမိသားစုများ က ကဗျာဆရာကြီး ဦးတင်မိုး အတွက် ကောင်းမှုကုသိုလ်ပြုလုပ်ပေးကြပုံ

ကဗျာဆရာကြီး ဦးတင်မိုး ကွယ်လွန်သည့် (၃) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် နယူးယောက် မြန်မာမိသားစုများ က ဒီနေ့ ကဗျာဆရာကြီး ဦးတင်မိုး အတွက် ကောင်းမှုကုသိုလ် ပြုလုပ် ပေး ခဲ့ ကြပါတယ်။

"သေသောသူကြာရင်မေ့ ဆိုသော်လည်း ကဗျာဆရာကြီး ဦးတင်မိုး ကို တော့ နယူးယောက် မြန်မာမိသားစုများ က ယနေ့ထက်တိုင် မမေ့ရက်နိုင်ကြပေ"

ကွယ်လွန်သူ ကဗျာဆရာကြီး အား ချစ်ခင်မြတ်နိုးကြသူများ က မျက်ရည်စက်လက် ဖြစ်ကြရတုန်း၊ နှမျောတသ သတိတယ ရှိကြတုန်း၊ လွမ်းဆွတ်လို့မပြီးနိုင်ကြသေးပါဘူး။

ဒီနေ့ မနက်မှာ ဆရာကြီး အတွက် နယူးယောက် မြန်မာမိသားစုများ က မြန်မာဗုဒ္ဓဘာသာ ထုံးလမ်းစဉ်လာ အရ ဟင်းတွေ စုချက်ကြကာ ဆရာတော် သံဃာတော်များအားဆွမ်းကပ် အမျှအတမ်းပေးဝေခြင်း ကောင်းမှုဒါနပြုလုပ်ခြင်းများ စုပေါင်းပြုလုပ်ခဲ့ ကြပါတယ်။

ကဗျာဆရာကြီး ဦးတင်မိုး ကွယ်လွန်သည့် (၃) နှစ်ပြည့် အထိမ်းအမှတ် မှာ တက်ရောက်လာသူ နယူးယောက် မြန်မာမိသားစုများ ၊ ကွယ်လွန်သူဆရာကြီး အား ချစ်ခင်မြတ်နိုးကြသူ မြန်မာများ ၁၅၀ ခန့် တက်ရောက်ကြပါတယ်။

"ကျွန်တော်တို့ ပြုသမျှ ကုသိုလ်အစုစု ကို ရောက်ရာဘ၀က သာဓု ခေါ်ပါ ဆရာကြီးခင်ဗျား"


ပန်းချီဆရာမိုး ရဲ့ ကဗျာဆရာကြီး ဦးတင်မိုး ပုံတူ ပန်းချီ လက်ရာ


စုပေါင်းဓါက်ပုံ 

ဒီနေ့ နယူးယောက်က အခမ်းအနား အကြောင်းလေး ရေး ပြချင်ပါတယ်။

ဆရာတော်များမှ ကဗျာဆရာကြီး ဦးတင်မိုး ကွယ်လွန်သည့် (၃) နှစ်ပြည့် ကောင်းမှုကုသိုလ် အတွက် တရားဘာဝနာ ချီးမြှင့် ပြီး မြန်မာမိသားစုများ စိတ်ဓါတ်မြင့်မား ရေး ၊ ညီညွတ်ရေး တို့ကို သတိပေး ဟောကြားပါသည်။ ကွယ်လွန်သူကဗျာဆရာကြီး ဦးတင်မိုး ကောင်းရာသုဂတိ ရောက်ရန် ဆုတောင်းမေတ္တာ ပို့သပေးပါသည်။

ဆရာကြီးအား လွန်စွာချစ်မြတ်နိုးသူ စာရေးဖက်၊ ကျောင်းနေဖက်၊ ကဗျာဆရာကြီး ဦးတင်မိုး ၏ ငယ်သူငယ်ချင်းလည်းဖြစ် သူ ကဗျာဆရာ စာပေဝေဖန်ရေးဆရာကြီး ဦးစွမ်းရည်မှ ကဗျာလေးတပုဒ် ဖြင့် လွမ်းလွမ်းဆွတ်ဆွတ် မှတ်တမ်းတင် ရေးသားထားတာ က စပြီး မျှဝေချင်ပါတယ်။

"အပြုံးကဗျာရှင် ..........တင်မိုးသို့"

ဆေးလိပ်ဖွာရင်း............
ပြုံးကာရယ်ကာ
ကဗျာအကြောင်း၊ စာအကြောင်းတွေ
နိုင်ငံအကြောင်း၊ ရွာအကြောင်းတွေ
အကြောင်းစပ်ကာ၊ လွမ်းမိလွမ်းရာ
ပြောလာရင်းက
ရုတ်ချင်းခွဲခွါ၊ သုံးနှစ်ကြာပေါ့ ................. ။

ငါရယ်-
ငါ့မိတ်ဆွေများရယ်
မင့်မိတ်ဆွေများရယ
်အားလုံးတို့က ၊ သတိရလျှတ်
ဘဝရောက်ရာ
ကဗျာမွေ့ လျော်၊ ပျော်နိုင်ပါစေ
ငါတို့ကောင်းမှု၊ ပြုပြုသမျှတွေ
အမျှဝေ ........................။
အို .................. ချစ်ဆွေ
သာဓုကဗျာ၊ သီပါလေ ။ ။

မောင်စွမ်းရည် ၂၀၁၀ ဇန္နဝါရီ ၂၂


ဆရာစွမ်း ကိုအောင်ခန့် ဦးကျော်ဝင်း ကျွန်တော် နှင့် ကဗျာဆရာကြီး ဦးတင်မိုး ပုံတူ ပန်းချီ အမှတ်တရ
ဒီစာလေးရေးနေတုန်း ဆရာကြီး နဲ့ တွဲရိုက်တဲ့ ဓါတ်ပုံလေးတွေ၊ ဆရာကြီး နယူးယောက်က ကျောင်းသားထုတွေနဲ့ အတူလာအားပေးတာတွေ ကြည့်ယင်း မျက်ရည် ကျမိ သတိယမိ ဖြစ်ရပါတယ်။

ဒီနေ့ နယူးယောက်က အခမ်းအနားမှာ ဆရာဦးစွမ်းရည်၊ဦးကျော်ဝင်း၊ ဆရာဦးခင်မောင်ကြီး၊ ပန်းချီဆရာ ကိုမိုး တို့က အမှတ်တယ စကားတွေ ပြောကြပါတယ်။

သူတို့စကား အတိုချုပ် ကတော့

ဆရာစွမ်းက သူ့ ကလောင်အမည် "မောင်စွမ်းရည်" ကို ဆရာတင်မိုး ထံမှ ရခဲ့ပုံကို ရှင်းပြပါတယ်။
ဆရာတင်မိုး က "ကန်မြဲနန်းမြင့်နွယ်" ကလောင် နဲ့ စာ စရေးပေ မဲ့ သူ့ကဗျာစာအုပ် "ဖန်မီးအိမ်" ထုပ်ဝေတော့မဲ့ အချိန်မှာ ကလောင်သစ်ရွေးတယ် ဆိုပါတယ်။

ဆရာစွမ်း က ဆရာတင်မိုး ဟာ ငယ်စဉ် က သရဲ အလွန် ကြောက်တတ်တယ်ဆိုပါတယ်။ ငယ်ငယ်က ညအခါ သူမိခင် က ဆရာတင်မိုး ကို သေးပေါက် တည်ရင် ဆရာတင်မိုးက အပေါ့သွားနေပေမဲ့ သူ့အနောက်က သေးတည်သူ မိခင်ကို သူ့လက်နှစ်ဖက် နဲ့ နောက်ပြန်ကျုန်းဖက်ထားပုံ ပြောပြဖူးပါတယ်။

သတ္တိမရှိသူ ကဗျာဆရာကြီး က သတ္တိရှိချင်လို့ သူ့ကိုယ်သူ "မောင်သတ္တိ"လို့ ကလောင် အမည် စဉ်းစားပေးကြည့်တယ်။
"မောင်သတ္တိ"က ပါဠိ စကားလုံး ဖြစ်နေတော့ "မောင်စွမ်းရည်" ဆိုပြီး မြန်မာ ကလောင် အမည် စမ်းပေးလိုက်တယ် ဆိုပါတယ်။

အခုလို ဆရာတင်မိုး ကလောင် အသစ် စမ်းရွေးချယ် နေတုန်း မှာ ...........
ကဗျာဆရာကြီး မင်းသုဝဏ် ရဲ့
"ထိပ်ဝယ်တင်မိုး ငါရှိခိုး၏
မိုးသို့ငါ့ဉာဏ် ကျယ်စေသောဝ်" လို့ပါတဲ့ ကဗျာ စာပိုဒ် မှ...........

"တင်မိုး" ...........ဆိုတဲ့ စာလုံးလေးကို လဲ ဆရာတင်မိုး က ပိုသဘောကျ ပြီး တင်မိုး ဖြစ်လာ တဲ့ ရာဇဝင် ရှင်းပြပါတယ်။

ပထမ စဉ်းစား တဲ့ ကလောင် "မောင်စွမ်းရည်" နာမည် ကို ဆရာတင်မိုး က ပထမဆုံး သူ့ချစ်သူငယ်ချင်း ဆရာကြီးဂုဏ်ထူး ဦးသိန်းနိုင် ကို ပေးခဲ့ပုံ၊ ဦးသိန်းနိုင် မှာ တက္ကသိုလ် မောင်သိန်းနိုင်ကလောင် အမည် ကရှိနေ ပြီးဖြစ်နေတော့ မောင်ဝင်းဖေ (မြင်းခြံ) ကလောင်နဲ့ စာရေးနေသူ ဆရာစွမ်း ကို ဆရာတင်မိုး က "ဟိုကောင် မင်းယူတော့" ဆိုပြီး ဆရာစွမ်း ကို ပေးခဲ့ လို့ "မောင်စွမ်းရည်" ကလောင် ယူခဲ့ရပုံ ကို ရာဇဝင်လှန် ဇတ်ကြောင်းပြန် ပြီးဗဟုသုတ ရဖွယ် စရှင်းပြပါတယ်။

ဆရာတင်မိုး မိသားစု က ဆရာတင်မိုး ကို မခွဲချင်လို့ ဆရာတင်မိုး ကို ဖုန်းကြီးဖြစ်စေချင်ခဲ့ပုံ၊ ဆရာတင်မိုးဟာ ပါဠိ စာပေ သဒ္ဒါ ကို အလွန်ကျွမ်းကျင်ပုံ ၊ ဆရာတင်မိုးဟာ သူခတ်ငယ်ငယ် မှာ ဂျပန် စာကို ဂျပန် ခောတ် မှာ သင်ယူပြီး ဂျပန်လို အပြောသာမက အရေး ခမ်းကြီး အထိပင် ရသူမို့ ဂျပန် များက သူ့ကို ထမ်းပိုး ပြီး ဘာသာပြန်ခိုင်း ပြီး ဆရာတင်မိုး ကို အရမ်းချစ်ခင်ကြလွန်း လို့ ကံကောင်းလို့ ဂျပန်ပြည် တောင် ပါသွားတော့မလို ဂျပန် များက ဆရာတင်မိုး ကိုချစ်ခင်ကြပုံ ကို ရှင်းပြပါတယ်။

ဆရာတင်မိုးဟာ ငယ်စဉ် ကိုရင်ဘဝ ကျောင်းထိုင်ဘုန်းတော်ကြီး ကို နင်းပေးရင်း ဘုန်းတော်ကြီးစာအုပ်များ ကို ဖတ်နေမိ လို့ ၊ ကျောင်းထိုင်ဘုန်းတော်ကြီးက ရိပ်မိသွားကာ၊ဆရာတင်မိုး ကို စာအုပ်များ ကြိုက်သလို အိမ်ယူဖတ်စေ ယင်း ကျောင်းတက်ခွင့်မရခင် စာပေခင်မင်ပုံ၊ ကျောင်းမတက်နိုင်သေးခင် သက်တူသူငယ်ချင်းများ ထံ မှ ကျောင်းစာ အုပ်များငှား ဖတ်ရာမှ ဆရာကြီး မင်သုဝဏ် ကဗျာများ အလွတ်ရ ပြီး ဆရာ တင်မိုးကဗျာ စွဲမြဲသွားပုံ ပြောပြပါတယ်။ ဆရာတင်မိုး မန္တလေး တက်တော့ ဆရာစွမ်းပါ လိုက်သွား ပုံ၊ ဆရာတင်မိုး ရန်ကုန် တက်တော့ ဆရာစွမ်းပါ လိုက်သွား ပုံ၊ ဆရာတင်မိုး အမေရိကား ရောက်ပြန်တော့ ဆရာစွမ်းပါ လိုက်လာခဲ့ ပုံ ရှင်းပြယင်း၊ ဆရာတင်မိုး သေရွာသွားတော့ ငါ မလိုက်တော့ဘူး ဆိုပြီး ဘိုင် ဘိုင် လုပ်လိုက်ပုံ ဟာသ ထုပ် အပူရုပ်ကို ဟန်လုပ် နေပေမဲ့ ဆရာစွမ်း အပြုံးထဲက အငို မျက်ရည်စများ ကျွန်တော် နဲ့ ပရိတ်သပ် က နင့်ကနဲခံစားသွားရပါတယ်။

ဆရာ ဦးခင်မောင်ကြီး ကတော့ မြန်မာပြည် ကျောင်းသားဘဝ ထဲက ဆရာတင်မိုး ကို ခင်မင်ခဲ့ကြပုံ၊ ဆရာတင်မိုး နယူးယောက် စာပေဟောပြောပွဲ ရောက်လာမှ ပြန်ဆုံ ကြရပုံ၊ ဦးနုအစိုးရ လစ်ဟာကွက်များကို ကျောင်းသားဘဝက ကျောင်းသားသမဂ္ဂ တွင် ဆရာ ဦးခင်မောင်ကြီး က ကန့်ကွက် တာကို ဆရာတင်မိုး က တွေ့ တွေ့ချင်း သတိတယပြန်ပြောပြတာ အမှတ်တယ ပြောပြပါတယ်။

ပန်းချီ ဆရာမိုး ကတော့ ဆရာတင်မိုး ဟာ တက္ကသိုလ် ဘာသာပြန်ဌာန မှာ အတူတူ လုပ်ဖူးသူ ဖြစ်ပါတယ်။ သူတွေ့ဖူးသမျှ လူပုဂ္ဂိုလ် များထဲမှာ လူတိုင်းအပေါ် အမြင်ရှင်းသူ၊ အကောင်းမြင်စိတ် ကြီးမားသူ၊ သီးခံခွင့်လွှတ်စိတ်ရှိသူ လို့ စရှင်းပြပါတယ်။ ဆရာတင်မိုး လဲ စိတ်ဆိုး ရော ကျောင်းက ကုလားထိုင် နဲ့ စာရေးစာပွဲကို ကိုင်ပေါက် လိုက်တာ စာရေးစာပွဲ ပေါက်သွား ကြောင်း ၊ တသက်တခါ မြင်ဖူးကြောင်း ဒေါသထွက်ခဲ သူ ဆရာတင်မိုး စိတ် အကြောင်း ရှင်းပြပါတယ်။

ဒီနေ့ အခမ်းအနားလို အခမ်းအနား တွေဟာ ဆရာကြီးအတွက် တကမ္ဘာလုံး က စာပေချစ်မြတ်နိုးသူတွေက ကျင်းပကြမှာ ဖြစ်ပါတယ်။ ကျွန်တော်က ကျွန်တော်လက်လှမ်းမှီတဲ့ နယူးယောက် ကိုသာ မှတ်တမ်းတင် ပေးလိုက်တာပါ။

ဆရာတင်မိုး နဲ့ နယူးယောက် သမိုင်းအတိုချုပ်

ကဗျာဆရာကြီး ဦးတင်မိုး ကို ကျွန်တော် တို့ နယူးယောက် လူငယ်များက သက္ကရာဇ် နှစ်ထောင် မေလ မှာ အမေရိကန် ပြည်ထောင်စုကို စာပေဟောပြော အတွက် စတင်ဖိတ်ခေါ် ဖြစ်ခဲ့တာပါ။ ဆရာကြီး အမေရိကန် ပြည်ဝင်ခွင့်ကို ရအောင် ကျွန်တော် နဲ့ ဒေါက်တာသောင်းထွန်း တို့ ခက်ခက်ခဲခဲ ကြိုးစား ပေးခဲ့တာပါ။ ( ကျွန်တော် ဂုဏ်ဖော်ရေးသားတာမဟုတ်ပါဘူး။ သမိုင်းမှတ်တမ်း အရရေးတာပါ) ကဗျာဆရာကြီး ဦးတင်မိုး ကို အနီးကပ် စောင့်ရှောက်ပေးသူ တွေဟာ ကိုမိုးချန်း နဲ့ ဦးကျော်ဝင်းတို့ ဖြစ်ပါတယ်။ နဘဲလ်ဒါး က ကိုဝင်းသူအောင် က လဲ အဝေးရောက် လာရောက်ကူညီကြတယ်။ ဒေါက်တာ ကိုတင်ဇော်လွင် ကလည်း အမြဲစောင့်ရှောက် ဦးစန်းမြင့် တို့ကလည်းဖေးမ သလို ကွယ်လွန်လေပြီးသူ ဒေါက်တာစောရွှေဓား ကလဲ ကူညီသူထဲပါပါတယ် ကွယ်လွန်သူ ကာတွန်း မငြိမ်း ကလည်း အရမ်းကူညီခဲ့ကြပါတယ်။ (ကျေးဇူးဆိုစရာလူပုဂ္ဂိုလ် များ အကုန် မရေးနိုင်တာ ခွင့်လွှတ်ပေးပါ)

ဆရာ့ကို ချစ်ခင်သူ များ နဲ့ ဆရာကြီး ကမ္ဘာ ပတ် ပြီး စာပေဟောပြောပွဲ လုပ် နိုင်ဖို့ ဖခင်ကြီးလို ဝိုင်းကူညီကြတဲ့ နယူးယောက် လူငယ်များသမိုင်း ကို နောက်မှ ရေးပါအုန်းမယ်။ ကဗျာဆရာကြီး ဦးတင်မိုး ဟာ ကျွန်တော် တို့ နဲ့ အတူ အိပ် အတူစား အတူ လ္ဘက်ရည်ဆိုင်ထိုင် အဖေ တယောက်လို ဝိုင်းချစ်ကြတယ်။ ဆံပင်ညှပ်ပေးတယ် ရေချိုးရင်း သူချက်စူကြီးကို ကိုင်ပြီး စတယ်။ ဆရာကြီး က ဒီမိုကရေစီ သီချင်းတွေ ကျောင်းသားသမဂ္ဂ သီချင်းတွေ ဆိုပြတယ်။ ကျွန်တော် တို့ နယူးယောက် လူငယ်များက ကဗျာဆရာကြီး ဦးတင်မိုး နယူးယောက် ကို ရောက်ရှိ လာတာဟာ ဆရာကြီး သခင်ကိုယ်တော်မှိုင်း ရောက်လာသလို ကို ခံစား လေးစားမိကြပါတယ်။ နောက်ပိုင်း နယူးယောက် မှာ ဆရာမောင်စူးစမ်း သမီး မချောစု နဲ့ သမက် ကိုစိုးနိုင် တို့ ရောက်လာတော့ ကျွန်တော်တို့ နဲ့ ဆရာတို့ စားသောက်တည်းခိုစရာ အိမ်တိုးလာရတယ်။ သူတို့က ဆေးလိပ် မသောက်ပေမဲ့ ဆရာ့ကို ချစ်ခင်လေးစားသမှု နဲ့ လွတ်လပ်စွာ ဆေးလိပ် သောက်ခွင့်ပေးတယ်။ ဆရာမောင်စူးစမ်း သမီး မချောစု နဲ့ သမက် ကိုစိုးနိုင် တို့ အိမ်က စာအုပ်ဆိုင်ဆိုတော့ ဆရာကြီး အလွန်ပျော်တယ်။

ဆရာကြီး မကွယ်လွန်မှီ နယူးယောက် ကို နောက်ဆုံး အခေါက်ရောက်တော့ ဆရာမောင်စူးစမ်း သမီး မချောစု နဲ့ သားသမက် ကိုစိုးနိုင် မှာ နောက်ဆုံး အဖြစ်အပျက်ကလေး ရေးချင်လာမိတယ်။ သတိယလွန်းလို့ပါ။

ဆရာကြီး ဦးတင်မိုးရယ် ဆရာကြီး မောင်စွမ်းရည်ရယ် ကျွန်တော်ရယ် အတူတူ အိပ်ကြတယ်။ ည ၁၁နာရီ လောက် ဆို ကိုစိုးနိုင် မချောစု နဲ့ သားလေးက အိပ်ကြပြီ။ ကျွန်တော်တို့ အိပ် ထဲပါတဲ့ ဝီစကီ ပြားလေး နဲနဲ သောက်လိုက်ကြတယ်။ ကျွန်တော် စာအုပ်ဖတ်နေတုန်း ဆရာစွမ်း (မောင်စွမ်းရည်) နဲ့ ဆရာဂျမ်း (ဦးတင်မိုး)တို့ ရန်ဖြစ်နေကြတယ်။ ကျွန်တော်လဲ သူတို့ ဘေးရောက်သွားတယ်။

"ဆရာစွမ်း က ဆရာဂျမ်း ကို မင်းလို ပြောမရတဲ့ အကောင် -ီး ဘဲ တဲ့"
"မင်းလိုအဖိုးတန်တဲ့ ကဗျာဆရာကြီး ဆေးလိပ်သောက်ပြီး သေမဲ့ အတူတူ မင်း သန်းရွှေဖင် ဗုံးတပ်ခွဲပါလား တဲ့"

ဒီအချိန်မှာ ဆရာဂျမ်း ဟာ ဆေးလိပ်ကို ခဲထားဆဲပါပဲ။။

သူငယ်ချင်း နှစ်ရောက် ရန်ဖြစ်ပြီး ခဏအကြာ ဆရာစွမ်းဟာ စောင်မီးချုံပြီး တဟီးဟီနဲ့ ပြောငို ငိုနေပါတော့တယ်။ ဆရာစွမ်း ငိုတာ မနက်လင်းအားကြီးအချိန်အထိ ငိုနေတာ........

ဆရာဂျမ်း က ဆရာစွမ်း ဖင်ကို ပုက်ပြီး "သူငယ်ချင်း ငါ ဒီနေ့ကစပြီး ဆေးလိပ်ဖြတ်တော့မယ်" လို့ ခဏခဏ လာချော့တယ်။ ကျွန်တော့် ကို လဲ ဆရာစွမ်း ငိုပြီး မင်းဆရာကြီးသေရင် ဒို့ ဘယ်လိုလုပ်မလဲတဲ့။ ဘယ်လ်ဂျီရမ် က သမီးကြီး ဒေါက်တာမိုးမိုးနှင်း က ဆေးစစ်ရင် အယ်လ်အေ သမီးငယ်ဆီ ပြေးတယ် ပြီးရင် အယ်လ်အေ သမီးငယ် က ဓါတ်မှန်ရိုက်ရင် နယူးရောက်ကို အကြောင်းမျိုးစုံပြပြီး ပြေးတယ်။ လမ်းပေါ်မှာ ဆေးလိပ်သောက်တာ ငါဆူရင် ဆေးလိပ်ဗူးခွံကို လွှင့်ပစ်ပြတယ်။ သူတို့မန္တလေး တက္ကသိုလ် အတူတူ တက်တုန်းက အတူတူငှါးနေတဲ့ အိမ်မှာ ဆရာစွမ်း က ဆရာဂျမ်း ကို ဆေးလိပ် မသောက်စေချင်လို့ ခြင်ထောင်အမိုးပေါ် ဆေးလိပ် ဖွက်ထားလိုက်တယ်ဆိုပါတယ်။ ဆရာစွမ်း က အရမ်းစတယ် ပြောတယ်။ ဒါနဲ့ ဆရာဂျမ်း က ဆရာစွမ်း ကို ဓား နဲ့ လိုက်တယ် တဲ့။ ဆရာစွမ်း ပတ်ပြေးတာ မလွတ်တော့လို့ ဝရမ်တာက အောက်ကို ခုန်ချလိုက်ရတယ် တဲ့။ ဆရာဂျမ်း ရဲ့ ဓား က ဆရာစွမ်းရဲ့ ဗိုက်နားကပ် ပြီး မြေမှာစိုက်နေသတဲ့။ ဒီသမိုင်းက ဆရာစွမ်း က ဆရာဂျမ်း ကို အသက်အသေခံပြီး ဆေးလိပ်မသောက်ဖို့တားမြစ်ခဲ့တဲ့သမိုင်း ကို ပြောငိုငို နေပါတော့တယ်။

ဒီလိုနဲ့ ကျွန်တော် နဲ့ ဆရာစွမ်း မှေးကနဲ အိပ်ပျော်သွားပါတယ်။ မိုးလင်းလင်းခြင်း ပြူတင်းပေါက်နား က စားပွဲမှာ ကဗျာရေးရင်း ဆေးလိပ်ခဲ နေသူ ဆရာဂျမ်း ကို ဆရာစွမ်း က စောင်မီခြုံကနေ ဖွင့်ကြည့်ရင်း ကျွန်တော့်ကို လက်ကုတ်ပြီး "ဟိုမှာ မင်းဆရာကို ကြည့်ဆန်း ညက ဆေးလိပ်ဖြတ်မယ်ဆိုပြီး" ပြပါတယ်။

ဒါဟာ ဆရာစွမ်း ဆရာဂျမ်း နဲ့ ကျွန်တော် နယူးယောက်မှာ နောက်ဆုံးတွေ့ကြတာ ဖြစ်ပြီး နောက်ဆုံးလို့လဲထင်မထားမိကြပါဘူး။
ကျွန်တော်တကယ် တော့ ဒါတွေ မရေးချင်ဖူး။ ဆရာကြီး ကိုပဲ သေမင်းဆီ က ပြန်လိုချင်မိပါတယ်။

"ဆေးလိပ်လဲတို နေလဲညိုပြီ ငါ့ကိုပြန်ပို့ကြပါလေ" ဆို တဲ့ "ဧည့်သည်ကြီး" ကဗျာ ရေးသားသူ ကျွန်တော်တို့ ဖခင်ကြီး ကဗျာဆရာတင်မိုး ကောင်းရာသုဂတိ လားပါစေ။

ဇော်ဝင်း (နယူးရော့ခ်)

Ref: We Fight We Win

အပြည့်အစုံသို့.....

ပြည်သူချစ်သော ကဗျာဆရာ

>> Friday, January 22, 2010


(သရုပ်ဖော် ပန်းချီ မျိုးမြင့်)

ဆေးလိပ်လည်းတို
နေလည်းညိုပြီ
ငါ့ကို အိမ်ပြန်ပို့ကြပါလေ

ကဗျာခေါင်းစဉ်က “ဧည့်သည်ကြီး” တဲ့.........................
ကဗျာဆရာမည်သူဖြစ်မည်ကိုတော့ ပြောစရာလိုမည်မထင်။
ကျနော် သူ့အကြောင်းရေးချင်သည်။ သို့သော် သိပ်မသိ။ ကျနော် သူ့ကဗျာတွေအကြောင်းရေးချင်သည်။ သို့သော် ကျနော့်အတွေးနုနုဖြင့် သူ့ကဗျာတွေကိုဆန်းစစ်လျှင် ကဗျာဆရာသိက္ခာကျမည်ကို စိုးရိမ်သည်။ ကျနော် မ၀ံ့ရဲ။ ဒါပေမယ့် သူ့အကြောင်း၊ သူ့အတွက် တခုခုကို ကျနော်ရေးချင်နေသည်လေ..........................

ပညာရေးဝန်ကပင် တက္ကသိုလ်တွင်ရှာခဲ့ရသည်အထိ ဆယ်တန်းစာမေးပွဲတွင် မြန်မာစာစီစာကုံးအရေးအသားကောင်းလှသော ကျောင်းသားလေးတယောက်....................

သူတက်သည့်အခမ်းအနားတခုတွင် သူဖြတ်လျှောက်ရာလမ်းတလျှောက် ပရိသတ်များကမတ်တပ်ရပ်အရိုအသေပြုကြသည်မှာ တယောက်ထလိုက်၊ တယောက်ထိုင်လိုက်ဖြင့် လူလှိုင်းလုံးကြီးသဖွယ် ဖြစ်နေရလောက်အောင်ပင် ပြည်သူ၏မေတ္တာ၊ ရိုသေလေးစားမှုကို ခံယူခဲ့ရသည့် ကဗျာဆရာ......................

စစ်အစိုးရလက်အောက်မှ ပြည်သူ၏ဒုက္ခအဖုံဖုံကို ကဗျာများဖြင့် ကွက်ကွက်ကွင်းကွင်းမြင်အောင် ရေးနိုင်စွမ်းရှိသော ကလောင်စွမ်းထက်လှသည့် ကဗျာဆရာ.............................

ထိုကဗျာဆရာသည် သူပြန်ချင်လှသောသူ့တိုင်းပြည်၊ သူချစ်သောမြန်မာပြည်သူများကို စွန့်ခွာထားခဲ့သည်မှာ သုံးနှစ်တင်းတင်းပြည့်ခဲ့လေပြီ။

ဧည့်သည်ကြီးကဗျာကို မည်သည့်အချိန်ကတည်းက အလွတ်ရနေမှန်း ကျနော်မသိ။ မည်သူရေးသည်ကိုလည်း ထိုအချိန်ကကျနော်မသိခဲ့။ အရွယ်နည်းနည်းရလာတော့ ကဗျာအဓိပ္ပါယ်၊ ကဗျာဆရာ၏ခံစားချက်ကို ရေးရေးလေးမျှ နားလည်သလိုရှိခဲ့သည်။ ကဗျာပိုင်ရှင်ကို သိချင်လာခဲ့သည်။ ထို့နောက်ပိုင်းတွင်တော့ ကဗျာဆရာကို ကျနော်ခြေရာခံလိုက်ခဲ့သည်။ စာအရမ်းဖတ်သော သူငယ်ချင်းတယောက်က ကဗျာဆရာတင်မိုး(ဘဘဦးတင်မိုး)၏ ကဗျာဖြစ်ကြောင်းပြောလာမှ ကျနော်သိခဲ့သည်။ သူ့အကြောင်း၊ သူ့ကဗျာများကို ပန်းဆိုးတမ်းစာအုပ်အဟောင်းဆိုင်များတလျှောက် ကျနော်ရှာခဲ့သည်။ ဖန်မီးအိမ်ကဗျာများကို ကျနော်ဖတ်ခဲ့ဖူးသည်။ ထို့နောက် မြန်မာပြည်ပြင်ပသို့ရောက်မှ သူ့ကဗျာတော်တော်များများကို ကျနော်ဖတ်ခဲ့ရသည်။

ကျနော် ကဗျာကိုချစ်သည်။ ထို့ထက်ပို၍ သူ့ကဗျာများကို ကျနော်ချစ်သည်။ သူ့ကိုကျနော်ရိုသေလေးစားသည်။ စစ်အစိုးရအကျဉ်းထောင်ထဲ၌ သူနှင့်တွေ့ဆုံခဲ့ကြသော ကျနော့် ညီအကိုများက သူ၏စိတ်နေသဘောထားကောင်းလှပုံကို ပြန်ပြောပြကြသည့်အခါ သူ့ကိုကျနော်အရမ်းတွေ့ချင်ခဲ့သည်။ အသက်နည်းနည်းငယ်ခဲ့သော၊ ထောင်မကျခဲ့ရသော ကျနော့်ကိုယ်ကျနော်ပင် မကျေမနပ်ဖြစ်ခဲ့မိသည်။ အဲဒိလောက်ထိ သူ့ကိုကျနော်တွေ့ချင်စိတ်ပြင်းပြခဲ့သည်။ သို့သော် လွန်ခဲ့သည့်သုံးနှစ်က သူဆုံးပြီဆိုသည့်သတင်းသည် ကျနော့်ဆန္ဒများကို သဲထဲရေသွန်ဖြစ်စေခဲ့သည်။ ကျနော့်ဆန္ဒ မည့်သည့်အခါမှ ပြည့်တော့မည်မဟုတ်ဟု ယူကြုံးမရဖြစ်ခဲ့သည်။

သူကွယ်လွန်ခဲ့ပြီဖြစ်သော်လည်း သူနှင့်သူ့ကဗျာများသည် ကျနော့်ရင်ထဲတွင် ကျနော်သေဆုံးချိန်အထိ ရှင်သန်နေမည်မှာသေချာသည်။ ထို့အတူ မြန်မာပြည်သူများ၏ ရင်ထဲ၌လည်း သူရှိနေမည်ဖြစ်သည်။

ဘဘဦးတင်မိုး ကောင်းရာသုဂတိလားပါစေ.................................

ဘဘဦးတင်မိုးရေ............
ကျနော်တို့တတွေကတော့
ဆေးလိပ်တတိုနဲ့
နေအညိုကိုစောင့်တုန်း..................

ဦးတင်မိုး အတ္ထုပ္ပတ္တိ

ဦးတင်မိုးကဗျာများ

အပြည့်အစုံသို့.....

စကားတခွန်း

>> Friday, January 1, 2010

မင်္ဂလာနှစ်သစ်အခါသမယပါခင်ဗျာ။ ၂၀၁၀ နှစ်သစ်အတွက် ကျနော့်ရဲ့ blog လေးကို တိမ်မြုပ်နေတဲ့စကားလေးတခွန်းနဲ့ အစပျိုးပါရစေ။



(၁၃၀၀) ပြည့်အရေးတော်ပုံကြီးကို ဦးဆောင်ခဲ့တဲ့ ရေနံမြေအလုပ်သမားခေါင်းဆောင် အာဠာဝကသခင်ဖိုးလှကြီး ဆိုရင် မြန်မာလူမျိုးတိုင်းသိကြမှာပါ။ သူရဲ့စကားတခွန်း........... ငယ်ငယ်တုန်းက ဆရာတယောက်ပြောပြဖူးတာလေးပါ။

ရေနံမြေသပိတ်တပ်ကြီးက ရေနံချောင်းနဲ့ချောက်ကနေပြီး မကွေးကို ရောက်လာကြတယ်။ အဲ့ဒီသပိတ်ကို သခင်ဖိုးလှကြီး ဦးဆောင်တယ်။ သူတို့တွေက ရန်ကုန်ထိချီတက်မယ်။ ဒါပေမယ့် မကွေးမှာ အင်္ဂလိပ်အစိုးရ အာဏာပိုင်တွေက ပိတ်ဆို့ထားတယ်.. မကွေးမြို့ပုလိပ်ခေါင်းဆောင်က သခင်ဖိုးလှကြီးကို "who is your leader?" လို့မေးလိုက်တယ်။ အဲဒီအခါမှာ သခင်ဖိုးလှကြီးပြန်ပြောလိုက်တဲ့စကားက.............


"EVERYBODY IS THE LEADER OF HIMSELF"


ခေါင်းဆောင်မရှိလို့၊ ခေါင်းဆောင်အကျယ်ချုပ်ကျနေလို့ဆိုပြီးတော့ စိတ်ဓာတ်ကျမနေကြပါနဲ့။
ကျနော်တို့ကိုခေါင်းဆောင်မယ့်ပုဂ္ဂိုလ်ဟာ ကျနော်တို့ကိုယ်တိုင်ပါပဲ။ ခေါင်းဆောင်ကိုမျှော်လင့်နေကြမယ့်အစား ကိုယ်ကိုတိုင်ခေါင်းဆောင်ဖြစ်အောင် ကြိုးစားကြစို့လား။ ဒါပေမယ့် နောက်လိုက်ကောင်းဖြစ်မှ ခေါင်းဆောင်ကောင်းဖြစ်မယ်လို့တော့ မှတ်သားဖူးတယ်ဗျ။

အပြည့်အစုံသို့.....

WELCOME TO HAPPY NEW YEAR 2010

>> Sunday, December 27, 2009





Image and video hosting by TinyPic





















Image and video hosting by TinyPic































Image and video hosting by TinyPic



Image and video hosting by TinyPic











အပြည့်အစုံသို့.....

  © Blogger templates Sunset by Ourblogtemplates.com 2008

Back to TOP