Showing posts with label Maids from Malaysia. Show all posts
Showing posts with label Maids from Malaysia. Show all posts

မလေးရှားဝန်ကြီး၏ မုဒိန်းကျင့်ခံရသော အင်ဒိုနီးရှားအိမ်ဖော်နှင့် မလေးရှားဥပဒေ

>> Wednesday, April 25, 2012

မလေးရှား ကဘိနက်ဝန်ကြီးတစ်ဦးက သူ့အိမ်ဖော်ကိုမုဒိန်းကျင့်သည့်လူမဆန်သည့်လုပ်ရပ်အတွက် မည့်သို့သောတရားစီရင် မှုမှပေါ်ထွက်မလာဘဲ ၀န်ကြီးအဖွဲ့မှ ဖုံးဖိကာကွယ်ပေးခြင်း၊ သတင်းမထွက်ပေါ်စေခြင်း၊ သတင်းထွက်ပေါ်အောင် ဘလော့များမှ တစ်ဆင့်တင်ပြသူများကိုဖမ်းဆီးခဲ့ခြင်း စသောလုပ်ရပ်များကြောင့် မလေးရှားသည် ကမ္ဘာပေါ်တွင် လူ့အခွင့်အရေးနှင့်တရားမျှတမှု အဆင့်နိမ့်ကျသော နိုင်ငံတစ်ခုအဖြစ် ရောက်ခဲ့သည်။

Robengah (MeRobekNgah)

လွန်ခဲ့သောရက်သတ္တတစ်ပတ်က မလေးရှားဘလော့ဂါများသည် သူတို့ဘလော့များတွင်၊ မလေးရှား၏ လက်ရှိတာဝန် ထမ်းဆောင်နေသောဝန်ကြီး တစ်ဦးက သူ၏အိမ်ဖော်ကိုမုဒိန်းကျင့်ခဲ့ကြောင်း ရေးသားဖော်ပြခဲ့သည်။ (ယခင်ဝန်ကြီးချုပ် Tun Abdulla Ahmad Badawi လက်ထက် -၂၀၀၇- ခုနှစ်)။ (ထိုအချိန်က Najib Abdul Razak သည် ဒုတိယ၀န်ကြီးချုပ်တာဝန်ထမ်းဆောင်နေ ခဲ့သည်)။

ဝန်ကြီးချုပ် Badawi သည် ဤမတရားမှုကိုဖုံးဖိပေးခဲ့ပြီး၊ ထိုဝန်ကြီးအား တာဝန်ရာထူးကို ဆက်လက်ထမ်းဆောင်စေခဲ့သည်။ ကဘိနက်အဖွဲ့ တွင်လည်းမည်သို့သော ဝေဖန်မှုမှမရှိဘဲ၊ သတင်းမထွက်ပေါ်အောင်၊ အားလုံးသေချာစွာ ဆောင်ရွက်ခဲ့ကြသည်။ မတရားမှုခံခဲ့ရသော မိန်းခလေးကို အင်ဒိုနီးရှားသို့ ချက်ချင်းပြန်လည်ပို့ဆောင်ခဲ့သောကြောင့်၊ သူမအမှုမှာ မလေးရှားတရားဥပဒေ ၀န်းကျင်တွင်လုံးဝဖော်ပြခွင့် မရခဲ့ရှာပါ။

သူမ အင်ဒိုနီးရှားနိုင်ငံသို့ပြန်ရောက်ပြီး၊ ရွှေ့ပြောင်းအလုပ်သမားစောင့်ရှောက်ရေး (အင်ဒိုနီးရှား ရွှေ့ပြောင်းအလုပ်သမားများအဖွဲ့) မှကြိုးပမ်းဖော်ထုတ်သသောအခါတွင်မှ၊ ထိုအဖွဲ့သို့တင်ပြ၍ အစီအရင်ခံစာထွက်ပေါ်ခဲ့သည်။

ထိုဖြစ်ရပ် မှန်၊မမှန်ကို မည်သူမှ ဝေဖန်ခြင်းမပြုမီ မလေးရှားဘလော့ဂါတစ်ချို့မှ ၀န်ကြီးနာမည်ကိုဖော်ထုတ်ခဲ့ကြသည်။ ၀န်ကြီးအဖွဲ့မှမည်သို့သော ပြောဆိုမှု၊ ထုတ်ပြန်မှုတို့နှင့်မှ မတုံ့ပြန်ခဲ့ပါ။

အင်ဒိုနီးရှားရွှေ့ပြောင်းအလုပ်သမားစောင့်ရှောက်ရေးသည် အစီအရင်ခံစာကို အင်တာနက်စာမျက်နှာများပေါ်တင်ခဲ့ရာ၊ ၀န်ကြီးအမည်နှင့် အိမ်ဖော် အမည်ပါသော စာမျက်နှာဟူသမျှအားလုံး၊ အဟက် (Heck) ခံရခြင်း၊ ဖျက်ဆီးခံရခြင်းများ ရှိခဲ့သည်။ သို့သော် အချို့ဘလော့ဂါများမှာ အချိန်မီ သတင်းအတိအကျ ရခဲ့ကြသည်။ အချို့စာမျက်နှာများမှာ တိုက်ခိုက်ရန်ခက်ခဲ၍၊ ၀န်ကြီးနာမည်နေရာကို အနက်ရောင်ဟိုက်လိုက် (High-light) ဖြင့် ပိတ်ထားနိုင်အောင်ထိ မလေးရှားဘက်မှ ဆောင်ရွက်ခဲ့သည်။ သို့သော် Wikileaks စာမျက်နှာပေါ်ရောက်သွားသည့် အချိန်တွင် ဖုံးဖိ၍မရနိုင်တော့ပါ။

အစိုးရလက်ကိုင် မလေးရှားရဲများကလည်း ဤအမှုသတင်းပေါ်ထွက်ခဲ့သောကြောင့် များစွာခုခံပြောဆိုခဲ့သည်။ လူ့အခွင့်အရေးအဖွဲ့များက ဖြေရှင်းချက်များရှင်းလင်းချက်များ ထုတ်ပေးရန်တောင်းဆိုခဲ့သော်လည်း၊ ဒုတိယ၀န်ကြီးချုပ် နာဂျစ် (ယခုဝန်ကြီးချုပ် နာဂျစ်) သည်အဖက်ဖက်မှ ခုခံ ကာကွယ် ဖုံးဖိခဲ့သဖြင့်၊ တရားမျှတမှုနှင့် တရားစီရင်မှုများ မရှိခဲ့ပါ။

မလေးရှားအစိုးရသည် အံ့သြစရာကောင်းလောက်အောင် ဥပဒေကိုမထီမဲ့မြင်၊ ပြုခဲ့သည်။ Wikileaks မှဤအမှုကိုဖွင့်ချခဲ့သည့်အချိန်၌ မလေးရှားအစိုးရအဖွဲ့သည် သူတို့အတိုက်ခံပါတီခေါင်းဆောင် Anwar Ibrahim ကိုမဟုတ် မတရားစွပ်စွဲပြီး၊ အများပြည်သူများ သို့လောသို့လောထင်မြင်အောင် အာရုံလွှဲခဲ့ကြသည်။ Wikileaks ၏ဖော်ထုတ်မှုကြောင့် အင်တာနက်စာမျက်နှာများ သို့ပြန့်နှံ့ခဲ့သည်။
Wikileaks ဖွင့်ချမှုအရ၊ ယခင်မလေးရှားဝန်ကြီးချုပ် Abdullah Ahmad Badawi တာဝန်ထမ်းဆောင်နေစဉ်၊ ဤအမှုဖြစ်ပွားခဲ့သည်။

ဝန်ကြီးချုပ်က အင်ဒိုနီးရှားနိုင်ငံနှင့် နိုင်ငံရေးရာပြဿနာများရှိလာနိုင်သည့်အတွက် မျက်ကွယ်ပြုကာကွယ်ပေးခြင်း၊ ဖုံးဖိပေးခြင်းများ ပြုလုပ်ခဲ့သည် ဆိုပါသည်။ ထိုစဉ်က ယခုလက်ရှိဝန်ကြီးချုပ်နာဂျစ်သည် ကဘိနက်တာဝန်ရှိသူ ဖြစ်ခဲ့သည်။ နာဂျစ်ဝန်ကြီးချုပ်ဖြစ်လာသည့် ယခုအချိန်ထိလည်း အမှုကို ဖုံးဖိထားဆဲ ဖြစ်ပါသည်။

အင်ဒိုအိမ်ဖော်ကို သူမုဒိန်းမကျင့်ပါဟု ပြောသော …. Rais Yatim



ရိုက်(စ)ယာတင်

အင်တာနက်အွန်လိုင်း စာမျက်နှာများပေါ်တွင်ဖော်ပြခဲ့သည့် အင်ဒိုနီးရှားအိမ်ဖော်ကိုဒိန်းမှုကျူးလွန်သောဝန်ကြီးဆိုသူမှာ သတင်းဆက်သွယ်ရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၀န်ကြီး ဖြစ်သူ၊ Rais Yatim ဖြစ်ပါသည်။ သူသည် သူအပေါ်စွပ်စွဲသောမုဒိန်းမှုကို သူလုံးဝမလုပ်ခဲ့ကြောင်း၊ ငြင်းဆိုခဲ့သည်။ ယင်းမှာ အတိုက်ခံပါတီနှင့် နိုင်ငံရေး သမားဘလော့ဂါများက သူ့အားနာမည်ဖျက်သိက္ခာ ကျအောင် ပြုလုပ်ခြင်းသာ ဖြစ်သည်ဟု ကြေငြာခဲ့သည်။



ရိုက်(စ)ယာတင်နှင့် ဘာဒါဝီ

သူက သူကိုဤအမှုနှင့် ပတ်သက်၍ ရေးသားစိန်ခေါ်မှုမှန်သမျှကို နိုင်ငံတရားရုံးတွင်ဖြေရှင်းလိုက အချိန်မရွေး ဖြေရှင်းမည်ဟု ပြောခဲ့သည်။ (Wikileaks ကဖွင့်ချပြီး။)

သူသည် သူ့အကြောင်းရေးသားသောဘလော့ဂါကို ရဲစခန်းတွင် အမှုဖွင့်ခဲ့သည်။ သို့သော် ရဲများက စစ်ဆေးမှုများပြုလုပ် သည့်အခါ၊ ရေးသားထားသော အချက်အလက်များမှာ NGO အစီအရင်ခံစာများနှင့် Wikileak တို့မှကိုးကားထားသည်ကိုတွေ့ရ၍ ဘလော့ဂါကို တိုးတိုး တိတ်တိတ် ပြန်လွှတ်ပေး ခဲ့သည်။ ထို့နောက် Rais သည်သူ့အားကာကွယ်ပေးသော ၀န်ကြီးအဖွဲ့ကိုသာ၊ အားကိုးရတော့ သည်။



ဝန်ကြီးချုပ်ဟောင်း ဘာဒါဝီ

ဘလော့ဂါက ဖြေရှင်းချက်ထုတ်သည်မှာ သူသည် စွပ်စွဲသူမဟုတ်၊ သူကြားသည်ကို စမ်းစစ်၍ရေးသည်။ အထောက်အထားခိုင် လုံသည်ကို သူကိုးကားသည်။ Rais Yatim သည်လည်း ယခင်က သတင်းလွတ်လပ်မှုကိုအားပေးသူအဖြစ် နာမည် ရ၍ ရွေးကောက်ခံခဲ့ရသူဖြစ်သည်။ သူပြောခဲ့ သောမိန့်ခွန်းတစ်ခုမှ အဆိုအရ၊ သတင်းသမားဟူသည် နိုင်ငံရေးနှင့် နယ်ပယ်အသီးသီး မှ ပြည်သူအတွက်ကိုယ်စားပြုဆောင်ရွက်နေသူများကို တစိုက်မတ်မတ်စောင့်ကြည့်ထိန်းကျပ်ပေးသူများ ဖြစ်သည့်အတွက် နိုင်ငံတွင် မရှိမဖြစ်လိုအပ်သည် ဟုပြောခဲ့သည်။ သူပြောခဲ့သည် ကိုကိုးကား၍ အများက လွပ်လပ်စွာစုံစမ်းရေးသားခွင့်၊ မေးမြန်း ခွင့်နှင့် ဖြစ်ရပ်မှန်ကို ကြေငြာချက်ထုတ်ပေးရေးတို့အတွက် တောင်းဆိုခဲ့ကြသည်။ (Malaysiakini News)

ဘလော့ဂါများစွာတို့သည် ဤကိစ္စကိုရေးသားခဲ့ကြပြီး၊ အများပြည်သူကို သိအောင်သတင်းပေးခဲ့သည်။ ယင်းတို့အနက်မှ ဘလော့ဂါ Bunny Bru (Rocky Bru) ၏ရေးသားချက်ကိုဖော်ပြလိုက်ပါ သည်။ သူ၏ရေးသားချက်ကို က၀ီကီလိ(ခ) ဖွင့်ချစာမျက်နှာတွင် ကိုးကားခဲ့သည်။



တရားခံ ရိုက်(စ)ယာတင် ဒီလို ပြစ်ဒဏ်ခံရသင့်တယ် (၀ီကီလိ(ခ)မှပုံတစ်ပုံ)

ဘလော့ဂါ Bunny Bru ရေးသားဖော်ထုတ်ခဲ့သော သတင်း….

ဝီကီလိ(ခ): မလေးရှားထိပ်တန်းနိုင်ငံရေးသမားနှင့် သူအိမ်ဖော်အတွင်းရေး? ၂၃- ဒီဇင်ဘာ ၂၀၁၀ (၀ီကီလိ(ခ) ကရေးသော ခေါင်းစဉ်)

အိမ်ဖော်လေးကို မုဒိန်းကျင့်သတဲ့လား။ ။ (၂၀၀၇)။ ကျနော်အနေနှင့် မည်သို့ပင်ဖြစ်စေဤအကြောင်းအရာကို စိတ်ထိန်းစေကာမူ၊ မရနိုင်သဖြင့် ရေးသားလိုက်ရပါသည်။ ၀ီကီလိ(ခ)က ဖွင့်ချခဲ့သောစာများတွင် မလေးရှားကဘိနက်အဖွဲ့ဝင်ဝန်ကြီးတစ်ဦးက သူ့၏အိမ်ဖော်အင်ဒိုနီးရှားနိုင်ငံသူကို မုဒိန်းကျင့် သည်ဟုတွေ့လိုက်ရသည်။

သေချာမသေချာသည်ကို ကျနော်မည်သို့မှမပြောနိုင်ပါ။ မပြောလိုပါ။ သို့သော် တစ်ချို့အသိုင်းအ၀ိုင်းတွင် တိုးတိုးတိတ်တိတ်ပြောဆိုနေကြပါသည်။ အပြည်ပြည်ဆိုင်ရာ ထိပ်တန်းအစိုးရအဖွဲ့များနှင့် အစိုးရမဟုတ်သောအဖွဲ့များ (NGOs) ကလည်းဤအမှုသည် ဖြစ်ခဲ့သည်ဟု ရေးသားအစီအရင်ခံမှု များရှိနေသည်ကို ကြားသိရသည်။



ရိုက်(စ)ယာတင်အမှုနှင့်ပတ်သက်၍ ၀ီကီလိ(ခ)မှ ပုံတစ်ပုံ

မုဒိန်းမှုမှာ လွန်ခဲ့သော ၃-နှစ်က ဖြစ်ခဲ့သည်။ အစီအရင်ခံစာအရ အင်ဒိုနီးရှားနိုင်ငံ၊ ဂျားဗားကျွန်းအလယ်ပိုင်း၊ ရွာလေးတစ်ရွာတွင် နေထိုင်သော အိမ်ဖော်ထံသို့သွားရောက်၍ မေးမြန်းမှုများပြုလုပ်ခဲ့ကြောင်း၊ ထိုမှရလဒ်ကို အစီရင်ခံစာပြုလုပ်၍အမေရိကန်သံရုံး၊ အင်ဒိုနီးရှားသံရုံးတို့ မှ ထိပ်တန်းအရာရှိများသို့တင်ပြခဲ့ကြောင်းသိရသည်။ ထိုသတင်းရင်းမြစ်အဆိုအရ အစီရင်ခံစာကော်ပီတစ်စုံကို ၀န်ကြီးချုပ်ရုံး သို့ပေးပို့ခဲ့ကြောင်းသိရပါသည်။ (ထိုအချိန်က ၀န်ကြီးချုပ်အဖြစ် Abdullah Ahmad Badawi)

အိမ်ဖော်လေးသည် ထိုနိုင်ငံရေးသမားအိမ်တွင် အမှုမဖြစ်ပေါ်ခင် ၈-နှစ်မှစ၍အိမ်ဖော်အလုပ်လုပ်ခဲ့သည်။ သူမသည် အင်ဒိုနီးရှားနိုင်ငံ ဂျားဗားကျွန်း အလယ်ပိုင်းမှ ဖြစ်ပြီး၊ အိမ်ထောင်သည်တစ်ဦးဖြစ်ကာ၊ ကလေးနှစ်ယောက် မိခင်လည်းဖြစ်ပါသည်။ အစီအရင်ခံစာတွင် ဖော်ပြချက်တစ်ခုမှာ မုဒိန်းမှု ကိုလင်ယောက်ျားဖြစ်သူ သိရှိသော်လည်း ကလေးများကို မသိစေကြကြောင်း ဖြစ်သည်။

သူတို့သည် အန္တရာယ်ဖြစ်လာမည်ကို စိုးရိမ်သောကြောင့်နှင့် ရှက်သောကြောင့် သတင်းစာများနှင့် ဂျာနယ်များတွင် မဖော်ပြခဲ့ပါ။
ဘန်နီဘရူး (ရော့ကီးဘရူး)
…………………….
ဘန်နီဘရူးသည် ထိုအတောအတွင်း မလေးရှားလုပ်ကြီးများကုမ္ပဏီများနှင့် Rais Yatim ပတ်သက်မှုပို့(စ)တစ်ပုဒ် ရေးသားခဲ့သည်။ ထို့ကြောင့် Rais Yatim ကသူ့ကို ရဲစခန်းတွင် အမှုဖွင့်ခဲ့သည်။
………………………………………
သူ၏ဘလော့ကို Rais Yatim အမှုဖွင့်ထားသည့်အကြောင်းကို ဘလော့စာမျက်နှာတွင် အောက်ပါအတိုင်းသတ္တိရှိရှိ ရေးသားဖော်ပြသည်။

ကျနော် ဘလော့ကို Rais Yatim ကတရားစွဲလိုက်ပါပြီး…..

ဘာဖြစ်နေတာလဲ ၀န်ကြီး..? ကျနော်ရေးသားခဲ့သော ပို့(စ)နှစ်ခုသည် သူ့ကိုမတရားစွပ်စွဲသည်ဆိုကာ Rais Yatim ကကျနော်ကို ရဲစခန်းတွင် အမှုဖွင့်လိုက်ပါပြီး။ Rais ဘာကြောင့်ရဲစခန်းတွင် အမှုဖွင့်ရကြောင်းကို ကျနော် နားမလည်ပါ။ မည်သည့်ကဘိနက် ၀န်ကြီးမှ၊ ဘလော့ဂါကို အမှုမဖွင့် ဖူးပါ။ မလေးရှား ဆက်သွယ်ရေးနှင့် မီဒီယာဌာနမှ ကျနော်ကို ဆင့်ခေါ်ထားပါသည်။

ကျနော်၏ ဘလော့နှင့်ပတ်သက်၍ တရားစွဲဆိုထားခြင်းကြောင့်၊ ရဲအဖွဲ့ကသူတို့ကိုကျနော်ဘလော့အား စစ်ဆေးပါရန်ပန်ကြားလာ၍ ဆင့်ခေါ်ခြင်း ဖြစ်ကြောင်း ပြောပါသည်။ ကျနော်သွားပါမည်။ ဘလော့ဂါတစ်ဦး၏ သိက္ခာနှင့် သတင်းလွတ်လပ်မှုအတွက်ကျွန်ုပ်ရှောင် တိမ်းမည် မဟုတ်ပါ။ ရဲအဖွဲ့မှာ ကျနော်အားယခုထိလာရောက်စုံစမ်းခြင်း မပြုသေးပါ။ မကြာမီ လာရောက်နိုင်သည်ဟုသာ ယူဆရသည်။ သတင်းသမားများကို အားပေး သော Rais ၏ဖြစ်ရပ်မှန်သတင်းအမှန်ကို ကျနော်သည် သက်ဆိုင်သူများအား အထောက်အထားခိုင်ခိုင်လုံလုံနှင့် တင်ပြနိုင်တော့မည်ဟု ကျနော် ကျေနပ်နေမိပါသည်…။
………………………………..



ဘလော့ဂါ ဘန်နီဘရူး

ဘန်နီဘရူးသည် ဂျာနယ်လစ်သတင်းစာဆရာတစ်ဦးဖြစ်ပြီး၊ အွန်လိုင်းစာမျက်နှာများစွာ၏ အတိုင်ပင်ခံဖြစ်သည်။ သူသည်ဤအမှုကြောင့် ကန့်သတ် ချုပ်ချယ်ခြင်းများ ခံနေရသည်။ မလေးရှား Blog House ၏အဖွဲ့ဝင်တစ်ဦးဖြစ်သည်။
……………………………….
လူများစွာတို့သည် အင်ဒိုနီးရှားအိမ်ဖော်လေးကို မလေးရှားသို့ပြန်ခေါ်ပြီး၊ စုံညီသတင်းစာရှင်းလင်းပွဲလုပ်ပေးရန်တောင်းဆိုခဲ့သည်။ အကယ်၍ Rais သည်မှန်ကန်ပါက သူ့ဘက်မှ ဥပဒေကရပ်တည်ပေးမည်ဖြစ်သည်။ ထို့သို့မဟုတ်လျှင်လည်း နှစ်နိုင်ငံ ရဲများမှ ထိုမိန်းခလေးကို စစ်ဆေးချက်ယူ၍ အမှန်ကိုရှာဖွေသင့်သည်။ ဤသို့သောသတင်းကို ပြည်တွင်းသတင်းစာများတွင် ဖော်ပြသင့်သည်။
Pure Malaysian က ပြောသည်မှာ မလေးရှားသည် အိမ်ဖော်ကိစ္စနှင့်ပတ်သက်လျှင် Nirmala Bonat အမှုကြောင့် မလေးရှားသည် အပြည်ပြည်ဆိုင် ရာတွင် နာမည်ပျက်နေရပြီး ဖြစ်သည်။ ထိရောက်မှုမရှိသော်လည်း လူသိရှင်ကြားတရားရေးများဆာင်ရွက်နေသည်။

ယခုအမှုကို အဘယ်ကြောင့် တရားရေးရာစီစဉ်မှု နှင့် ဖြစ်ရပ်မှန်ကို လူအများသိအောင် မလုပ်ရသနည်း။ ဟုဆိုပါသည်။ မည်သူမဆို သက်သေသက္ကာယနှင့် အခိုင်အလုံစွဲချက် အတင်မခံရသရွေ့အပြစ်ရှိသည်ဟု ပြောမရပါ။ အပြစ်ရှိလျှင်လည်း ၀န်ကြီးရာထူး ပင်ဖြစ်စေ နှုတ်ထွက်ပြီး၊ တရားဥပဒေ၏ အဆုံးအဖြတ်ကို ခံယူ ရမည်ဖြစ်သည်။

ယခုဝန်ကြီးချုပ် Najib Razak ကလည်း ဤအမှုကို ရေငုံနှုတ်ပိတ်ဆက်နေမည်ဆိုရင် လာမည့်အထွေထွေရွေးကောက်ပွဲတွင် ဆိုးကျိုးရလာဒ်များ ရှိလာနိုင်သည်။

PKR ပါတီမှလူငယ်ရေးရာ ခေါင်းဆောင် Shamsul Iskandar Mohd Akin ကပြောသည်မှာ NGO Migrant Care ၏အစီအရင်ခံစာကို အင်ဒိုနီးရှား အလုပ်သမားများ အကျိုးအတွက်စဉ်းစားဖြေရှင်းပေးသင့်သည်ဟုဆိုလိုက်သည်။ လူငယ်ရေးရာ၏ လေ့လာချက်အရ ၂၀၀၇ ခုနှစ် ဖေဖော်ဝါရီ ၁၉၊ ရက်နေ့တွင် အင်ဒိုနီးရှားအိမ်ဖော်မှာ မုဒိန်းကျင့်ခံခဲ့ရပြီး၊ သူမကိုနေရပ်ကို ချက်ချင်းပြန်ပို့ခဲ့ကြောင်း၊ သူမနှင့် သူမအမေတို့သည် ဤကိစ္စကို မည်သူကို မှမပြောရန်အတွက် ဖိအားပေးခြိမ်းခြောက်ခံထားရကြောင်း တွေ့သိခဲ့ရသည်။

ဝန်ကြီးချုပ် ဘာဒါဝီသည် နိုင်ငံရေးအရှုပ်တော်ပုံကို အရေးမယူခြင်း၊ ထုတ်ပယ်ခြင်း မပြုသည့်အပြင် ကာကွယ်ပေးမှုများလုပ်ခဲ့သည်။
ထို့ကြောင့် လူငယ်ရေးရာက ယခုလက်ရှိ ၀န်ကြီးချုပ်နာဂျစ်လက်အောက်တွင် ကဘိနက်ဝန်ကြီးတစ်ဦးအဖြစ် ဆက်လက်တာဝန် ထမ်းဆောင် နေသော ထိုဝန်ကြီးအား၊ ဤကိစ္စအမှန်ကို လူအများသိအောင်ရှင်းလင်းပေးပါရန် တောင်းဆိုခဲ့သည်။

ယခုမလေးရှားဝန်ကြီးချုပ်နာဂျစ်သည် ထိုသို့ လိင်မှုကျူးလွန်သူကို ၀န်ကြီးအဖွဲ့တွင် သိလျက်နှင့် ဆက်လက်ခန့်ထားခဲ့သည်။ အဆိုးဆုံးမှာ ဤကိစ္စသည် မလေးရှားနှင့် အင်ဒိုနီးရှားနှစ်နိုင်ငံ အရေးဖြစ်သဖြင့် ဆက်လက်ပြီး ၀န်ကြီးချုပ်အသစ် အနေနှင့် ရေငုံနှုတ်ပိတ်မနေသင့်ကြောင်း ပြောဆိုသည်။ Shamsul Iskandar က ၀န်ကြီးချုပ် နာဂျစ်အား၊ ဤအမှုနှင့်ပတ်သက်၍ အသေးစိတ်စုံစမ်းစစ်ဆေးမှုများ၊ ပြုလုပ်ပေးရန်တောင်းဆိုလိုက်သည်။ သို့မှသာ မလေးရှားနိုင်ငံ၏ နိုင်ငံရေးနှင့် အမည်သည် နိုင်ငံတကာသံသယများကြားမှ ပြန်လည်ရှင်သန်ခွင့်ရမည် ဖြစ်ကြောင်းသတိပေးသည်။

လူငယ်ရေးရာက အမှုဖွင့်ခဲ့….

PKR ပါတီမှ လူငယ်အဖွဲ့ဖြစ်သော Solidariti Anak Muda Malaysia (SAMM - လူငယ်များအဖွဲ့) မှ Nor Azizi Abd Aziz သည် ဤကိစ္စကို တရားလိုပြု၍ ရဲစခန်းတွင် အမှုဖွင့်ခဲ့သည်။ SAMM အဖွဲ့ခေါင်းဆောင် Badrul Hisham Shaharin သည် Nor Azizi နှင့်ရဲစခန်းသို့လိုက်ပါခဲ့သည်။

Badrul Hisham က Malaysiakini သတင်းစာသို့ပြောသည်မှာ သူတို့သည် Migrant Care အစီအရင်ခံစာအပါအ၀င် အခြားစာတမ်းများကို ရဲစခန်းသို့ပေးအပ်ခဲ့ကြောင်း၊ Nor Azizi ၏တရားစွဲဆိုမှုကို လက်ခံကြောင်း၊ နှင့် ရဲအဖွဲ့က သူတို့ထံမှ နောက်ထပ်မည်သည့် သတိပေးချက်မှ မရသေးဘဲ ဤသတင်းနှင့် ပတ်သက် ၍ထုတ်ပြန်ခြင်း မပြုရန်သူတို့အား တောင်းဆိုလိုက်ကြောင်း ပြောဆိုသည်။ “ရဲဘက်ကတော့ စုံစမ်းစစ်ဆေးမှုတွေ လုပ်နိုင်မယ်လို့ထင်ပါတယ်” ဟုသူကပြောသည်။

ထို့ပြင် PKR လူငယ်မှ အဖွဲ့များကိုအင်ဒိုနီးရှား သို့စေလွှတ်ပြီး သတင်းအတိအကျ ရရှိရန် တွေ့ဆုံမေးမြန်းခြင်းများပြုလုပ်မည်ဖြစ်ကြောင်း ပြောပါသည်။ အစီခံစာအရ အိမ်ဖော်မလေးမှာ အင်ဒိုနီးရှားသို့ချက်ချင်းပြန်ပို့ခံခဲ့ရသည်။

သူမ၏ ညီမငယ်မှာ မလေးရှားသို့လာရောက်၍ သူမ အစ်မကြုံတွေ့ခဲ့ရမှု ကို ဥပဒေအရဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာများနှင့် ဆက်သွယ်ကြိုးစားလျက်ရှိပါသည်။ သူမက သူမအစ်မအားကျူးလွန်စော်ကားခဲ့သော၊ ၀န်ကြီးမှာ ငွေကြေးများစွာချမ်းသာသည့်အပြင်၊ အင်ဒိုနီးရှား သူ၏သြဇာခံများစွာရှိကြောင်း စသည်ဖြင့် ခြိမ်းခြောက်ခံခဲ့ရကြောင်း မလေးရှားရှိ အမေရိကန်သံရုံးနှင့် အင်ဒိုနီးရှားသံရုံး များသို့တင်ပြခဲ့သည်။ PKR မှသူမ၏အမည်ကို မထုတ်ပြန်ခဲ့။ သူမအသက်လုံခြုံရေးကို စိုးရိမ်သော ကြောင့်ဖြစ်သည် ဟုဆိုသည်။

ဤကဲ့သို့သော ဖြစ်ရပ်မျိုးနှင့် ဆင်တူအမှုတွင် Altantuya Shaariibuu (မွန်ဂိုးလီယား နိုင်ငံသူ၊ မိုဒယ်) သည်မလေးရှားတွင် အသတ်ခံခဲ့ရ၍ ဖြစ်သည်။ မုဒိန်းမှုသည် မလေးရှားဥပဒေအရ ပြစ်မှုထင်ရှားလျှင် ထောင်ဒဏ်အများဆုံး အနှစ် -၂၀- နှစ် နှင့် ကြိမ်ဒဏ် ခံရမည်ဖြစ်သည်။ ဥပဒေက တရားခံကို ကာကွယ်ပေးထားသော်လည်း၊ အင်တာနက်နှင့် မီဒီယာများက သူမအတွက် များစွာကြိုးပမ်းခဲ့ကြ သည်။ မီဒီယာဘက်မှလည်း သူတို့သည် ၀န်ကြီးကို ဖြစ်ရပ်မှန်မဖော်ပြမချင်း၊ ဥပဒေအရ မဖြေရှင်းမချင်း ရေးသားဖော်ပြမှုများကို ရပ်မည်မဟုတ်ဟု ပြောလိုက်သည်။ (အစီအရင်ခံစာ - S Pathmawathy, Malaysiakini)

သတင်းစာဆရာ...Steve Oh ရေးသားသော ဤအမှုအတွက် သတင်း (ဇန်န၀ါရီ -၁- ရက်နေ့၊ ၂၀၁၁)

မုဒိန်းမှုသည် နိုင်ငံတကာတွင် ရာဇ၀တ်အမှုအဖြစ်သတ်မှတ်သည်။ အစိုးရပိုင်းဖြစ်စေ၊ သာမန်လူဖြစ်စေ၊ မည်သူကျူးလွန် သည်ဖြစ်စေ၊ နေရာ၊ ရာထူး ကြောင့်ရှောင်တိမ်းခွင့် မရသင့်။ မလေးရှားကဘိနက် ၀န်ကြီးသည် အင်ဒိုနီးရှားအိမ်ဖော်လေးကို မုဒိန်းကျင့်သည့် ရာဇ၀တ်မှုကို ကျူးလွန်ခဲ့သည်။

ယခင် အစ္စရေးသမ္မတ Mostsave Katsav (အသက် ၆၅- နှစ်) သည် ၁၉၉၈- နှစ်တွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီး အဖြစ်တာဝန်ယူနေစဉ်၊ မုဒိန်းမှုနှစ်ခုကို ကျူးလွန်ခဲ့သည်။ နိုင်ငံရေးတွင် ထိုအမှုပေါ်ထွက်လာသည့်အခါ သူအား တရားစွဲဆိုခဲ့ကြသည်။ တရားရုံးမှ သူ့အား ၂၀၀၀- ခုနှစ်မှ ၂၀၀၇ အတွင်းသူအတွက်တာဝန်ထမ်းဆောင်ခဲ့ကြသော အမျိုးသမီးကို မုဒိန်းကျင့်မှုနှင့် ဥပဒေကို ရှောင်လွှဲမှုတို့အတွက် အပြစ်ရှိကြောင်း သတ်မှတ် ခဲ့သည်။

ယင်းသည် အစ္စရေးဒီမိုကရေစီ နှင့်ဥပဒေ တို့၏ အောင်ပွဲဖြစ်ခဲ့သည်။ မည်သူမှ တရားအရ အခွင့်ထူးခံခြင်းမရှိရပါ။ အာဏာကြီးသော နိုင်ငံရေးသမားတို့သည်လည်း မုဒိန်းမှုကိုလွယ်လွယ်ကျူးလွန်ပြီး ဥပဒေကို ရှောင်ဖယ်၍ မရသင့်ပါ။ အစ္စရေး လူမှုရေးအဖွဲ့များနှင့် အမျိုးသမီးအဖွဲ့ များက တရားမျှတစွာဖြစ်ရေးအတွက် ကြိုးပမ်းခဲ့ကြသည်။

မုဒိန်းမှုများစွာတို့သည် သက်သေ သက္ကာယ၊ အထောက်အထားပြနိုင်ရန်ခဲယဉ်း သည်။ စော်ကားခံရသူရာခိုင်နှုန်းများစွာတို့မှာရှက်ကြောက်၍ အမှု မလုပ်ကြပါ။ ယခု အင်ဒိုနီးရှားအိမ်ဖော်လေးဆိုလျှင် ရှက်ကြောက်ခြင်း၊ ကျူးလွန်သူ၏ ရာထူးဂုဏ်ရှိန်တို့ကြောင့် နိုင်ငံသို့ပြန်ပို့ခံရသည့်အပြင်၊ နိုင်ငံ၌ လည်း ထုတ်ဖော်ခြင်းမပြုရန် ခြိမ်းခြောက်ခံရသည်။

မုဒိန်းမှုကို အာမခံမပေးသင့်ပါ။ အိန္ဒိယနိုင်ငံ ဂိုအာ (Goa) မြို့မှ နိုင်ငံရေးသမား John Fernandes သည် ၂၀၀၉ ခုနှစ်တွင် ရုရှားနိုင်ငံသူတစ်ဦးကို မုဒိန်းမှုကျူးလွန်ခဲ့ရာ အာမခံရခဲ့သည်။ သူသည် နောက်တရားရုံးတွင် ရောက်မလာတော့ဘဲ ထွက်ပြေးခဲ့သည်။ မုဒိန်းမှုကျူးလွန်သူများသည် ချမ်းသာခြင်း၊ ရာထူးကြီးခြင်းဖြစ်ခဲ့လျှင် အာဏာ၊ ငွေတို့ဖြင့် အမှုကို အစဖျောက်ကြသည်။ Rais သည်လည်း ဤလမ်းစဉ်အတိုင်း လုပ်ခဲ့သည်။ သူ့ကို ဆန့်ကျင်၍ အိမ်ဖော်သည် အမှုမဖွင့်ရဲ၊ မပြောရဲဆိုသည်မှာ လွန်စွာဆိုးဝါးပြီး၊ ဒီမိုကရေစီနှင့် ဆန့်ကျင်နေပါသည်။

အကယ်၍ နိုင်ငံခြားအိမ်ဖော်လေးတစ်ဦးသည် အိမ်ရှင်ယောက်ျားမုဒိန်းကျင့်ခံနေစဉ်၊ အိမ်ရှင်မိန်းမကလည်း အားပေးအားမြှောက်ပြုနေသည်ဆိုလျှင် ထိုမိန်းခလေးသည် မည်သူ့ကို အားကိုးရမည်နည်း။ ထိုသို့သောဖြစ်ရပ်များစွာ မလေးရှားနိုင်ငံတွင် ဖြစ်နေခဲ့သည်။

ထို့ကြောင့် မလေးရှားသည် ဥပဒေကို လေးစားလိုက်နာသောအားဖြင့် ကျူးလွန်သူသည် သမ္မတဖြစ်စေ၊ ခံရသူသည် အိမ်ဖော်ပင်ဖြစ်စေ အစ္စရေး၏ ဥပမာကို ယူ၍ ဆောင်ရွက်သင့်သည်။

အင်ဒိုနီးရှား NGO အစီရင်ခံစာအရ ၀န်ကြီးချုပ် Abduallah Ahmad Badawi နှင့်သူ၏ ကဘိနက် (နာဂျစ်အပါအ၀င်)၊ တို့သည် အင်ဒိုနီးရှားရှိ အိမ်ဖော်နှင့် သူမမိသားစုကို ဤကိစ္စမည်သူမှ မပြောရန်နှင့် လျှို့ဝှက်ထားရန် တောင်းပန်ခဲ့သည်ဆိုသည်။
ညီမဖြစ်သူသည် မလေးရှားတွင် တရားဥပဒေစီရင် မှုများအတွက် အကူညီရှာနေသော်လည်း အသက်အန္တရာယ်အတွက် စိုးရိမ်ရကြောင်းပြောသည်။ မွန်ဂိုလီးယားနိုင်ငံသူ Altantuya Shaariibuu ကဲ့သို အသတ်ခံရမည်ကို စိုးရိမ်၍ ဖြစ်သည်။

မွန်ဂိုလီးယားသူ၊ မိုဒယ် Altantuya Shaariibuu

ထိုအမှုမှာလည်း နိုင်ငံရေးသြဇာမကင်းခဲ့ပါ။ Shariibuu ၏အလောင်းကို အောက်တိုဘာ ၂၀၀၆ တွင်၊ Shah Alam မြို့ပြင်တွင် တွေ့ခဲ့ရသည်။

ဒီသတ်မှုမှာလည်း မတရားမှု အတွက် သူပါခဲ့တယ်

လူသတ်တရားခံအဖြစ် ၃ - ဦးကို ဖော်ထုတ်နိုင်ခဲ့ပြီး၊ ဖမ်းဆီး ခဲ့သည်။ သို့သော် ၂- ဦးကိုသာ အပြစ်ရှိကြောင်း အမိန့်ချ၍ သေဒဏ်ချမှတ်ခဲ့သည်။ တစ်ဦးကို တရားသေလွှတ်ခဲ့သည်။ လွတ်မြောက်ခဲ့သူမှာ ယခု ၀န်ကြီးချုပ် နာဂျစ်၏ မိတ်ဆွေ၊ ၀န်ကြီးအဖွဲ့မှ Abdul Razak Baginda ဖြစ်သည်။ သူသည် Shariibuu ကိုသတ်ရာတွင် ပါဝင်ခဲ့သူဖြစ်ပြီး၊ Shariibuu ၏ ချစ်သူရည်းစားလည်းဖြစ်သည်။ ယခုလက်ရှိ ၀န်ကြီးချုပ် နာဂျစ်ကို မြန်မာမိန်းခလေးများ အိမ်ဖော်အရေးနှင့် ပတ်သက်၍ ယုံကြည်စိတ်ချရနိုင်မည် လားဆိုသည်ကို စဉ်းစားကြပါကုန်။

Abdul Razak Baginda

Tenaganita လူ့အခွင့်အရေးအဖွဲ့မှ Robengah အိမ်ဖော်အမှုကို Rais ကျူးလွန်ခြင်းဆိုသည်မှာ မှန်သည်၊ မှားသည်ကို အမြန်ဆုံးထုတ်ပြန်ကြေငြာ ပါရန် ပန်ကြားခဲ့သည်။ ယခု နာဂျစ်တာဝန်ယူသည့်ကာလထိ မည်သို့သော ထုတ်ပြန်ကြေငြာချက်၊ စစ်ဆေးချက်မှ ထွက်ပေါ်မလာခဲ့။

Harakahdaily မှသတင်းတစ်ပုဒ်… (အင်္ဂါနေ့ ၂၈ - ဒီဇင်ဘာ၊ ၂၀၁၀)

ဘန်နီးဘရူးနှင့် ၀ီကီလိ(ခ)ကြောင့်လူအများ Yatim Rais အမှုကို စိတ်ဝင်စားလာကြပါပြီ။ လွန်ခဲ့သော ၃-နှစ်ကအမှုယခုထိတရားစီရင်မှု မရှိသည်မှာ မလေးရှား၏ ဥပဒေဖြစ်သလော။ ဤသတင်းကို ပထမဆုံးထုတ်ဖော်ခဲ့သူ ဘန်နီးဘရူး ခေါ် ရော့ကီဘရူး (နာမည်ရင်း - Ahirudin Attan) သည် မလေးမေးလ် သတင်းစာအယ်ဒီတာချုပ်ဖြစ်သည့်အပြင်၊ ဘလော့ဂါတစ်ဦးလည်း ဖြစ်ပါသည်။
Migrant Care (Indonesia) မှ ဤအမှုနှင့် ပတ်သက်၍ အစီအရင်ခံစာ တစ်စောင်ထွက်ပေါ်လာခဲ့သည်။ ထို

အစီရင်ခံစာကိုပြုစုသူများမှာ -
1. Wahayu Sushlo (Policy Analyst; Ph: 08129307964)
2. Anis Hidayah (Executive Director; Ph: 081578722874)
3. Alex Ong (Country Director; Ph: +60163121201)

တို့ကသြဂုတ်လ ၁-ရက်နေ့၊၂၀၀၇(ဂျကာတာ၊ အင်ဒိုနီးရှားနိုင်ငံ) တွင် ထုတ်ပြန်ခဲ့သည်။ အိမ်ဖော်အမည်ကိုလည်း Robengah ဟုအတိအကျတင်ပြ ခဲ့သည်။

Migrant CARE
Perhimpunan Indonesia untuk Buruh Migran Berdaulat
(Member of Migrant Forum in Asia and International NGO Platform on Migrant Workers' Convention)
Jl. Pulo Asem I C No 15 RT 015 RW 001 Jati, Jakarta Timur 13220 Indonesia. Telp/Fax: +62 21 4752803
E-mail: alexmigrantcare@gmail.com
Website: www.buruhmigranberdaulat.blogspot.com
(အစီရင်ခံစာမှ ရရှိသောဒေတာများဖြစ်ပါသည်။) နှစ်နိုင်ငံလုံးမှ လူများသည် ဤအမှုကိုစိတ်ဝင်းစားခဲ့သည်။

ထိုကဲ့သို့ လူသားချင်းစာနာထောက်ထားမှုမရှိသော မလေးရှားနိုင်ငံသို့ ကျွန်ုပ်တို့ မြန်မာနိုင်ငံသူများအား မည်သည့်နည်းနှင့်မျှ အိမ်ကျွန်အဖြစ် မလာစေလိုပါ။ ထို့ပြင် နိုင်ငံခြားသားအလုပ်သမားများ၊ ဒုက္ခသည်များ နှင့် လူ့အခွင့်အရေးအဖွဲ့များကို အမြဲဒုက္ခပေးနှိပ်စက်နေသော မလေးရှားဝန်ကြီးချုပ် Najib နှင့် မြန်မာပြည်သားများကို ကမ္ဘာ့အနိမ့်ကျဆုံးဖြစ်အောင်၊ ကျွန်ဖြစ်အောင် အိုင်တီခေတ်သစ် ဟစ်တလာ ဇာတ်ခင်းနေသော သိန်းစိန်နှင့် အပေါင်းပါတစ်စုတို့အား ကျွန်ုပ်တို့ ညီအစ်ကိုမောင်နှမများ အားလုံးအင်အားဖြင့် တတ်နိုင်သည့်ဘက်မှနေ၍ သမိုင်းတွင် မြန်မာမိန်းခလေးများ၏ အိမ်ကျွန်ဇာတ်ကွက် မဖြစ်စေရန် ကာကွယ်ကြပါစို့.. ဟု လေးစားစွာ တိုက်တွန်းရင်း……

ယခုရေးသားလျက်ရှိသော မလေးရှားရှိအိမ်ဖော်၊ အိမ်အကူတို့၏ဘ၀ စာများ၏ ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံသားများ မလေးရှားအလုပ်ရှင်၊ အိမ်ရှင်တို့၏ မတရားရက်စက်မှုများကို သိစေလိုခြင်း၊ မြန်မာနိုင်ငံမှ ကျွန်ုပ်တို့၏ ညီမ၊ အစ်မများ မလေးရှားသို့အိမ်ဖော်အဖြစ် မရောက်လာရေး အတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေရေး ဖြစ်သည်။ ဤအကြောင်းအရာနှင့် ဤစာကို မိတ်ဆွေတို့ကြိုးပမ်းနေမှုများတွင် သဲတစ်ပွင့်အဖြစ်လိုအပ်ပါက ကြိုက်သလို သုံးနိုင်သည်။


ဆက်လက်ဖော်ပြပါမည်။

Friend Ever (နွားကျောင်းသား)

Ref:
http://www.malaysia-today.net/mtcolumns/newscommentaries/
http://malaysianindian1.blogspot.com/2011/01/
http://thexbusiness.blogspot.com/2011/01/
http://www.rockybru.com.my/2011/01/
http://www.rockybru.com.my/2010/12/
http://www.malaysiakini.com/news/152572
http://www.malaysiakini.com/news/152498
http://www.mmail.com.my/content/59915
http://www.malaysiakini.com/news/152452
http://www.malaysiakini.com/news/152161
http://www.malaysiakini.com/news/151885
http://www.malaysia-today.net/mtcolumns/newscommentaries/37111
Wikileaks
Migrant Care Reports

အပြည့်အစုံသို့.....

မြန်မာ၊ အရှေ့တီမောနှင့် ပါပူအာနယူးဂီနီ တို့မှ အိမ်ဖော်ရရှိရေးအတွက် မလေးရှား၏ အားထုတ်မှုများ အပိုင်း (၁)

>> Saturday, April 21, 2012

မလေးရှားနိုင်ငံရှိ နိုင်ငံခြားအိမ်ဖော်ရှာဖွေရေးအေဂျင်စီများအဖွဲ့ (Malaysian Association of Foreign Maid Agencies (PAPA)) က မလေးရှား သည် မြန်မာနိုင်ငံ၊ ပါပူအာနယူးဂီနီနိုင်ငံ နှင့် အရှေ့တီမော တို့မှ အမျိုးသမီးများကို အိမ်ဖော်အလုပ်သမအဖြစ် ခေါ်ယူရန် အစိုးရကို အဆိုပြုတောင်း ဆိုခဲ့သည်။ အဖွဲ့ ဥက္ကဋ္ဌ Alwi Bavutty ကထိုနိုင်ငံများမှ အိမ်ဖော်များရလျှင် မလေးရှားနိုင်ငံအနေနှင့် အင်ဒိုနီးရှား၊ ကမ္ဘောဒီးယား နှင့် ဖိလစ်ပိုင်များမှ အိမ်ဖော်ရရှိရေးအတွက် မှီခိုအားကိုးနေရမှုများ ရှိတော့မှာ မဟုတ်ကြောင်း အကြံပြုပြောဆိုခဲ့သည်။



Najib and Thein Sein


Malaysia and East Timor

ဒီကိစ္စနဲ့ပတ်သက်ပြီး လူ့စွမ်းအားအရင်းအမြစ် ၀န်ကြီးဌာနကို အဆိုပြုလွှာတင်ဖို့ ပြုလုပ်နေပါတယ် - ဟု သူက ဘနားမားသတင်းစာ (Bernama) သို့ တနင်္လာနေ့ (09.04.2012) ကပြောကြားခဲ့သည်။

သူက လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး Datuk Dr S. Subramaniam ၏အင်ဒိုးနီးရှားအိမ်ဖော်ကိစ္စ နှင့်ပတ်သက်၍ မလေးရှား-အင်ဒိုးနီးရှားဆွေးနွေး အဖြေရှာနေခြင်းကို ကန့်ကွက်လိုက်သည်။ အင်ဒိုနီးရှားနိုင်ငံမှ တောင်းဆိုသော အိမ်ဖော်လစာတိုးရေးကိစ္စ၊ ဥပဒေကာကွယ်မှုနှင့် ပိတ်ရက်စသည့် အခွင့်အရေးများကို မလေးရှားလူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးက ညှိနှိုင်းဆွေးနွေးနေခြင်းကို Alwi ကကန့်ကွက်ခြင်းဖြစ်သည်။ ထိုဆွေးနွေးမှုမှာ ညှိနှိုင်းဆုံးဖြတ်၍ မရဘဲ အဆုံးသတ်ခဲ့သည်။

Alwi က မလေးရှားသည် အင်ဒိုနီးရှားမှ အိမ်ဖော်ပို့ခြင်း ပိတ်ထားသော်လည်း ကမ္ဘောဒီးယားနှင့် ဖိလစ်ပိုင်တို့မှ ခေါ်ရနိုင်သည် ဟုယခင်က ပြောခဲ့သည်။ ထိုသို့ဆောင်ရွက်ရန် စီစဉ်ခဲ့သူဖြစ်သည်။ မူဆလင်မဟုတ်သော အမျိုးသမီးများကို အိမ်ဖော်အဖြစ် ထိုနှစ်နိုင်ငံမှ မခေါ်ယူပါ ဟုသူကပြောခဲ့သည်။ အိမ်ဖော်တို့သည် တစ်လ မလေးရှားရင်းဂစ် ၅၀၀ အနည်းဆုံးရကြကြောင်း၊ သူတို့တော်လျှင် အိမ်ရှင်လစာတိုးပေးမှာ သေချာကြောင်း Bernama သို့ပြောခဲ့သည်။

အင်ဒိုနီးရှားသည် ၂၀၀၉ ဇွန်လတွင် အိမ်ဖော်ပို့မှုရပ်ခဲ့သည်။ ၂-နှစ်ကြာ ၂၀၁၁ မေလတွင် နှစ်နိုင်ငံဆွေးနွေးပြီး အိမ်ဖော်ပြန်လည်ရရှိရေးအတွက် ညှိနှိုင်းခဲ့ကြသည်။ သို့သော် ထိရောက်သောဆုံးဖြတ်မှု မရရှိသေးဘဲ၊ ဆွေးနွေးဆဲ ဖြစ်ပြီး၊ ၂၀၁၂ မေလအကုန်တွင် အင်ဒိုနီးရှားအိမ်ဖော်များ မလေး ရှားသို့ရောက်လာဖွယ်ရှိသည်ဟူသော သတင်းသာရရှိပါသည်။

အရှေ့တီမော သံအမတ်ကြီး Juvencio Da Jesus Martins က မလေးရှားသို့အိမ်ဖော်ပို့ရေးအတွက် စီစဉ်ဆောင်ရွက် ရန်ကြိုးစားမည် ဖြစ်ကြောင်း သောကြာ နေ့ (20.01.2012) တွင်ပြောဆိုလိုက်သည်။

East Timor
မလေးရှားရှိ အိမ်ဖော်အေဂျင်စီများနှင့် အစိုးရပိုင်းက အရှေ့တီမောမှ အိမ်ဖော်အလုပ်သမရရှိရေးအတွက် သူထံသို့တောင်းဆိုခဲ့ကြသည့်အတွက် ဤကိစ္စကို သမ္မတထံသို့တင်ပြအဆိုပြုမည်ဖြစ်ကြောင်း မကြာသေးမီကပြောခဲ့သည်။ သူ၏ အစိုးရက မီးစိမ်းပြသည်နှင့် အစွမ်းကုန်ကြိုးစားပေးမည် ဟု မလေးရှားကိုပြောပါသည်။ အရှေ့တီမောမှ အိမ်ဖော်များမလေးရှားသို့ပို့မည် အရေးမှာ ၂၀၀၅ ကတည်းက၊ မလေးရှားနိုင်ငံက ကမ်းလှမ်းခဲ့မှု ရှိခဲ့ပါသည်။

ထိုစဉ်က အရှေ့တီမောသံအမတ်၊ သမ္မတ (Jose Manuel Ramos-Horta) နှင့် မလေးရှား နိုင်ငံခြားရေးဝန်ကြီး (Datuk Seri Syed Hamid Albar) တို့ဆွေးနွေးခဲ့ကြသည်။ အိမ်ဖော် ဦးရေ ၁၀ ၀၀၀ မလေးရှားသို့စေလွှတ်ရေးဖြစ်သည်။

ထို့ဆွေးနွေးမှုမှာ အကောင်အထည်မဖော်နိုင်ခဲ့ပါ။ မလေးရှားသည် မကြာမီက အင်ဒိုနီးရှား၊ သီရိလင်္ကာ၊ ဖိလစ်ပိုင်၊ ကမောဒီးယားနှင့် ထိုင်းနိုင်ငံ တို့မှ အိမ်ဖော်စုစုပေါင်း ၃၂၀ ၀၀၀ ရရှိခဲ့သည်။ ထို့နောက်ဆက်လက်၍ အင်ဒိုနီးရှားနှင့် ကမ္ဘောဒီးယားမှ အိမ်ဖော်များကို ပိတ်ပင်ခဲ့ကြသည်။

ပေါ်တူဂီတို့၏ ကိုလိုနီအဖြစ်နှစ်ရာနှင့်ချီ၍ သိမ်းပိုက်ခြင်းခံခဲ့ရသော အရှေ့တီမောသည် ၂၀၀၂- ခုနှစ် မေလတွင် လွတ်လပ်ရေးရခဲ့သည်။ လူဦးရေ ၁.၂ သန်းရှိသာ အရှေ့တီမောတွင် ခရစ်ယာန်ဘာသာဝင် ၉၈%၊ နှင့် မူဆလင်၊ ဗုဒ္ဓဘာသာဝင်များ ပါဝင်ပါသည်။

“ကျနော်တို့ နိုင်ငံမှာ မလေးရှားကို အိမ်ဖော်အဖြစ် စေလွှတ်ဖို့ မူဆလင် အမျိုးသမီးတွေ ရှိပါတယ်။” ဟု အရှေ့တီမော အစိုးရပိုင်းမှ Martins က ပြောသည်။ အရှေ့တီမောသည် မလေးရှားနှင့် အလွန်မဝေးသော အကွာဝေး၌ ရှိနေခြင်း၊ ဘာသာစကား တူညီမှု (အရှေ့တီမောသည် အင်ဒိုနီးရှား ဘာသာစကားနှင့် အင်္ဂလိပ်ဘာသာစကားကို ပြောဆိုနိုင်ကြသည်။)

ယခုလို မလေးရှားသို့ အိမ်ဖော်များ ပေးပို့ခြင်းအားဖြင့် အရှေ့တီမောသည် မလေးရှားနှင့် နှစ်နိုင်ငံကြား သံတမန်ရေးရာ ပိုအဆင်ပြေလာနိုင်ကြောင်း ပြောပါသည်။ အရှေ့တီမောအနေနှင့် နိုင်ငံအတွင်း အလုပ်အကိုင်ရှားပါးမှု အခက်အခဲကို မလေးရှားသို့အိမ်ဖော်များပို့ခြင်းဖြင့် ပြေလည်နိုင်မည် ဖြစ်သည့်အပြင် တိုင်းပြည်အတွက် လည်း ပြည်ပ၀င်ငွေ ရရှိလာနိုင်မည် ဟု အရှေ့တီမောက ဆိုသည်။

မလေးရှားနိုင်ငံ၏ ပြည်ပ အိမ်ဖော်ရှာဖွေရေးအေဂျင်စီ (PAPA) မှ ၀န်ကြီးချုပ် Najib Razak က အင်ဒိုနီးရှားနှင့် ညှိနှိုင်းဆွေးမှုများကို လွန်ခဲ့သော ၃- လကဆောင်ရွက်ခဲ့သည်။ အင်ဒိုနီးရှားမှ နောက်ထပ်အိမ်ဖော်များ ပို့မည်ဆိုလျှင် အလုပ်တစ်မျိုးတည်းကိုသာ လုပ်မည်ဖြစ်ကြောင်း အင်ဒိုနီးရှားအစိုးရ က ဆွေးနွေးပါသည်။ (ကလေးထိန်းရမည်ဆိုလျှင် ကလေးထိန်းသည့်အလုပ်မှလွဲ၍ အိမ်အလုပ် မလုပ်၊ လူနာပြုစုရမည်ဆိုလျှင် လူနာကိုသာ ပြုစုမည်။ စသည့် One task Maid)။

သို့အတွက်ကြောင့် မလေးရှားနိုင်ငံသားများမှ လက်ခံနှစ်သက်ခြင်း မရှိသောကြောင့် အင်ဒိုနီးရှားမှ အိမ်ဖော်များ ပြန်လည်ရောက်လာရေးမှာ မသေချာသော်လည်း၊ မေလအကုန်တွင် အင်ဒိုနီးရှား အိမ်ဖော်များ ရောက်လာနိုင်ကြောင်း သာသတင်းထွက်ပေါ်လျက်ရှိသည်။

မလေးရှားသည် မြန်မာပြည်မှ အိမ်ဖော်ခေါ်ယူရရှိရေးအတွက် အပြင်းအထန်ကြိုးစားနေပါသည်။


Najib and Thein Sein1

မလေးရှားနိုင်ငံသည် မကြာသေးမီက နိုင်ငံအတွင်းရှိ တရားမ၀င်အလုပ်သမားများ လက်ဗွေနှိပ်မှတ်ပုံတင်ခဲ့သည်။

မလေးရှားဝန်ကြီးနာဂျစ်က တရား မ၀င်မြန်မာနိုင်ငံသား စုစုပေါင်း ၂၅၀ ၀၀၀ သည် 6P အစီအစဉ်တွင် တရားဝင်မှတ်ပုံတင်ပြီးဖြစ်သည်ဟု ဗုဒ္ဓဟူးနေ့က ဦးသိန်းစိန်နှင့်တွေ့ဆုံရာတွင် ပြောဆိုခဲ့သည်။ နာဂျစ်သည် မြန်မာနိုင်ငံသို့ ၂-ရက်ကြာသွားရောက်ခဲ့ရာ မနေ့က (29.03.2012) သူ၏ခရီးစဉ်အပြီး မလေးရှားသို့ပြန်ရောက်သည်နှင့်၊ ယင်း သည်မြန်မာပြည်မှ အိမ်ဖော်အလုပ်သမရရှိရေးအတွက် နောက်ထပ်ဆွေးနွေးမည်ဖြစ်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် မြန်မာနိုင်ငံသားတို့သည် ယဉ်ကျေးသိမ်မွေ့ကြောင်း ပြောဆိုလိုက်ပါသည်။ (မတ်လ - ၃၀- ၂၀၁၂ ၊ သောကြာနေ့)

မလေးရှားနိုင်ငံ 6P အစီအစဉ်တွင်လက်ဗွေနှိပ်ထားသော မလေးရှားရှိမြန်မာနိုင်ငံသူများ အိမ်ဖော်ပါပစ်အလုပ်အကိုင်အခွင့်အလမ်းနှင့်ပတ်သတ်၍ လည်းဆွေးနွေးရဦးမည်ဟု နာဂျစ်က ပြောသည်။


Najib and Thein Sein

မလေးရှားရောက်ကျွန်ုပ်တို့၏ မြန်မာအမျိုးသမီးများမှာ မလေးရှားနိုင်ငံသားအလုပ်ရှင်တို့၏သဘောနှင့် အကြောင်းများကို၊ နောကျေအောင်သိနေပြီးသားဖြစ်ကြသောကြောင့် ဤသို့သောကမ်းလှမ်းမှု (သို့မဟုတ်) အခွင့်အလမ်းမျိုးဖြစ်ပေါ်လာပါက ငြင်းဆန်ကြပါရန်နှင့် မိမိနှင့် နီးရာဝန်းကျင်မှ သူများကိုလည်း တတ်နိုင်သမျှ အကြံပြုကြပါရန်။

မြန်မာနိုင်ငံအစိုးရက ဤကိစ္စနှင့်ပတ်သက်၍ လက်ခံပြီး၊ တောင်းဆိုမည့်အချက်အလက်များ တင်ပြလာသည်နှင့် အမြန်ဆုံးအကောင်ထည်ဖော်ပါ မည် ဟု သူကဆက်ပြောသည်။

Myanmar

မူဆလင်မဟုတ်သော သူများကို မူဆလင်အိမ်များတွင် အိမ်ဖော်မလုပ်စေသော မလေးရှား၊ မိမိတို့သည်မူဆလင်လူမျိုးဖြစ်၍ မူဆလင်အိမ်ဖော်သာ ထားမည်ဟူသော မလေးလူမျိုး၊ မည်သည့်လူမျိုးဖြစ်စေ ခိုင်းရရင် ပြီးရောဆိုသည့် မလေးတရုတ်၊ နှင့် မလေးအိန္ဒိယ တို့သည် ယခုအခါ မြန်မာပြည်မှ အိမ်ဖော်များရောက်လာတော့မည် ဖြစ်ကြောင်း၊ အင်ဒိုနီးရှားအိမ်ဖော်ဆိုလျှင် ယခုအခါ အလုပ်တစ်မျိုးသာခိုင်းရ၍ မခေါ်လိုတော့ကြောင်း၊ မြန်မာများသည် အလုပ်လုပ်ကြသောကြောင့် သူတို့ကြိုက် ကြကြောင်း၊ မြန်မာမလေးများ သည် ယဉ်ကျေးသိမ်မွေ့ကြကြောင်း စသည်ဖြင့် ပြောဆိုနေကြသည်ကို ကျွန်ုပ်တို့ ပတ်ဝန်းကျင်တွင်ကြားနေရပါသည်။

ကျွန်ုပ်ကတော့မျှော်မနေနဲ့မလေးရှားရေ…….. ယခုအချိန်ပြောလိုသော်လည်း၊ ….မမျှော်နဲ့တော့ မလေးရှားရေ…. မရတော့ပါဘူး ဟူ၍သာ ပြောနိုင်အောင် ကြိုးစားမည်ဟု အားခဲထားရပါသည်။

လူ့စွမ်းအားအရင်းအမြစ် ၀န်ကြီး Datuk S Subramaniam ကမြန်မာပြည်မှ အိမ်ဖော်အလုပ်သမများ ရရှိခဲ့မည်ဆိုလျှင်လည်း၊ ယင်းတို့အတွက် လုံခြုံရေး၊ အိမ်ဖော်အလုပ်သမ ဥပဒေ၊ အခြားသော လိုအပ်ချက်များ၊ ယခင်ဖြစ်ပေါ်ခဲ့သော အိမ်ဖော်အမှုများ၏ အကြောင်းအရင်းကို မရှာဖွေသည့် နောက်ထပ်မဖြစ်အောင် ဥပဒေအကာအကွယ်များ မပြုလုပ်ဘဲ၊ မလေးရှားဝန်ကြီးချုပ်သည် ယခုကဲ့သို့ သုံးနိုင်ငံမှ အိမ်ဖော်များရရေး ကြိုးပမ်း နေသည်မှာ မဖြစ်သင့်သော့ ကိစ္စသာဖြစ်ကြောင်း Subramaniam ကပြောပါသည်။


S. Subramaniam

ထို့ပြင်မြန်မာနိုင်ငံသားတို့သည် တိုင်းပြည်တွင်းအခြေအနေ ကြောင့် ပြည်ပသို့ အလုပ်လုပ်ရန်ထွက်ခွာကြသော်လည်း၊ သူနိုင်ငံသူများမှာ အိမ်ဖော်အနေနှင့် မည်သည့်နိုင်ငံသို့မှ မသွားရောက်ကြကြောင်း၊ အစိုးရကခွင့်ပြုသည် ဆိုစေကာမူ ရရှိရန်မလွယ်ကူကြောင်းကို S Subramaniam ကပြောကြားသည်ကို Asia One News တွင်ဖော်ပြပါသည်။

ယခုရေးသားလျက်ရှိသော မလေးရှားရှိအိမ်ဖော်၊ အိမ်အကူတို့၏ဘ၀ စာများ၏ ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံသားများ မလေးရှားအလုပ်ရှင်၊ အိမ်ရှင်တို့၏ မတရားရက်စက်မှုများကို သိစေလိုခြင်း၊ မြန်မာနိုင်ငံမှ ကျွန်ုပ်တို့၏ ညီမ၊ အစ်မများ မလေးရှားသို့အိမ်ဖော်အဖြစ် မရောက်လာရေး အတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေရေး ဖြစ်သည်။ ဤအကြောင်းအရာနှင့် ဤစာကို မိတ်ဆွေတို့ကြိုးပမ်းနေမှုများတွင် သဲတစ်ပွင့်အဖြစ်လိုအပ်ပါက ကြိုက်သလို သုံးနိုင်သည်။

ဆက်လက်ဖော်ပြပါမည်။

Friend Ever (နွားကျောင်းသား)

Ref:
http://muslimahmaid.com/2012/04/09/get-maids-from-papua-new-guinea-myanmar-and-timor-leste/
http://muslimahmaid.com/2012/04/09/timor-leste-wants-to-send-maids-to-malaysia/
http://www.asiaone.com/News/

အပြည့်အစုံသို့.....

အင်ဒိုနီးရှားအိမ်ဖော် (Win Farida, 26- years old)အား မလေးရှားအိမ်ရှင်က လူမဆန်စွာ ညှဉ်းပန်းနှိပ်စက်ပြီး မုဒိန်းကျင့်မှု

>> Wednesday, April 18, 2012

မလေးရှားနိုင်ငံသားအိမ်ရှင် အမျိုးသားတစ်ဦးသည် သူ၏အိမ်ဖော်အိမ်အကူ အသက် ၂၆-နှစ်အရွယ်ရှိ အင်ဒိုးနီးရှားနိုင်ငံသူ Win Farida (From East Java) အား ညှဉ်းပန်းနှိပ်စက်မှု (မီးပူဖြင့် အပူကပ်ခြင်း၊ ရိုက်နှက်ခြင်း) တို့ကြောင့် မလေးရှားတရားရုံးက ထောင်ဒဏ် ၈-နှစ်ချမှတ်ခဲသည်။

တရားခံဖြစ်သော မြက်ဖြတ်လုပ်ငန်းကန်ထရိုက်တာ A. Vealu (၄၂- နှစ်) သည် ပီနန်မြောက်ပိုင်း ခရိုင်တရားတွင် အမိန့်ချပြီးပြီးချင်း၊ ထောင်ဒဏ်ကို ချက်ချင်းမခံရသေးဘဲ၊ ယင်း၏အသနားခံစာကိုတင်ထားသည်အတွက်ကြောင့်ဖြစ်ပါသည်။ (New Straits Times မလေးရှားသတင်းစာ)။ သူ၏ ဇနီးသည် ဖြစ်သော S.M. Poongavanam သည် ၂၀၀၉ မေလတွင် ထောင်ဒဏ် ၈-နှစ်ချမှတ်ခံခဲ့ရသည်။ သူသည်လည်း သူတို့အိမ်ဖော်ကို မီးပူနှင့် အပူကပ်ခြင်း၊ နှိပ်စက်ခြင်း စသည်အမှုများနှင့် အပြစ်ပေးခံခဲ့ရခြင်း ဖြစ်သောကြောင့် ပီနန်မြောက်ပိုင်း ခရိုင်တရားရုံးတရားသူကြီး Roslan မှ အမိန့်ချမှတ်ခဲ့ပါသည်။


သူတို့၏ အိမ်ဖော်မိန်းခလေးကို အဝေးပြေးလမ်းဘေးတစ်နေရာတွင် သတိလစ်မေ့မျောလျက်တွေ့ရပြီး (ဓာတ်ပုံ - From My launchpad News)၊ သူမက အိမ်ရှင် A. Vealu သည် သူမအား အကြိမ်ကြိမ် မုဒိန်းကျင့် ခဲ့ကြောင်း တိုင်ကြားခဲ့သည်။ သူမ၏ ကိုယ်ခန္ဓာအနှံ့ မီးလောင်ထားသည့်ကြီးမား သော ဒဏ်ရာကွက်ကြီးများ (မီးပူနှင့်ကပ်ခံရ၍) နှင့် ကွဲရာ၊ ကုတ်ရာ၊ ခြစ်ရာများကိုတွေ့ရသည်။ ဤအမှုသည် အင်ဒိုနီးရှားမှ အိမ်ဖော်တင်ပို့မှုကို ရပ်ဆိုင်းလိုက်သည့် အမှုအကြောင်းရင်း များစွာအနက်မှ တစ်မှု ဖြစ်သည်။

Vealu နှင့် သူ၏ဇနီး Poongavanam တို့သည် ထိုအမှုကြောင့် နှစ်ဦးစလုံးတရားစွဲဆိုခံခဲ့ရသည်။ Poongavanam မှာ ၂၀၀၉ မေလတွင် ထောင်ဒဏ် ၈-နှစ် ပြစ်ဒဏ် စခံရပြီးဖြစ်သည်။ Vealu မှာအသနားခံစာတင်ထား၍ ပြစ်ဒဏ်ကို ရွှေ့ဆိုင်းထားသည်။ (အသနားခံစာရှုံး - ယခုအချိန်တွင် ထောင်ဒဏ် ခံနေရပါသည်။)

Malaysian Association of Foreign Maid Agencies မှထုတ်ပြန်ချက်အရ မလေးရှားတွင်အိမ်ဖော်နှင့် အိမ်အကူအလုပ်သမအရေတွက် 170,000 ရှိပါသည်။

မလေးရှားရှိ အလုပ်သမားနှင့်အမျိုးသမီးအခွင့်အရေးများကိုကာကွယ်မှုပေးနေသော Tenaganita မှ ကမ္ဘောဒီးယားနိုင်ငံအစိုးရထံ မလေးရှားသို့ အိမ်ဖော်နှင့်အိမ်အကူများ မပို့ရန် ပန်ကြားလွှာပို့ခဲ့သည်။ ထိုအချိန်တွင် မလေးရှားအစိုးရဘက်မှလည်း အိမ်အလုပ်သမများကို ကာကွယ်ပေးသော ဥပဒေများချမှတ်ပေးမည် ဟုထုတ်ပြန်ခဲ့သည်။

မကြာသေးမီက အင်ဒိုနီးရှားအိမ်ဖော်မိန်းခလေးသေဆုံးမှုမှာ အိမ်ရှင်၏ လုပ်ကြံသတ်ဖြတ်မှုကြောင့်ဖြစ်သော်လည်း၊ မလေးရှားရဲဘက်မှပြောသည်မှာ သူမသည် ညှဉ်းဆဲခံရခြင်းကြောင့်သေဆုံးခြင်းမဟုတ်၊ အဆုတ်ရောင်ခြင်းကြောင့်သေဆုံးသည်ဟု လိမ်လည်ထွက်ဆိုခဲ့ကြသည်။

ကမ္ဘောဒီးယားအိမ်ဖော်၊အိမ်အကူများနှင့်ပတ်သက်၍ မလေးရှားရှိ လူ့အခွင့်အရေးအဖွဲ့ဖြစ်သော Tenaganita ကပြောသည်မှာ မလေးရှားတွင်အိမ်ဖော် အိမ်အကူအလုပ်လုပ်နေသူများမှာ အသက် ၂၁-အောက်ဖြစ်ကြရမည်ဖြစ်သည် (အပြည်ပြည်ဆိုင်ရာ ဥပဒေအရ ရွှေ့ပြောင်းအလုပ်သမားတစ်ဦး အနည်းဆုံးရှိရမည့်အသက်) အပြင်၊ အလုပ်ဝန်ပိစေမှုများ၊ မတရားမှုများကို တွေ့ရသည့်အတွက်ကြောင့် မလေးရှား ခေတ်သစ်ကျွန်စနစ်သက်ဝင် လျက်ရှိသော နိုင်ငံတစ်ခုဖြစ်ပါသည်။

မလေးရှားသည် ယခုအခါ စီးပွားရေးလုပ်ငန်းကြီးငယ်များ နိုင်ငံအနှံနှင့် နိုင်ငံတကာတွင်လုပ်ဆောင်နေသည့်အတွက် ယင်းတို့၏ အိမ်မှုကိစ္စများခိုင်းစေ ရန်အိမ်ဖော်အိမ်အကူများလိုကြောင်း၊ အစိုးရကို တောင်းဆိုနေကြသည်။ လူ့အခွင့်အရေးအဖွဲ့များက မလေးရှားလူမျိုးတို့သည် အိမ်ဖော်အိမ်အကူ မရှိ ဘဲမိမိတို့၏ အိမ်မှုကိစ္စများကို ကိုယ်တိုင်သာတာဝန်ယူ သင့်ကြောင်း ပြောဆိုပါသည်။

ကျွန်ုပ်တို့မြန်မာမိန်းခလေးများ မလေးရှားတွင်အိမ်ကျွန် အဖြစ် နှိပ်စက်ခံရစေရန် နှင့် သူတို့အကျိုးအမြတ်တစ်ခုတည်းကိုသာ ကြည့်၍ ကြံ့ဖွံ့အစိုးရ နှင့် အပေါင်းပါတို့သည် ကြံစည်ကြိုးပမ်းလျက်ရှိကြပါသည်။ မြန်မာပြည်သားအားလုံး တတ်နိုင်သည့်ဘက်မှ တားဆီးနိုင်စေရန်နှင့် ဤသို့သောဖြစ်ရပ်မှန် ဆိုးဝါးမှုများကို မြန်မာပြည်အနှံ့ မိန်းခလေးများနှင့် သူတို့၏ မိဘဆွေမျိုးများ သိရှိစေရန် ၀ိုင်းဝန်းကြိုးပမ်းကြစေဖို့…လေးစားစွာ တိုက်တွန်းလိုက် ရပါသည်။

ဆက်လက်ဖော်ပြပါမည်။

Friend Ever (နွားကျောင်းသား)

Ref: Agence France-Presse 13.04.2011 Saturday

Global News Inquirer News
www.thejakartaglobe.com
http://www.bangkokpost.com/news/asia/251666/malaysian-gets-8-years-for-abusing-indonesian-maid
Maid’s Name and other detail is from - http://www.deccanchronicle.com/channels/world/asia/

အပြည့်အစုံသို့.....

မလေးရှားရှိ အိမ်ဖော်၊အိမ်အကူအလုပ်သမများ ဥပဒေရေးရာနှင့် ပတ်သက်၍ အလှမ်းကွာဝေးမှု (Orn Eak’s Case)

>> Tuesday, April 17, 2012

(ယခုရေးသားလျက်ရှိသော မလေးရှားရှိအိမ်ဖော်၊ အိမ်အကူတို့၏ဘ၀ စာများ၏ ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံသားများအနေဖြင့် မလေးရှားအလုပ်ရှင်၊ အိမ်ရှင်တို့၏ မတရားရက်စက်မှုများကို သိစေလိုခြင်း၊ မြန်မာနိုင်ငံမှ ကျွန်ုပ်တို့၏ ညီမ၊ အစ်မများ မလေးရှားသို့အိမ်ဖော်အဖြစ် မလာရောက်ကြစေရေးအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေနိုင်ရန် ရည်ရွယ်ချက်ဖြင့် ရေးသားဖော်ပြနေခြင်း ဖြစ်သည်။ ဤအကြောင်းအရာနှင့် ဤစာကို မိတ်ဆွေတို့ကြိုးပမ်းနေမှုများတွင် သဲတစ်ပွင့်အဖြစ် လိုအပ်ပါက ကြိုက်သလို သုံးနိုင်သည်။)

Orn Eak’s Case (28-Years Old) Maid from Cambodia


အိမ်ဖော်၊ အိမ်အကူအလုပ်သမတို့သည်အိမ်တစ်အိမ်တည်းတွင် နေ့စဉ်ရက်ဆက်၊ လုပ်ကိုင်နေရသောကြောင့်လည်းကောင်း၊ ပြင်ပပတ်ဝန်းကျင် နှင့် ဆက်သွယ်ချိန်မရ၊ ဆက်သွယ်ခွင့်မရကြ၍လည်းကောင်း၊ သူတို့သည် အိမ်ရှင်၏မတရားမှုကိုကြုံတွေ့ခံစားရသော်လည်း မိမိကိုယ်ကို ကာကွယ်နိုင်သော ဥပဒေအခွင့်အရေးများနှင့်အလှမ်းကွာဝေးခြင်း၊ မသိရှိခြင်း စသည်တို့ဖြစ်ကြရသည်။ ၂၀၁၀- ခုနှစ်တွင် မလေးရှားနိုင်ငံတွင် မလေးနိုင်ငံသား အိမ်ရှင်တို့၏ မတရားပြုမှုများကြောင့် အိမ်ဖော်၊အိမ်အကူအလုပ်သမများစွာ ဒုက္ခရောက်၊ ဒဏ်ရာရ (အချို့မှာ သေရာပါဒဏ်ရာ)၊ အသတ်ခံခဲ့ရသော်လည်း၊ အမျိုးသမီးများအခွင့်အရေးကိုကာကွယ်တိုက်ခိုက်ပေးနေသော WAO သို့ အမှုအနည်းငယ်သာ ရောက်ရှိခဲ့သည်။ (WAO Annual Report 2010)

အမှုများတွင် လုပ်ခလစာကိုအချိန်မှန်မရခြင်းနှင့် လပေါင်းများစွာလစာ မပေးပဲထားခြင်းတို့သည်အများဆုံးဖြစ်သည်။ နိုင်ငံကူးလက်မှတ်နှင့်စာရွက် စာတမ်းများ ထိန်းသိမ်းထားခြင်း (ပေးသင့်ချိန်ရောက်သော်လည်း မပေးခြင်း)၊ အစာရေစာ ချို့တဲ့စွာကျွေးမွေးခြင်း စသည်တို့ဖြစ်သည်ဟု WAO မှလေ့လာတွေ့ရှိရသည်။ ၂၀၁၀ နှစ်စပိုင်းတွင် WAO သို့ ဖိလစ်ပိုင် နှင့် ဗီယက်နမ်မှ လာရောက်လုပ်ကိုင်နေသော အိမ်အကူနှစ်ဦး ဆက်သွယ်လာခဲ့ သည်။ လစာမပေးခြင်း၊ ရိုက်နှက်ခံရခြင်းများကြောင့် နိုင်ငံပြန်ရန် စရိတ်နှင့် စာရွက်စာတမ်းမရှိ (အိမ်ရှင်မှ ထိန်းသိမ်းထား၍) သောကြောင့်ဖြစ်သည်။ ထို့ကြောင့် WAO သည် သက်ဆိုင်ရာဌာနများနှင့်ဆက်သွယ်ဆောင်ရွက်ရာ ဖိလစ်ပိုင်သံရုံးသည်ယင်းနိုင်ငံသူအတွက်ထိရောက်စွာ ပူးပေါင်းကူညီမှု ပေးသဖြင့် လက်ကျန်လစာနှင့် စာရွက်စာတမ်းများ ပြန်လည်ရရှိ၍ နိုင်ငံသို့ပြန်နိုင်ခဲ့သည်။ ဗီယက်နမ်သူလေးမှာမူ ကံဆိုးစွာပင်အဆင်မပြေဖြစ်၍ WAO ရုံးတွင် နှစ်ပတ်နီးပါးနေထိုင်ခဲ့ရပြီး၊ မည်သို့မျှအဆင်မပြေသည့်အတွက် ပြန်ရန်လမ်းစရိတ်အတွက် အလုပ်သစ်လုပ်ကိုင်ရန်စီစဉ်ပေးခဲ့ရပြီး၊ လမ်းစရိတ်ပြည့်သောအခါ၊ WAO အကူညီဖြင့်စာရွက်စာတမ်းများပြုလုပ်ကာ နိုင်ငံပြန်ပို့ခဲ့ရသည်။ (WAO Annual Report 2010)

ကမ္ဘောဒီးယားနိုင်ငံသူ Orn Eak (အသက်- ၂၈- နှစ်) သည် ၂-နှစ်ကျော်မလေးရှားအိမ်ရှင်၏ မတရားမှုများကို ခံစား၍ အိမ်အကူအလုပ်ကို လုပ်ခဲ့ရသည်။ သူသည် အသက်-၅ နှစ်အရွယ်ကလေး Ho Bora ၏မိခင်ဖြစ်ပြီး မိသားစုနှင့်မိမိ ကလေးအတွက် အိမ်အကူအလုပ်ကို မလေးရှားတွင် လာရောက်လုပ်ကိုင်ခြင်းဖြစ်ပါသည်။ သူမသည် မကြာခဏပင် ရိုက်နှက်ခံရပီး၊ အစာမကျွေးဘဲ အငတ်ထားခံခဲ့ရကြောင်း ပြောပါသည်။ အိမ်ထဲကို မြွေတစ်ကောင်ဝင်ရောက်ခိုအောင်းနေ၍ အိမ်ရှင်မှ အသုံးမကျဆိုကာ ရိုက်နှက်မောင်းထုတ်ခံခဲ့ရသည်။ သူမသည် အမြဲအပြစ်တင်ခံခဲ့ရသည်။ အိမ်ရှင်၏မိခင်သေဆုံးသည်ကိုပင်သူမအပြစ်ဟုဆိုကာ ရိုက်နှက်ကြသည်။ သူမကိုယ်ခန္ဓာတွင်အိမ်ရှင်ကြောင့် ဒဏ်ရာများ၊ အနာရွတ် များစွာရှိသည်။ ကမ္ဘောဒီးယားနိုင်ငံ Kompong Thom ခရိုင်မှ၊ သူမသည် ၂၀၁၀ မှစ၍ မလေးရှားတွင် အိမ်အကူအလုပ်ကို လုပ်ကိုင်ခဲ့သည်။ အလုပ် စသည့်အချိန်မှစ၍ ပိတ်ရက်မရှိ ဆက်တိုက်လုပ်ကိုင်ခဲ့ရသည်။ မကြာခဏအရိုက်ခံရခြင်း၊ အစာငတ်ထားခြင်းစသည်တို့ကြုံခဲ့ရသည်။

ကမ္ဘောဒီးယားနိုင်ငံတွင် ရှိသောသူမ၏ အမေ Ee Tha (အသက်-၅၅) ကပြောသည်မှာ ယင်း၏သမီးသည် မလေးရှားတွင်အိမ်အကူအလုပ်ကို ၂-နှစ် လုပ်ကိုင်ခဲ့သော်လည်း လုပ်ခလစာအနေနှင့် နှစ်ကြိမ်သာ ရရှိခဲ့သည်ဟုပြောသည်။ နှစ်ကြိမ်စုစုပေါင်း US$ 270 သာရခဲ့သည်။ ကန်ထရိုက်စာချုပ်နှင့် လုပ်ရိုးလုပ်စဉ်အတိုင်းဆိုလျှင် Orn Eak ၏လစာမှ ပါမစ်ကြေး၊ လဲဗီ (levy) ကြေးနှုတ်ပြီးသည်အပြင် ကျန်သင့်သည်မှာ တစ်လ $US 180 ကျန်ရပါ မည်။ သို့သော် ၂-နှစ်ကျော်လုပ်ခဲ့ပြီး၊ US$ 270 သာရခဲ့သည်။

အလုပ်ရှင်၏ နှိပ်စက်မှုများစွာခံခဲ့ရပြီး၊ သူမသည် ကမ္ဘောဒီးယားသို့ပြန်ရောက်ခဲ့သည်။ ရောက်ရောက်ခြင်းသူမသည် အလုပ်သမားအေဂျင်စီသို့ သွား၍ သူမအတွေ့အကြုံကိုတင်ပြခဲ့သည်။ အိမ်ရှင်ယောက်ျားနှင့်သူ့မိတ်ဆွေ- ၅-ယောက်ကရိုက်နှက်ကန်ကျောက်ပြီး မောင်းထုတ်ကြကြောင်းနှင့် အသေးစိတ် ပြောပြခဲ့သည်။ ဒဏ်ရာများကိုလည်း ပြခဲ့သည်။ မကြာမီသူမကို သူမအမေက Phnom Penh သို့လာရောက်ကြိုခဲ့သည်။ “ကျမသမီးကို တွေ့တဲ့အခါ တစ်ကိုယ်လုံးမှာ ဒဏ်ရာတွေနဲ့ ကုတ်ရာ၊ ခြစ်ရာတွေနဲ့ကျမအလွန်ရင်နင့်ခံစားရပါတယ်။” ဟုပြောဆိုခဲ့သည်။ သူမအမေသည် အလုပ်သမား အေဂျင်စီရုံးတွင် သမီးလုပ်ခကိုမရမခြင်းမပြန်ဟုဆိုသည်အတွက် အလုပ်သမားအေဂျင့်များမှ ၂-နှစ်ကျော်အလုပ်လုပ်ခဲ့သည်ကို US$ 1200 ပေးခဲ့သည်။ သူမရမည့်လစာစုစုပေါင်း သုံးပုံတစ်ပုံ မျှပင်မရှိပါ။

သူမကိုလူမှုကူညီရေးအဖွဲ့မှလာရောက်တွေ့ဆုံမေးမြန်းခဲ့သည်။ ကမ္ဘောဒီးယားနိုင်ငံလူအခွင့်အရေးအဖွဲ့များ၏အဆိုအရ ၂၀၁၁-ခုနှစ်အတွင်း၊ ကမ္ဘောဒီးယားနိုင်ငံသူအိမ်အကူအလုပ်သမ ၁၁-ဦးသည်မလေးရှားအိမ်ရှင်တို့၏သတ်ဖြတ်ခြင်းကိုခံခဲ့ရသည်။ (ကမ္ဘောဒီးယားနိုင်ငံသူအရေအတွက်)

မလေးရှား အတိုက်ခံပါတီ MP မှ Charles Santiago ကမလေးရှားအစိုးရနှင့် ရဲများကို လူ့အခွင့်အရေးချိုးဖောက်သူများ၊ တရားမျှတမှုမရှိသူများ၊ စသည်ဖြင့်ပြောဆိုခဲ့ပြီး၊ အိမ်ဖော်အိမ်အကူသေဆုံးမှုများကို စုံစမ်းစစ်ဆေးမှုများထိရောက်စွာမလုပ်၊အရေးမယူသည့်အတွက် ပြစ်တင်ခဲ့သည်။

စောင့်ကြည့်ရုံသာ စောင့်ကြည့်သော “လူ့အခွင့်အရေးစောင့်ကြည့်မှုအဖွဲ့” (Human Rights Watch) မှပြောသည်မှာ အိမ်အကူတို့သည်တစ်ရက် တစ်ရက်အချိန်ကြာရှည်စွာလုပ်ရခြင်း၊ နားရက်မရှိခြင်း၊ အစာချို့တဲ့ခြင်း၊ လစာမရခြင်းစသည်တို့ကြုံတွေ့နေရ၍ ပြုပြင်သင့်ကြောင်း ပြောပါသည်။

အိမ်ဖော်အိမ်အကူများအပေါ် လိင်ပိုင်းဆိုင်ရာစော်ကားမှု၊ နှင့်အခြားများစွာသောအမှုများကြောင့် ကမ္ဘောဒီးယားသည် မလေးရှားသို့အိမ်ဖော်ပို့ခြင်း ကိုပိတ်ခဲ့သည်။ ထို့သို့ပိတ်သည့်အတွက် ကမ္ဘောဒီးယားအစိုးရအဖွဲ့သည်၊ အလုပ်သမားအေဂျင်စီများနှင့်အတိုက်ခံပြဿနာများစွာတက်ခဲ့ရသည်။ သို့သော်သူ့နိုင်ငံသူများကို ကာကွယ်သောအစိုးရနှင့်သူ့အဖွဲ့သည်ဖြေရှင်းနိုင်ခဲ့ပါသည်။

ယခုလက်ရှိ မလေးရှားသည်အိမ်ဖော်ရရှိရေးအတွက် အင်ဒိုနီးရှားအစိုးရနှင့် ညှိနှိုင်းဆောင်ရွက်ထားပြီး၊ မကြာခင်အချိန်အတွင်းအင်ဒိုနီးရှားမှ အိမ်ဖော်နှင့်အိမ်အကူများရောက်လာဖွယ်ရှိပါသည်။ ထို့်ကြောင့် ကျွန်ုပ်တို့မြန်မာနိုင်ငံသူ၊ နိုင်ငံသားများအနေနှင့် မလေးရှားသို့မြန်မာအစိုးရက မိမိ နိုင်ငံသူများကို အိမ်ဖော်ကျွန်လုပ်ရန်စီစဉ်နေမှုကို အပြင်းအထန်ကန့်ကွက်ကြပါရန်နှင့် ဤကိစ္စလုံးဝပျက်စီးသွားရန်ထိ ကြိုးပမ်းသွားကြရန် လေးစား စွာတိုက်တွန်းလိုက်ရပါသည်။

ဆက်လက်ဖော်ပြပါမည်။

Friend Ever (နွားကျောင်းသား)

Ref: WAO Annual Report 2010
Cambodia News
Phnom Penh Post

အပြည့်အစုံသို့.....

မလေးရှားအလုပ်ရှင် (အိမ်ရှင်) လင်မယား၊ ကမ္ဖောဒီးယားအိမ်ဖော် မိန်းခလေးကို သတ်မှုဖြင့် တရားစွဲခံနေရ

>> Monday, April 16, 2012

ဧပြီလ ၁၃ - ရက်နေ့ (၂၀၁၂)- (AFP)- မလေးရှားနိုင်ငံသား အိမ်ရှင်လင်မယားသည် ယင်းတို့၏ အိမ်ဖော်မိန်းခလေးကို သတ်မှုဖြင့် တရားရုံးတွင် အမှုရင်ဆိုင်နေရပါသည်။ မှုခင်းရဲများ၏ ယူဆချက်အရ အသက်- ၂၄ နှစ်အရွယ်ရှိအိမ်ဖော်မိန်းခလေး Mey Sichen သည် ရက်ပေါင်းများစွာ အစာပြတ်လတ်ခြင်းကြောင့် သေဆုံးခြင်း ဖြစ်နိုင်ကြောင်းပြောဆိုခဲ့သည်။

ယခုဖြစ်ပွားခဲ့သော လာမည့်စက်တင်ဘာတွင် အသက်- ၂၄ နှစ်ပြည့်မည့် ကမ္ဖောဒီးယားနိုင်ငံသူ Mey Chian ကိုမလေးရှား အလုပ်ရှင် (အိမ်ရှင်) မှသတ်မှုသည်၊ မလေးရှားသို့ ကမ္ဖောဒီးယားနှင့် အင်ဒိုနီးရှားမှ အိမ်ဖော်အလုပ်သမ ပေးပို့ခြင်းကို ရပ်ဆိုင်းရသည့် အမှုအကြောင်းအရင်း များစွာထဲ မှ တစ်ခုဖြစ်သည်ဟု AFP ကပြောဆိုသည်။

ကုန်မာဆိုင်ပိုင်ရှင် Soh Chew Tong (အသက်- ၄၃ နှစ်) နှင့် သူ၏ဇနီး Chin Chui Ling (အသက်- ၄၀) တို့သည် ပီနန် (Penang) မြောက်ပိုင်း ခရိုင်တရားရုံးတွင် ယင်းတို့၏ အိမ်ဖော်အား ဇန်န၀ါရီ ၁- ရက် (၂၀၁၂) မှ ဧပြီ ၁- ရက်ကြား ကာလရှည်ကြာစွာ အစာဖြတ်ပီးညှဉ်းပန်းနှိပ်စက် သတ်ဖြတ်ခဲ့၍ တရားစွဲဆိုခြင်းဖြစ်သည်ဟု အစိုးရရှေ့နေ Nurdeenie Abdul Rashid ကပြောသည်။ ဤအမှုသည် လုပ်ရိုးလုပ်စဉ်အထောက်အထား များပြည့်စုံပြီးဖြစ်သည့်အပြင်၊ ၀န်ခံပြီးပါကပြစ်မှုဆိုင်ရာ ဥပဒေ-၃၀၂ အရ သေဒဏ် (ကြိုးမိန့်) ကျခံရနိုင်ကြောင်း Nurdeeni (DPP) ကဆက်ပြော ပါသည်။ ယခုအခါ မှုခင်းဆေးဆရာဝန် စစ်ဆေးမှုရလဒ်ကို စောင့်နေသည်ဟု Nurdeenie (DPP) ကပြောသည်။

အမှုဖြစ်ပွားသည့်နေရာမှာ 2190 Taman Asas Murni, Jalan Bukit Minyak, Bukit Mertajam, Penang ရှိ ကုန်မာဆိုင်ခန်းနှင့်တွဲထားသော ၃-ထပ်အဆောက်အုံတွင်ဖြစ်သည်။ တရားရုံးတွင် တရုတ်စကားပြန်မှ စွဲဆိုထားသော အမှုကို ဘာသာပြန်ပေးရာ လင်မယားနှစ်ဦးလုံး တည်ငြိမ်စွာရှိနေပြီး၊ စောဒကတက်ခြင်းမရှိ ကြောင်း၊ အသနားခံခြင်းမရှိကြောင်း The Star (Saturday 14, 2012) ကဆိုသည်။ လူသတ်မှုဖြစ်၍ အာမခံရနိုင်ခြင်းမရှိသည့်အတွက် တရားရုံးပြီး သည်နှင့် ပီနန် အချုပ်ထောင်တွင် ယင်းတို့ကို (၁၃ ဧပြီ ၂၀၁၂ မှစ၍) ချုပ်နှောင်ထားသည်။ ယင်းတို့အတွက် ကိုယ်စားပြုသည့်ရှေ့နေမှာ Michael K.L. Chee ဖြစ်သည်။

နောက်တစ်ကြိမ် တရားရုံးရက်ချိန်းမှာ ဇွန်လ ၇- ရက်နေ့ ၂၀၁၂ ဟု တရားသူကြီး Chang Kian Hong ကသတ်မှတ်ခဲ့သည်။

မတ်လ ၃၁-ရက်နေ့တွင် အိမ်ရှင်လင်မယားက သူတို့၏ အိမ်ဖော်ကျန်းမာရေးမကောင်း ဆိုကာ ကျန်းမာရေးလုပ်သားများကို ခေါ်ခဲ့သည်။ သူတို့ရောက်ချိန်တွင် Mey Chian မှာသေဆုံးနေပြီးဖြစ်ပါသည်။ တွေ့ရှိချိန်တွင် သူမသည် ကိုယ်အလေးချိန် ၂၆- ကီလို (၅၇- ပေါင်) သာ ရှိသည်။ သူမကိုယ်အနှံ့ ကုတ်ခြစ်ရာ၊ ဒဏ်ရာများစွာတွေ့ရသည်။ (ABC News, MSN Malaysia News).

Mey Chian ကို တရားခံပိုင်ဆိုင်သော အဆောက်အအုံအတွင်းရှိ ကုန်ပစ္စည်းများထားသော စတိုခန်း (ဒုတိယထပ်) တွင်သေဆုံးရှိသည်ကို တွေ့ခဲ့ရသည်။ (Bernama သတင်းစာ)

ရဲဘက်မှပြောသည်မှာ Mey Chian သည် အချိန်ကာလကြာရှည်စွာ အစာမစားရသောကြောင့်၊ အစာအိမ်ပြင်းထန်စွာရောင်ခြင်းနှင့် အစာအိမ်တွင် အနာများဖြစ်၍ သေဆုံးခြင်းဖြစ်နိုင်သည်ဟု ပြောခဲ့သည်။ Mey Chian သည် သူ၏မိသားစုစားဝတ်နေရေးအတွက် မလေးရှားတွင် အိမ်ဖော် အလုပ်ကိုလုပ်ကိုင်နေခဲ့သည်မှာ ၈-လ မျှသာရှိသေးသည်။ (၂၀၁၁- စက်တင်ဘာမှ စ၍)

၂၀၁၁- အောက်တိုဘာတွင် ကမ္ဖောဒီးယားနိုင်ငံသည် မလေးရှားသို့အိမ်ဖော် အလုပ်သမပေးပို့ခြင်းကိုယာယီရပ်ဆိုင်းခဲ့သည်။ ဤကဲ့သို့သော အမှုများစွာ ယခင်ကလည်း ဖြစ်ပေါ်ခဲ့၍ ဖြစ်ပါသည်။ ယင်းနောက် အံ့သြစရာကောင်းလောက်အောင်၊ မလေးရှားအိမ်ရှင်တို့၏ အိမ်ဖော်တို့အပေါ် ဆိုးဝါးရက်စက်မှုများ၊ အလုပ်ဝန်ပိစေမှုများ၊ လိင်အကြမ်းဖက်မှုနှင့် မုဒိန်းကျင့်မှုများ၊ စသည့်အမှုများစွာတို့သည် ကမ္ဖောဒီးယားအပါအ၀င် အခြားနိုင်ငံမှ အိမ်ဖော်များကိုလည်းကျူးလွန်ကြကြောင်း ပေါ်ထွက်သိရှိလာခဲ့ရသည်။ မလေးရှားတွင် လုပ်ကိုင်နေသော ကမ္ဖောဒီးယားနိုင်ငံသူ အိမ်ဖော်နှင့် အိမ်အကူအလုပ်သမ ၅၀,၀၀၀ ကျော်ရှိပါသည်။

ထို့သို့အမှုများစွာရှိခဲ့၍ အင်ဒိုနီးရှားနိုင်ငံသည်လည်း မလေးရှားသို့အိမ်ဖော်အလုပ်သမ ပေးပို့ခြင်းကို ၂၀၀၉ ခုနှစ်တွင်ရပ်ဆိုင်းခဲ့သည်။ ထိုအချိန်မှ စ၍ မလေးရှားသည် ကမ္ဖောဒီးယားမှအိမ်ဖော်အလုပ်သမ ပိုမိုတောင်းဆိုခဲ့သည်။

ယခုအခါ မလေးရှားအစိုးရပိုင်းဆိုင်ရာတို့သည် အင်ဒိုနီးရှားအစိုးရနှင့်လည်း အိမ်ဖော်အလုပ်သမပြန်လည်ရရှိရေးအတွက် ကြိုးပမ်းလျက်ရှိကြသည်။ မလေးရှိ အင်ဒိုနီးရှားသံရုံးမှ အရာရှိတစ်ဦးကပြောသည်မှာ မလေးရှားသည် အိမ်ဖော်အလုပ်သမများကို ယခင်ကထက် ထိထိရောက်ရောက် အကာအကွယ်ပေးပြီး၊ ပိတ်ရက်များ (တစ်ပတ်- ၁-ရက်)၊ ဥပဒေများပြဌာန်းပေးမည်ဟုဆိုကာ အင်ဒိုနီးရှားအစိုးရကို ကမ်းလှမ်းခဲ့ကြောင်း ပြောကြားသည်။

Ref: သတင်းစာများ

Friend Ever (နွားကျောင်းသား)


အပြည့်အစုံသို့.....

မလေးရှားနိုင်ငံသား အလုပ်ရှင်တို့၏ အိမ်ဖော်၊ အိမ်အကူအလုပ်သမများအပေါ် မတရားပြုခြင်း နှင့် နှိပ်စက်ညှဉ်းပန်းမှုများ

>> Saturday, April 14, 2012

(မလေးရှားနိုင်ငံအခြေစိုက် Women Aid's Organisation (WAO) မှ စုဆောင်းပြုစုထားသော အိမ်ဖော်တို့၏ ညှင်းပန်းနှိပ်စက်ခံဘ၀များနှင့် အလုပ်ရှင် မလေးရှားလူမျိုးတို့၏ သဘောထားများကို Friend Ever မှ မှီငြမ်း ဘာသာပြန်ထားခြင်းဖြစ်ပါသည်။ မိမိတို့ မြန်မာလူမျိုးတို့၏ဘ၀များ ထပ်မံမနိမ့်ကျနိုင်စေရန်အတွက် မိမိတို့တတ်နိုင်သမျှ ၀ိုင်းဝန်းဆောင်ရွက်ကြပါရန်လည်း အလေးအနက် တိုက်တွန်းအပ်ပါသည်။)

မလေးရှားသည် ပြည်ပအလုပ်သမားများအပေါ် လူသားမဆန်စွာ မတရားပြုမှုများသည် နေ့စဉ်နှင့်အမျှ ပိုမိုဆိုးဝါးလျက်ရှိပါသည်။ အဆိုးဝါးဆုံးမှာ အိမ်ဖော်အလုပ်သမများအပေါ် ယင်းတို့၏ ရက်စက်စွာ ဆက်ဆံမှုများသည် အလွန်ဆိုးဝါးလျက်ရှိသည်ဟု၊ WAO (Women’s Aid Organization) မှ လေ့လာတွေ့ရှိရသည်။ မလေးရှားသည် ပြည်ပမှလာရောက်သော အိမ်ဖော်အလုပ်သမများအပေါ် မတရားညှဉ်းပန်းနှိပ်စက်မှုသည် အခြားနိုင်ငံများထက် ပိုမိုဆိုးဝါးလျက်ရှိပါသည်။ အိမ်ဖော်အလုပ်သမတို့၏ အလုပ်လုပ်ကိုင်ရသော လုပ်ငန်းခွင်သည် အလုပ်ရှင်နှင့် အိမ်တစ်အိမ်တည်းတွင် နေထိုင်ရခြင်း၊ ယင်းတို့အတွက် ကာကွယ်ပေးထားသော ထိရောက်သောဥပဒေကို မလေးရှားအစိုးရမှမထုတ်ပြန်ထားခြင်း၊ ဥပဒေမှာ အလုပ်သမကို ကာကွယ်ခြင်းထက် မလေးရှားနိုင်ငံသားအလုပ်ရှင်များကို ကာကွယ်ပေးထားခြင်း၊ အိမ်ဖော်အလုပ်သမများသည် အခြားအလုပ်သမများနှင့်မတူပဲ အလုပ်လုပ်ရသောနေရာတွင် လုပ်ဖော်ကိုင်ဖက်မရှိခြင်း စသည်တို့ကြောင့် ပိုမို၍ ညှဉ်းပန်းနှိပ်စက်မှုကို ခံစားရပါသည်။

ထို့အပြင် မလေးရှားအစိုးရပိုင်းဆိုင်ရာ ပြည်တွင်းအစိုးရဆိုင်ရာ အလုပ်သမားဌာနတို့၏ ပေါ်လစီများက အိမ်ဖော်အလုပ်သမများအရေးနှင့် အလုပ်ရှင်တို့၏ ညှဉ်းပန်းနှိပ်စက်မှုတို့ကို ကာကွယ်ပေးနေသကဲ့သို့ရှိပါသည်။ WAO မှလေ့လာတွေ့ရှိချက်အရ အလုပ်ရှင်များ၏ အိမ်ဖော်အလုပ်သမတို့အပေါ် မတရားပြုမှုများကို များစွာတွေ့ရှိရသည်။

မလေးရှားရှိ ၂-သန်းကျော်ပမာဏရှိသော ရွှေ့ပြောင်းအလုပ်သမားများအနက် ၁၆၀,၀၀၀ ကျော်မှာ အိမ်ဖော်နှင့် အိမ်အကူလုပ်ငန်းကို လုပ်ကိုင်နေကြသည်။ WAO သည် မလေးရှားနိုင်ငံရှိ ပြည်ပမှလာရောက်လုပ်ကိုင်ရသော အိမ်ဖော်နှင့် အိမ်အကူအလုပ်သမတို့အပေါ် အလုပ်ရှင်များမှ ဆက်ဆံမှုကို အသေးစိတ်လေ့လာခဲ့ရာ အလုပ်ရှင်တို့၏ မတရားညှဉ်းပန်းနှိပ်စက်မှုများကို ပုံစံမျိုးစုံ လေ့လာတွေ့ရှိရပါသည်။ မလေးရှားနိုင်ငံသားအလုပ်ရှင်တို့၏ အိမ်ဖော်နှင့် အိမ်အကူအလုပ်သမများအပေါ် လူမဆန်သော နှိပ်စက်မှုများမှာ စိတ်ပိုင်းဆိုင်ရာနှိပ်စက်မှု၊ ရုပ်ပိုင်းဆိုင်ရာနှိပ်စက်မှု၊ ပါးရိုက်ခြင်း၊ နားရင်းအုပ်ခြင်း၊ ရိုက်နက်ခြင်း၊ ဆွဲလိမ်ခြင်း စသည်လူမဆန်သော နှိပ်စက်မှုများကို ခံစားကြရပါသည်။ သူတို့သည် တစ်နေ့တစ်နေ့ အလွန်အချိန်ကြာကြာ အလုပ်လုပ်ကြရသည်။ နေ့စဉ် မနက် ၅ နာရီ အိပ်ရာမှထကြရပီး၊ ညဉ့်နက်သန်းခေါင်အထိ အလုပ်လုပ်ကြရပါသည်။ မလေးရှားတွင်လုပ်ကိုင်ကြရသော အိမ်ဖော်နှင့် အိမ်အကူတို့၏ ဘ၀မှာ အလွန်သနားစရာ ကောင်းလှပါသည်။ အစားအစာကောင်းမွန်စွာ မစားရ၍ အဟာရချို့တဲ့ခြင်း၊ အိမ်ရှင်များအတွက် ကောင်းမွန်စွာချက်ပြုတ်ပေးရသော်လည်း၊ သူ့တို့အတွက်မှာ ဆိုးဝါးသော ဈေးပေါသော၊ သူတို့စား၍ မကုန်သော၊ မကောင်းသော အစာများကို ကျွေးမွေးခြင်း စသည်ထိ လူမဆန်စွာ ပြုခံကြရသည်။ အစာကို ၀လင်စွာ မစားရ။ ထို့အပြင် အိမ်ဖော်နှင့် အိမ်အကူ အလုပ်သမတို့သည် ပတ်ဝန်းကျင်နှင့် ထိတွေ့ဆက်ဆံခွင့်မရခြင်း၊ သူငယ်ချင်းအပေါင်းအသင်းများနှင့်တွေ့ချိန် စကားပြောချိန်မရခြင်း၊ အလွန်ဆိုးဝါးသော ခြိမ်းခြောက်မှုများအဖြစ် ဥပမာ.. ညအချိန် တောထဲသို့ကားဖြင့် ပို့ဆောင်၍ တစ်ယောက်တည်း ထားပစ်ခဲ့ခြင်း (တစ်ညလုံးပစ်ထားခြင်း)၊ ကြမ်းတမ်းစွာဆိုးဝါးစွာ ခြိမ်းခြောက်ခြင်း၊ စသည်တို့ဖြင့် များစွာသော လူမဆန်မှုများကို ခံစားရပါသည်။ အနည်းဆုံး ၂ နှစ် အိမ်တစ်အိမ်တည်းနေကာ မနက်မိုးမလင်းခင်မှစ၍ ညဉ့်နက်သန်းခေါင်ထိ အလုပ်လုပ်ကိုင်ရသော အိမ်ဖော်နှင့် အိမ်အကူအလုပ်သမ များအပေါ် မလေးရှားအလုပ်ရှင်များမှ ထပ်ဆင့်၍ လူသားမဆန်ရိုင်းစိုင်းစွာ ညှဉ်းပန်းနှိပ်စက်ကြသည်။

အိမ်ဖော်နှင့် အိမ်အကူ အလုပ်သမတို့အပေါ် နှိပ်စက်သည့် အမှုများစွာရှိသော်လည်း မလေးရှားအစိုးရနှင့် သူ့နိုင်ငံသားတို့ကို မည်သည့်မတရားမှု လုပ်သည်ဖြစ်စေ၊ အကာအကွယ်ပေးသော ပြည်တွင်းသတင်းစာများမှလည်း ဇူလိုင်လ ၁၉၉၇ မှ သြဂုတ်လ ၁၉၉၈ ထိ၊ အိမ်ဖော်တို့အပေါ် အလုပ်ရှင်မှ ကျူးလွန်သော အမှု ၁၉-မှုသာရှိကြောင်း ဖော်ပြခဲ့သည်။ ထို့သို့ဆိုလျှင်လည်း အနည်းဆုံး ၃-လတွင် တစ်မှုနှုန်းဖြစ်ပါသည်။ ထိုအမှုများတွင် ပြင်းစွာဒဏ်ရာရအောင် ရိုက်နှက်မှု၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်စော်ကားမှု၊ မုဒိန်းမှု၊ မုဒိန်းကျင့်ရန် ကြိုးပမ်းအနိုင်ကျင့်မှု၊ အခန်းကျဉ်းအတွင်း ရက်များစွာ လှောင်ပိတ်ထားမှု (နှစ်မှု)၊ လုပ်ခလစာ မပေးခြင်း (၇-မှု) စသည့်အလုပ်ရှင်တို့၏ အလွန်ဆိုးဝါးစွာ လူမဆန်စွာ နှိပ်စက်မှုမျိုးစုံပါဝင်သည်။ ယင်းမှာ အစိုးရသတင်းစာမှ ထုတ်ပြန်ခြင်းဖြစ်ပီး၊ လူအခွင့်အရေးအဖွဲ့များ၏ လေ့လာတွေ့ရှိချက်မှာ ဤထက်အဆပေါင်းများစွာ ပိုပါသည်။ တစ်ချို့သည် လစာကာလ ကြာရှည်စွာမရ၍ တောင်းခြင်းကြောင့် ရိုက်နှက်ခံရပါသည်။ အချို့အိမ်ဖော်နှင့် အိမ်အကူတို့မှာ အလုပ်ရှင်သာမက အလုပ်အေးဂျင့်များ၏ မတရားညှဉ်းပန်း လူမဆန်မှုများကိုပါ ခံကြရသည်။

အိမ်ဖော်နှင့် အိမ်အကူအလုပ်သမားတို့သည် အောက်ဖော်ပြပါအချက်များကြောင့် မလေးရှားနိုင်ငံသားအလုပ်ရှင်တို့၏ မတရားမှုများကို ခံကြရသည်။

- ဝေးကွာသောပြည်ပနိုင်ငံများမှ မိသားစု၊ ဆွေမျိုး၊ သူငယ်ချင်းများနှင့်ခွဲခွာ၍ လာရောက်လုပ်ကိုင်ရပီး၊ လုပ်ငန်းခွင်တွင်လည်း လုပ်ဖော်ကိုင်ဖက်မရှိ၊ အထီးကျန်ခြင်း။ သူတို့သည် အလုပ်ရှင်၏ အိမ်ထဲတွင်သာနေကြရပီး၊ ပြင်ပပတ်ဝန်းကျင်နှင့် ဆက်သွယ်ခွင့်မရကြ။ ဆက်သွယ်ချိန်မရကြ။ သူတို့ထံ ရောက်ရှိသောစာများ ထိန်းချုပ်ခံရခြင်း၊ ဖုန်းပြောဆိုခြင်းများကို ပိတ်ပင်တားဆီးခြင်း။ ဘာသာစကားအခက်များကြောင့် နားလည်မှုလွဲခြင်းနှင့် လူမျိုးဘာသာမတူ၍ အတွေးအခေါ်ခံစားချက်ကွာဟခြင်း စသည်တို့က ပိုမို၍ အထီးကျန်ဆန်စေခြင်း။

- တိကျသေချာသော အလုပ်သမားဥပဒေဆိုင်ရာခေါ်စာနှင့် ကန်ထရိုက်စာချုပ်များမရှိခြင်း၊ ရှိသော်လည်းထိရောက်စွာ ကာကွယ်မှုမရခြင်း၊ အိမ်ဖော်နှင့် အိမ်အကူအလုပ်သမများကို အလုပ်ရှင်နှင့်အများက အဆင့်နိမ့်သောသူများအဖြစ်သတ်မှတ်၍ ခွဲခြားဆက်ဆံခံရခြင်း၊ အခြားအလုပ်သမားများကဲ့သို့ သတ်သတ်မှတ်မှတ် အလုပ်အကိုင်တစ်မျိုးကိုသာ လုပ်ကိုင်ရခြင်းမဟုတ်ဘဲ အလုပ်ရှင် (အိမ်ရှင်)၏ ခိုင်းစေမှုမှန်သမျှကိုလုပ်ကိုင်ပေးရခြင်း၊ ငြင်းဆန်ခွင့်မရှိခြင်း၊ မလေးရှားအလုပ်အကိုင်ဥပဒေကလည်း အလုပ်ရှင်ကို အကာအကွယ်များစွာပေးထားခြင်း။

- မလေးရှားတို့သည် ပြည်ပမှ လာရောက်လုပ်ကိုင်သူများကို ယင်းတို့ထက် အဆင့်အတန်းနိမ့်ကျသည်ဟု သတ်မှတ်သည့်အပြင် ခွဲခြားဆက်ဆံခြင်း၊ စော်ကားမိုက်ရိုင်းမှုများပြုလုပ်ခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း စသည်တို့ကို ပြုကြခြင်း၊ အလုပ်သမားတို့မှာ လူတစ်ဦးကဲ့သို့ပင် ဆက်ဆံမှုမရခြင်း၊ လူသားတစ်ဦးအဖြစ် စာနာလေးစားမှုမရခြင်း။


မလေးသတင်းစာများမှ မလေးရှားနိုင်ငံသားတို့၏ အိမ်ဖော်နှင့် အိမ်အကူတို့နှင့်ပတ်သက်သည့် ယင်းတို့၏ အခက်ခဲများကို တင်ပြရန်ဖိတ်ခေါ်ခဲ့ရာ အောက်ပါအတိုင်း ပြန်ကြားခဲ့ကြသည်။ (နံပါတ်စဉ်အလိုက် တပ်ထားသည့်အချက်များသည် မလေးရှားအလုပ်ရှင်များမှ ယင်းတို့၏ အိမ်ဖော်၊ အိမ်အကူများနှင့် ပတ်သက်၍ သတင်းစာသို့တင်ပြချက်များဖြစ်ပါသည်။)

၁။ အိမ်ဖော်နှင့် အိမ်အကူတို့သည် အလုပ်စပြီး မကြာမီတွင် ထွက်ပြေးကြသည်။

မလေးသတင်းစာများက ယင်းအချက်နှင့်ပတ်သက်၍ အလုပ်သမတို့၏ အလုပ်ရှင်အပေါ် အခွင့်အရေးယူမှုများ၊ မယုံကြည်ရမှုများကို ယင်းတို့နိုင်ငံသား အလုပ်ရှင်များ တင်ပြသည့်အတိုင်း လေ့လာစမ်းစစ်မှုမရှိဘဲ ပြစ်တင်ဖော်ပြခဲ့သည်။ တစ်ချို့က အလုပ်သမတို့သည် ပျင်းရိကြောင်း၊ အလုပ်မလုပ်လိုကြောင်း ပြောခဲ့သည်။ သို့အတွက်ကြောင့် ထွက်ပြေးကြကြောင်း ပြောခဲ့ပြီး၊ ယင်းတို့၏ အပြုအမူလုပ်ဆောင်ဆက်ဆံမှုများကိုမူ မဖော်ပြဘဲ ယင်းတို့သဘောထားကောင်းလျက်နှင့် ထွက်ပြေးကြသည်ဟု စွပ်စွဲခဲ့သည်။

၂။ အိမ်ဖော်များသည် ယောက်ျားလေးမိတ်ဆွေများစွာ ရှိသည်သာမက အခြားနေရာများတွင် သွားအိပ်ကြ၍ ရောဂါဖြစ်ပွားကြသည်။

စက်တင်ဘာ ၁၂ ရက်နေ့၊ ၁၉၉၇ ထုတ် New Straits Times သတင်းစာသို့ပေးပို့သော အိမ်ဖော်အလုပ်ရှင်တစ်ဦး၏စာတွင် ယင်း၏အိမ်ဖော်သည် ညအခါ အခြားယောက်ျားလေးများနှင့် ပြင်ပတွင်သွားအိပ်နေ၍ ရောဂါရလာပါက ယင်း၏အိမ်သားများ ကူးစက်ခံရမည်ကို စိုးရိမ်ကြောင်း ရေးပို့ခဲ့သည်။ အလုပ်ရှင်များသည် ယင်းတို့၏အိမ်ဖော်များ အိမ်တွင်သာနေ၍ တစ်နေကုန်တစ်ညလုံး၊ အလုပ်ကို မရပ်မနားလုပ်စေလိုပီး၊ အကယ်၍ အကြောင်းကိစ္စ တစ်ခုခု၊ အရေးကြီးကိစ္စ တစ်ခုခုကြောင့် အလုပ်သမက ပြင်ပသို့သွားရောက်ရသည်ကိုပင် ဤကဲ့သို့စွပ်စွဲမှုများတွေ့ရှိရသည်။ သို့သော် အိမ်ဖော် အလုပ်အကိုင်အေးဂျင့် တစ်ဦးက ပြောဆိုသည်မှာ ယောက်ျားလေးမိတ်ဆွေထား၍ အိမ်ရှင်တို့မှ ရိုက်နှက်သည်ဆိုသည်မှာ လိမ်လည်ခြင်းဖြစ်ကြောင်း၊ အမှန်မှာ အိမ်ရှင်တို့၏ လူမဆန်စွာ ညှဉ်းပန်းနှိပ်စက်မှုများကြောင့် ထွက်ပေါက်အနေနှင့် တစ်ချို့တစ်လေသာ ယောက်ျားလေးမိတ်ဆွေ ထားလာရကြောင်း ပြောဆိုသည်။

၃။ အိမ်ဖော်များသည် မိမိတို့၏ လင်ယောက်ျားကိုခိုးယူကြသည်။

ဤအချက်မှာ အိမ်ဖော်များကို လိင်ပိုင်းဆိုင်ရာ ကျင့်ဝတ်မရှိဟု အခြေအမြစ်မရှိစွာ စွပ်စွဲပြောဆိုခြင်းဖြစ်ပါသည်။ စက်တင်ဘာ ၁၂ ရက်နေ့၊ ၁၉၉၇ ထုတ် New Straits Times သတင်းစာတွင် ဖော်ပြခဲ့သော စာတစ်စောင်အရ အိမ်ဖော်သည် ယင်း၏ လင်ယောက်ျားနှင့် ဖောက်ပြန်ကြောင်း ပြောဆိုခဲ့သည်။ မေလ ၁၇ ရက်နေ့၊ ၁၉၉၈ The Sun သတင်းစာက အိမ်ရှင်လင်ယောက်ျားသည် ယခင်သူ၏အိမ်ဖော်နှင့် လက်ထပ်သွားသည့် အမှု ၈- မှုရှိကြောင်း ဖော်ပြခဲ့သည်။ သို့သော် သတင်းစာတို့တွင် ဖော်ပြသည်နှင့်ဆန့်ကျင်စွာ၊ အိမ်ရှင်ယောက်ျားသည် အိမ်ဖော်ကို လိင်ပိုင်းဆိုင်ရာ မတရားအကြမ်းဖက်ခြင်း၊ ကြိုးပမ်းခြင်း၊ မုဒိန်းကျင့်ခြင်း၊ အချို့အမှုများတွင် ဆိုးဝါးစွာ ကျင့်ကြံခြင်းများ ပါဝင်သည်။ ထိုကဲ့သို့ သတင်းစာတွင် ဖော်ပြသည့်အမှုများမှာ မှန်ခဲ့သည် ဆိုစေကာမှု၊ အမှန်တကယ် အိမ်ရှင်ယောက်ျားနှင့် ယင်းတို့နှင့်ပတ်သက်သော ယောက်ျားတို့၏ မတရားစော်ကားမှုကြောင့် ဒုက္ခရောက်၊ အသက်ဆုံးရှုံးရသော အိမ်ဖော်အလုပ်သမတို့အမှုအရေအတွက်မှာ အဆပေါင်းထောင်နှင့်ချီ၍ ရှိပါသည်။ (WAO)

၎။ သူမသည် မိမိတို့နိုင်ငံအောက် ယဉ်ကျေးမှုအဆင့်အတန်း များစွာနိမ့်ကျသောနိုင်ငံမှ လာသည်ဖြစ်၍ သူမ၏အကျင့်စရိုက်တို့ကြောင့် မိမိတို့အိမ်ထောင်ရေးဘ၀ ပျက်စီးနိုင်သည်။

မလေးရှားတွင် လုပ်ကိုင်နေသော အိမ်ဖော်နှင့် အိမ်အကူအလုပ်သမတို့မှာ အများအားဖြင့် အင်ဒိုနီးရှား (ယခုအင်ဒိုးနီးရှားအစိုးရမှ မလေးရှားသို့ အိမ်ဖော်အလုပ်သမ ပို့ခြင်းကို လုံးဝပိတ်ပင် ရပ်ဆိုင်းလိုက်ပါပြီ။) နှင့် ဖိလစ်ပိုင်တို့မှ ဖြစ်ကြသည်။ အိမ်ရှင်တို့မှာ ယင်းတို့၏ ကလေးများ မိမိတို့ဘာသာစကားကို အင်ဒိုအသံ၊ ဖိလစ်ပိုင်အသံနှင့် ပြောကျင့်ရသွားမည်ကို စိုးရိမ်ကြောင်း တင်ပြခဲ့သည်။ ထို့ပြင် အိမ်ဖော်တို့၏ မူရင်းနိုင်ငံသည် မိမိတို့ထက် ယဉ်ကျေးမှုနိမ့်သဖြင့် မိမိတို့၏ကလေးများ နိမ့်ကျသောယဉ်ကျေးမှုများ လွှမ်းမိုးခံရမည်ကို စိုးရိမ်ကြောင်း၊ ကလေးနှင့်မိဘအကြား ကွာဟမှုများဖြစ်လာနိုင်ကြောင်း ပြောခဲ့သည်။ ယင်းတို့၏ အစိုးရပိုင်းများကလည်း ဤအချက်ကို ထောက်ခံ၍ အိမ်ဖော်များကို ပညာပေးမှု၊ လေ့ကျင့်ပေးမှုများပြုသင့်ကြောင်း အော်ခဲ့ကြသည်။ --------------


(သို့အတွက်ကြောင့် ယခုလက်ရှိ မလေးရှားတို့သည် အင်ဒိုနီးရှားနှင့် ကမ္ဖောဒီးယား နိုင်ငံတို့မှ အိမ်ဖော်နှင့်အိမ်အကူအလုပ်သမားများ ပို့ဆောင်ခြင်းကို ရပ်တန့်ခံလိုက်ရသည့်အတွက် မလေးရှားဝန်ကြီးချုပ်နာဂျစ်သည် မြန်မာနိုင်ငံမှ အိမ်ဖော်အလုပ်သမများရရှိနိုင်ရေးအတွက် မြန်မာနိုင်ငံလက်ရှိကြံ့ဖွံ့အစိုးရနှင့် ညှိနှိုင်းမှုများ ပြုလုပ်လျက်ရှိပါသည်။ ထို့ကြောင့် မြန်မာနိုင်ငံသူ၊ နိုင်ငံသားအပေါင်း အားလုံးတို့သည် တာဝန်သိသိဖြင့် ဤလုပ်ဆောင်မှုကို အပြင်းအထန် ဆန့်ကျင် ကန့်ကွက်ကြစေလိုကြောင်း လေးစားစွာတိုက်တွန်းရင်း…. ဧပြီလ ၁၄ ရက်နေ့၊ ၂၀၁၂ ခုနှစ်ထုတ် The Star သတင်းစာမှ “မလေးအိမ်ရှင်တို့၏ ရက်စက်စွာ သတ်ဖြတ်မှုကြောင့် သေဆုံးသွားခဲ့သော ကမ္ဖောဒီးယားနိုင်ငံသူ၊ အသက် ၂၄ နှစ်အရွယ်၊ Mey Sichan ၏ အမှုအသေးစိတ်ကို ထပ်မံစုံစမ်း၍ တင်ပြပေးသွားပါမည်။-----ဘာသာပြန်သူ)

နွားကျောင်းသား (Friend Ever)


မှီငြမ်း......

http://www.wao.org.my/Migrant+Domestic+Workers_54_5_1.htm

အပြည့်အစုံသို့.....

HOW MALAYSIA TREATS MAIDS !!!!!

This is one of "HOW MALAYSIA TREATS MAIDS" from other courtries.

Due to inhumane treat of Malaysian, many foreign maids are brutally tortured and killed. That's why, Indonesia and Cambodia have stopped sending maids from their country to Malaysia.

Now, Myanmar officials are planning to send maid workers to Malaysia as the request of Malaysia Prime Minister.

So, Let's try to stop and ban Myanmar's Goverment Offical's plan to send maids to Malaysia.

(Click on picture to see full size)

အပြည့်အစုံသို့.....

အငှားကျွန်လုပ်ငန်း တိုးချဲ့မည့်သတင်းနှင့်ပတ်သတ်၍ နိုင်ငံတော်သမ္မတသို့ မေတ္တာရပ်ခံခြင်း

>> Thursday, April 12, 2012

(နိုင်ငံတော်သမ္မတကြီးနဲ့တကွ တာဝန်ရှိသူများ သိနိုင်ဖို့ဆိုတာ စာဖတ်သူများရဲ့ ထပ်မံ ဖြန့်ဝေပေးကြမှုအပေါ်မှာ မူတည်ပါတယ်)

လေးစားအပ်ပါသော နိုင်ငံတော်သမ္မတကြီးခင်ဗျား………..

လွန့်ခဲ့သည့် ရက်အနည်းငယ်ခန့်က မလေးရှားဝန်ကြီးချုပ် နာဂျစ်မှ နိုင်ငံတော်သမ္မကြီးထံသို့ လာရောက်တွေ့ဆုံ၍ နှစ်နိုင်ငံ ကူသန်းရောင်းဝယ်ရေး၊ စီးပွားရေးလုပ်ငန်းကိစ္စများ တွေ့ဆုံဆွေးနွေးရာတွင် မလေးရှားနိုင်ငံသို့ မြန်မာအမျိုးသမီးငယ်များအား အိမ်ဖော်အဖြစ် တင်ပို့ပေးရန် လုပ်ငန်းကိစ္စတခုလည်း ပါဝင်ကြောင်း သိရှိရပါသည်။ ထိုလုပ်ငန်းနှင့်ပတ်သတ်၍ မလေးရှားရောက် မြန်မာပြည်သားတဦးမှ သမ္မတကြီးအား မေတ္တာရပ်ခံ ပန်ကြားလိုသည်မှာ..

မြန်မာနိုင်ငံသည် ယနေ့အချိန်တွင် ဒီမိုကရေစီစနစ်ကို မြေစမ်းခရမ်းပျိုးလျက်ရှိပြီး ခေတ်မှီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်ဆီသို့ ချီတက်လျက်ရှိကြောင်း သိရှိရပါသည်။ တိုင်းတပါးသို့ အိမ်ဖော်တင်ပို့သည့်လုပ်ငန်းသည် တိုးတက်လာမည့် နိုင်ငံတော်သစ်အတွက် မည်ကဲ့သို့ အထောက်အကူဖြစ်နိုင်ပါသနည်း။ နိုင်ငံရပ်ခြားသို့ အိမ်ဖော်စေလွှတ်ခြင်းအားဖြင့် ရနိုင်မည့် အတတ်ပညာမှာ လူတဦး (သို့) မိသားစုတစု၏ အောက်ခြေသိမ်း ဝေယျာဝစ္စများဖြစ်သော အိမ်တွင်းဗာဟီရကိစ္စများ ပြုလုပ်ပေးရခြင်း၊ အတွင်းခံအ၀တ်အစားများမှအစ ခြေအိတ်အဆုံး လျှော်ဖွတ်ပေးရခြင်း၊ ချက်ပြုတ်ကျွေးမွေးရခြင်း၊ ကလေးထိန်းပေးရခြင်း စသည့်တို့သာ ဖြစ်ပါသည်။ အိမ်ဖော်အဖြစ် တင်ပို့ခံရမည့် အမျိုးသမီးတဦး၏ ကုန်လွန်ရမည့် အချိန်ကာလအတွင်း နိုင်ငံတော်မှ လူသားရင်းမြစ် ဆုံးရှုံးရသည့်အတွက် ပြန်လည်ရရှိလာမည့် အတတ်ပညာမှာ အနာဂတ်နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အကူမဖြစ်နိုင်ဟု ထင်မြင်မိပါသည်။ ထိုအမျိုးသမီးငယ်များသည် အိမ်ဖော်လုပ်ငန်းသို့ တင်ပို့ခံရမည့်အစား ၄င်းတို့ထဲမှ အစွမ်းအစရှိသူများ ထိုကာလအတွင်း တဦးတယောက်မျှ ပေါ်ထွက်လာခဲ့ပါက တိုင်းပြည်အတွက် လွန်စွာတန်ဖိုးရှိလှပါသည်။ သို့ဖြစ်ပါ၍ နိုင်ငံခြားဝင်ငွေရနိုင်သည်ဆိုသော အကျိုးအမြတ်တခုတည်းနှင့် နိုင်ငံ၏ အဖိုးတန်လှစွာသော လူသားရင်းမြစ်များ အချိန်ကာလတခုအထိ ဆုံးရှုံးရမည်ကို ထည့်သွင်းစဉ်းစားပေးပါရန် ပဏာမ မေတ္တာရပ်ခံလိုပါသည်ခင်ဗျား….။

သမ္မတကြီးခင်ဗျား…………..

သမ္မတကြီးတို့၏ လက်ရှိအစိုးရ မအုပ်ချုပ်ခင်အချိန် ယခင်စစ်အစိုးရလက်ထက်တွင် တိုင်းပြည်မှ လူသားရင်းမြစ်များစွာတို့သည် မိမိနိုင်ငံတွင် ၀မ်းစာဖူလုံအောင် ရှာဖွေမရနိုင်သည့်အတွက် တပြည်ရပ်ခြားတွင် အငှားကျွန်အဖြစ် လာရောက်လုပ်ကိုင်နေကြသည်မှာ ယခုအချိန်ထိပင် ရှိနေပါသေးသည်။ လက်ရှိ မလေးရှားနိုင်ငံတွင်လည်း မြောက်များစွာ ကျန်ရှိနေပါသေးသည်။ ထိုကဲ့သို့ မလေးရှားနိုင်ငံတွင် လုပ်ကိုင်နေစဉ်ကာလအတွင်း ဘာသာစကားမကျင်လည်မှု၊ ပွဲစားများမှလိမ်လည်မှု၊ သူဌေးမှမတရားခိုင်းစေမှု၊ လုပ်ခလစာမရမှု၊ ညှင်းပန်းနှိပ်စက်ခံရမှု၊ မတရားသဖြင့်ပြန်ပို့ခံရမှု၊ တရားဝင်ပတ်စပို့ အလုပ်လုပ်ခွင့်ပါမစ်များနှင့် နေထိုင်နေသော်လည်း အဖမ်းခံရမှု၊ စသည့်ပြဿနာပေါင်းများစွာနှင့် ရင်ဆိုင်ကြုံတွေ့ခဲ့၊ ကြုံတွေ့နေရဆဲ ဖြစ်ပါသည်။ ထိုကဲ့သို့ ပြဿနာဖြစ်လာပါကလည်း ယခင်စစ်အစိုးရလက်ထက် မြန်မာသံရုံးများမှ မိမိလူမျိုးများအတွက် မားမားမတ်မတ် ရပ်တည်ဆောင်ရွက်ပေးခဲ့ခြင်း လုံးဝ (လုံးဝ) မရှိခဲ့သည်မှာလည်း ယနေ့အချိန်ထိပင် ဖြစ်နေပါသေးသည်။ ပြည်ပတွင်ရောက်ရှိနေကြသော မြန်မာလူမျိုးများမှ နိုင်ငံတကာရှိ မြန်မာသံရုံးများကို အခွန်ရုံးဟုပင် တင်စားခေါ်ဝေါ်ရလောက်အောင် မြန်မာသံရုံးမှ အခွန်ကောက်သည့်အလုပ်တခုတည်းကိုသာ လုပ်ဆောင်ခဲ့ပါသည်။

သမ္မတကြီးဦးဆောင်သော လက်ရှိအစိုးရအနေနှင့် ပြည်သူများ၏အကျိုးကိုလိုလားပြီး တိုင်းပြည်တိုးတက်ကောင်းစားဖို့ရန် အမှန်တကယ် ဆန္ဒရှိသည်ဆိုပါလျှင် အိမ်ဖော်တင်ပို့မည့်လုပ်ငန်းကို ဦးစားပေးမစဉ်းစားဘဲ မိမိတိုင်းပြည်နှင့်ခွဲခွာ၍ တိုင်းတပါးတွင် လာရောက်အလုပ်လုပ်ကိုင်နေကြသော မြန်မာပြည်သူများ ရင်ဆိုင်ကြုံတွေ့နေရသော လူမှုဒုက္ခများ၊ ပြဿနာများကို ပထမဦးစားပေးအဆင့်အနေနှင့် မြန်မာသံရုံးများမှတဆင့် တတ်နိုင်သလောက် ၀ိုင်းဝန်း ကူညီဖြေရှင်းပေးစေလိုပါသည်ခင်ဗျား…….။ ထပ်မံ၍လည်း တိုင်းတပါးတွင် သွားရောက်အလုပ်လုပ်ကြရန် မတိုက်တွန်းစေလိုဘဲ လက်ရှိ တိုင်းတပါးတွင် အငှားကျွန်အဖြစ် အလုပ်လုပ်နေကြရသည့် မြန်မာလူမျိုးများကိုသာ အနှေးနှင့်အမြန် ပြန်လည်ခေါ်ယူနိုင်ရန် စွမ်းဆောင်ပေးစေလိုပါသည်ခင်ဗျား…..။

လေးစားအပ်ပါသော နိုင်ငံတော်သမ္မတကြီးခင်ဗျား……….

မလေးရှားနိုင်ငံသို့ မြန်မာအမျိုးသမီးငယ်များ အိမ်ဖော်အဖြစ်တင်ပို့ရာတွင် ဖြစ်လာနိုင်မည့် အကြီးမားဆုံးပြဿနာမှာ ဘာသာစကားအခက်အခဲပင် ဖြစ်ပါသည်။ မြန်မာလူမျိုးများသည် မလေးရှားဘာသာစကားနှင့် အကျွမ်းတ၀င် မရှိပါ။ မြန်မာအမျိုးသမီးသည် အင်္ဂလိပ်ဘာသာစကား အထိုက်အလျောက် ပြောနိုင်ပါသည် ဆိုစေကာမူ မလေးရှားလူမျိုးအများစုသည် အင်္ဂလိပ်ဘာသာစကားကို လိပ်ပတ်လည်အောင် ပြောနိုင်ခြင်းမရှိပါ။ မလေးရှားတွင် အင်္ဂလိပ်စကားကို အသုံးပြုပြောဆို၍ ရနိုင်မည့်နေရာများမှာ ရုံးများ၊ လူစည်ကားရာနေရာများ၊ စီးပွားရေးအချက်အချာကျရာနေရာများ စသည့်အနည်းငယ်သာ ရှိပါသည်။ သို့သော် အိမ်ဖော်ဆိုသည်မှာ ထိုကဲ့သို့သော နေရာများတွင် အလုပ်လုပ်ရမည် မဟုတ်ပါ။ အိမ်ဖော်ဆိုသည်မှာ အလုပ်ရှင်နှင့် နှစ်ဦးတည်းသာ ဆက်ဆံရမည် ဖြစ်ပါသည်။ ကြားမှကူညီပြောပေးရန်၊ ဘာသာပြန်ပြရန် တခြားသူမရှိပါ။ ပြဿနာတစုံတရာ ပေါ်ပေါက်ပါက နစ်နာရမည့်သူ၊ ခံရမည့်သူမှာ အိမ်ဖော်သာ ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ဘာသာစကားအခက်အခဲကြောင့် ဖြစ်ပေါ်လာမည့် ပြဿနာများကိုလည်း ထည့်သွင်းစဉ်းစားပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်ခင်ဗျား………။

ပြီးခဲ့သည့်နှစ်များအတွင်းက ကမ္ဘောဒီယားနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့မှ အစိုးရများသည် မလေးရှားနိုင်ငံသို့ အိမ်ဖော်စေလွှတ်ခြင်းကို ရပ်တန့်လိုက်ကြောင်း သတင်းများကိုလည်း သမ္မတကြီးတို့ ကြားသိပြီးဖြစ်ကြောင်း ယုံကြည်မိပါသည်။ အင်ဒိုနီးရှားဘာသာစကားသည် မလေးဘာသာစကားနှင့် လွန်စွာတူညီပါသည်။ မလေးရှားနိုင်ငံသို့ စရောက်စအင်ဒိုနီးရှားနိုင်ငံသားတိုင်းသည် မလေးဘာသာစကားကို ကျင်လည်စွာ ပြောဆိုနိုင်ကြပါသည်။ ထို့ကဲ့သို့သော အင်ဒိုနီရှားနိုင်ငံမျိုးကပင်လျှင် မလေးရှားနိုင်ငံသို့ အိမ်ဖော်စေလွှတ်ခြင်းကို မည်ကဲ့သို့သော အကြောင်းရင်းများကြောင့် ရပ်တန့်ပစ်ခဲ့ရသည်ကို နိုင်ငံတော် သမ္မတကြီးတို့မှ ပညာရှိပီသစွာ မိမိနိုင်ငံသားတို့၏ အကျိုးကိုလိုလားစွာ သုံးသပ်ဆန်းစစ်စေလိုပါသည်ခင်ဗျား…….။

မလေးရှားအစိုးရသည် ရွှေ့ပြောင်းအလုပ်သမားများအတွက် ဥပဒေများကို ၁၉၅၅-ခုနှစ် မလေးရှားအက်ဥပဒေအတွင်း ထည့်သွင်းရေးဆွဲခဲ့ခြင်းမရှိပါ။ သို့သော် ရွှေ့ပြောင်းအလုပ်သမားများသည် နိုင်ငံသားအလုပ်သမားများနည်းတူ အကျိုးခံစားခွင့်ရှိကြောင်း သိရှိရပါသည်။ မလေးရှားအလုပ်ရှင်သူဌေးများသည် ရွေ့ပြောင်းအလုပ်သမားများကို နိုင်ငံသားများနည်းတူ အကျိုးခံစားခွင့်ပေးရန် မဆိုထားဘိ၊ နည်းမျိုးစုံဖြင့် ခေါင်းပုံဖြတ်အမြတ်ထုတ်မှုများကို အရင်းရှင်ဆန်စွာ ပြုမူဆောင်ရွက်လျက်ရှိကြသောကြောင့် အထက်ဖော်ပြပါ အလုပ်ရှင် အလုပ်သမားပြဿနာများသည် အချိန်တိုင်း၊ နေရာတိုင်းတွင် ဖြစ်ပေါ်လျက်ရှိပါသည်။ မလေးရှားအစိုးရအနေနှင့်လည်း အလုပ်လုပ်ခွင့်ပါမစ်ကြေးကိုသာ နှစ်စဉ်မပြတ်တောင်းယူလျက်ရှိပြီး ထိုထိုသော ပြဿနာများကို လျစ်လျူထားကြသည်။ ရွေ့ပြောင်းအလုပ်သမားများမှ မခံနိုင်၍ နီးစပ်ရာ NGOs များမှတဆင့် အစိုးရဌာနများသို့ တိုင်တန်းသောအခါတွင်လည်း နိုင်ငံသားအလုပ်ရှင်သူဌေးများဘက်မှသာ ဘက်လိုက်ဆုံးဖြတ်ပေးလေ့ရှိပြီး အလုပ်သမားများမှာ နစ်နာကြစမြဲသာ ဖြစ်သည်။ သို့ဖြစ်၍ ယခု မလေးရှားသို့ အိမ်ဖော်တင်ပို့ရေးလုပ်ငန်းတွင်လည်း အမျိုးသမီးငယ်များ၏ ဘ၀လုံခြုံမှုနှင့် အထွေထွေပြဿနာများအတွက် မလေးရှားဝန်ကြီးချုပ် နာဂျစ်၏ တာဝန်ယူနိုင်မှုအပေါ် သမ္မတကြီးတို့မှ အလေးထားစဉ်းစားပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်ခင်ဗျား…………။

လေးစားရပါသော နိုင်ငံတော်သမ္မတကြီးခင်ဗျား….

နိဂုံးချုပ်အနေဖြင့် မေတ္တာရပ်ခံပြောကြားလိုသည်မှာ ကိုယ်ချင်းစာတရားနှင့် ပတ်သက်ပါသည်ခင်ဗျား……။ သမ္မတကြီးနှင့်တကွ အစိုးရ၀န်ကြီးများ၏ အသက်အရွယ်သည် သမီးများ၊ မြေးမကလေးများနှင့် ပျော်ရွှင်ချမ်းသာစွာ နေနေကြသည့်အရွယ်များ ဖြစ်ပါသည်။ ထိုကဲ့သို့ ပျော်ရွှင်စွာနေနေကြမည့် သမီးများ၊ မြေးမကလေးများအား မိမိတို့ရင်ခွင်တွင်းမှနေ၍ တခြားနေရာဒေသသို့ အငှားကျွန်အဖြစ် အပို့ခံရမည်ဆိုပါလျှင် နာကျင်ကြေကွဲရမည်ဖြစ်သော သမ္မတကြီးတို့၏ ခံစားချက်များကို စဉ်းစားတွေးတောပြီး မိမိနိုင်ငံတွင်းမှ အမျိုးကောင်းသမီးငယ်များကို ရင်ဝယ်သားကဲ့သို့ သဘောထားကာ မလေးရှားနိုင်ငံသို့ မြန်မာအမျိုးသမီးငယ်များအား အိမ်ဖော်အဖြစ်စေလွှတ်ရန် စီစဉ်နေမှုများကို ရပ်တန့်ပေးပါရန် အနူးအညွတ် မေတ္တာရပ်ခံအပ်ပါသည်ခင်ဗျား……………..။

မောင်ပါလ
(ပြည်ပရောက် မြန်မာလူမျိုးတဦး)
၁၂.၄.၂၀၁၂

အပြည့်အစုံသို့.....

  © Blogger templates Sunset by Ourblogtemplates.com 2008

Back to TOP