Showing posts with label ကြေငြာချက်. Show all posts
Showing posts with label ကြေငြာချက်. Show all posts

PULANG KE NEGARA ASAL = Return To Country Origin

>> Wednesday, August 24, 2011

To : Allen Vernon & all UNHCR personnel concerned
The UN Refugee Agency, Malaysia

Dear, Representative, Officers, Officers in Charge, Coordinators and all UNHCR personnel concerned at the respective Departments in UNHCR, Malaysia,

Kindly would I like to beg for my request to you all that UNHCR have to make clear information to all the Refugees who are presently holding UNHCR Reg-Cards and UNHCR Reg-Documents about whether the Refugee have to take photos and finger prints at Putrajaya Immigration Center, Kuala lumpur, Malaysia or not.

As a result that yesterday setting off UNHCR & Malaysia Finger-Prints program to all the Burmese ethnical Refugees in Malaysia make them all in trouble in Malaysia, UNHCR surely should give announcement in no time.

Because yesterday, at there, Malaysia Police’ Immigration and Relar Police beat some refugees including children, their mothers, old refugees, a lot of boys and girls at the mob crowd due to mismanagement of Malaysia UNHCR and when they've got their papers from Immigration, mostly their papers say "PULANG KE NEGARA ASAL" meaning "Returning Home" or "Leaving" or "Coming back native country."

If that so, what is UNHCR playing roles in Refugees to protect and care turns up-side-down to the wicked tool of Immigration Center, Malaysia? Does UNHCR itself put all Burmese ethnical Refugees in Malaysia into Malaysia Jail? Are these Refugees exiled by both evil spirits and plots of UNHCR and Malaysia Immigration?

What is the role of UNHCR in the international human right affairs and Refugees affairs? Do UNHCR and UNOs also smear themselves at the stage of world peace?

Thus, just in case I submit some real Immigration Issued-paper to a refugee with 6-P WORK PERMIT Form to match with each other to all UNHCR personnel concerned.

Besides UNHCR Malaysia instruct all Community-based Refugees to take finger prints at and UNHCR does not release other personal-case UNHCR card-holders how to do it exactly, UNHCR give forces to drive away all Refugees in Malaysia (?).

UNHCR Malaysia is obliged to take every responsibility of the situation demanded on Burmese ethnical Refugees Issue in Malaysia.
If so, are we all put into jail or exile? Come to think of it! How UNHCR grant the sense of International Care and Protection to all Burmese ethnical Refugees and Asylum-seekers in Malaysia?

All the Refugees including me are looking forward to hearing good news from UNHCR Malaysia personnel concerned.

Thanks
Kind regards

yours sincerely

Mr. Myat Ko Ko (UNHCR Refugees-Reg-Card-Number-Holder)ကာယကံရှင်၏ လုံခြုံရေး အတွက်ကြောင့် ဓါတ်ပုံ နှင့် နံပါတ်များအား ပြုပြင်ထားပါသည်။

အပြည့်အစုံသို့.....

၆၆-နှစ်မြောက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အခမ်းအနားသို့ ဖိတ်ကြားခြင်း (မလေးရှား)

>> Saturday, June 11, 2011

ဇွန်လ ၁၉-ရက်၊ ၂၀၁၁-ခုနှစ်တွင် ကျရောက်မည်ဖြစ်သော လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့မင်္ဂလာအခမ်းအနားကို မလေးရှားရောက် မြန်မာ့အရေးလှုပ်ရှားမှုအင်အားစုမှ ဖိတ်စာပါအစီအစဉ်အတိုင်း ကျင်းပပြုလုပ်မည် ဖြစ်ပါသဖြင့် ဒေါ်အောင်ဆန်းစုကြည်အား ချစ်ခင်လေးစားကြသော မလေးရှားရှိ မြန်မာနိုင်ငံသားအားလုံးမှ တက်ရောက်ပါဝင် ဆင်နွှဲကြပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။

မလေးရှားရောက် မြန်မာ့အရေးလှုပ်ရှားမှုအင်အားစု

အရှေ့နှင့် ကျောဖုံး

အတွင်းစာမျက်နှာ

အခမ်းအနားအစီအစဉ်

အပြည့်အစုံသို့.....

NLD-LA (Malaysia) အား ဖျက်သိမ်းပေးပါရန် တောင်းဆိုခြင်း

>> Saturday, May 28, 2011

for NLD

အပြည့်အစုံသို့.....

မိုက်လုံးကြီး

>> Saturday, May 7, 2011

“မိုက်လုံးကြီး”



ဝိနည်းတော် လေးမပြု
ဆေးကုလို့ ကျောင်းပျော်။
ဗေဒင်နှင့် လက္ခဏာအကျော်လို
ရွှေကိုယ်တော် လေထုတ်။
ဥုံဖွ- ဟဲ့ ဂါထာတွေကို
အခါခါလေ
မန်းလို့သာ မှုတ်။

ကျမ်းစာပေ ထေရ်အလုပ်ကိုဖြင့်
ေ၀၀ုစ်နှင့် ရှောင်ကာဖယ်။
မ အာရုံ သူလိုက်စားလို့
မိုက်မှားလှတယ်။

မြတ်ဗုဒ္ဓ အ၀ါထယ်(ထည်) ကို
အကာအကွယ် ရည်မှန်းလို့
ဆင်မြန်းတဲ့ သောနုတ္ထိုရ်လို
မိုက်ချက်က ပို။

ထန်းလည်ပြတ် သဏ္ဍာန် ပမာဆိုမယ်
သံသရာကိုကွယ် ကြောက်သင့်လှလေး။

ကေတီလင်းလက်
(ဓမ္မရံသီ- ဓမ္မမဂ္ဂဇင်း)


“မလေးရှားမှာရှိကြတဲ့ဗုဒ္ဓဘာသာဝင်တိုင်းချက်ချင်းဖွင့်ဖတ်ပါရန်”

(မေးလ်မှရပါသည်)

* Posted by thuwunnaoscar on မေ 6, 2011 at 7:18pm
* သတင်းပို့မယ် View thuwunnaoscar's blog

မလေးရှားနိုင်ငံ မှာလာရောက် ရှာဖွေလုပ်ကိုင်နေကြသော ဗုဒ္ဓဘာသာဝင်များ သာသနာတော်၏ အစောင့်အရှောက် နှင့်မဝေးစေရန် ရည်ရွယ်ချက်များဖြင့် မြန်မာပြည်မှ ဆရာတော်သံဃာတော်များကို ပင့်ဆောင်၍ တရားသဘင် ပွဲများအား ကျင်းပခဲ့သူများရှိခဲ့သောကြောင့် မြန်မာအလုပ်သမားမိသားစုများအဖို့ အင်မတန်မှပင် ဝမ်းမြောက်ဝမ်းသာနှင့် သွားရောက် နာကြားခွင့်များရခဲ့ကြရပါသည် ။ သို့ရာတွင် ယခု ၁၃၇၃ခုနှစ် ကဆုန် လဆန်း ၁၃ ရက် ( ၁၅ ၊ ၅ ၊ ၂၀၁၁ ) တနင်္ဂနွေနေ့ တွင် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့သို့လာရောက်၍ ဟောကြားမည်ဟုဆိုသော ဘုန်းကြီးတစ်ပါးနှင့်ပတ်သက်၍ သိထားသင့် သည်များရှိနေပါသည် ။ ( မလေးရှားတင်မကပါ တစ်ခြားနိုင်ငံများသို့လည်းသွားရောက်ရန်စီစဉ်ထားပုံရပါသည်)

မည်သည့်ရည်ရွယ်ချက်မျိုး ကို ကိုယ်စားပြု၍ ဗုဒ္ဓဘာသာ သာသနာ့ဘောင်အတွင်းသို့ ဝင်ရောက်လာသည်ကိုမူ မေးစရာတော့ရှိနေပါသည် ၊ မလေးရှားမှာ ခန်းမငှါးပြီးဟောမှာက နိုင်ငံရေးလဲ မဟုတ်ဘူး ၊ ဘာသာရေးလဲမဟုတ်ဘူးတဲ့ ၊ စိတ်ဓါတ်မြင့်တင်ရေးကိုဟောပြောမှာပါတဲ့ အဲတာဘာကိုဆိုလိုနေလဲဆိုတာနည်းနည်းတော့သိသင့်ကြပါပြီနော် သင်္ကန်းကို ဝတ်ထားတဲ့သံဃာတော်ဆိုရင် သံဃာတော်တို့ရဲ့ အလုပ်ဖြစ်တဲ့ ဗုဒ္ဓမြတ်စွာဘုရားဟောကြား ပြသပေးခဲ့တဲ့ တရားဓမ္မစကား တွေကိုသာ ဟောပြောပြသပြီး သတ္တဝါတွေအတွက် သံသရာမှာကောင်းကျိုးချမ်းသာရအောင်သာဆောင်ရွက်ကြမှာပါ တရားဓမ္မ ကိုမသိပဲ စိတ်ဓါတ်မြင့်တင်ရေးကိုလုပ်ချင်ပြောချင်ရင်လဲ လူထွက်ပြီး စာရေးဆရာတွေဟောသလို လိုက်ဟောသင့် ပါတယ် ခုလို လုပ်နေကြပုံကတော့ တမင်သက်သက် ဘာသာရေးအထိကရုဏ်းဖြစ်အောင်လာလုပ်နေသလိုဖြစ်နေပြီ ဒါတွေကို လူတွေက မသိတာ တော့မဟုတ်ပါဘူးသိကြပါတယ် တချို့ကြတော့လဲ တကယ်ကိုမသိကြသူတွေရှိနေကြတာကိုလဲ ကိုယ်တိုင် တွေ့မြင်မိလို့ ဒီအကြောင်းကို မဖြစ်မနေအားလုံးကိုသိအောင်ပြောပြမှ ဖြစ်တော့မယ်ဆိုပြီးဒီစာရေးဖြစ်သွားတာပါပဲ ၊ သူ့ကို စပွန်ဇာ ပေးပြီးပင့်ဆောင်လာသူတွေဟာ မလေးရှားမှာ စီးပွားလာရှာနေကြတဲ့ မြန်မာပြည်က မွတ်စလင်ဘာသာဝင် တွေပါပဲ ဗုဒ္ဓဘာသာ ဝင်တွေကပင့်လာတာမဟုတ်ပါဘူး ဆိုတော့က ဒီဘုန်းကြီးဟာ တရားပွဲ လုပ်မယ်ဆိုတဲ့ ရက်တွေထက် တစ်လ ကျော်လောက်ကို စောပြီးတော့ ကွာလာလမ်ပူမှာ သူ့ဟောပြောပွဲကိုလာကြဖို့ စည်းရုံးတဲ့စာစောင်တွေကို ဖြန့်ချီနေကြ တော့ မဖြစ်သင့်တာ တွေမဖြစ်ရအောင်တားတဲ့သဘောနဲ့ ဒီစာကိုရေးရတာပါပဲ ၊ သူဟောမှာကို သွားနားမထောင် ကြဘူး ဆိုရင် တော့ အကောင်းဆုံးပါပဲ တချို့ကတော့ မကျေမနပ်တွေဖြစ်နေကြပြီး ရန်မူလိုတဲ့ဆန္ဒတွေရှိနေကြတာကိုလဲ သိရတော့ ဒါဟာကောင်းတဲ့အလုပ်မဟုတ်ပါဘူးလို့တော့ပြောပါရစေ ဘုန်းကြီးအယောင်ဆောင်အတုလို့သတ်မှတ်ကြတယ် သိကြတယ်ဆိုရင် ဆရာတော်တွေနဲ့ တိုင်ပင်ပြီးတော့ လူဝတ်လဲခိုင်း သင်္ကန်းကိုချွတ်ခိုင်းတာမျိုးပဲ တရားဝင်အားဖြင့်ဆောင်ရွက်ကြစေလိုပါတယ် ။ ဟောပြောပွဲကို သဘောမတူကြောင်း ဆန္ဒပြကြမယ့် အဖွဲ့တွေ ရှိနေပါပြီ အားလုံးပဲ ဟောပြောပွဲကို မသွားသင့်ဘူးဆိုတာတော့ သိလောက်ပါပြီနော် ဒေါသတွေကိုရှေ့ထားပြီး လက်လွန်ခြေလွန် တွေလုပ်ပြီး မမှားသင့်တာတွေ့မမှားရအောင် စဉ်းစားပြီးလုပ်ဆောင်ကြဖို့တိုက်တွန်းလိုက်ရပါတယ် သာသနာတော်ကြီးကို စောင့်ရှောက်ကြတဲ့အခါမှာလဲ အကုသိုလ်စိတ်ဖြစ်တဲ့ ဒေါသစိတ်များကို အရင်ချိုးနှိမ်ပြီး ကောင်းစွာစောင့်ရှောက်နိုင်ကြပါစေ။ ဒီဘုန်းကြီးအကြောင်းကိုရေးထားတဲ့ ပို့စ် ကို ဒီမှာပါတဲ့လင့်ကိုဖွင့်ပြီးကြည့်လိုက်ကြပါဦး။ ဒီမှာနှိပ်လိုက်ပါ ဒီမှာနှိပ်လိုက်ပါ
http://drlunswe.blogspot.com/2011/01/sham-monk-in-myanmar.html
http://www.youtube.com/watch?v=PsFOZxkIK6Q&feature=player_embedded

အပြည့်အစုံသို့.....

မှန်ကန်သော အတွေးအမြင်ဖြင့် စစ်အာဏာရှစ်စနစ်ကို တိုက်ခိုက်ချေမှုန်းကြ

>> Tuesday, April 12, 2011

Statement

အပြည့်အစုံသို့.....

Statement on attack between DKBA and SPDC

>> Tuesday, November 9, 2010


Statement on attack between DKBA and SPDC -

အပြည့်အစုံသို့.....

၂၀၁၀ ရွေးကောက်ပွဲ ဆန့်ကျင်ပွဲ (မလေးရှား)

>> Friday, October 29, 2010

Design by USCB-NY

အပြည့်အစုံသို့.....

မကဒတ ( ABSDF ) ၏ ၂၂ နှစ်မြာက် နှစ်ပတ်လည် ဆွမ်းကျွေးတရားနာ ဖိတ်ကြားလွှာ

>> Tuesday, October 26, 2010

ABSDF(22)Birthday

အပြည့်အစုံသို့.....

NLD YOUTH (LA) MALAYSIA ပြန်လည်ဖွဲ့စည်းကြောင်း ထုတ်ပြန်ကြေငြာချက်

>> Sunday, October 24, 2010

အပြည့်အစုံသို့.....

၂၀၁၀ ရွေးကောက်ပွဲအတွက် ABMA နှင့် ဗကသ ကြေငြာချက်

>> Tuesday, May 25, 2010

Joint Statement No-7-2010 of ABMA+88+ABFSU_Bur

ABMA နှင့် မျိုးဆက်သစ်လူငယ်များမှပေးပို့သည့် အတွက်ကျေးဇူးတင်ပါသည်။

အပြည့်အစုံသို့.....

Baffalo ကြေငြာချက်

IFBNC Statement (Bur)

အပြည့်အစုံသို့.....

တရားမျှတမှုလည်းမရှိဘူး ဥပဒေနဲ့လည်းမညီဘူး

>> Friday, May 21, 2010

သုတေသနနှင့်လေ့လာရေးဌာန
ဝေဖန်သုံးသပ်ချက် အမှတ်စဉ် (၇/၂၀၁၀)
(၂၀၁၀ ခုနှစ်၊ မေလ ၁၅ ရက်)

“အပြောင်းအလဲ” ဆိုတာကို အာဏာကိုင်ထားနိုင်သူကသာ လုပ်နိုင်တယ်။

“အပြောင်းအလဲ” ဆိုတာမှာ အမြင့်ဆုံး မူပေါ်လစီတွေကနေစပြီး၊ ရာထူးအဆင့်တာဝန် အပြောင်းအလဲထိ လုပ်ဆောင်တာကို ဆိုလိုပါတယ်။ ရာထူးအဆင့်တာဝန် အပြောင်းအလဲလုပ်တယ်ဆိုတဲ့ နေရာမှာ ထုတ်ပစ်တာ/ ဖြုတ်ပစ်တာ/ ခန့်အပ်တာ/ ပြောင်းရွေ့တာ/ အငြိမ်းစားပေးတာအထိ ပါဝင်ပါတယ်။

အာဏာကို စိတ်ကြိုက်ကိုင်တွယ်ထားနိုင်တဲ့ ကာလအထိတော့ “အပြောင်းအလဲ” မှန်သမျှကို စိတ်တိုင်းကျ လုပ်နိုင်တယ်။ ဘယ်သူကမှ ဦးနင်းပဲ့ထောင် မလုပ်ဝံ့ဘူး။ မီးသေတယ်လို့ ပြောရမယ်ထင်တယ်။

ဗိုလ်သန်းရွှေဟာ စစ်အုပ်စုထိပ်သီးပဲ။ အာဏာကိုင်ထားနိုင်သူ ဖြစ်တယ်။ ဒီတော့ “အပြောင်းအလဲ” ဆိုတာတွေကို သူ့စိတ်ကြိုက် လုပ်ခဲ့ပါတယ်။ လုပ်နိုင်နေပါသေးတယ်။

ဝန်ကြီးချုပ်/ဝန်ကြီး စသဖြင့် အစိုးရတာဝန် ထမ်းဆောင်နေတဲ့ ဗိုလ်ချုပ်ကြီး သိန်းစိန်တို့အုပ်တွေကို “ဗိုလ်” ကနေ “ဦး” အဖြစ် ပြောင်းလဲစေခဲ့တယ်။ ဗိုလ်သန်းရွှေတို့ (နအဖ) စစ်အုပ်စုဝင် ထိပ်သီးတွေ၊ နာယကလုပ်ခဲ့တဲ့ လူမှုရေးအသင်းလို့ဆိုတဲ့ ကြံ့ဖွှံ့အသင်းက “လူမှုရေးအသင်း” ကနေ “နိုင်ငံရေးပါတီ” အဖြစ် ပြောင်းလဲစေခဲ့တယ်။ ရွေးကောက်ပွဲကော်မရှင်မှာ မှတ်ပုံတင်စေခဲ့တယ်။

စိတ်ကြိုက်ခန့်အပ် တာဝန်ပေးထားတဲ့ “ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်” ဥက္ကဋ္ဌကလည်း “လက်ရှိဝန်ကြီးများက ကြံ့ဖွံ့ပါတီထောင်ခြင်းမှာ ဥပဒေနဲ့ညီညွတ်သတဲ့”။

  • အာဏာကိုင်ထားနိုင်တဲ့ စစ်အုပ်စုဟာ အနှစ် ၂၁ နှစ်ကျော်ကာလအတွင်းမှာ
  • အခြေခံဥပဒေကို ဖျက်သိမ်းနိုင်တယ်/စိတ်ကြိုက်ရေးဆွဲနိုင်တယ်။ (၁၉၄၇/၁၉၇၄ ဥပဒေများ ဖျက်သိမ်းပြီး/၂၀၀၈ဖွဲ့စည်းပုံရေးတယ်)
  • ပြည်သူ့ဆန္ဒခံယူပွဲ ကျင်းပနိုင်တယ်။ (၂၀၀၈ မေလ ၁၀ ရက်နှင့် ၂၄ ရက်နေ့တွေမှာ စိတ်ကြိုက်ရလဒ်ထွက်အောင် လုပ်နိုင်ခဲ့တယ်)
  • ရွေးကောက်ပွဲ ကျင်းပပေးနိုင်တယ်။ (၁၉၉၀ မေလ ၂၇ ရက် ရွေးကောက်ပွဲနှင့် ၂၀၁၀ ရွေးကောက်ပွဲ ကျင်းပပေးအုံးမယ်)
  • ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်မပြုဘဲ နေနိုင်တယ်။ ( ၁၉၉၀ ခု ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်မပြုဘူး)
  • နိုင်ငံရေးပါတီများရဲ့တည်ရှိမှုကို စိတ်ကြိုက်ချယ်လှယ် ဖန်တီးနိုင်တယ် (မတ်လ ၈ ရက်နေ့ထုတ် ရွေးကောက်ပွဲဆိုင်ရာဥပဒေများ)
  • နိုင်ငံရေးသမားနဲ့ နိုင်ငံရေးလှုပ်ရှားမှုမှန်သမျှကို ဖိနှိပ်ချေမှုန်းပြီး နှစ်ရှည်ထောင်ဒဏ် ချမှတ်နိုင်တယ်။
  • လူမှုရေးအသင်းဆိုပြီး“အမျိုးသားနိုင်ငံရေး” လုပ်နိုင်ပြီး/ နိုင်ငံရေးပါတီအဖြစ်ပြောင်းပြီးလည်း “ပါတီနိုင်ငံရေး” လုပ်နိုင်တယ်။

ဒါကြောင့် ဒီလိုဖြစ်ရပ်တွေအပေါ်ကနေ အခုလို ကောက်ချက်ချနိုင်ပါလိမ့်မယ်။

“တရားမျှတမှု/ ဥပဒေနဲ့ညီညွတ်မှု”တို့ဆိုတာ ဗိုလ်သန်းရွှေစစ်အုပ်စု စိတ်ကြိုက် ပြောင်းလဲစီမံနိုင်တာမှန်သမျှကို အဓိပ္ပါယ်ဖွင့်ဆိုဖို့ ဖြစ်တယ်၊ ခေါ်ဆိုဖို့ဖြစ်တယ် ဆိုတာပါပဲ။ တခြားဘာမှမဟုတ်ပါဘူး။

ဗိုလ်သန်းရွှေစစ်အုပ်စုဆန္ဒနဲ့ မကိုက်ညီတာမှန်သမျှဟာ အချုပ်အခြာအာဏာကို ထိပါးတာပဲ။ တည်ငြိမ်းမှုနဲ့ အေးချမ်းသာယာမှုကို ပျက်ပြားစေတာပဲ။ တည်ဆဲဥပဒေကို ချိုးဖောက်တာပဲ။ ထိပ်တိုက်ရင်ဆိုင်တာပဲ ဆိုတဲ့ စွပ်စွဲချက် တစ်ခုမဟုတ်တစ်ခုနဲ့ ငြိစွန်းတော့တာပဲ ဖြစ်ပါတယ်။

ဒါကြောင့် ဒီကနေ့ ဗိုလ်သန်းရွှေစစ်အုပ်စုက ၂၀၁၀ ပြည့်နှစ်မှာ လုပ်ပေးမယ်ဆိုတဲ့ ရွေးကောက်ပွဲဟာ တရားမျှတမှုလည်း ရှိမှာမဟုတ်သလို ဥပဒေနဲ့လည်း ညီညွတ်မှာမဟုတ်ပါဘူး။

ပြည်တွင်းပြည်ပက တောင်းဆိုနေသလို နိုင်ငံရေးအင်အားစုအားလုံး ပါဝင်နိုင်ရေးဆိုတာကတော့ သိပ်ကို အလှမ်းဝေးသွားပါပြီ။

(နအဖ) စစ်အစိုးရ ထုတ်ပြန်လိုက်တဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ၊ ပုဒ်မ (၂၅) အရ (NLD/SNLD) တို့ဟာ တရားဝင် ပါတီအဖြစ် မတည်ရှိနိုင်တော့ပါဘူး။ (နအဖ) ရဲ့ ပြောရေးဆိုခွင့်အာဏာပိုင်အဖွဲ့ ခေါင်းဆောင်က ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင် မပေးနိုင်ဘူးလို့ အကြောင်းပြန်ကြားလိုက်ပါပြီ။

ဒါ့အပြင် ကုလသမဂ္ဂ/ အီးယူ/ အာစီယံ စတဲ့ နိုင်ငံတကာနဲ့ ဒေသတွင်းက စောင့်ကြည့်လေ့လာရေးအဖွဲ့များကိုလည်း လာရောက်ခွင့်ပြုမှာမဟုတ်ပါဘူး။

ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက “နိုင်ငံတကာ လေ့လောရေးအဖွဲ့များ လာရောက်ရန် လိုအပ်မည်မဟုတ်” လို့ ပြောထားပြီးပါပြီ။

ဒါပေမယ့်လည်း “အပြောင်းအလဲ” ဆိုတာ အာဏာကိုင်ထားသူကချည်း သူ့အလိုဆန္ဒအတိုင်း အမြဲမပြတ် စေစားနိုင်တာမျိုးတော့ မဟုတ်ပါဘူး။

သူတို့ဆန္ဒနဲ့ မဆိုင်တဲ့ အပြောင်းအလဲဆိုတာတွေကို မတတ်သာတဲ့အခါ ပြောင်းလဲပေးရတာမျိုးတွေ အနီးအဝေး သမိုင်းမှာ ရှိပါတယ်။

၈၈ ဒီမိုကရေစီအရေးတော်ပုံကြီးဟာ အုပ်စိုးသူတွေဆန္ဒနဲ့ မဆိုင်တဲ့ အပြောင်းအလဲကြီးဖြစ်ပါတယ်။ လူထုတစ်ရပ်လုံး ပါဝင်လာတဲ့ လှုပ်ရှားမှုကြီး ဖြစ်ပါတယ်။ အုပ်စိုးသူတွေ ကြောက်ရွံ့တုန်လှုပ်တဲ့ လှုပ်ရှားပြောင်းလဲမှုကြီးလည်း ဖြစ်ပါတယ်။

အဲဒီလို “အပြောင်းအလဲ” ကိုတော့ လူထုတစ်ရပ်လုံး ပါဝင်တဲ့ လှုပ်ရှားမှုကြီးတွေကနေ ဖန်တီးနိုင်ပါတယ်။

ယနေ့မြန်မာပြည်မှာ လိုအပ်နေတာက လူထုတစ်ရပ်လုံးပါဝင်တဲ့ လှုပ်ရှားမှုကြီးဖြစ်ပါတယ်။

စစ်အာဏာရှင်စနစ်ကို လူထုတစ်ရပ်လုံး ပါဝင်နိုင်တဲ့ လှုပ်ရှားမှုကြီးနဲ့ ပြောင်းလဲပစ်နိုင်ပါလိမ့်မယ်။

၂၀၁၀ ရွေးကောက်ပွဲဆိုတာ ဗိုလ်သန်းရွှေစစ်အုပ်စု စိတ်ကြိုက်ရေးဆွဲ ဖန်တီးထားတဲ့ အပြောင်းအလဲတစ်ခုသာ ဖြစ်ပါတယ်။

ဒါကြောင့် နိုင်ငံရေးအင်အားစုအားလုံး ပါဝင်နိုင်မှာမဟုတ်ဘူး။ တရားမျှတမှုလည်း ရှိမှာမဟုတ်ဘူး။ သူတို့ထုတ်ပြန်ထားတဲ့ ဥပဒေနဲ့တောင် ညီညွတ်မှာမဟုတ်ဘူး။

Ref: လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ

အပြည့်အစုံသို့.....

အဓိပ္ပါယ်များစွာကိုပေါ်ပေါက်စေခဲ့သည့် အကြမ်းဖက်မှုဝေါဟာရ နိုင်ငံရေးနှင့် ၀ါဒဖြန့်ချိမှုများ

>> Saturday, May 15, 2010

[8888peoplepower] forward mail မှ ပြန်လည်ဖြန့်ဝေခြင်းဖြစ်ပါသည်။

Article 1-1 (Completed )

အပြည့်အစုံသို့.....

မတရားမှု/မမျှတမှုတွေအတွက် တောင်းသံ/ဆိုသံတွေ

>> Tuesday, May 11, 2010

သုတေသနနှင့်လေ့လာရေးဌာန
ဝေဖန်သုံးသပ်ချက် အမှတ်စဉ် (၆/၂၀၁၀)
(၂၀၁၀ ခုနှစ်၊ မေလ ၉ ရက်)

ကျနော်တို့၏ ဝေဖန်သုံးသပ်ချက် အမှတ်စဉ် (၅/၂၀၁၀) တွင် “ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်”၊ “ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥပဒေ”၊ “နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ” တို့တွင် ဖေါ်ပြထားသည့် ပြဌာန်းထားချက်များ၏ မတရားမှုများကို ဝေဖန်သုံးသပ် ဖေါ်ထုတ်ဖွင့်ချခဲ့ပါသည်။

ဝေဖန်သုံးသပ်ချက်၏ နိဂုံးပိုင်းတွင်လည်း “(နအဖ)စစ်အစိုးရ ပေးသည့် စပေ့ (ဝါ) ဒီမိုကရေစီအခွင့်အရေးဆိုသည်မှာ အပ်နဖားပေါက်ထဲ ကုလားအုပ်ဝင်ရမည့်ကိန်း ဖြစ်နေပြီ” ဟု ရေးသားဖေါ်ပြခဲ့ပါသည်။

သိပ်ကြာကြာမစောင့်လိုက်ရပါ။

ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ (၅) ခု ထုတ်ပြန်ပြီး (၂) လတင်းတင်း ပြည့်ပြီးသောအခါ အသံတွေ စီစီညံညံ ကြားလာရပါသည်။

မတရားမှု/မမျှတမှုတွေအတွက် တောင်းသံ/ဆိုသံတွေ ထွက်လာသည်။

ပြည်ပက အသံတွေကိုတော့ ခဏထားကြပါဦးစို့။ ယခုထွက်လာသည့် အသံတွေမှာ ပြည်တွင်းက အသံတွေဖြစ်ပါသည်။ ပြည်တွင်းက အသံတွေထဲတွင် မှတ်ပုံတင်လျှောက်ထားသူများထံက အသံတွေ ဖြစ်နေသည်။

အချို့ကဆိုလျှင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ စာရေးတောင်းဆိုနေကြသည်။ အချို့ကတော့ မီဒီယာများတွင် ရင်ဖွင့်နေကြသည်။

(နအဖ) စစ်အုပ်စု၏ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီကား နိဒါန်းအစမှာပင် ရင်ခံနေကြရပြီ၊ ရင်ဖွင့်နေကြရပြီ။

အမတ်လောင်းတစ်ဦးအတွက် ရွေးကောက်ပွဲမှတ်ပုံတင်ကြေး ကျပ် ၅ သိန်း သတ်မှတ်ထားချက်ကို လျှော့ပေါ့ပေးရန်နှင့် အမတ်လောင်းတစ်ဦးဟာ မဲပေးသူရဲ့ အနည်းဆုံး ၁၀% ထောက်ခံမဲရခဲ့ရင် မှတ်ပုံတင်ကြေး ပြန်လည်ထုတ်ယူခွင့်ပေးဖို့ တောင်းဆိုထားပါသည်။

“လူတစ်ယောက်ကို ကျနော်တို့ကိုက ဝင်ကြေးငွေ ငါးသိန်းတင်ရမယ်ဆိုလျှင် လွှတ်တော်နှစ်ရပ်ပေါင်းမှာ ကျနော်တို့ဝင်ရွေးရမယ့် အမတ်ပေါင်း ၄၉၈ ယောက်ရှိတယ်။ ၅၀၀ မှာ ၂ ယောက်ပဲ လျှော့တယ်ဆိုတော့ အဲဒီ ၅၀၀ နဲ့တွက်ရင် ဝင်ကြေးတင် ကျနော်တို့က သိန်းပေါင်း ၂၅၀၀ လိုနေတယ်” တဲ့။

“အမတ်လောင်းတစ်ဦးအတွက် မှတ်ပုံတင်ကြေး ငါးသိန်းက များတယ်။ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဝင်ရမယ့် ပါတီအတွက် ဆိုလို့ရှိရင် လွှတ်တော်သုံးခုမှာ စုစုပေါင်း ၁၁၄၈ ဦးရှိတယ်၊ တစ်ယောက်ကို ငါးသိန်းဆိုလျှင် သိန်း ၅၀၀၀ ကျော်၊ ဒါတော့ ဘယ်ပါတီမှ တတ်နိုင်မှာမဟုတ်ဘူး” တဲ့။

“မဲဆွယ်တဲ့ စရိတ်တွေ ရှိသေးတယ်။ ရွေးကောတ်ပွဲပြင်ဆင်ဖို့ စရိတ်က သိန်း ၅၀၀၀၊ ရွေးကောတ်ပွဲဝင်ဖို့ မှတ်ပုံတင်ကြေးက သိန်း ၂၅၀၀၊ အနည်းဆုံး ပါတီတစ်ခုက ငွေကျပ်သိန်းပေါင်း ၇၅၀၀ လိုတယ်” တဲ့ ။

ဒီလိုဖြစ်နေရင် ရွေးကောက်ပွဲမှာ နိုင်ငံရေးပါတီတိုင်းက သူတို့ဆန္ဒရှိသလောက် ဝင်ရောက်ယှဉ်ပြိုင်နိုင်ကြပါမည်လော။ တရားမျှတတဲ့ ရွေးကောက်ပွဲရော ဖြစ်ပါ့မလားဟု ဖွင့်ဟတောင်းဆိုနေကြပါသည်။

သူတို့ တွက်ချက်ပြထားမှုတွေအရ ပါတီတစ်ခုဟာ ရွေးကောက်ပွဲဝင်နိုင်ရေးအတွက် အစုစု ကုန်ကျစရိတ်ဟာ ကျပ်သိန်းပေါင်း ၇၅၀၀ လောက် လိုအပ်နေပါသည်။ သို့အတွက် ပါတီတိုင်း ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့ဆိုရာမှာ ဒီအဆင့်မှာတင်ပဲ အခက်အခဲဖြစ်နေပါပြီ။

ဒါပေမယ့် ဒီလို အခက်အခဲကို မမှုတဲ့၊ ဘာကိုမျှ ဂရုမစိုက်သည့် ပါတီရှိသည်။

ဝန်ကြီးချုပ် ဦးသိန်းစိန်ပါ (၂၇) ဦး ခေါင်းဆောင်တဲ့ “ကြံ့ဖွံ့ပါတီ” ဖြစ်ပါသည်။

ကြံဖွံ့ပါတီကြီးရဲ့ အနေအထားနဲ့ပတ်သက်ပြီး မှတ်ပုံတင်ဘက် ပါတီအချို့ထံက အသနားခံသလိုလို၊ ဝေဖန်သလိုလို အသံတွေ သဲ့သဲ့ သဲ့သဲ့ ကြားလာနေရသည်။

“ပါတီခေါင်းဆောင်ဆိုသူတွေကအစ အရှင်မွေး နေ့ချင်းကြီးဆိုသလို နိုင်ငံတော်ဝန်ကြီးချုပ်နဲ့ ဝန်ကြီးတွေဖြစ်နေတာ၊ အဖွဲ့ဝင်အများစုကလည်း နိုင်ငံ့ဝန်ထမ်းတွေ ဖြစ်နေတာ၊ ဒါ့အပြင် နိုင်ငံတော်ပိုင် ငွေကြေးတွေနဲ့ အဆောက်အဦးပိုင်ဆိုင်မှုတွေ ရှိနေတာ” စတဲ့ အချက်တွေနဲ့ပတ်သက်ပြီး ရှင်းရှင်းလင်းလင်းရှိအောင်၊ ပြည်သူတွေသိအောင် အခြားမှတ်ပုံတင်ဘက်ပါတီတွေက သင်္ကာရှင်းသွားအောင် “ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်” က ကော်မရှင်ဥပဒေနဲ့အညီ ဆောင်ရွက်ပေးဖို့ ပြောသံဆိုတာတွေ ကြားနေရသည်။

ငွေကြေးအခက်အခဲကြောင့် (တစည) လို ပါတီကတောင် နေရာစေ့ ဝင်ရောက်ယှဉ်ပြိုင်ဖို့ မဖြစ်နိုင်ကြောင်း ပြည်ပမီဒီယာတစ်ခုသို့ ပြောသံကြားရပါသည်။

(တစည) ကတော့ ညီတော်(ကြံ့ဖွံ့ပါတီ)ရဲ့ (ငွေကြေး/ရုပ်ဝတ္တု/စည်းရုံးဖွဲ့စည်းထားမှု) အဖက်ဖက်က အသာစီးယူထားမှုများကို ဝေဖန်ဝံ့လိမ့်မည်မထင်ပါ။ ညောင်မြစ်တူးလျှင် ပုတ်သင်ဥတွေ တစ်ထမ်းကြီး ပေါ်လာလိမ့်မည်။ (တစည)ကိုယ့်ရှူးကိုယ်ပတ်သလို ဖြစ်ပြီး (တစည) သည် “ခွေးကိုက်ခံရသော သူခိုး” ကဲ့သို့ ဖြစ်နေပါလိမ့်မည်။ လက်ရှိစစ်အုပ်စုကလည်း (တစည) ကို လိုအပ်မှသာ သုံးတော့မည်။ ယခုတော့ စွန့်ပစ်ထားလိုက်ပြီ။

ထို့အပြင် ထူးခြားချက်က (တစည) ခေါင်းဆောင်စုသည် လက်ရှိ (နဝတ-နအဖ) စစ်အုပ်စုထက် ဝါရင့်သူတွေ ဖြစ်သည်။ (န၀တ-နအဖ) စစ်အုပ်စု၏ ရှေ့က ဆရာသမားများဖြစ်သည်။ (ကြံ့ဖွံပါတီ) ကတော့ (တစည)နှင့်မတူ၊ (န၀တ-နအဖ)၏ လောလောဆယ် မီးသေနေသေးသည့် လက်ရင်း လက်မရွံ့တပည့်ကျော်များဖြစ်သည်။

ယင်းအချက်ကြောင့်ပင် (နအဖ) စစ်အုပ်စုသည် ကော်မရှင်ဥပဒေကို ပမာမထားဘဲ ဝန်ကြီးချုပ်လုပ်နေဆဲ (နိုင်ငံ့ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ဆဲ) မှာပဲ ကော်မရှင်သို့ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခိုင်းသည်။ ဘယ်သူတွေ ဘာပြောရဲသလဲ။ မိုက်ရင်ထွက်ခဲ့ဆိုသည့် လူမိုက်လုပ်ဟန်အပြည့်ဖြင့် လုပ်ပြနေခြင်းဖြစ်သည်။

မှတ်ပုံတင်ထားသည့် ပါတီများအနေဖြင့် မတရားမှုတွေကို ရဲရဲဝံ့ဝံ့ ကျယ်ကျယ်လောင်လောင် ထုတ်ပြောတာ ကြားချင်ပါသည်။

အရင်းစစ် အမြစ်မြေက ဆိုသလိုပင် ယင်းမတရားမှု/မမျှတမှုများသည် (နအဖ) စစ်အုပ်စုက ဖန်တီးပေးလိုက်သည့် “ဖွဲ့စည်းပုံအခြေခံ ဥပဒေ (၂၀၀၈) နှင့် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ (၅) ရပ်” မှ ပေါက်ပွားလာခြင်းဖြစ်သည်ကို မှတ်ပုံတင်လျှောက်ထားကြသည့် ပါတီများ အထူးသတိပြုစေလိုပါသည်။

ပြည်တွင်းပြည်ပရှိ “စပေ့”ရှာကျွမ်းကျင်ဆရာများနှင့် မြေညီကွင်းတွင် လယ်ဗယ်ညှိကြမည့် ဆရာများထံမှ ဒီဘိတ်များကို ကြားချင်ပါသေးသည်။

Ref : လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ

အပြည့်အစုံသို့.....

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ၂ဝ၁ဝ ရွေးကောက်ပွဲ ကို မဝင်ရန်ဆုံးဖြတ်လိုက်ခြင်းအပေါ် သဘောထား ထုတ်ပြန်ချက်

>> Wednesday, March 31, 2010

နေ့စွဲ ။ ။ ၂ဝ၁ဝ ခုနှစ် မတ်လ (၃၁) ရက်။
၁။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် နအဖ၏ ၂ဝ၁ဝ ရွေးကောက်ပွဲမှတ်ပုံတင်ရေး ဥပဒေများကို အတိအလင်း ဆန့်ကျင်လိုက်ပြီး နအဖ ကျင်းပမည့်ရွေးကောက်ပွဲကို လုံးဝဝင်တော့မည်မဟုတ်ကြောင်း ခိုင်မာသည့် ပါတီဆုံးဖြတ်ချက်တရပ်ကို ဗဟိုကော်မတီဝင်ထုတရပ်လုံး၏ ဆန္ဒသဘောထားနှင့်အညီ ဆုံးဖြတ်ချမှတ်လိုက်ခြင်းအပေါ် မိမိတို့ တိုင်းရင်းသားပေါင်းစုံ ဒီမိုကရေစီအင်အားစုများမှ အလေးအနက် ထောက်ခံကြိုဆိုလိုက်ပါသည်။

၂။ နအဖ ထုတ်ပြန်ခဲ့သည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ရေးဆိုင်ရာဥပဒေသည် နိုင်ငံရေးပါတီတခု၏ အခြေခံအခွင့်အရေးများကို ချိုးဖေါက်ထားသည်ကို သုံးသပ်တွေ့ရှိရသည့်အပြင်၊ သက်ဆိုင်ရာပါတီ၏ နိုင်ငံရေးခေါင်းဆောင်များ၊ တိုင်းရင်းသား ခေါင်းဆောင်များကို ရွေးကောက်ပွဲမဝင်နိုင်ရန် ကန့်သတ်ပိတ်ပင်ထားသည့် ဥပဒေများဖြစ်၍ အဖွဲ့ချုပ်အနေဖြင့် ရွေးကောက်ပွဲ မဝင်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထို့အပြင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်သည် ရှစ်လေးလုံး လူထု တော်လှန်ရေးကြီးမှ ပေါက်ဖွားလာသည့် နိုင်ငံရေးပါတီတရပ်ဖြစ်သည့်အားလျှော်စွာ (၈) လေးလုံးလူထု လှုပ်ရှားမှုကြီး၏ သမိုင်းပေးတာဝန်ကို ကျွေပွန်စွာ ထမ်းဆောင်လိုက်ခြင်းလည်း ဖြစ်သည်။

၃။ ယနေ့ ဖြစ်ပေါ်နေသည့် နိုင်ငံရေးဖြစ်စဉ်တွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ ဆုံးဖြတ်ချက်သည် သမိုင်းဝင် နိုင်ငံရေး ဆုံးဖြတ်ချက်တရပ်အဖြစ် မှတ်တမ်းတင်ရမည် ဖြစ်ပေသည်။ ဤကာလသည် နအဖစစ်အုပ်စုက အပစ်ရပ် တိုင်းရင်းသား အဖွဲ့အစည်းများအား နည်းမျိုးစုံဖိအားပေးပြီး တပြိုင်တည်း အကြပ်ကိုင်တွန်းအားပေးမများ ပြုလုပ်နေသည့် ကာလဖြစ်သည့် အတွက် တိုင်းရင်းသားအင်အားစုများ အနေဖြင့် အကြပ်အတည်းများနှင့် ရင်ဆိုင်နေရသည့် အချိန်ကာလလည်း ဖြစ်ပါသည်။ ယင်းအကြပ်အတည်းများကို အဖွဲ့ချုပ်၏ ဆုံးဖြတ်ချက်က ခွန်အားသစ်များ မွေးဖွားပေးလိုက်သည်ဟု မိမိတို့ အနေဖြင့် အလေးအနက် သုံးသပ်တွေ့ရှိရသည်။

၎။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် နိုင်ငံရေးပါတီတရပ်အနေဖြင့် သူ့ပါတီ၊ သူ့အဖွဲ့အစည်းအကျိုးကို မငဲ့ကွက်ဘဲ သူတည်ရှိနေသည့် တိုင်းပြည်နှင့် ပြည်သူတရပ်လုံးအကျိုးအတွက် တည့်တည့်ကြည့်၍ ယခုကဲ့သို့ မှန်ကန်သည့် ဆုံးဖြတ်ချက်ချမှတ်လိုက်ခြင်းသည် မိမိတို့ တိုင်းရင်းသားပေါင်းစုံ ပြည်သူတရပ်လုံး၏ နိုင်ငံရေးရည်မှန်းချက်များနှင့် တထပ်တည်းတသားတည်းကျလျှက်ရှိပါသည်။

၅။ သို့ဖြစ်ပါ၍ မိမိတို့ အင်အားစုများအနေဖြင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို အပြည့်အဝ ဝန်းရံပြီး စစ်မှန်သည့် ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုသစ် ပေါ်ထွန်းလာသည်အထိ ဆက်လက် တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း မိမိတို့ အင်အားစုများ အားလုံး၏ သဘောထားကို ထုတ်ပြန်လိုက်ပါသည်။

၁။ ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားကောင်စီ၊
၂။ မြန်မာပြည်ဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ချုပ်၊
၃။ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့၊
၎။ အမျိုးသားဒီမိုကရေစီတပ်ပေါင်းစု၊
၅။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ)၊
၆။ ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားညွန့်ပေါင်းအစိုးရ၊
၇။ မြန်မာနိုင်ငံဒီမိုကရက်တစ်အင်အားစု၊
၈။ တိုင်းရင်းသားလူငယ်များအင်အားစု၊
၉။ မြန်မာနိုင်ငံကျောင်းသားလူငယ်များကွန်ကရက်၊
၁ဝ။ အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ)၊

အပြည့်အစုံသို့.....

NLD ၏ ပါတီမှတ်ပုံမတင်ရေး ဆုံးဖြတ်ချက်ကို ဗကသ (နိုင်ငံခြားရေးရာကော်မတီ)မှ သဘောထားထုတ်ပြန်

Abfsu-fac Stm on Nld Decision

အပြည့်အစုံသို့.....

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဆုံးဖြတ်ချက်နှင့် လုပ်ငန်းစဉ်များအပေါ် FDB ၏ ထုတ်ပြန်ကြေညာချက်

Fdb Stm on Nld Decision

အပြည့်အစုံသို့.....

NLD ဆုံးဖြတ်ချက်အပေါ် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီမှ ဂုဏ်ပြုကြိုဆို

>> Tuesday, March 30, 2010

Dpns Stm on Nld Decision

အပြည့်အစုံသို့.....

သံဃာ့တပ်ပေါင်းစု၊ ၈၈-မျိုးဆက်ကျောင်းသားများနှင့် ဗကသများအဖွဲ့ချုပ်တို့ ပူးတွဲကြေငြာချက်

>> Saturday, March 27, 2010

Joint Statement No3-2010 of ABMA+88+ABFSU_Corrected Version(2)

အပြည့်အစုံသို့.....

။.... မျိုးဆက်သစ် - မျိုးဆက်ဟောင်းများမှ ဖိတ်ကြားခြင်း ....။

>> Friday, March 26, 2010

Urgent Tele Meetin Invitation Letter -001

အပြည့်အစုံသို့.....

  © Blogger templates Sunset by Ourblogtemplates.com 2008

Back to TOP