Showing posts with label အသိပေးခြင်း. Show all posts
Showing posts with label အသိပေးခြင်း. Show all posts

HOW MALAYSIA TREATS MAIDS !!!!!

>> Saturday, April 14, 2012

This is one of "HOW MALAYSIA TREATS MAIDS" from other courtries.

Due to inhumane treat of Malaysian, many foreign maids are brutally tortured and killed. That's why, Indonesia and Cambodia have stopped sending maids from their country to Malaysia.

Now, Myanmar officials are planning to send maid workers to Malaysia as the request of Malaysia Prime Minister.

So, Let's try to stop and ban Myanmar's Goverment Offical's plan to send maids to Malaysia.

(Click on picture to see full size)

အပြည့်အစုံသို့.....

မင်္ဂလာဒိုး အနုပညာအင်အားစုမှ ရဲရဲတောက်တေးသံချပ်များ (ဂျပန်)

>> Tuesday, April 10, 2012


အကြိမ် ၂၀ မြောက် အစဉ်လာမပျက် ဂျပန်ရောက် မင်္ဂလာဒိုး အနုပညာအင်အားစုမှ ရဲရဲတောက်တေးသံချပ်များ စတင်ဖြန့်ချိလိုက်ပါပြီ။

2012 မင်္ဂလာဒိုးအနုပညာ အင်အားစု (ဂျပန်) အဖွဲ့ ၏ရဲရဲတောက်တေးသံချပ်များ 2012ခုရဲ့ မြန်မာပြည် သင်္ကြန်အမှီ တင်ဆက်ဖျော်ဖြေတင်ဆက်နိုင်ရန်အတွက် ဂျပန်နိုင်ငံရောက် မင်္ဂလာဒိုး အနုပညာအင်အားစုမှ နှစ်စဉ် ကျင်းပနေကြ ဂျပန်နိုင်ငံရှိ မြန်မာ့ ရိုးရာ သင်္ကြန် ပွဲ များတွင် တင်ဆက်နေကျ ဒိုးပတ်သံ များဖြင့် နိုင်ငံတကာရောက် မြန်မာမိသားစု များနှင့် မြန်မာပြည်တွင်းမှ အောင်ပွဲရ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ကို ထောက်ခံအားပေးနေသော မိဘပြည်သူများအတွက် စိတ်သောကကင်းဝေးနိုင်စေရန် နှင့် ဒုက္ခအပေါင်းမှ ကင်းငြိမ်းစေရန် ရည်ရွယ်ချက်ဖြင့် အစဉ်လာမပျက် တနှစ်တခေါက် အတို့ အထိ ရိ စရာ လေးများနှင့် မှန်မှန်ရောက်ရှိလာတဲ့ မင်္ဂလာဒိုး ရဲ့ သံချပ်များ အများပြည်သူများ ရှေ့မှောက်သို့ ရောက်ရှိလို့  လာခဲ့ပြန်ပါပြီ၊၊

ယခု နှစ်သံချပ်များကို ကိုမျိုး သန့် ၊ကိုသောင်းတို့ မှစီစဉ်ပြီး၊ကိုမျိုးသန့် ၊ကိုသောင်း၊ ခင်ငြိမ်းဆွေ နှင့် ကိုထွန်းဝေတို့ မှရေးသားခဲ့ကြခြင်း ဖြစ်ပါတယ်၊၊ 2012 ယခုနှစ်တွင်လည်း
၁။ အဖွင့်တေးသံ
၂။ပြန်ကြားရေး
၃။ အထွေထွေ
၎။ NLD ကို ဂုဏ်ပြုခြင်း
၅။ အခန်းပြောင်းတေးသံ
၆။ညီညွတ်ရေး
၇။ရန်ပွဲတွေ၇ပ်
၈။ ကုန်ဈေးနှုန်း
၉။သံချပ်ဆင်ဆ
၁၀။ ဂျပန်မှ အပြန်ခရီး
၁၁။ မဟော်သဓာ သားတရားစီရင်ခန်း
၁၂။ကမ္ဘာမကြေ
စသည့်
တေးသံချပ်များ ဖြင့် မြန်မာပြည်တွင်းမှ မိဘရဟန်းရှင် ပြည်သူများ ကြည့်ရှု့ နိုင်စေရန်နှစ်စဉ်နှစ်တိုင်း အတာသင်္ကြန် မရောက်ခင်မှာ သံချပ် သီချင်းခွေ ဗွီဒီယိုတွေ ထုတ်လုပ်ပြီး ပြည်တွင်းနဲ့ နိုင်ငံတကာကို ဖြန့်ချိခဲ့တာ နှစ်စဉ်နှစ်တိုင်းပင် ဖြစ်ပါတယ်။

မြန်မာပြည်သင်္ကြန်နှင့်အတူ နှစ်စဉ်ဧပြီလတွင်ကျင်းပနေကြ တိုကျိုသင်္ကြန်ပွဲတော်သည် ဧပြီ 15 ရက်(15.4.2012)တွင် ကျင်းပမည်ဟု မြန်မာ့ဒီမိုကရေစီ အဖွဲ့ ချုပ် မှ ဥက္ကဌ ဦးလှိုင်အေး က ပြောကြားခဲ့ပါသည်။

မြန်မာပြည်အလွမ်းပြေ ယိမ်းအကနှင့် ဒိုးပတ်သံများဖြင့်ေ ၀ဝေဆာဆာ မြူးမြူးကြွကြွ တင်ဆက်ထားသည်ကို တွေ့ ရမှာဖြစ်ပြီး မကြာမီအင်တာနက် စာမျက်နှာ များတွင် ဗွီဒီယို ဖြင့်တစ်ဝကြီး
ကြည့် ရှု့နိုင်ရန်စီစဉ်လျက် ရှိပါသည်။ယခုနှစ် တိုကျို သင်္ကြန်ပွဲတော်တွင် လည်း မင်္ဂလာဒိုးမှအဖွဲ့ ဝင် များဖြင့် ခြိမ့် ခြိမ့် သဲ ဖျော်ဖြေမည်ဖြစ်ပြီး

ဦးမျိုး သန့်  080 5063 2509
ကိုထွန်းဝေ 080 3099 1503
kotunwai@gmail.com , tunwai.jp@gmail.com

တို့ ကို ထံ မေးမြန်း ဆက်သွယ်နိုင်ကြောင်းသိရှိရပါတယ်။

တေးသီချင်း သံချပ်များကို ကိုဇေယျာအောင်မှ ရိုက်ကူးတည်းဖြတ်ထားပါသည်။ အောက်ပါလင့်မှနေ၍ သံချပ်များကို တစုတဝေးတည်း ကြည့်ရှုနားဆင်နိုင်ပါတယ်။ ပို့ပေးလာသော အကိုထွန်းဝေကိုလည်း ကျေးဇူးတင်ရှိပါကြောင်းနဲ့ သံချပ်ဖိုင်များကို မေးနှင့်ပူးတွဲပေးပို့ထားသော်လည်း အင်တာနက်ကွန်နက်ရှင် အခက်အခဲကြောင့် ဘလောခ့်တွင် upload ပြန်တင်ရင် မဖြစ်နိုင်သည်ကို နားလည်ခွင့်လွှတ်ပေးကြပါရန်....

http://www.youtube.com/user/kotunwai?feature=watch

အပြည့်အစုံသို့.....

ဖခမည်းတော်အရေး ကူညီပေးစေချင်

>> Tuesday, December 13, 2011

ဖခမည်းတော်....အရေး.......ကူညီပေးစေချင်.............။

အပြည့်အစုံသို့.....

ဆရာ ၊ ဆရာမများက စောင့်ထိန်း လိုက်နာရန်

>> Saturday, October 8, 2011

ကျောင်းသား၊ ကျောင်းသူများအား ဒဏ်ရာ အနာတရ ဖြစ်အောင် မပြုလုပ်ကြရန် ဆရာ ၊ ဆရာမများက စောင့်ထိန်း လိုက်နာရန်

ပဲခူးတိုင်း ဒေသကြီး က၀မြို့နယ်၊ ရစ်ကံကြီး အခြေခံပညာ အထက်တန်း ကျောင်းတွင် အလယ်တန်းပြ ဆရာ တစ်ဦးသည် စာမရသော ကျောင်းသား တစ်ဦးကို တုတ်ဖြင့် ရိုက်၍ အပြစ်ပေး ခဲ့ပါသည်။ ထို့ကြောင့် ထိုဆရာအား စုံစမ်း စစ်ဆေး အရေး ယူခဲ့ပြီး နောက်နောင်တွင် ကျောင်းသား ကျောင်းသူများကို ဤကဲ့သို့ ဒဏ်ရာ အနာတရ ဖြစ်စေသော အပြစ်ပေးမှုများ လုပ်ကြရန် အခြေခံပညာ ဦးစီးဌာနမှ အမိန့် ထုတ်ပြန် ခဲ့ပါသည်။

ဧရာဝတီတိုင်း ဒေသကြီး လပွတ္တာ ခရိုင် လပွတ္တာ မြို့နယ် အမှတ် ( ၂ ) အခြေခံပညာ အထက်တန်း ကျောင်းတွင်လည်း ဤကဲ့သို့ အလားတူ ဖြစ်ရပ် ပေါ်ပေါက်ခဲ့ပါသည်။ အထက်တန်းပြ ဆရာ ဦးကြည်လှိုင်ဆွေသည် မောင်ဖြိုးအောင် အမည်ရှိ ကျောင်းသား တစ်ဦးအား ( ၆ ၊ ၁၀ ၊ ၂၀၁၁ ) ရက်နေ့တွင် ပန်းအိုးဖြင့် ခေါင်းကို ရိုက်နှက် ခဲ့ပါသည်။ ကျောင်းသားမှာ ခေါင်းတွင် ပေါက်ပြဲ ဒဏ်ရာဖြင့် ဆေးရုံသို့ တက်ရောက်ပြီး ဆေးကုသမှု ခံယူခဲ့ရပါသည်။ ဤဖြစ်စဉ်တွင် ပြုမူခဲ့သော အထက်တန်းပြ ဆရာမှာ ယခု အချိန် အထိ မည်သည့် အပြစ်ပေးခြင်းကိုမျှ မခံရပါ။ ထိုအခါ ဖြစ်ရပ် အတူတူတွင် အရေးယူမှု အဘယ်ကြောင့် ကွဲပြားရသနည်း ဟူသော မေးခွန်း ပေါ်ပေါက်လာပါသည်။ ဆရာကလည်း တိုင်ချင်ရာတိုင်ကြ ၊ ငါကတော့ ဘာမှ ဖြစ်မှာမဟုတ်ဘူး ဟူ၍ ကြွေးကြော် နေပါတော့သည်။ တရား မျှတမှု ဟူသည်မှာ အချိန်၊ နေရာတို့ အပေါ်တွင် မူတည် ပြောင်းလဲနေမည် မဟုတ်ဟု ခံယူ ထားသော သာမန် လုပ်သား ပြည်သူများ ၊ ကျောင်းသား မိဘများ၏ စိတ်တွင် သို့လော သို့လော တွေးတောမှုများ ၊ သံသယများ မဖြစ်ပွားစေသင့်ဟု ယူဆမိပါသည်။

ကျောင်းသား မိဘတစ်ဦး
(၇၊ ၁၀၊ ၂၀၁၁)

အပြည့်အစုံသို့.....

ဒုက္ခသည်များကို မှတ်ပုံတင်ဖို့ အမိန့် မပေးပါ

>> Saturday, August 27, 2011

မလေးရှား ပြည်ထဲရေး ၀န်ကြီး ဟီရှာမူဒင် က ပြည်ထဲရေး ၀န်ကြီးဌာန အနေနဲ့ UNHCR ကဒ် ကိုင်ထားတဲ့ ဒုက္ခသည်တွေ 6P လွတ်ငြိမ်း ချမ်းသာခွင့် အစီအစဉ် အရ မှတ်ပုံတင်ရမယ် ဆိုတဲ့ အမိန့်မျိုး မရှိပါဘူးလို့ ငြင်းဆိုပါတယ်။ တနင်္လာနေ့ ညက သတင်း ထုတ်ပြန်ချက် အပြီး ၁၁နာရီ အကြာ အင်္ဂါနေ့မှာ UNHCR ကဒ် ကိုင်ဆောင်သူ ဒုက္ခသည် အယောက် ၁၀၀၀၀ လောက်ဟာ ပူထရာဂျာရာ လူဝင်မှု ကြီးကြပ်ရေး ရုံးချုပ် မှာ 6P လွတ်ငြိမ်း ချမ်းသာခွင့် အစီအစဉ် အရ မှတ်ပုံတင်ဖို့ ရောက်လာကြပါတယ်။

အစုလိုက် အပြုံလိုက် ရောက်လာကြတဲ့ ဒုက္ခသည်တွေဟာ လူဝင်မှုကြီးကြပ်ရေး ရုံးချုပ်ရဲ့ ကြိုတင်ပြင်ဆင်မှု့ အားနည်းတာကြောင့် အများစုဟာ ဘာမှ မလုပ်နိုင်ပဲ ပြန်သွားကြရပါတယ်။ လ၀က အနေနဲ့ တစ်နေ့ကို လျှောက်လွှာ ၂၅၀၀ လောက်သာ လက်ခံ ဆောင်ရွက် နိုင်တယ်လို့ ဆိုပါတယ်။

မလေးရှား ပြည်ထဲရေး ၀န်ကြီး ဟီရှာမူဒင် ဟူစိန် ကတော့ အဲဒီလို အမိန့်မျိုး မရှိပါဘူးလို့ ဒီနေ့ ပြောဆို သွားပါတယ်။

ဒါပေမယ့် UNHCR နဲ့တော့ ဆက်လက် ဆွေးနွေး ဆောင်ရွက် နေပြီး အဆိုပါကဒ် ကိုင်ဆောင်ထား သူများ ကို လ၀က တစ်ရုံးလုံး ပြည့်လျှံ မသွားအောင် အစဉ်လိုက် လာရောက် လုပ်ကိုင်ဖို့ ပြောဆိုပါတယ်။

"ကျနော်သိရသလောက် တော့ ပြည်ထဲရေး ၀န်ကြီးဌာန အနေနဲ့ အမိန့် ထုတ်ပြန်တာမျိုး မရှိပါဘူး.. ကျနော်တို့ UNHCR ကဒ် ကိုင်ဆောင် သူတွေ အစီအစဉ် တကျ စနစ်တကျ မှတ်ပုံတင် သွားဖို့ ကိစ္စတွေ အတွက် UNHCR က တာဝန် ရှိသူတွေနဲ့ စေ့စပ် ဆောင်ရွက် နေပါတယ်".. လို့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြား သွားပါတယ်။

"ဒီကိစ္စနဲ့ ပါတ်သက်ပြီးတော့ ဘာအန္တရာယ် ဘာပြဿနာ မှ မရှိပါဘူး။ ကျနော်တို့ UNHCR နဲ့ စေ့စပ် ဆောင်ရွက် နေတာပါ။" လို့ ထပ်ပြော ပါသေးတယ်။

"ကျနော်တော့ စိတ်ပျက် စိတ်ဓါတ်ကျတာမျိုး ဖြစ်မှာ မဟုတ်ပါဘူး"


6P အစီအစဉ် ဟာ ရှေးဦး မစွက တရား မ၀င် နေထိုင်သူ နိုင်ငံခြားသား အလုပ်သမား တွေ အတွက် ရည်ရွယ် သော်လည်း နောက်ပိုင်းမှာ တရားဝင် နိုင်ငံခြားသား အလုပ်သမားများလည်း မှတ်ပုံတင် ရမယ်လို့ ဆိုပါတယ်။

တချို့ ကတော့ အခုအစီ အစဉ်ကို ဒုက္ခသည်တွေဟာ တရားမ၀င် အလုပ်သမား တွေနဲ့ အခြေအနေခြင်း မတူဘူးလို့လဲ ဝေဖန် ကြပါတယ်။ UNHCR ကဒ် ကိုင်ဆောင်သူ ဒုက္ခသည် တွေ စိုးရိမ် ပူပန်တာ ကတော့ အဆိုပါ မှတ်ပုံတင်ပြီးရင် ကြုံကောင်း ကြုံလာ နိုင်တဲ့ မိမိနိုင်ငံကို ပြန်ပို့မယ့် ကိစ္စမျိုး ကိုပါ။

အထက်ပါ အချက်ကို ထောက်ပြတဲ့ အခါမှာ ပြည်ထဲရေး ၀န်ကြီးဌာန ဒုတိယ အတွင်းဝန် (အမျိုးသား မှတ်ပုံတင်ရေးနှင့် လူဝင်မှု မူဝါဒ ဌာန) အယ်လ်ဝီအီ ဘရာဟင် က ဒုက္ခသည်တွေကို နောက်ပိုင်းမှာ သီးခြား ခွဲထား မှာပါလို့ ဆိုပါတယ်။

"သူတို့ (ဒုက္ခသည်တွေ) အရင်ဆုံး 6P အစီအစဉ် အရ မှတ်ပုံတင်ပါ၊ နောက်ပိုင်းမှာ တခြား တရားမ၀င် အလုပ်သမားတွေနဲ့ သီးခြား ခွဲထားမှာပါ" လို့ လွတ်လပ်သော မလေးရှား သတင်း အေဂျင်စီကို ပြောပါတယ်။

ဝန်ကြီးဌာန အနေနဲ့ ၂၂၃၇၉၇၈ သော တရားဝင်နဲ့ တရားမ၀င် အလုပ်သမား တွေ 6P ပရိုဂရမ် အရ မှတ်ပုံတင် ပြီးသွားပါပြီ။

နောက်ကိစ္စ တခုက ဟီရှာမူဒင် ကို ကျည်ဆံ နှစ်တောင့်နဲ့ ခြိမ်းခြောက်စာ ပို့တဲ့ ကိစ္စ မနေ့က ဖြစ်သွားပါ သေးတယ်။ သူကတော့ စိတ်ပျက်တာမျိုး မဖြစ်ပါဘူး။ သူသာလျှင် ဒီကိစ္စမှာ တာဝန် အရှိဆုံး ပါလို့ ဆိုပါတယ်။ ဒီလို ခြိမ်းခြောက်စာ ပို့တဲ့ ကိစ္စက သူ့အတွက် ရိုးနေပါပြီတဲ့ ဒါပေမယ့် ကျည်ဆံပါ ပို့တာ ကတော့ ဒါ ပထမဆုံးပဲလို့ ဆိုပါတယ်။

ပုံမှန် ၀န်ကြီးဌာန အစည်းအဝေးမှာ ၀န်ကြီး က အဲဒီ ကိစ္စကို "သူတို့ ပြည်ထဲရေးမှာ ကျည်ဆံ မလုံလောက်ဖူး ထင်လို့ ၂ တောင့် ထပ်ပို့ ပေးတယ် ထင်တယ်.." လို့ ဟာသလုပ် ပြောသွားခဲ့ပါတယ်။

မူရင်း အား ပြန်လည်၍ ဘာသာပြန်ဆိုသည်။ ဘာသာ ပြန်ဆိုသူ ၀၀၉ အား ကျေးဇူးတင်ရှိပါသည်။

ref : Free Malaysia Today

အပြည့်အစုံသို့.....

နိုင်ငံရေးပြစ်မှု ဆိုင်ရာပုဒ်မများ

>> Friday, August 26, 2011

(မိတ်ဆွေတဦးမှ ပေးပို့လာပါသည်။)

နိုင်ငံရေးအကျဉ်းသား

နိုင်ငံတော်ကောင်စီ ၁၉၈၀-က ထုတ်ပြန်ချက်အရ-

(က) မတရားအသင်း အက်ဥပဒေအရ ပြစ်မှုများ

(ခ) ပြစ်မှုဥပဒေ ပုဒ်မ-၁၂၁ မှ ၁၃၀(ခ) အထိပါ အစိုးရကိုဆန့်ကျင်သော ပြစ်မှုများ

(ဂ) ပြစ်မှုဥပဒေ အခန်း (၈) ပါ နိုင်ငံတော်ငြိမ်ဝပ်ရေးကို ပျက်စေသော ပြစ်မှုများနှင့်ပတ်သတ်၍ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၄၃၊ ၁၄၄၊ ၁၄၅၊ ၁၄၇၊ ၁၄၈၊ ၁၅၁၊ ၁၅၂၊ ၁၅၃၊ ၁၅၃(က) အရ ပြစ်မှုများ

(ဃ) ၁၉၅၀-ပြည့်နှစ် အရေးပေါ်စီမံမှု အက်ဥပဒေအရ ပြစ်မှုများ
ဥပမာ- ပုဒ်မ ၅(ည)

(င) နိုင်ငံတော်ကိုဦးဆောင်သော လမ်းစဉ်ပါတီအား ကာကွယ်သည့် ဥပဒေအရ ပြစ်မှုများ

(စ) နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရယ်မှ ကာကွယ်သည့် ဥပဒေအရ ပြစ်မှုများ
ပုဒ်မ ၁၀(က)၊ ၁၀(ခ) နှင့် (ဆ)

ပြည်သူ့လွှတ်တော်နှင့် ပြည်သူ့ကောင်စီအဆင့်ဆင့် ရွေးချယ်တင်မြှောက်ခြင်းဆိုင်ရာ ဥပဒေအရ ပြစ်မှုများ

(နိုင်ငံရေးပြစ်မှု) ဆိုသည့် စကားရပ်တွင် အကျုံးဝင်သည်။

အပြည့်အစုံသို့.....

PULANG KE NEGARA ASAL = Return To Country Origin

>> Wednesday, August 24, 2011

To : Allen Vernon & all UNHCR personnel concerned
The UN Refugee Agency, Malaysia

Dear, Representative, Officers, Officers in Charge, Coordinators and all UNHCR personnel concerned at the respective Departments in UNHCR, Malaysia,

Kindly would I like to beg for my request to you all that UNHCR have to make clear information to all the Refugees who are presently holding UNHCR Reg-Cards and UNHCR Reg-Documents about whether the Refugee have to take photos and finger prints at Putrajaya Immigration Center, Kuala lumpur, Malaysia or not.

As a result that yesterday setting off UNHCR & Malaysia Finger-Prints program to all the Burmese ethnical Refugees in Malaysia make them all in trouble in Malaysia, UNHCR surely should give announcement in no time.

Because yesterday, at there, Malaysia Police’ Immigration and Relar Police beat some refugees including children, their mothers, old refugees, a lot of boys and girls at the mob crowd due to mismanagement of Malaysia UNHCR and when they've got their papers from Immigration, mostly their papers say "PULANG KE NEGARA ASAL" meaning "Returning Home" or "Leaving" or "Coming back native country."

If that so, what is UNHCR playing roles in Refugees to protect and care turns up-side-down to the wicked tool of Immigration Center, Malaysia? Does UNHCR itself put all Burmese ethnical Refugees in Malaysia into Malaysia Jail? Are these Refugees exiled by both evil spirits and plots of UNHCR and Malaysia Immigration?

What is the role of UNHCR in the international human right affairs and Refugees affairs? Do UNHCR and UNOs also smear themselves at the stage of world peace?

Thus, just in case I submit some real Immigration Issued-paper to a refugee with 6-P WORK PERMIT Form to match with each other to all UNHCR personnel concerned.

Besides UNHCR Malaysia instruct all Community-based Refugees to take finger prints at and UNHCR does not release other personal-case UNHCR card-holders how to do it exactly, UNHCR give forces to drive away all Refugees in Malaysia (?).

UNHCR Malaysia is obliged to take every responsibility of the situation demanded on Burmese ethnical Refugees Issue in Malaysia.
If so, are we all put into jail or exile? Come to think of it! How UNHCR grant the sense of International Care and Protection to all Burmese ethnical Refugees and Asylum-seekers in Malaysia?

All the Refugees including me are looking forward to hearing good news from UNHCR Malaysia personnel concerned.

Thanks
Kind regards

yours sincerely

Mr. Myat Ko Ko (UNHCR Refugees-Reg-Card-Number-Holder)ကာယကံရှင်၏ လုံခြုံရေး အတွက်ကြောင့် ဓါတ်ပုံ နှင့် နံပါတ်များအား ပြုပြင်ထားပါသည်။

အပြည့်အစုံသို့.....

အဆိုတော် ညီမင်းသစ်ရဲ့ အလှူ

>> Wednesday, July 13, 2011

နိုင်ငံရေးသီချင်းများကို သီဆိုနေသော မလေးရှားနိုင်ငံရှိ အဆိုတော်ညီမင်းသစ်မှ သူ၏ပထမဆုံးတေးစီးရီးဖြစ်သော အသစ်ပြန်စမယ့်ရာဇ၀င် ဒီဗွီဒီသီချင်းခွေ ရောင်းရငွေများထဲမှ မြန်မာငွေဆယ်သိန်းတိတိကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ကူညီစောင့်ရှောက်နေသော HIV/AIDS ဝေဒနာရှင်များသို့ လှူဒါန်းခဲ့ကြောင်း သိရပါသဖြင့် အများပြည်သူအပေါင်း မုဒိတာပွား သာဓုခေါ်နိုင်ကြစေရန် ဖော်ပြပေးအပ်ပါသည်။

ကျနော် ဒီသီချင်းခွေကို စပြီး ဖြန့်ချိကတည်းက ရောင်းရငွေထဲကနေ အမှန်တကယ်လိုအပ်နေသူတွေကို ကူညီမယ်လို့ ရည်မှန်းထားပါတယ်။ ခုလို ကူညီလှူဒါန်းနိုင်တာကလည်း ၀ယ်ယူအားပေးသူများရဲ့ စေတနာကြောင့်ပါ။ ဒါကြောင့် ကျနော့်ရဲ့ သီချင်းခွေကို ၀ယ်ယူအားပေးခဲ့ကြတဲ့ တေးချစ်ပရိတ်သတ်တွေ၊ ၀ိုင်းဝန်းကူညီပေးခဲ့ကြတဲ့ မြန်မာ့အရေးစိတ်ဝင်စားသူတွေကို ကျနော်အထူးကျေးဇူးတင်ပါတယ်။

ညီမင်းသစ်





အသစ်ပြန်စမယ့်ရာဇ၀င် ထဲမှ သီချင်းများကို နားဆင်နိုင်ပါတယ်။

၁) အသစ်ပြန်စမယ့်ရာဇ၀င်

၂) သွေးစွန်းနေသောဒိုင်ယာရီ
၃) ငြိမ်းချမ်းရေးသံစဉ်
၎) အတောင်ပံများသို့
၅) ရာဇ၀င်တလျှောက်မှာ
၆) တိုက်ပွဲဝင်ကြစို့
၇) နာဂစ်တစ္ဆေ
၈) ၃/၈၈ အင်းယား
၉) စစ်ဘီလူးနဲ့ယမင်းငယ်
၁၀) နိုးထလော့
၁၁) အဆုံးမသတ်နိုင်တဲ့သွေးပန်းချီ
၁၂) တောင်းဆု

အပြည့်အစုံသို့.....

၆၆-နှစ်မြောက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အခမ်းအနားသို့ ဖိတ်ကြားခြင်း (မလေးရှား)

>> Saturday, June 11, 2011

ဇွန်လ ၁၉-ရက်၊ ၂၀၁၁-ခုနှစ်တွင် ကျရောက်မည်ဖြစ်သော လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့မင်္ဂလာအခမ်းအနားကို မလေးရှားရောက် မြန်မာ့အရေးလှုပ်ရှားမှုအင်အားစုမှ ဖိတ်စာပါအစီအစဉ်အတိုင်း ကျင်းပပြုလုပ်မည် ဖြစ်ပါသဖြင့် ဒေါ်အောင်ဆန်းစုကြည်အား ချစ်ခင်လေးစားကြသော မလေးရှားရှိ မြန်မာနိုင်ငံသားအားလုံးမှ တက်ရောက်ပါဝင် ဆင်နွှဲကြပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။

မလေးရှားရောက် မြန်မာ့အရေးလှုပ်ရှားမှုအင်အားစု

အရှေ့နှင့် ကျောဖုံး

အတွင်းစာမျက်နှာ

အခမ်းအနားအစီအစဉ်

အပြည့်အစုံသို့.....

ပြည်တွင်း ပြည်ပ မြန်မာအသိုင်းအ၀ိုင်းအားလုံးသို့

>> Thursday, May 26, 2011

လေးစားစွာ မေတ္တာရပ်ခံအပ်ပါသည်။

NLD-Youth (L.A Malaysia) အား မလေးရှားလ၀ကမှ မတရားအမှုဆင် ဖမ်းဆီးသွားသည့်ကိစ္စအား ကျနော်တို့မလေးရှားရှိ လူငယ်များ၊ အဖွဲ့အစည်းများမှ မိမိတို့တတ်နိုင်သည့်ဖက်မှ လိုက်လံစုံစမ်းဆောင်ရွက်နေပါသည်။ နီးစပ်ရာ NGOs များထံသို့လည်း မတရားအမှုဆင် ဖမ်းဆီးခံရသူများ အမြန်ဆုံးလွတ်မြောက်အောင် လိုက်လံဆောင်ရွက်ပေးပါရန် အကူအညီတောင်းခံထားပြီးဖြစ်ပါသည်။

အမှန်ကိုဆိုရပါသော် ဖမ်းဆီးခံရသူများလွတ်မြောက်ရေးမှာ UNHCR-Malaysia တွင် အများဆုံးတာဝန်ရှိပါသည်။ အဖမ်းခံရသူအများစုမှာ UNHCR-Malaysia မှတ်ပုံတင်ကဒ် ရရှိထားပြီးသူများဖြစ်ပါသည်။ UNHCR-Malaysia သည် မြန်မာလူမျိုးတို့၏ အရေးကိစ္စအား များသောအားဖြင့် လျစ်လျူရှုတတ်သည်ကို ကျနော်တို့၏အတွေ့အကြုံများအရ သိရှိနားလည်ထားပါသည်။

သို့ဖြစ်ပါ၍ ပြည်တွင်းနှင့် နိုင်ငံတကာရှိ မြန်မာ့အရေးလှုပ်ရှားသူများမှ မတရားအမှုဆင် ဖမ်းဆီးခံရသူများ အမြန်ဆုံး ပြန်လည်လွတ်မြောက်လာစေရန်အတွက် အောက်ပါအချက်အလက်ပါစာကို UNHCR-Malaysia သို့ လိပ်မူပေးပို့ခြင်းဖြင့်လည်းကောင်း၊ နီးစပ်ရာ NGOs များမှတဆင့်ဆောင်ရွက်ခြင်းဖြင့်လည်းကောင်း ၀ိုင်းဝန်းကူညီပံ့ပိုးပေးကြပါရန် ကျနော်တို့ မလေးရှားရောက် မြန်မာ့အရေးလှုပ်ရှားမှုအင်အားစု မှ အဖမ်းခံရသူများကိုယ်စား အလေးအနက် မေတ္တာရပ်ခံအပ်ပါသည်။

စစ်အစိုးရကို ဆန့်ကျင်တော်လှန်နေသော နိုင်ငံရေးတက်ကြွလှုပ်ရှားသူများအချင်းချင်း အယူဝါဒမတူညီလို့ အပြင်မှာ လက်သီးချင်းယှဉ်ထိုးရပါစေ။ တကယ့်တကယ် အရေးကြုံ အခက်အခဲတွေ့လာတဲ့အခါမှာ တယောက်ကိုတယောက် ၀ိုင်းဝန်းကူညီကြခြင်းဟာ နိုင်ငံရေးသမားကောင်းတွေရဲ့ စိတ်ဓာတ်ပါ။

မလေးရှားရောက် မြန်မာ့အရေးလှုပ်ရှားမှုအင်အားစုများ


UNHCR-Malaysia သို့ ပေးပို့ရမည့်လိပ်စာများ
mlslu@unhcr.org
MLSLUCDU@unhcr.org
MLSLUOPI@unhcr.org

Microsoft Office Word File ဒေါင်းလုပ်လုပ်ရန်

To UNHCR Malaysia

ကျနော်၏ အင်္ဂလိပ်စာညံ့ဖျင်းမှုကြောင့် အဆင်ပြေမည်ဆိုပါက Word File ကို ဒေါင်းလုပ်လုပ်ပြီး ပြန်လည်ပြင်ဆင်ပေးပါရန်

အပြည့်အစုံသို့.....

အသစ်ပြန်စချင်သူတယောက်နဲ့ အင်တာဗျူး

>> Tuesday, March 29, 2011


VOA အသံလွှင့်အစီအစဉ်


သီချင်းခွေအလိုရှိပါက +6 010 219 0921 သို့ ဆက်သွယ်မှာယူနိုင်ပါသည်။

အပြည့်အစုံသို့.....

ပျောက်ဆုံးနေသောညီမလေး အမြန်ပြန်လာစေလို

>> Saturday, March 19, 2011

(မေးလ်ထဲရောက်လာတာပါ။)

ညီမလေး
ခင်ခင်ဝင်းလှိုင် (ခ) မိုးစက်ငယ် ရောက်ရာအရပ်ကအမြန်ပြန်လာပါ။
မမကြီးနှင့်မေမေကြီး စောင့်နေပါတယ်။
ညီမလေးလုပ်ခဲ့သမျှ အပြစ်တွေအားလုံးကို ခွင့်လွှတ်ပါတယ်။

အောက်ပါဓာတ်ပုံပါ အသက်14 နှစ်မိန်းကလေးအား တွေ့ရှိပါက အမြန်ဆုံး သတင်းပေးစေလိုပါသည်။

သွေးဆောင်ဖြားယောင်လက်ခံထားလျှင် တရားဥပဒေ အရထိရောက်စွာ အရေးယူမည်ဖြစ်ပါသည်။

ဆက်သွယ်ရန်----------------

ဒေါ်နန်းစံယု
095114816
098611870


မှတ်ချက်--------- သတင်းပေးသူအားထိုက်တန်စွာကျေးဇူးဆပ်ပါမည်


အပြည့်အစုံသို့.....

အသစ်ပြန်စမယ့်ရာဇ၀င်- ညီမင်းသစ် (ခ) ကျော်ထက်မင်း

>> Monday, March 14, 2011

အသစ်ပြန်စမယ့်ရာဇ၀င် အမည်ရှိ နိုင်ငံရေးတေးစီးရီးခွေမှာ ညီမင်းသစ် (ခ) ကိုကျော်ထက်မင်း၏ တကိုယ်တော်တေးစီးရီးခွေဖြစ်ပြီး မတ်လ ၁၆-နေ့တွင် တံတားနီနေ့အထိမ်းအမှတ်အဖြစ် ဖြန့်ချိမည်ဖြစ်ပါသည်။ ကိုယ်တိုင်ရေး နိုင်ငံရေးသီချင်းသစ်အများစုပါဝင်ပြီး ၃/၈၈ အင်းလျားကို မတ်လအမှတ်တရအဖြစ် ထည့်သွင်းပြန်လည်သီဆိုထားပါသည်။ DVD ခွေဖြင့် ထွက်ရှိမည်ဖြစ်ပြီး ခွေတန်ဖိုးကို ၁၀ ရင်းဂစ် သတ်မှတ်ထားပါသည်။ ရောင်းရငွေများကို မြန်မာနိုင်ငံရှိ HIV/AIDS ဝေဒနာရှင်များနှင့် နိုင်ငံရေးအကျဉ်းသားမိသားစုများ ကူညီထောက်ပံ့ရေးများသို့ လှူဒါန်းမည်ဖြစ်ပါသည်။

သီချင်းခွေအလိုရှိပါက +6 010 219 0921 သို့ ဆက်သွယ်မှာယူနိုင်ပါသည်။

အတောင်ပံများသို့ (သီချင်းခွေအတွင်းပါသည့် သီချင်းတပုဒ်)



အပြည့်အစုံသို့.....

ဆူနာမီ အန္တရာယ်နှင့် ပတ်သက်၍ ပြည်ပမြန်မာအချင်းချင်း ကူညီပံ့ပိုးပေးကြပါ

>> Saturday, March 12, 2011


ရာသီဥတု အခြေအနေနှင့် ပတ်သက်၍ ပစိဖိတ်စင်တာမှ ထုတ်ပြန်လိုက်သော သတင်းအချက် အလက်များအရ ဆူနာ မီ အန္တရာယ်သည် ဂျပန်၊ ရုရှား၊ ထိုင်ဝမ်၊ ဖိလစ်ပိုင်၊ မာရှယ်ကျွန်းစု၊ အင်ဒိုနီးရှား၊ ပါပ၀ါနယူရီနီ၊ ဟာဝိုင်အီ၊ အယ်ဆာ ဘေဒါ၊ ကော့စတာရီကာ၊ နီဂွာရာ၊ ပနားမား၊ ချီလီ၊ ကိုလံဘီယာ၊ ပီရူးနိုင်ငံများအပါအ၀င် နေရာအနှံ့ပြားသို့သက်ရောက် မှု ရှိနေပါသည်။

သို့ဖြစ်ရာ ပြည်ပရောက် မြန်မာများ အနေဖြင့် မိမိတို့နိုင်ငံနှင့် နယ်မြေဒေသမှ ရာသီဥတုသတင်းများကို မျက်ချေမပြတ် နားထောင်ခြင်း၊ အန္တရာယ် သက်ရောက်မှုရှိသည့် ဒေသများတွင် နေထိုင်ပါက သဘာဝဘေးအန္တရာယ်ကို ရင်ဆိုင်ရန် ရိက္ခာများ၊ ဆက်သွယ်ရေးပစ္စည်းများ ပြင်ဆင်ထားခြင်း စသည်တို့ကို ပြုလုပ်ထားကြပါရန် တိုက်တွန်း နှိုးဆော်အပ်ပါ သည်။

ဆူနာမီ အန္တရာယ် မသက်ရောက်သော ဒေသများမှ မြန်မာများအနေဖြင့်လဲ အောက်ပါလုပ်ငန်း ဆောင်တာများကို ပြု လုပ်၍ မြန်မာအချင်းချင်း အကူအညီပေးကြပါရန် လေးစားစွာ ပန်ကြားအပ်ပါသည်။

(က) သဘာဝ ဘေးအန္တရာယ် မကျရောက်ခင် အခြေအနေ

- မိမိတို့နှင့် ရင်းနှီးသူများ၊ အသိအကျွမ်းများသည် ဘေးအန္တရာယ်ကျရောက်နိုင်သည့် ဒေသများတွင် နေထိုင်ပါက

ဖုန်းဆက်အကြောင်းကြား၍ သတိပြုပြင်ဆင်ထားရန် တိုက်တွန်းခြင်း

- လိုအပ်ပါက အကူအညီပေးနိုင်မည့် နည်းလမ်းများ၊ ဆက်သွယ်ရမည့် လိပ်စာများကို ကြိုတင်ရှာဖွေထားခြင်း

- အဆိုပါဒေသတွင် ရှိသော မြန်မာ မိသားစုများအား ဆက်လက်အကြောင်းကြားပေးထားရန် တိုက်တွန်းခြင်း

(ခ) သဘာဝ ဘေးအန္တရာယ် ကျရောက်ထားသော အခြေအနေ

ယခုလက်ရှိအခြေအနေတွင် ဂျပန်နိုင်ငံတွင် ရောက်ရှိနေသော မြန်မာ လူမျိုးများသည် ဆူနာမီအန္တရာယ် ငလျင်ဒဏ်ကို ခံစားနေကြရပါသည်။ အဆိုပါ မြန်မာလူမျိုးနှင့် ဆက်စပ်သော အခြားနိုင်ငံပေါင်းစုံမှ မိသားစုဝင်များ၊ မိတ်ဆွေများမှ လည်း စိတ်ပူလျက်ရှိပါသည်။ အခြား မည်သည့်နိုင်ငံများသို့ ဆူနာမီ ဂယက် ဆက်လက် ဂယက်ရိုက်ဦးမည် မသိနိုင် သေးပါ။ သို့ဖြစ်ရာ

ဆူနာမီအန္တရာယ် ကျရောက်ထားသော ဒေသမှ မိမိတို့၏ မိတ်ဆွေများ၊ သိကျွမ်းသူများ၊ လုပ်ဖော်ကိုင်ဖက်များ၏ အ – - ခြေအနေကို ဆက်သွယ်၍ ရနိုင်သော နည်းလမ်းများဖြင့် စုံစမ်းခြင်း၊ ပြည်တွင်း မိသားစုသို့ အကြောင်းကြားရန် လို အပ်သော အခြေအနေများရှိပါက ကောင်းသတင်း၊ ဆိုးသတင်းကို အကြောင်းကြားပေးခြင်း

- မိမိတို့ အစုအဖွဲ့အလိုက် အရေးပေါ်ကူညီရန် ရံပုံငွေ ကောက်ခံထားရှိခြင်း

- အားပေးစကားပြောကြားခြင်း

- မတော်တဆ အနုမြူယိုစိမ့်မှု အန္တရာယ် ဖြစ်ပွားလာပါက မိမိနှင့် နီးစပ်သူများ အန္တရာယ်ကင်းလွတ်ရာသို့ ရောက်ရှိစေ ရန် လိုအပ်သည်များ ကူညီပေးခြင်း

စသည်တို့ဖြင့် ပြည်ပရောက် မြန်မာလူမျိုးများ အချင်းချင်း နီးစပ်ရာ အကူအညီပေးကြပါရန် လေးစားစွာ ပန်ကြားအပ် ပါသည်။

ခင်မမမျိုး (၁၁၊ ၃၊ ၂၀၁၁)

အပြည့်အစုံသို့.....

ကျေးဇူးတင်ရှိပါကြောင်း

>> Wednesday, March 9, 2011

ထိန်းသိမ်းရေးစခန်းမှ ကိုယ်ဝန် ၆-လနှင့် အမျိုးသမီး၏ဒုက္ခ ပိုစ့်မှ မလီတာတို့ သားအမိနှစ်ဦးသည် ယနေ့ (9.3.2011) တွင် ပြန်လည်လွတ်မြောက်လာပြီကြောင်း ကြားသိရပါသည်။

မည့်သည့်အကြောင်းကြောင့် လွတ်မြောက်သည်ဖြစ်စေ ထိန်းသိမ်းရေးစခန်းတွင်းမှ ကိုယ်ဝန်ဆောင်မိခင်လောင်းတဦး၏ ဒုက္ခကို စာနာနားလည်ကာ လူသားချင်းစာနာမှုဖြင့် ကူညီပေးခဲ့သော UNHCR-Malaysia နှင့် UNHCR သို့တဆင့်ပြန်တင်ပြပေးခဲ့ကြသော သူငယ်ချင်း၊ ညီအကိုများအား ကာယကံရှင်များ၏ကိုယ်စား မောင်ပါလမှ ကျေးဇူးအထူးတင်ရှိပါသည်။

အပြည့်အစုံသို့.....

ထိန်းသိမ်းရေးစခန်းမှ ကိုယ်ဝန် ၆-လနှင့် အမျိုးသမီး၏ဒုက္ခ

>> Monday, March 7, 2011

မလီတာ (သမီး)နှင့် ဒေါ်ဂျူတီ (အမေ) သားအမိနှစ်ဦးတို့သည် အောက်တိုဘာလလ ၉ -ရက်၊ ၂၀၁၀ ခုနှစ် (အင်္ဂါနေ့) ညနေ ၃ နာရီခန့်၌ မလေးရှားနိုင်ငံ၊ အမ်ပန်း (Ampang) နယ်မြေ၊ ပန်ဒန်အင်းဒါး (Pandan Indah) အရပ်တွင် မလေးရှားလူဝင်မှုကြီးကြပ်ရေး၏ ဖမ်းဆီးထိန်းသိမ်းခြင်းကို ခံခဲ့ရပါသည်။

အဖမ်းခံရပြီးနောက် ရဲစခန်းအချုပ်မှတဆင့် ကာဂျမ်း (Kajang) ထောင်သို့ ပြောင်းရွှေ့ခံခဲ့ရပါသည်။ ကာဂျမ်းထောင်အတွင်းရှိနေစဉ် မလီတာ၌ ကိုယ်ဝန် ၃-လရှိနေပြီဖြစ်ကြောင်း ဆေးစစ်ချက်များအရ သိခဲ့ရသည်။

ကာဂျမ်းထောင်အတွင်း နှစ်လကျော်မျှ နေထိုင်ခဲ့ရပြီး ဇန်န၀ါရီလ ၇-ရက်၊ ၂၀၁၁ တွင် လန်ဂန်း (Lenggeng) ထိန်းသိမ်းရေးစခန်းသို့ ထပ်မံပြောင်းရွှေ့ခံခဲ့ရသည်။ လန်ဂန်းထိန်းသိမ်းရေးစခန်းသို့ရောက်ပြီး ၁၀-ရက်ခန့်အကြာတွင် UNHCR-Malaysia မှ ကိုယ်စားလှယ်နှင့် လွတ်မြောက်ရန်အတွက် အင်တာဗျူးဖြေဆိုခွင့်ရခဲ့ပြီး တလခွဲမျှကြာခဲ့ပြီဖြစ်သော်လည်း မည့်သည့်အကျိုးသက်ရောက်မှုမှ မရှိခဲ့ပေ။


ယခုအချိန်တွင် မလီတာကိုယ်ဝန်မှာ ၆-လကျော်ပြီ ဖြစ်ပါသည်။ ထိန်းသိမ်းရေးစခန်းတွင် နေထိုင်ရသည့်အတွက် ကိုယ်ဝန်ဆောင်သည်တယောက်နှင့် ပတ်သတ်သည့် ဆေးကုသမှု၊ ဆေးစစ်ခံယူမှု လုံးဝမရရှိသည့်အပြင် လိုအပ်သည့် အစားအသောက်အာဟာရလည်း စားရခြင်းမရှိပေ။

သို့ဖြစ်ပါ၍ လူသားချင်းစာနာထောက်ထားသောအားဖြင့်လည်းကောင်း၊ ထိန်းသိမ်းရေးစခန်းတွင်းမှ ကိုယ်ဝန်ဆောင်မိခင်လောင်းတယောက်၏ ဒုက္ခကို ကိုယ်ချင်းစာ သနားညှာတာသောအားဖြင့်လည်းကောင်း UNHCR-Malaysia နှင့် နီးစပ်သည့် လူ၊ အဖွဲ့အစည်း တို့မှ UNHCR-Malaysia သို့ ထပ်မံတင်ပြပေးကြပါရန် လေးစားစွာ မေတ္တာရပ်ခံအပ်ပါသည်။

မလီတာ၏ Lenggeng Camp Body No. မှာ 6991 ဖြစ်ပြီး မိခင်ဖြစ်သူ ဒေါ်ဂျူတီ၏ Body No. မှာ 6990 ဖြစ်ပါသည်။

အပြည့်အစုံသို့.....

ဝံသာနုလူငယ်များ၏ တိုက်တွန်းနှိုးဆော်လွှာ

>> Sunday, January 9, 2011

အောက်ဖော်ပြပါဓာတ်ပုံမှ လူနာ မခိုင်ခိုင်ဝင်း (အသက် ၃၆-နှစ်) သည် ၀ံသာနုလူငယ်များ၏ အကူအညီဖြင့် ဒီဇင်ဘာလ ၆-ရက်၊ ၂၀၁၀ တွင် မလေးရှားနိုင်ငံရှိ Universiti Malaya Hospital, Ward 6U (Surgery), Bed 51 တွင် တက်ရောက်ကုသနေရပါသည်။

မခိုင်ခိုင်ဝင်းသည် ဦးနှောက်ပြည်တည်ရောဂါနှင့် နှလုံးသွေးကြောကျယ်ရောဂါတို့ ခံစားရလျက်ရှိပြီး ဦးနှောက်နှင့် နှလုံးကို မဖြစ်မနေ ခွဲစိတ်ကုသခံရမည် ဖြစ်ပါသည်။

ခွဲစိတ်ကုသစရိတ်မှာ ဆရာဝန်၏ ပြောကြားချက်အရ ခန့်မှန်းခြေ ၇၀၀၀-ရင်းဂစ်အထက် ရှိနိုင်မည်ဖြစ်ပြီး လူနာနှင့် လူနာရှင်တို့မှာ လုံလောက်သည့် ငွေကြေးမမာဏမရှိဘဲ အခက်အခဲဖြစ်နေပါသည်။

စေတနာအလျှောက် အကူအညီပေးလိုကြသူများအနေနှင့် အောက်ပါဖုန်းနံပါတ်များသို့ ဆက်သွယ်ကူညီပေးကြပါရန် လေးစားစွာ တိုက်တွန်းအပ်ပါသည်။

ကိုမင်းအောင် (လူနာရှင်) +6017 370 3405
ကိုကျော်ထက်မင်း (၀ံသာနု) +6010 219 0921






အပြည့်အစုံသို့.....

“၀ံသာနု” လူငယ်များ၏ စုစည်းအားထုတ်မှု

>> Monday, December 6, 2010



မြန်မာပြည်ပြုပြင်ပြောင်းလဲရေး တက်ကြွလှုပ်ရှားသူ လူငယ်တစုတို့ စုပေါင်းပြီးတော့ မလေးရှားနိုင်ငံမှာ နိုင်ငံရေးစာစောင်တခု ထုတ်ဝေခဲ့ကြပါတယ်။

မလေးရှားမှာ နိုင်ငံရေးဂျာနယ်တွေ တော်တော်များနေပေမယ့် သတင်းကဏ္ဍပိုင်းကိုသာ ဦးစားပေးထည့်သွင်းနေကြပြီး ပြည်သူတွေအတွက် အဓိကအကျိုးရှိစေမယ့် နိုင်ငံရေးအတွေးအခေါ်ပေးနိုင်မယ့်ကဏ္ဍမှာ အရမ်းအားနည်းနေတာ တွေ့ရပါတယ်။

နောက်တခုကလည်း နိုင်ငံရေးဂျာနယ်များကို စီးပွားရေးဆန်ဆန်ထုတ်ဝေနေကြပြီး နိုင်ငံရေး၊ လူမှုရေးပိုင်းမှာ အသုံးပြုမှုမရှိသလောက်ရှားနေပါတယ်။

ဒါကြောင့်မို့လည်း..... “၀ံသာနု” သတင်းလွှာကို ဂျာနယ် မီဒီယာပိုင်းအရ လိုအပ်နေသောကဏ္ဍများတွင် ဖြည့်ဆည်းရန်နှင့် ရရှိလာသောအကျိုးအမြတ်များကိုလည်း လူမှုရေး၊ နိုင်ငံရေးတို့အတွက် အကျိုးရှိရှိ အသုံးပြုနိုင်ရန် ရည်ရွယ်ချက်များဖြင့် ထုတ်ဝေခဲ့ရခြင်းဖြစ်ပါတယ်။

“၀ံသာနု” သတင်းလွှာဟာ မလေးရှားနိုင်ငံမှာရှိတဲ့ လူငယ်တစုတို့ရဲ့ လုပ်အားခငွေများနဲ့သာ စုပေါင်းရပ်တည်ထားခြင်းဖြစ်ပြီး မည်သည့်နိုင်ငံခြားအဖွဲ့အစည်း၊ လူပုဂ္ဂိုလ်တစုံတယောက်တို့၏ အထောက်အပံ့များကိုမျှ လက်ခံရယူထားခြင်းမရှိပါ။
( မောင်ပါလဘလောခ့်မှာ တင်ထားလို့ တချို့လူတွေ ထင်ယောင်ထင်မှားဖြစ်နေကြမှာ စိုးလို့ပါ။)

အင်တာနက်မှ လူထုအကျိုးရှိစေမည့် ကောင်းနိုးရာရာဆောင်းပါးများကို ထည့်သွင်းအသုံးပြုထားပါသည်။ လွယ်လင့်တကူ အညွှန့်ခူးစားခြင်းမဟုတ်ဘဲ မြန်မာလူမျိုးများ နိုင်ငံရေးနှင့် နည်းပညာဗဟုသုတများ တိုးပွားစေနိုင်ရန်အတွက်သာ ရည်ရွယ်ပါသည်။

အပြည့်အစုံသို့.....

ဆရာမ မ၀ါဝါအေး၏ နောက်ဆုံးခရီး

>> Thursday, November 25, 2010

မွေးဖွားခြင်းနဲ့သေဆုံးခြင်းကြား ဘ၀ဆိုတဲ့ကာလတခုကို အကျိုးရှိစွာအသုံးပြုသွားသော Burma Refugees Organization-BRO မှ ဆရာမ မ၀ါဝါအေး ကောင်းရာသုဂတိလားပါစေ။

မောင်ပါလ

Wah Wah Aye

အပြည့်အစုံသို့.....

နှင်းနုအေးအသတ်ခံရသောကိစ္စအား ပြန်လည်ရှင်းလင်းချက်

>> Friday, November 12, 2010

မလေးရှားတွင်မြန်မာမိန်းကလေးတဦးအသတ်ခံရခြင်း ခေါင်းစဉ်နှင့် စာရေးသူပို့စ်တပုဒ်တင်ခဲ့ပါသည်။ ပို့စ်တင်ရာတွင်လည်း forward mail မှ ရရှိခဲ့ပါသည်ဟု ထည့်သွင်းရေးသားပေးခဲ့ပါသည်။ မတရားသည့်ကိစ္စတခုကို ခံရသည့်ဖက်မှ တတ်နိုင်သလောက် လိုက်ပါကူညီပေးချင်သည့်ဆန္ဒကြောင့် စာရေးသူ၏ဖုန်းနံပါတ်ကိုပါ ဆက်သွယ်နိုင်ရန် ထည့်ပေးခဲ့ပါသည်။

မြန်မာအမျိုးသမီးတဦး မတရားအသတ်ခံရသည်ကို သိရသည့် စာဖတ်သူများ၏ ဖုန်းဆက်မေးမြန်းမှုများမှာ ယခုအချိန်ထိရှိနေဆဲဖြစ်ပြီး ပို့စ်တွင်ပါဝင်သည့် မတရားလုပ်သူဟု ယူဆရသူ ပြည့်ဖြိုး၏ ဓာတ်ပုံကို တင်ပေးပါရန် ဆန္ဒပြုလာကြသူ အများအပြားရှိပါသည်။ မိမိတို့မြန်မာအမျိုးသမီး မတရားအသတ်ခံရသည်ကို မကျေနပ်ဘဲ ဖုန်းဆက်မေးမြန်လာကြသူများကို စာရေးသူမှ ၀မ်းမြောက်ဝမ်းသာဖြင့် ကျေးဇူးအထူးတင်ရှိပါသည်။

စာရေးသူအဓိကပြောလိုသည်မှာ-
ထိုကိစ္စအား ဖြန့်ဝေခဲ့သည့် အသတ်ခံရသူ နှင်းနုအေး၏ သူငယ်ချင်းဖြစ်သူ မရွှေဇင်မျိုး ဆိုသူနှင့် အဆက်အသွယ်ရပြီး အကြောင်းစုံသိရှိနိုင်ရန် စာရေးသူကြိုးစားခဲ့ပါသည်။ ယခုအချိန်တွင် မရွှေဇင်မျိုးနှင့် ဖုန်း၊ အီးမေးလ် အဆက်အသွယ်ရပြီဖြစ်သော်လည်း အသတ်ခံရသည့်နေရာမှာ 83000 Batu Pahat, Johor ဆိုသည်မှလွဲ၍ နှင်းနုအေးအသတ်ခံရကြောင်း ခိုင်လုံသည့်အထောက်အထားတစုံတရာကို မရရှိခဲ့သေးပါ။ ထို့အတွက်ကြောင့် စာရေးသူကိုယ်တိုင် ကူညီဆောင်ရွက်ပေးနိုင်ခြင်းမရှိပါ။

ထို့အတူ စာဖတ်သူများဆန္ဒပြုကြသည့် ပြည်ဖြိုးဆိုသူ၏ ဓာတ်ပုံတင်ပေးရန်မှာလည်း နှင်းနုအေးမှာ ပြည့်ဖြိုး၏ပယောဂကြောင့် သေဆုံးခဲ့ရပါသည်ဆိုသော အထောက်အထားမရှိသည့်အတွက် ဓာတ်ပုံတင်ပေးလိုက်ပြီး အမှန်တကယ်မဖြစ်ခဲ့ပါလျှင် ကာယကံရှင်များ နစ်နာနိုင်သည့်အကြောင်းများကြောင့် စာရေးသူမှ ထိုကိစ္စနှင့်ပတ်သတ်မှုများကို နောက်ထပ်တစုံတရာအနည်းငယ်မျှ ထပ်မံမဖော်ပြနိုင်ပါကြောင်း လေးစားစွာ အသိပေးအပ်ပါသည်။


(forward mail မှရပါသည်။ ယခုကိစ္စအား အပြည့်အစုံသိပြီး အသတ်ခံရသူမိန်းကလေးအတွက် တခုခုဆောင်ရွက်လိုပါလျှင် ကျော်ထူးအောင် 017 299 6989 သို့ဖုန်းခေါ်ပါ) ဟု ယခင်ပို့စ်တွင် ရေးသားဖော်ပြခဲ့ပါသည်။ forward mail မှရသည်ဆိုသည်မှာ ဤသတင်းမှန်/မမှန် တာဝန်မယူနိုင်ပါဟု ဆိုလိုရင်းဖြစ်ပြီး နာမည်နှင့်ဖုန်းနံပါတ် ထည့်ပေးလိုက်ရခြင်းမှာ ဤသတင်းအား အတိအကျသိသူတယောက်ယောက်နှင့် အဆက်အသွယ်ရနိုင်ရန်နှင့် တတ်နိုင်သမျှကူညီဆောင်ရွက်ပေးနိုင်ရန်အတွက်သာ ဖြစ်ပါသည်။ ဤသတင်းနှင့်ပတ်သတ်ပြီး သတင်းဌာနများ၊ ဂျာနယ်များမှ မေးမြန်းမှုကို ဖြေဆိုရှင်းပြပေးရန်မဟုတ်ကြောင်း အသိပေးအပ်ပါသည်။

နှင်းနုအေးအသတ်ခံရသည့်ကိစ္စနှင့်ပတ်သတ်ပြီး ကူညီဆောင်ရွက်ပေးလိုကြသူများ၊ နှမသားချင်းစာနာစိတ်ဖြင့် မေးမြန်းလာကြသူများကို စာရေးသူမှ ယဉ်ကျေးစွာ ပြန်လည်ဖြေကြားပေးခဲ့ပြီး ကျေးဇူးအထူးတင်ရှိပါကြောင်းလည်း ထပ်မံပြောကြားလိုပါသည်။ ပြည့်ဖြိုး၏ဓာတ်ပုံကို မဖော်ပြနိုင်ခြင်းကြောင့်လည်း စာရေးသူမှ တောင်းပန်အပ်ပါသည်။

မောင်ပါလ

အပြည့်အစုံသို့.....

  © Blogger templates Sunset by Ourblogtemplates.com 2008

Back to TOP