Showing posts with label ကိုယ်တိုင်ရေး. Show all posts
Showing posts with label ကိုယ်တိုင်ရေး. Show all posts

ဘုရားသခင်ပေးထားတဲ့ ဦးနှောက်ကိုသုံးပြီးစဉ်းစားပါ

>> Thursday, October 3, 2013

ဘာသာရေးနဲ့ဆိုင်တဲ့ status ပါ။ ကျနော့်ရဲ့ပြင်ပမိတ်ဆွေ သူငယ်ချင်းတွေထဲမှာရော ဆိုရှယ်ဆိုဒ်တွေမှာပါ ဘာသာခြားမိတ်ဆွေသူငယ်ချင်းတွေ ရှိနေတဲ့အတွက် ကျနော့်ရဲ့အယူအဆကို ရေးထားခြင်း ဖြစ်ပါတယ်။ ဖတ်ပြီးမကြိုက်ရင် မည်သူမဆို Friend List ထဲက ထွက်သွားနိုင်ပါတယ်။

ပထမဆုံးအနေနဲ့ ဘာသာရေးခွဲခြားမှုအားဖြင့် ကျနော့်ရဲ့ဘာသာခြားမိတ်ဆွေသူငယ်ချင်း ဘယ်သူ့ကိုမဆို မုန်းတီးခြင်းမရှိပါဘူး။ အပြင်မှာရင်းနှီးကြတဲ့ ဘာသာခြားသူငယ်ချင်းတွေနဲ့ဆုံကြတဲ့အခါ စနေ၊တနင်္ဂနွေလိုနေ့မျိုးဆို ခရစ်ယာန်ဘာသာဝင်သူငယ်ချင်းကို "ဟေ့ရောင်၊ မင်းချာ့ခ်ျမတက်ဘူးလား။ သွားလေကွာ" ဆိုပြီး တိုက်တွန်းလေ့ရှိပါတယ်။ သောကြာလိုနေ့မျိုးဆိုရင်လည်း အစ္စလာမ်ဘာသာဝင်ကို "ဟေ့ရောင်၊ ဗလီမသွားဘူးလား၊ ဘုရားတရားလေးလည်း နည်းနည်းလုပ်ဦး" ဆိုပြီး ဆရာကြီးလုပ်လေ့ရှိပါတယ်။ ဘာသာခြားတွေကို ၀င်ရောက်လေ့လာခွင့်ပြူထားတဲ့ ချာ့ခ်ျကျောင်းတွေကိုတောင် ရံဖန်ရံခါ သူငယ်ချင်းဝတ်ပြုသွားရင် လိုက်သွားလေ့ရှိပါတယ်။

အစ္စလာမ်ဘာသာဝင်သူငယ်ချင်းနဲ့ ခရီးအတူထွက်ဖြစ်လို့ ထမင်းစားကြတဲ့အခါ မင်းအဆင်ပြေတဲ့ဆိုင်မှာပဲ စားကြတာပေါ့လို့ပြောပြီး ဦးစားပေးလေ့ရှိပါတယ်။ ယုတ်စွအဆုံး အိမ်မှာအလှူလုပ်ရင်တောင် ဟိုဆိုင်ကမ၀ယ်နဲ့။ ဒီဆိုင်ကမ၀ယ်နဲ့ဆိုပြီး ၀င်ရောက်ပြောဆိုလေ့ မရှိပါဘူး။

ဒုတိယအနေနဲ့ ပုဂ္ဂိုလ်တဦးတယောက်ရဲ့ ဘာသာခြားမုန်းတီးရေးဝါဒဖြန့်မှုတွေကြောင့် တခြားဘာသာနဲ့တကွ ဘာသာခြားမိတ်ဆွေသူငယ်ချင်းတွေကို မုန်းတီးခြင်းမရှိပါဘူး။ ဟိုဘာသာဝင်က ဒီဘာသာဝင်အမျိုးသမီးကို မုဒိန်းကျင့် လည်လှီးသတ်လိုက်ပြန်ပြီဆိုတဲ့ ချဲ့ကားသတင်းတွေကြောင့် ဘာသာခြားတွေကိုမုန်းတီးခြင်းမရှိပါဘူး။ သတင်းမှန်ပါတယ်ဆိုရင်လည်း ဒီလိုဖြစ်ရပ်မျိုးတွေဟာ ဘာသာတရားနဲ့မသက်ဆိုင်ဘူး။ ပြုသူတဦးတယောက်တည်းရဲ့ စိတ်၊ ခံစားချက်၊ အပြုအမူနဲ့သာ တိုက်ရိုက်သက်ဆိုင်တယ်လို့ ချင့်ချိန်လေ့ရှိပါတယ်။
အစ္စလာမ်ဘာသာဝင်တွေထဲမှာ မိမိဘာသာကိုလွတ်လပ်စွာကိုးကွယ်ပြီး ငြိမ်းချမ်းစွာနဲ့လုပ်ကိုင်စားသောက်လိုသူနဲ့ အလ္လာဟ်အတွက် စစ်တိုက်ပြီး ဘာသာရေးနယ်ချဲ့ရမယ်ဆိုတဲ့သူဆိုပြီး နှစ်မျိုးရှိနေပါတယ်။ ကျနော့်ရဲ့မိတ်ဆွေသူငယ်ချင်း အစ္စလာမ်ဘာသာဝင်တွေဟာ ငြိမ်းချမ်းစွာနေလိုကြတဲ့သူတွေပါ။ ၀မ်းနည်းစွာနဲ့ပဲ သူတို့တွေ မငြိမ်းချမ်းနိုင်ကြပါဘူး။ ဘယ်အရပ်၊ ဘယ်ဒေသ၊ ဘယ်နိုင်ငံမှာမဆို သူတို့တွေပူလောင်နေကြပါတယ်။ သူတို့တွေနဲ့တကွ အတူယှဉ်တွဲနေထိုင်ကြတဲ့ ငြိမ်းချမ်းသောတခြားဘာသာဝင်တွေလည်း ပူလောင်နေကြတာပါပဲ။ ဒီဖြစ်ရပ်တွေ ဘာကြောင့်ဖြစ်နေတာလဲ။ Error တခုဖြစ်နေလို့ ပို့စ်ကို အရှည်ကြီးတင်လို့ မရပါဘူး။ ဖတ်ချင်ရင်တော့ ကျနော့်ရဲ့ facebook အကောင့်မှာ ၀င်ဖတ်နိုင်ပါတယ်ခင်ဗျာ။

မောင်ပါလ

အပြည့်အစုံသို့.....

နှပ်ကြောင်းပေးထားတာသိရင်လည်း ပုံအောပြီးမထိုးကြနဲ့ပေါ့

>> Tuesday, July 2, 2013


ဆရာတူမောင်ညိုက မျိုးစောင့်ဥပဒေဆိုတဲ့ခဲတလုံးနဲ့ ငှက်ဘယ်နှကောင်ကားကနဲ ဖြစ်သွားသည်ဟု ပြောလေသလဲမသိ။ ကြံ့ဖွတ်က ကိုးလုံးကျည်ကိုသုံးလိုက်သည်ဟုသာ ဆိုချင်သည်။ ကိုးလုံးကျည်ဆိုသည်မှာ ထိုင်းရောက်မြန်မာများခေါ်သော သေနတ်တမျိုးဖြစ်သည်။ အရပ်စကားပြောကြသည်မှာ ကိုးလုံးကျည်မှာ ကျည်ဆံတတောင့်တည်းဖြစ်သည်။ ပစ်လိုက်သည်နှင့် ထိပ်ဖူးရှိခဲကလေးများမှာ အမြောက်အများ (ကိုးလုံးတိတိ) ဖွာထွက်သွားပြီး အပစ်ခံရသူမှာ လွတ်နိုင်ဖို့မလွယ်။ ပစ်မှတ်အများအပြားကိုလည်း ကျည်တတောင့်တည်းနှင့် ပစ်နိုင်သည်ဟုဆိုကြသည်။ ဟုတ်မဟုတ်နှင့် ထိုသေနတ်ကို ဘယ်လိုခေါ်သည်ဟု မသိပါ။ အရပ်သုံးစကားသာ ဖြစ်ပါသည်။

ဒီတခါတော့ ဖဲသမားစကားနှင့် နိုင်ငံရေးအကြောင်း နည်းနည်းပြောချင်သည်။ မဖတ်ချင်လျှင်တော့ ဘယ်နှမိနစ်မှ အချိန်ပေးမဖတ်ပါနှင့်။ ဖဲဝိုင်းတ၀ိုင်းတွင် နှပ်ကြောင်းပေးထားသည့်အလှည့် (ထောင်ချောက်ဆင်ထားသည့်အလှည့်) ကို ကြုံတွေ့ရသည် ဆိုပါစို့။ ထိုသို့ နှပ်ကြောင်းပေးထားသည့်အလှည့်တွင် ကိုယ်တိုင်ပါဝင်သိရှိနေကြသည် ဆိုပါစို့။ အဆွေဖဲသမား..... သင်ဘာလုပ်မည်နည်း။ လွယ်ပါသည်။ ဒီတလှည့်မထိုးနဲ့ပေါ့။ မထိုးမဖြစ်ထိုးရလျှင်လည်း ရှိသည့်ပိုက်ဆံထဲမှ အသေးဆုံးတရွက်သာ ချထိုးလိုက်ပါ။ မိုက်မိုက်ကန်းကန်းနှင့် ပုံအောပြီး ရှိသမျှအကုန်ထိုးလိုက်လျှင်တော့ သင့်ထိုက်နှင့်သင့်ကံပေါ့အဆွေ။

ထိုသို့မဟုတ်ဘဲ ဖဲလိမ်ရိုက်နေသည် ဘာညာနှင့် ၀ုန်းဒိုင်းထလုပ်ချင်လျှင်လည်း ရပါသည်။ ကံမကောင်းလျှင်တော့ ဓားထိုးခံရပြီး ဆေးရုံရောက်နိုင်ပါသည်။ အခန့်မသင့်လျှင်လည်း နောက်ဘ၀မှာများဆုံတွေ့ရလျှင် ဒီဘ၀လိုမဖြစ်ပါရစေနဲ့ကွာ ဟု သီချင်းလေးညည်းပြီး ဦးကျော်သူနှင့် နှစ်ပါးသွားနိုင်ပါသည်။

ပထမမ္ပိ သားဖွားနှုန်းကန့်သတ်သည့်နှပ်ကြောင်းနှင့် စကြည့်ပါမည်။ ဘင်္ဂါလီကုလားများက အနောက်မြို့ရိုးမှ မိုးစက်မိုးပေါက်ကလေးများကျလာသည့်ပမာ တပြွတ်ပြွတ်နှင့် ကလေးမွေးကြကုန်၏။ ကြံ့ဖွတ်အစိုးရက နှစ်ယောက်မွေးပြီး ချုပ်ပစ်လိုက်ကွာ ထပ်မမွေးစေနဲ့ဟု ဒေသန္တရအမိန့်ထုတ်သလိုလိုနှင့် နှပ်ကြောင်းချလိုက်သည်။ (ချုပ်ဆိုသည်မှာ ကလေးမွေးနှုန်းထိန်းချုပ်သည်ကို အတိုကောက်ဆိုထားခြင်းဖြစ်သည်) အတိုက်အခံခေါင်းဆောင် အန်တီဒေါ်အောင်ဆန်းစုကြည်က လူအခွင့်အရေးချိုးဖောက်သည်ဟုဆိုကာ အသေးသုံးလေးနှင့် ကံစမ်းလိုက်သည်။ ၀ုန်းဒိုင်းဆိုပြီးရင်ဆိုင်လိုက်ရသည်က တိုင်းပြည်ထဲမှာရှိနေသည့် တိုင်းရင်းသားအစစ် ပြည်သူတွေရဲ့အဖြစ်တောင် လူ့အခွင့်အရေးဘယ်ဆီနေမှန်းမသိ။ ခိုးဝင်ကုလားအခွင့်အရေး အန်တီတွေးပူစရာလားဆိုသည့် ပြည်သူများရဲ့စစ်မျက်နှာပြင်။ ထိုအချိန်တွင် ကြံ့ဖွတ်က အမိန့်မထုတ်ရပါဆိုသော လေပြေလေညှင်းလေးနဲ့ ထောင်ချောက်အဖုံးကိုဂွပ်ကနဲဖုံးလိုက်သည်။ နှပ်ကြောင်းချထားသည့်အတိုင်း ကွက်တိဝင်သွားသဖြင့် အန်တီ့အသေးသုံးလေးပါသွားသည်။

ပိုဆိုးသည်က အစိုးရကအမိန့်ထုတ်မထုတ်ဆိုသည်ကို လွှတ်တော်တွင်းရှိအမတ်မင်းများကိုယ်တိုင် မသိရသေးဘဲ ကာကွယ်ပေးချင်စိတ်များသွားသည်ထင်သည်။ ဒါတောင် အန်တီဒေါ်အောင်ဆန်းစုကြည်က ဂျက်ကီချန်း၊ ဂျက်လီကားများ အကြည့်များသဖြင့် အရှောင်အတိမ်းကောင်းသောကြောင့် တော်သေးသည်။ ဆယ့်လေးနှစ်၊ ဆယ့်ငါးနှစ် တကိုယ်တည်း အတွင်းအားကျင့်စဉ်ကို ကျင့်လာခဲ့သောကြောင့် ခံနိုင်ရည်အားကောင်းသည်။ ထောင်ချောက်ထဲခြေချော်လဲပြီး ခြေထောက်နာသွားရုံဒဏ်ရာရသည်။ ဘောလုံးသမားစကားညှပ်ပြောရလျှင် ဒီရာသီတွင်တော့ နှစ်ပွဲသုံးပွဲ နားရမည်ထင်သည်။

ဒုတိယမ္ပိ ကြံ့ဖွတ်က မျိုးစောင့်ဥပဒေဆိုသည့် ကိုးလုံးကျည်ကို ဘာသာရေးဆိုသည့် လက်ပစ်ဗုံးချိတ်၍ ပစ်လိုက်ပြန်သည်။ မရှောင်ရင်လွတ်တယ် ဟုပြောရမလို။ ရှောင်ကာမှပိုဆိုးကုန်သည်။ ထောင်ချောက်ကွ ထောင်ချောက်ဟုအော်ပြီး ကန့်ကွက်ကြသည်။ အမျိုးသမီးတချို့က အမျိုးသမီးအခွင့်အရေးဆိုပြီး ဆတ်ဆတ်ထိမခံ လက်တီးလက်မောင်းတန်းသည်။ အတိုက်အခံလွှတ်တော်အမတ် မဇင်မာအောင်က လက်ခမောင်းတဖြောင်းဖြောင်း ထခတ်သည်။ အန်တီဒေါ်ဇီးကွက်က ထမိန်စွန်တောင်ဆွဲကာ ပြေးလိုက်သည်။ ဒဲ့လော်ဘီလုပ်သူ၊ တွက်လော်ဘီလုပ်သူ၊ ဘေးတိုက်လော်ဘီလုပ်သူများနှင့် ဘုန်းကြီးစာချများက ဘေထိ ဘေထိ ဆိုင်းတီးပေးကြသည်။ တိုင်းမ်းမဂဇ္ဇင်းနှင့် ကိုကိုမွတ်များက အချိန်နှင့်တပြေးညီ ချိန်ကိုက်ဗုံးထဖောက်သည်။

သံဃာတော်ကြီးများလည်း မနေသာ။ ဆွမ်းပင်ဖြောင့်အောင်မဘုန်းပေးနိုင်တော့။ သင်္ကန်းကြီးတဖားဖားနှင့် လွှားကနဲ ကြိုးဝိုင်းထဲခုန်ဝင်လာကာ သင်းပိုင်ကို ခါးတောင်းကြိုက်ကြကုန်၏။ အနကိုဋ် (သံဃာများအတွင်းခံဝတ်အင်္ကျီ) ပင်မပါတော့။ သန်း ၅၀ ပမာဏခန့်ရှိသော ဘုန်းကြီးကျောင်းသားများက လောက်လေးခွများကိုင်ကာ မည်းမည်းမြင်သမျှပစ်မည်ဆိုပြီး ဘုန်းတော်ကြီးများနောက်မှ ပြေးလိုက်လာကြသည်။ ခွေးများလည်း တစီစီ အူကြကုန်၏။

ကျားနှင့်ဆင် လယ်ပြင်မှာတွေ့ကြလေပြီ။ ကြံ့ဖွတ် မြေခွေးက သားရည်တမြားမြားနှင့် ဘုရားပွဲတွေ့နေသည်။ မျိုးစောင့်ဥပဒေကား ဘယ်ဆီနေမှန်းမသိသေး။ ကြံ့ဖွတ်အစိုးရ၀န်ကြီးတဦးက မျိုးစောင့်ဥပဒေဆိုသည်မှာ ပြည်သူများကြားထဲတွင်သာ ရှိသေးသည်ဟုပြောနေပြန်ပါသည်။ ဘဘကြီးသန်းရွှေသည် စာဖတ်ချင်ယောင်ဆောင်ကာ စာအုပ်ပေါ်မှကျော်ပြီး ကြိုးဝိုင်းထဲကိုကြည့်၍ တခစ်ခစ်နှင့် ရွှေဘောတော်ကျနေ၏။

ပထမမ္ပိ နှင့် ဒုတိယမ္ပိ တို့သည် ကြံ့ဖွတ်အစိုးရ၏ အတိုက်အခံပါတီအပေါ်ထောင်ချောက်ဆင်မှုများ ဖြစ်ကြောင်းထင်ရှားသည်။ ပြည်သူနှင့် တသားတည်းဖြစ်သော အတိုက်အခံကို ပြည်သူ သံဃာတော်တို့နှင့် လှည့်တိုက်ပေးနေသည်။ အသူတို့သည် ထောင်ချောက်မှန်းသိသိနှင့် တိုးဝင်နေကြသနည်း။ အသူတို့သည် စစ်အစိုးရချပေးထားသော နှပ်ကြောင်းတွင် ပုံအောထိုးနေကြသနည်း။ အသူတို့သည် ပြည်သူနှင့်နားလည်မှုရယူရန်မကြိုးစားဘဲ စစ်မျက်နှာဖွင့်ရန် ကြိုးစားနေကြသနည်း။

နိုင်ငံရေးခေါင်းဆောင်များနှင့် အတိုက်အခံတို့သည် ပညာတတ်များ၊ ပညာရှင်များ၊ လိမ္မာပါးနပ်သူများ ဖြစ်ကြသည်။ ပြည်သူလူထုအများစုမှာ လက်လုပ်လက်စားနှင့် ပညာမဲ့သူတို့သာဖြစ်သည်။ ပညာတတ်များ၊ လိမ္မာပါးနပ်သူများမှ ပြဿနာကို ရှောင်ကွင်းသွားကြခြင်းမှာ အကောင်းဆုံးနည်းလမ်းသာဖြစ်သည်။

တတိယမ္ပိ ထောင်ချောက်ကို စောင့်မျှော်ကြရပါအုံးမည်။ ထောင်ချောက်မှန်းသိသိနှင့် တိုးဝင်မည့်ပညာတတ်များ ပုဆိုး၊ ထမိန်တို့တင်းတင်းဝတ်၍ ခါးတောင်းကျိုက်ထားစေလိုပါသည်။ ထမိန်စွန်တောင်ဆွဲ၍ ပြေးလိုက်မည့်သူများ၊ ပုဆိုးမနိုင် ပုဝါမနိုင်နှင့် လက်သီးလက်မောင်းတန်းမည့်သူများကို မမြင်လိုပါခင်ဗျား။

မောင်ပါလ
၁.၇.၂၀၁၃

အပြည့်အစုံသို့.....

မြှားဆိပ်ကိုသာ ဖြေပေးကြပါ

>> Friday, June 28, 2013


ဆရာနဲ့ဒကာညီကြမှ ဆိုတဲ့စကားမှာ ဆရာဆိုတာဟာ ဗုဒ္ဓဘာသာဝင်ရဟန်း သံဃာတော်များကို ရည်ရွယ်တာဖြစ်ပြီး ဒကာဆိုတာ ဗုဒ္ဓဘာသာဝင် နိုင့်ငံထိပ်ပိုင်းအရာရှိများ၊ အစိုးရနဲ့အစိုးရအဖွဲ့ဝင်များ၊ နိုင်ငံ့ခေါင်းဆောင်များ၊ အတိုက်အခံအဖွဲ့အစည်းများနှင့်တကွ အောက်ခြေပြည်သူလူထုအားလုံး ပူးပေါင်းပါဝင်မှုကို ရည်ရွယ်တာဖြစ်ပါတယ်။

အစိုးရနဲ့ အတိုက်အခံ NLD
-------------------------
အတိုက်အခံပါတီ NLD ဟာ လွှတ်တော်ထဲကိုဝင်ပြီးတဲ့နောက်ပိုင်း ကြံ့ဖွတ်အစိုးရနဲ့ ပူးပေါင်းလုပ်ဆောင်မှု အားကောင်းလာပါတယ်။ ဘာတခုကိုမှ အတိုက်အခံလုပ်ပြောဆိုခြင်းမရှိခဲ့ပါဘူး။ အစိုးရကိုပြောချင်ရင်တောင်မှ နိုင်ငံခြားရောက်မှပြောတာ များပါတယ်။ ပြည်ပအတိုက်အခံတွေ ပြင်းထန်တဲ့လူတွေတောင်မှ အတိုက်အခံက အတိုက်အခံအလုပ်မလုပ်တော့ဘူး၊ စစ်ခရိုနီတွေနဲ့ပေါင်းတယ်ဆိုတာကအစ ပြောရလောက်အောင်ကို အစိုးရနဲ့ဆက်ဆံရေးကောင်းခဲ့ပါတယ်။ အတိုက်အခံဟာ ပြည်သူလူထုအကျိုးစီးပွားအတွက် အစိုးရနဲ့ပေါင်းပြီးလုပ်သင့်ရင်လုပ်ရမှာပဲဆိုတဲ့ ထောက်ခံကြောင်းစတေးတပ်မျိုး ကျနော်ကိုယ်တိုင် ရေးဖူးခဲ့ပါတယ်။ ဘဘဦးဝင်းတင်က အစိုးရဟာ ယုံကြည်လို့မရသေးကြောင်း အခါအားလျော်စွာ ပြတ်ပြတ်သားသားပြောဆိုရင်း အတိုက်အခံအနေအထားကို ကျားကန်ရပ်တည်ခဲ့ပါတယ်။

ဘာသာရေးခေါင်းဆောင် (သံဃာ့အဖွဲ့အစည်း) တွေ ပါဝင်ပတ်သက်လာမှု
-------------------------------------------------------------------------
ရဟန်းတော်တွေဟာ များသောအားဖြင့် ဒကာ ဒကာမတွေရဲ့ လှူဒါန်းမှုတွေနဲ့ သမမျှတစွာရပ်တည်ပြီး သာသနာအကျိုးကို အေးချမ်းစွာသယ်ပိုးနေကြတာပါ။ (စုန်းပြူးတွေလည်း နေရာတိုင်းမှာရှိပါတယ်) ဒါပေမယ့် ရခိုင်ပြည်နယ်ဖက်က ဘင်္ဂါလီတွေရဲ့ တိုင်းရင်းသားဖြစ်ခွင့်တောင်းဆိုမှုကအစပြုပြီး ရဟန်းတော်တွေရဲ့ ဘာသာ သာသနာအပေါ် စိုးရိမ်ကြောင့်ကြမှု ပေါ်လွင်ထင်ရှားလာပါတယ်။ ဘယ်ပြဿနာပဲဖြစ်ဖြစ် အဖွဲ့အစည်းတခုမှာ အသိဥာဏ်ပညာ၊ အမျှော်အမြင်ရှိတဲ့ ခေါင်းဆောင်ဟာ ပိုမြင် ပိုတွေးမိလေ့ရှိကြပါတယ်။ ဖြစ်လာနိုင်တဲ့ဘာသာရေးပြဿနာတွေကို ဆင်ခြင်သုံးသပ်မိတဲ့ ထေရ်ကြီး ၀ါကြီး ဆရာတော်ကြီးတွေကိုယ်တိုင်က အေးချမ်းစွာသာသနာမပြုနိုင်တော့ဘဲ လောကုတ္တရာကိုဖယ်ခွာပြီး လောကီရေးအတွက် ခေတ္တအာရုံစိုက်လာရပါတယ်။

အဖွဲ့အစည်း (၀ါ) အ၀န်းအ၀ိုင်းတခုမှာ အပြင်စည်း၊ အတွင်းစည်းဆိုပြီး ရှိကြပါတယ်။ ဗုဒ္ဓဘာသာအသိုင်းအ၀ိုင်းမှာ သံဃာကအတွင်းစည်းဆိုရင် ဒကာကအပြင်စည်းအနေအထားမှာ ရှိနေပါတယ်။ အပြင်စည်းမှာ အစိုးရ၊ အတိုက်အခံနဲ့ ပြည်သူလူထုအားလုံး ရှိနေပါမယ်။ အတွင်းစည်းက သံဃာတွေရဲ့ အေးချမ်းစွာမနေနိုင်ဘဲ စိုးရိမ်ကြောင့်ကြမှုရှိလာရတာ အပြင်စည်းကတောင့်ခံမထားနိုင်တော့တဲ့ အကြောင်းရင်းပါပဲ။ ဒီလိုအပြင်စည်းကျိုးပေါက်နေတဲ့အချိန်မှာ ရဟန်းသံဃာတွေရဲ့ ပါဝင်ပတ်သက်မှုဟာ အချိန်ကြာလာတာနဲ့အမျှ တဖြည်းဖြည်းကြီးထွားလာနိုင်ပါတယ်။

အတိုက်အခံခေါင်းဆောင်
------------------------
အတိုက်အခံပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာနိုင်ငံရဲ့အနာဂတ်ပါ။ သူမအပြင် မြန်မာပြည်သူလူထုမှာ ခေါင်းဆောင်တင်စရာ နောက်ထပ်လူမရှိပါဘူး။ ဒေါ်အောင်ဆန်းစုကြည်မှာ စံနှစ်မျိုးရှိပါတယ်။ တခုက သူမဟာ မြန်မာပြည်သူလူထုအားလုံးရဲ့ လူထုခေါင်းဆောင်ပါ။ နောက်တခုကတော့ နိုင်ငံတကာရဲ့ လူ့အခွင့်အရေးစံပြ၊ နိုင်ငံတကာရဲ့ ငြိမ်းချမ်းရေးဒီမိုကရေစီအိုင်ကွန်ပါ။ မြန်မာပြည်သားတွေရဲ့လူထုခေါင်းဆောင်တယောက်အနေနဲ့ တခါတလေမှာ တိုင်းပြည်နဲ့လူထုရဲ့ အမျိုးသားအကျိုးစီးပွားကိုထောက်ချင့်ပြီး နိုင်ငံတကာရဲ့လိုအပ်ချက်ကို လျစ်လျူရှုရတတ်ပါတယ်။ နိုင်ငံတကာရဲ့တောင်းဆိုမှုမှန်သမျှကို လိုက်လျောချင်တယ်ဆိုရင်လည်း နိုင်ငံနဲ့လူထုရဲ့တချို့ အကျိုးစီးပွားကို မျက်ကွယ်ပြုရတတ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူမဟာ မြန်မာနိုင်ငံအတွက် မရှိမဖြစ် ခေါင်းဆောင်ကောင်းတယောက်ပါ။


ကြံ့ဖွတ်အစိုးရရဲ့ထောင်ချောက်
-------------------------------
အစိုးရဟာ ရဟန်းသံဃာတွေကို တည်ကြက်လုပ်ပြီး နိုင်ငံရေးအကွက်ရွေ့တယ်။ အတိုက်အခံကိုထောင်ချောက်ဆင်တယ်။ ဒါဟာ စစ်အစိုးရတွေအဆက်ဆက်ရဲ့ လုပ်ထုံးလုပ်နည်းတခုလို့ပဲ သတ်မှတ်နိုင်တယ်။ ကျနော်တို့စဉ်းစားကြည့်ရအောင်ပါ။ ဘယ်လိုအခြေအနေမျိုးမှာ အတိုက်အခံဟာ ကြံ့ဖွတ်အစိုးရရဲ့ထောင်ချောက်ထဲဝင်သွားနိုင်မလဲ။ လက်ရှိအနေအထားအရတော့ အတိုက်အခံဟာ ဘာသာရေးခေါင်းဆောင်တွေ (သံဃာအဖွဲ့အစည်း) နဲ့ သဘောကွဲလွဲစွာရပ်တည်မယ်ဆိုရင် ၂၀၁၅ ရွေးကောက်ပွဲအတွက် အင်အားချိနဲ့သွားမှာဖြစ်ပြီး ထောင်ချောက်ထဲဝင်သွားနိုင်မယ့် အနေအထားပါ။ (သာမာန်ပြည်သူတယောက်ရဲ့ ဥာဏ်မှီသလောက်စဉ်းစားမိတာမို့ မှားကောင်းမှားနိုင်ပါမယ်) မြန်မာပြည်သူလူထုအတွက်လည်း ဆုံးရှုံးနစ်နာမှုတွေ ဆိုးကျိုးတွေ မြောက်များစွာ ရင်ဆိုင်ကြုံတွေ့ရမှာပါ။

ဒါဖြင့်ရင် တခြားတဖက်ကနေ ပြန်ကြည့်ရအောင်ပါ။ အတိုက်အခံဟာ ဘာသာရေးခေါင်းဆောင်တွေ စိုးရိမ်ကြောင့်ကြမှုရှိနေတဲ့ကိစ္စတွေကို အရေးတယူ ဂရုတစိုက်နဲ့ ပူးပေါင်းဖြေရှင်းဖို့ကြိုးစားမယ်ဆိုရင် ကြံ့ဖွတ်အစိုးရရဲ့ထောင်ချောက်ဟာ ဘာဆက်ဖြစ်လာနိုင်သလဲ။ အတိုက်အခံအပေါ်အကျိုးသက်ရောက်မှု ရှိနိုင်မလား။ မြန်မာပြည်သူလူထုအတွက်ရော ဆိုးကျိုးတွေဖြစ်လာနိုင်မလား။ ဘာသာရေးခေါင်းဆောင်၊ အစိုးရ၊ အတိုက်အခံဆိုတာ ကျနော်တို့နိုင်ငံရဲ့ ပြည်တွင်းရေးပဋိပက္ခပါ။ ဒီခေါင်းဆောင်တွေအားလုံးကပဲ ကျနော်တို့ကျောမွဲပြည်သူလူထုတွေရဲ့ ဘ၀မြင့်မားတိုးတက်ရေး၊ လုံခြုံစိတ်ချမှုရှိရေးကို ဆောင်ရွက်ပေးနိုင်မှာပါ။ ဒီခေါင်းဆောင်တွေညီညွတ်ကြမှလည်း ကျနော်တို့မြန်မာလူထု စိတ်အေးချမ်းသာစွာနဲ့ ၀မ်းစာရှာဖွေစားသောက်နိုင်မှာပါ။

မုန့်ဆီကြော်ဘယ်မှာလဲ
-----------------------
မျိုးစောင့်ဥပဒေဆိုပြီး ပေါ်လာတယ်။ ကောင်းတယ်လို့မထောက်ခံပါဘူး။ ဥပဒေပညာရှင်အနည်းငယ်နဲ့ ဘာသာရေးခေါင်းဆောင်တွေလောက်သာ ပေါင်းပြီးရေးဆွဲထားတဲ့အတွက် ချို့ယွင်းချက် (၀ါ) အားနည်းချက် (၀ါ) လက်မခံနိုင်စရာအချက်တွေအနည်းအများ ရှိနိုင်မှာပါ။ ဒီဥပဒေက ဘယ်မှလည်းမရောက်သေးဘူး။ ဘာမှလည်းဖြစ်မလာသေးဘူး။ ဖြစ်လာချင်မှလည်းဖြစ်လာမယ်။

မိသားစုတစုမှာ သမီးမိန်းကလေးတယောက်လက်ထပ်တော့မယ် ဆိုပါစို့။ သားရှင်ဖက်က ဘယ်လောက်လက်ဖွဲ့မလဲ၊ ဘာနဲ့တင်တောင်းမလဲ စိန်နဲ့လား၊ ရွှေနဲ့လား၊ တိုက်ပါလား၊ ကားပါလား။ သမီးရှင်ဖက်က ဒီလိုတောင်းဆိုတဲ့ထုံးစံရှိပါတယ်။ ဒီလိုထုံးစံဟာ ကိုယ့်သမီးလေး တခြားမိသားစုဝင်တွေကြားထဲမှာ ဂုဏ်အားဖြင့်တင့်တယ်စေချင်တဲ့ မိဘတိုင်းရဲ့စေတနာပါ။ မိဘဆိုတဲ့နေရာမှာတောင် အမေနဲ့အဖေဆိုရင် အမေကပိုပြီး သမီးအတွက်စိုးရိမ်ကြောင့်ကြမှုရှိပါတယ်။ မိခင်စိတ်ပါ။ လျစ်လျူရှုလို့မရပါဘူး။

မုန့်ဆီကြော်ကဘယ်ဆီနေမှန်းမသိသေးဘူး နှုတ်ခမ်းနာနဲ့တည့်ပါ့မလား ဖြစ်နေကြတယ်။ ဘာသာရေးခေါင်းဆောင်တွေရဲ့ စိုးရိမ်ကြောင့်ကြမှုကို လျစ်လျူမရှုကြစေချင်ပါဘူး။ အကျိုးယုတ်စရာ မရှိတဲ့အတွက် ဂရုတစိုက်ရှိကြောင်း ပြတဲ့အနေနဲ့ ဥပဒေပညာရှင်တွေ၊ နှစ်ဖက်နိုင်ငံ့ခေါင်းဆောင်တွေ၊ ဘာသာရေးခေါင်းဆောင်တွေ တိုင်ပင်ဆွေးနွေးပြီး အကောင်းဆုံးအဖြေတခုကို ရှာသင့်ပါတယ်။ ဘာသာရေးခေါင်းဆောင်တွေရဲ့ သာသနာအတွက် စိုးရိမ်ကြောင့်ကြမှုတွေကို လျော့နည်းစေချင်ပါတယ်။

သိက္ခာကျစရာလား
------------------
မိမိတို့နိုင်ငံရဲ့ ပြည်တွင်းပဋိပက္ခကို စုပေါင်းဖြေရှင်းတာ၊ မိမိတို့ကိုးကွယ်တဲ့ ဘာသာ သာသနာကို စုပေါင်းကာကွယ်တာ၊ တိုင်းပြည် လူမျိုး ဘာသာ အတွက် စုပေါင်းလုပ်ဆောင်ကြတာဟာ ကမ္ဘာ့အလယ်မှာ မြန်မာနိုင်ငံသိက္ခာကျ လက်ညှိုးထိုးခံရစရာ မဟုတ်ပါဘူး။ ဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ် အားလုံးတသားတည်းဖြစ်နေဖို့ ကြိုးစားတာဟာ နိုင်ငံနဲ့လူမျိုး ဂုဏ်တက်စရာသာ ဖြစ်ပါတယ်။ နိုင်ငံတွင်းမှာ ဘာသာရေး၊ နိုင်ငံရေး ခေါင်းဆောင်တွေ တယောက်တမျိုးကွဲပြဲပြီး ၀ါးအစည်းပြေသလိုဖြစ်နေမှသာ မြန်မာနိုင်ငံသားတွေအဖို့ အရှက်ရစရာ အဖြစ်မျိုးပါ။

မောင်ပါလ
၂၈.၆.၂၀၁၃
(လူပြိန်းတယောက် မရေးရမနေနိုင်လွန်း၍ ရေးသည်)

အပြည့်အစုံသို့.....

သင်္ကန်းဝတ်တွေက နိုင်ငံရေးသမားတွေကို ရှိခိုးရတော့မလား

>> Monday, June 17, 2013


ငါက ဘုန်းကြီးကျောင်းသား။ ငါ့လက်ရှိအသက်ရဲ့သုံးပုံတပုံက ဘုန်းကြီးကျောင်းမှာ လူလားမြောက်ခဲ့တယ်။ နိုင်ငံရေးလား???? ငါဘာမှမသိဘူး။ နကန်းတလုံးတောင် နားမလည်ဘူး။ ငါတွေးမိတာငါရေးတယ်။ မှန်တာရှိမယ် မှားတာရှိမယ်။ သေချာတာက သူများအတွေးနဲ့ ယောင်ဝါးဝါး အသက်မရှူဘူး။ ငါတွေးနိုင်သလောက်တွေးပြီး ငါဘာသာငါရှင်သန်တယ်။

ဘာသာရေးအကြောင်းပြောမလား။ ငါသိတာနတ္ထိ။ သရဏဂုံပဲရှိတယ်။ စာဖတ်လေ့ရှိတာသိတဲ့ မိတ်ဆွေတွေက ဘာသာရေးစာအုပ်တွေ ပေးကြတယ်။ ဘုရားကျောင်းဆောင်ပေါ်မှာ တရိုတသေသိမ်းထားတယ်။ ယောင်လို့တောင် ဖွင့်ကြည့်လေ့မရှိဘူး။

ငါဘုန်းကြီးကျောင်းမှာနေတုန်းက ဆရာဘုန်းကြီးပြောဖူးတာရှိတယ်။ “ဘုန်းကြီးတွေဟာ ၀ိနည်း၊ သိက္ခာပုဒ်၊ ပညတ်တွေ စောင့်ထိန်းရတာ အများကြီးရှိတယ်။ အဲဒီလိုစောင့်ထိန်းနိုင်ဖို့ ဒကာ၊ ကပ္ပိယတွေရဲ့ အကူအညီကို လိုအပ်တယ်။ ဒကာတွေရဲ့အကူအညီကိုမရတဲ့အခါ ဘုန်းကြီးက ၀ိနည်း၊ သိက္ခာတွေဖောက်ဖျက်ပြီး မဖြစ်မနေ ကိုယ်တိုင်ဝင်လုပ်ရတတ်တယ်။ ဥပမာ- ဘုန်းကြီးတွေဟာ သစ်ပင် ပန်းပင်လေးတွေကို ချိုးဖြတ်ဖို့မဆိုထားနဲ့၊ ချိုးဖို့ခူးဖို့ ခိုင်းမိရင်တောင် အာပတ်သင့်တယ်။ ဘုန်းကြီးကျောင်းကဘုရားပန်းအိုးမှာ ပန်းတွေညှိုးနေမယ်ဆိုရင် ကျောင်းသားက အလိုက်တသိနဲ့ ကျောင်းမှာစိုက်ထားတဲ့ပန်းပင်က ပန်းကိုခူးပြီး ဘုရားပန်းလဲရမယ်။ အဲလိုမှမဟုတ်ဘဲ ကျောင်းသားကအလိုက်ကန်းဆိုးနားမလည် ဘုရားပန်းမလဲဘဲနေမယ်ဆိုရင် မနေနိုင်တဲ့အဆုံး ဘုန်းကြီးက အာပတ်သင့်ခံပြီး ပန်းပင်တွေချိုး ဘုရားပန်းလဲရတော့မယ်” တဲ့။ “တပည့်လိမ္မာရင် ဆရာအာပတ်လွတ်တယ်” ဆိုတဲ့ မြန်မာစကားပုံက အဲဒါပဲလို့ ပြောဖူးတယ်။

ပဋိယတ္တိ၊ ပဋိပတ္တိ၊ ပဋိဝေဓ ဆိုတဲ့ သာသနာတော်သုံးရပ်နဲ့ ဗုဒ္ဓဘာသာထွန်းကားပြန့်ပွားဖို့ ဘုန်းတော်ကြီးတွေက တာဝန်ယူလုပ်ဆောင်နေကြသလို ဗုဒ္ဓဘာသာဝင် ဒကာ ဒကာမတွေကလည်း ဘာသာ၊ သာသနာ ရေရှည်တည်တံ့နိုင်ဖို့အတွက် နည်းမျိုးစုံနဲ့ ကာကွယ်စောင့်ရှောက်ဖို့ တာဝန်ယူရမယ်။ ကျားဆိုးတွေသောင်းကျန်းတဲ့ရွာမှာ ဘုန်းကြီးတွေ ဘုရား၊ တရား အေးအေးဆေးဆေးလုပ်ပြီး သာသနာပြုနိုင်ဖို့အတွက် ဒကာရွာသားတွေက ကျားဆိုးရန်ကို ကာကွယ်နှိမ်နင်းရမယ့်တာဝန်ရှိတယ်။ အဲဒီ့အချိန်မှာ ရွာသားတွေက ငါတို့ဘုရားက မေတ္တာတရားထားကြဖို့ဟောတယ်။ သူများအသက်သတ်ရင် ဘုရားမကြိုက်ဘူးဆိုပြီး ကျားတွေကိုမသတ်ရင် ဘုန်းကြီးရောရွာသားတွေပါ ကျားစားခံရမယ်။ သာသနာပြုဖို့မပြောနဲ့။ အကုန်လုံး သေချင်းဆိုးနဲ့ မာလကီးယားကုန်မယ်။

ရွာသားတွေမလိမ္မာမှုကြောင့် အားလုံးကျားစာဖြစ်မယ့်အရေးကိုမြင်လို့ ကျားတွေကိုနှိမ်နင်းဖို့ ဘုန်းကြီးကဆော်သြမယ်ဆိုရင် အဲဒိဘုန်းကြီးလုပ်ရပ်ဟာ မမှန်ဘူးလို့ မင်းတို့တွေပြောနိုင်မလား။ ဘုန်းကြီးအလုပ်ဘုန်းကြီးမလုပ်ဘူးလို့ မင်းတို့တွေ ဝေဖန်မလား။

နိုင်ငံရေးနဲ့ဆက်နွယ်ပြီး ဘာသာရေးပိုင်းမှာ ဘုန်းကြီးကျောင်းသားက ပလ္လင်ပေါ်တက် တရားဟောနေတဲ့အဖြစ်မျိုး ကြုံနေ ကြားနေရတယ်။ မေတ္တာတရားထားလိုက်ကြတာများ သိဒ္ဓတ္ထက အကိုပြန်ခေါ်ရလောက်အောင်ကို ဘုရားထက်တလကြီးနေကြတယ်။ ခန္တီစနေလိုက်ကြတာများ ဝေဿန္တရာက အဘ အဘ ပြန်ခေါ်ရလောက်အောင်ကို ခန္တီစနိုင်ကြတဲ့ ဘုရားအလောင်းတွေ မှိုလိုပေါက်နေတယ်။ ဒီကြားထဲ ဟိုဘုန်းကြီးက ဘာလုပ်နေပြန်ပြီ။ ဒီကတုံးက ဘုန်းကြီးအလုပ်ဘုန်းကြီးမလုပ်ဘူး ဆိုပြီး အိမ်ကဆင်းတုတော်တောင် ခြေနဲ့ကျောက်မတတ် ပြောတဲ့ကောင်တွေကရှိသေးတယ်။

မင်းတို့ကိုယ်မင်းတို့လည်း ပြန်ကြည့်ကြပါဦး။ မေတ္တာတရားတွေ ခန္တီစတွေပြောပြီး တရားဟောရလောက်အောင် ဂေါတမလို လေးအင်္သချေနဲ့ကမ္ဘာတသိန်း ပါရမီဖြည့်ဖို့မပြောနဲ့၊ အခုဘ၀မှာ ဓမ္မစရိယတောင် အောင်အောင်ဖြေဖို့ ကြိုးစားကြည့်ကြပါဦး။ လူဝတ်ကြောင်ကိုစွန့်ပြီး သင်္ကန်းဝတ်ဖို့မပြောနဲ့၊ မင်းတို့ပစ္စည်းတွေကို အစာကျွေးတာရပ် စွပ်ထားတာလေးချွတ်ပြီး ခြင်ထောင်ထဲကထွက်နိုင်ဖို့ အရင်ကြိုးစားကြည့်ကြပါဦး။

ဘုန်းကြီးကျောင်းသားက ပလ္လင်ပေါ်တက်ပြီး မေတ္တာတရားကို သွင်သွင်ကြီးဟောနေတဲ့အချိန်မှာ ဘုန်းကြီးက သင်္ကန်းတကားကားနဲ့ ဓားတချောင်းကိုင်ပြီး ကျားကိုနှိမ်နင်းဖို့ ကြိုးစားနေရတာ ဘယ်သူသောက်သုံးမကျတာလဲ။ သေချာစဉ်းစားကြ။

ကြံ့ဖွတ်အစိုးရနဲ့နောက်လိုက်ခွေးတွေ ဗုဒ္ဓဘာသာအယောင်ဆောင်ပြီး ဗုဒ္ဓဘာသာကို စော်ကားနေတဲ့ကောင်တွေကိုတော့ ပြောစရာမရှိဘူး။ ဗုဒ္ဓဘာသာဝင် နိုင်ငံရေးသမား ကြီးကြီးငယ်ငယ် ပြည်တွင်းပြည်ပ အကုန်လုံးကိုပြောချင်တယ်။ ကြံ့ဖွတ်အစိုးရက အာဏာတည်မြဲဖို့ ဘာသာရေးခုတုံးလုပ်ပြီး ပဋိပက္ခတွေဖန်တီးနေတာကို သတိထားနေကြသလို နိုင်ငံရေး၊ လူ့အခွင့်အရေးကို ခုတုံးလုပ်ပြီး ဘာသာရေးကျူးကျော်မှု၊ ထိုးနှက်ရန်စမှုတွေကိုလည်း ဂရုတစိုက်ရှိစေချင်တယ်။ ဘာသာ သာသနာ စော်ကားမှုကိုဖြစ်စေတဲ့ ဟိုဘုန်းကြီးဘာလုပ်တယ် ဒီကတုံးဘာဖြစ်တယ် ဆိုတဲ့ ဗုဒ္ဓဘာသာဝင် နိုင်ငံရေးသမားတွေကို ပြင်းထန်စွာ ရှုတ်ချတယ်။

မင်းတို့….. မင်းတို့တွေရဲ့ အရေးအသား၊ အပြုအမူ၊ အပြောအဆိုတွေကြောင့် “ပေါ်လတီရှင် သရဏံ ဂစ္ဆာမိ” မဖြစ်ပါစေနဲ့။

မောင်ပါလ
၁၇.၆.၂၀၁၃

အပြည့်အစုံသို့.....

အတိုက်အခံနဲ့ အစိုးရ

>> Sunday, February 3, 2013


ယနေ့မြန်မာပြည်တွင်းမှာ ဖြစ်နေတဲ့ပဋိပက္ခတွေအပေါ် NLD နဲ့ ဒေါ်အောင်ဆန်းစုကြည်က မျက်နှာလွဲခဲပစ် လုပ်နေပါတယ်၊ အရမ်းပျော့ညံ့လွန်းတယ်၊ NLD ဟာ အတိုက်အခံမဟုတ်တော့ဘူး။ ကြံ့ဖွတ်နဲ့ပေါင်းပြီး ပြည်သူကို နှိပ်ကွပ်နေတယ်၊ NLD ဟာ စစ်အာဏာရှင်တွေရဲ့ နှပ်ကြောင်းထဲကို ၀င်နေပြီ စတဲ့အသံတွေ စုံစနီဖာကြားနေရပါတယ်။

ဒီလိုပြောတဲ့လူတွေထဲမှာ နှစ်မျိုးရှိတယ်။ တမျိုးက တကယ်ပဲစိုးရိမ်ပူပန်စိတ်နဲ့ အပြုသဘောသတိပေးကြတဲ့သူနဲ့ လုပ်သမျှကို အဆိုးလိုက်မြင်ပြီး ငါမလုပ်ရင် မဟုတ်ဘူးဆိုတဲ့ပုံစံနဲ့ ပြောနေတဲ့သူရယ်လို့ ခွဲလို့ရမယ်ထင်တယ်။ အဲဒီအပေါ်မှာမှ ကြံ့ဖွတ်အစိုးရရဲ့ အလုပ်မရှိကြောင်ရေချိုး တန်ပြန်မီဒီယာတွေက မီးလောင်ရာလေပင့် အရေးအသားတွေနဲ့ တစိတ်ကို တအိတ်လုပ်လိုက်ကြတော့ ဖောင်းပွကုန်တော့တာပဲ။

အကြောင်းအရာတခုကို ချဉ်းကပ်တော့မယ်ဆိုရင် ချဉ်းကပ်လို့ရမယ့်နည်းလမ်းတွေ အများကြီးရှိနိုင်ပါတယ်။ သူ့အတွေး ကိုယ့်အတွေးဆိုတာလည်း မတူညီနိုင်ပါဘူး။ အပျက်သဘောနဲ့မြင်နိုင်သလို အပြုသဘောနဲ့လည်း စဉ်းစားလို့ရပါတယ်။ ဒီထဲမှာမှ တိုင်းပြည်မှာဖြစ်သမျှတွေမှန်သမျှ NLD ကဘာမှမလုပ်လို့အပြစ်ပုံချ ဒေါ်အောင်ဆန်းစုကြည်က တိုင်းပြည်ကိုပစ်ပြီး ထွက်ပြေးနေတယ်ဆိုပြီး နိုင်ငံရေးသဘာကြီးယောင်ယောင် ပညာရှင်ယောင်ယောင်နဲ့ အရေးအသားတွေက အဆိုးဆုံးပါပဲ။

မြန်မာပြည်သူတွေဟာ ကြံ့ဖွတ်ကို အစိုးရအဖြစ်လက်ခံထားရတာ အရူးလင်လုပ်နေရသလိုပါပဲ။ ဘယ်နေ့ဘယ်အချိန် ထပြီးစိတ်ဖောက်ပြန်မလဲဆိုတာ စိုးတထိတ်ထိတ်ဖြစ်နေရတုန်းပါ။ ဒီစိတ်မမှန်သေးတဲ့အစိုးရရဲ့ အတိုက်အခံအဖြစ် ရပ်တည်နေရတဲ့ NLD ဆိုရင် ပိုဆိုးနဲ့အခြေအနေနဲ့ ရပ်တည်ရင်ဆိုင်နေရမှာပါ။ အစိုးရနဲ့ အတိုက်အခံဟာ ရွေးကောက်ပွဲမှာ မဲအရေအတွက်အသာရဖို့ နိုင်ငံရေး၊ လူမှုရေး အရာအားလုံးမှာ မသိမသာရော သိသိသာသာပါ ယှဉ်ပြိုင်နေရမယ်လို့ ထင်ပါတယ်။ ပြည်သူရဲ့ ယုံကြည်ကိုးစားမှုကိုရဖို့ ဆထက်ထမ်းပိုး တိုးပြီးဆောင်ရွက်နေရမှာပါ။

အတိုက်အခံနဲ့ အစိုးရဆိုတဲ့ ပုံမှန်အခြေအနေတခုမှာပဲ ပဋိပက္ခတခုကို ချဉ်းကပ်ကြည့်ပါမယ်။ ယခင်စစ်အစိုးရလုပ်ခဲ့တဲ့ ယခုအရေခွံလဲအစိုးရ ရင်ဆိုင်နေရတဲ့ ပဋိပက္ခတခုမှာ အတိုက်အခံ NLD ဟာ ကြားဝင်ဖြေရှင်းပြီ ဆိုပါစို့။ ပြည်သူနဲ့ အစိုးရ အားပြိုင်မှုကနေ အတိုက်အခံနဲ့ အစိုးရအားပြိုင်မှုအသွင် ပြောင်းသွားပါလိမ့်မယ်။ ဒီလိုအနေအထားမှာ ပြည်သူလူထုကမှန်ကန်ပြီး အစိုးရကအလျော့ပေးရမယ့် အခြေအနေတခုဆိုရင်တောင်မှ အတိုက်အခံပါလာပြီဖြစ်တဲ့အတွက် အစိုးရမှာ အလျော့ပေးဖို့ ပိုပြီး အခက်တွေ့သွားစေနိုင်ပါတယ်။ အတိုက်အခံမပါတဲ့အခြေအနေမှာ အစိုးရအနေနဲ့လည်း သူတို့ကိုပြည်သူက ယုံကြည်လာစေလိုမှုနဲ့ ပြည်သူ့ဆန္ဒကို လိုက်လျောမယ့်အခြေအနေ ရှိကောင်းရှိမှာပါ။

အတိုက်အခံဝင်ပါနေတဲ့ ကိစ္စတခုမှာ အစိုးရကအလျော့ပေးလိုက်လျောလိုက်တာနဲ့ ပြည်သူတွေအနေနဲ့ အတိုက်အခံပါတီက ၀င်ဖြေရှင်းပေးလို့ ဒီကိစ္စအနိုင်ရလိုက်တဲ့ဆိုတဲ့အသိဝင်သွားပြီး အတိုက်အခံကို ယုံကြည်ကိုးစားမှုအားကောင်းလာမယ်။ အစိုးရအနေနဲ့တော့ သူ့ကိုယ်သူသေတွင်းထဲပို့လိုက်တယ် ဆိုတာ ကြံ့ဖွတ်အစိုးရက မတွက်မိဘဲ နေမှာမဟုတ်ပါဘူး။ ဒါကြောင့် ပြည်သူနဲ့အစိုးရ အားပြိုင်မှုကို အတိုက်အခံက ကြားဝင်မယ်ဆိုရင် အတိုက်အခံနဲ့အစိုးရ အားပြိုင်မှုအသွင်ပြောင်းသွားပြီး ပြည်သူက မြေဇာပင်ပိုဖြစ်သွားနိုင်တယ်လို့ ထင်မိပါတယ်။

အတိုက်အခံဝင်မပါဘဲ ပြည်သူနဲ့အစိုးရ အားပြိုင်မှုအနေအထားမှာပဲ အစိုးရက ပြည်သူ့ဆန္ဒကို မလိုက်လျောခဲ့ရင် ဒီအစိုးရဟာ သူ့ဟာသူပဲ ပြည်သူရဲ့ယုံကြည်ကိုးစားမှု အားလျော့သထက်လျော့သွားနိုင်ပါတယ်။ အကယ်၍ အတိုက်အခံက ၀င်ပြီးဖြေရှင်းပေးပေမယ့် အစိုးရက ပြည်သူ့ဆန္ဒကို မလိုက်လျောခဲ့ရင် ပြည်သူတွေရဲ့စိတ်ထဲမှာ “ငါတို့ယုံကြည်ရကိုးစားရတဲ့ ခေါင်းဆောင်နဲ့ သူ့ပါတီတောင် လုပ်ပေးလို့မရပါဘူး” ဆိုတဲ့အတွေးနဲ့ စိတ်ပျက်အားလျော့မှု ၀င်လာပြီး အတိုက်အခံကိုပါ ယုံကြည်ကိုးစားမှု အနည်းနဲ့အများ လျော့နည်းသွားနိုင်ပါတယ်။

ဒါကြောင့် ပြဿနာတိုင်းမှာ အတိုက်အခံပါတီဟာ ကြားဝင်ဖြေရှင်းမယ်ဆိုခဲ့ရင် အစိုးရနဲ့ ရင်ဆိုင်နေရတဲ့ပြည်သူတွေအတွက်လည်း အကျိုးသိပ်မဖြစ်စေနိုင်ပါဘူး။ အတိုက်အခံပါတီကိုယ်တိုင်လည်း အကျိုးမဲ့စေနိုင်ပါတယ်လို့ သုံးသပ်မိပါတယ်။

ဒါဖြင့် အတိုက်အခံ NLD က ဘာမှမလုပ်ဘဲ ဒီတိုင်းထိုင်ကြည့်နေတော့မှာလားလို့ မေးစရာရှိပါတယ်။ မေးသင့်တဲ့မေးခွန်းပဲလို့ ထင်ပါတယ်။ ပြဿနာတခုကို ၀င်ဖြေရှင်းမယ်ဆိုရင် လုပ်ပိုင်ခွင့်ဘယ်လောက်ရှိလဲဆိုတာကို ပြန်စဉ်စားရမှာပါ။ အတိုက်အခံ NLD ဟာ နိုင်ငံရေးပိုင်းအရ အကောင်အထည်ဖော်နိုင်မှု အားနည်းနေပါသေးတယ်။ ဒါကိုလည်း ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က လုပ်ပိုင်ခွင့်မရှိသေးကြောင်း၊ အာဏာရမှလုပ်နိုင်မှာဖြစ်ကြောင်း ၀န်ခံပြောကြားထားပါတယ်။ အဆုံးအဖြတ်ပေးနိုင်တဲ့လွှတ်တော်ထဲမှာလည်း NLD ဟာ မဆိုစလောက်နေရာလေးသာ ရထားသေးတဲ့အတွက် အဓိကပြဿနာတွေမှာ ကြံ့ဖွတ်အစိုးရနဲ့ ယှဉ်ပြိုင်ပြောနိုင်တဲ့အင်အား နည်းနေပါသေးတယ်။ ဒါပေမယ့် ပြဿနာတွေတိုင်းမှာ လူမှုရေးအဖွဲ့အသွင်နဲ့ ရှိနေကြတဲ့ အဖွဲ့အစည်းတွေ၊ ကွန်ယက်တွေက နည်းလမ်းပေါင်းစုံနဲ့ ၀ိုင်းဝန်းကူညီနေကြပြီး ပြည်သူဖက်က ရပ်တည်ပေးနေကြပါတယ်။ မြင်အောင်ကြည့်မယ်ဆိုရင် ဒီအဖွဲ့အစည်းတွေက အစိုးရရဲ့အားလား၊ အတိုက်အခံရဲ့အားလား ဆိုတာ သိနိုင်မယ်ထင်ပါတယ်။

အတိုက်အခံ NLD အနေနဲ့လည်း လက်ရှိလုပ်နိုင်တဲ့အခြေအနေ အနေအထားအရ လူမှုရေး၊ ပညာရေး၊ စီးပွားရေးပိုင်းတွေကို တရှိန်ထိုး အကောင်အထည်ဖော်ဆောင်ရွက်နေပြီး နိုင်ငံရေးအရ ပြည်သူကိုအလုပ်အကျွေးပြုနိုင်ဖို့ အကောင်အထည်ဖော်ကြိုးစားနေတယ်လို့ တွေးမိပါတယ်။

(စာရေးသူရဲ့ လူပြိန်းအတွေးသာ ဖြစ်ပါတယ်။ မည်သူမဆို လွတ်လပ်စွာ သဘောကွဲလွဲနိုင်ပါတယ်။)

မောင်ပါလ
၀၃.၀၂.၂၀၁၃

အပြည့်အစုံသို့.....

ပြည်သူများအသက်အန္တရာယ်ဖြစ်စေနိုင်မည့် မြန်မာ့မီးရထားဝန်ထမ်းတချို့၏ အကျင့်ပျက်ခြစားမှု

>> Thursday, January 10, 2013


(ယခုအကြောင်းအရာသည် နေ့စဉ်ထုတ်သတင်းစားများတွင် မကြာခဏတွေ့ရလေ့ရှိသည့် မြန်မာ့မီးရထားမှ တင်ဒါခေါ်ယူခြင်းနှင့်ပတ်သတ်၍ စီးပွားရေးလုပ်ငန်းရှင်များနှင့် မြန်မာ့မီးရထားစက်ခေါင်းနှင့် တွဲပြင်စက်ရုံများမှ ၀န်ထမ်းအင်ဂျင်နီယာတချို့ပူးပေါင်းပြီး အကျင့်ပျက်ခြစားပုံကို ရေးသားထားခြင်းဖြစ်သည်)

ပထမဆုံးအနေနဲ့ တင်ဒါ (Tender) ခေါ်တယ်ဆိုတာကို နည်းနည်းရှင်းပြချင်ပါတယ်။ သိပြီးသူများလည်း ရှိကြမှာဖြစ်ပေမယ့် တင်ဒါခေါ်တယ်ဆိုတာကို နားမလည်ရင် ခုရေးတဲ့အကြောင်းအရာကို မရှင်းမှာစိုးလို့ပါ။ အစိုးရစက်ရုံတရုံက 1,2,3 ဆိုတဲ့ပစ္စည်းတွေဝယ်ဖို့လိုအပ်လာရင် အပြင်စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ ဘယ်ကုမ္ပဏီက ဒီလိုအပ်တဲ့ပစ္စည်းကို ဈေးဘယ်လောက်နဲ့သွင်းနိုင်မလဲဆိုပြီး ကြေငြာခေါ်ယူပါတယ်။ ဒါကို A,B,C,D နဲ့ E ကုမ္ပဏီတွေက ၀င်လျှောက်ကြမယ်ဆိုပါစို့။ A ကဒီပစ္စည်းသုံးမျိုးလုံးကို အနည်းဆုံးဈေးနဲ့သွင်းပေးနိုင်ရင် တင်ဒါအောင်ပြီး A ကုမ္ပဏီတခုတည်းကပဲ သွင်းခွင့်ရပါတယ်။ အကယ်၍ B က 3 ကိုဈေးအနည်းဆုံးနဲ့သွင်းနိုင်တယ်။ D က 1၊ E က 2 ကိုဈေးအနိမ့်ဆုံးနဲ့ သွင်းနိုင်တယ်ဆိုရင် ကုမ္ပဏီသုံးခုက ပစ္စည်းတမျိုးချင်းစီကို သွင်းခွင့်ရမှာဖြစ်ပါတယ်။ ဈေးအနည်းဆုံးတူညီနေတယ်ဆိုရင် ပစ္စည်းအရည်အသွေးပိုကောင်းစွာ သွင်းနိုင်တဲ့သူက တင်ဒါအောင်မှာဖြစ်ပါတယ်။ ဆိုလိုရင်းကတော့ တင်ဒါခေါ်တယ်ဆိုတာ အနိမ့်ဆုံးဈေးနဲ့ ပစ္စည်းကောင်းကောင်းလိုချင်တာပါပဲ။

မြန်မာ့မီးရထားကလည်း တနိုင်ငံလုံးအတိုင်းအတာနဲ့ ပြေးဆွဲနေတဲ့ရထားတွေအတွက် ပစ္စည်းလိုအပ်တဲ့အခါမှာ စီးပွားရေးလုပ်ငန်းရှင်တွေကို သတင်းစာကနေတဆင့် တင်ဒါခေါ်ယူပါတယ်။ တင်ဒါဝင်ပြိုင်မယ့် လုပ်ငန်းရှင်တွေက သိမ်ဖြူလမ်းက ပို့ဆောင်ရေးဝန်ကြီးဌာန (မြန်မာ့မီးရထား) မှာသွားပြီး တင်ဒါတစောင်ကို ၅၀၀၀ (သို့) ၆၀၀၀ ကျပ်နဲ့ဝယ်ယူရပါတယ်။ ပြီးရင် မိမိသွင်းလိုတဲ့ပစ္စည်းတန်ဖိုးရဲ့ ၁% ကို တင်ဒါအာမခံထားရှိငွေ (Bid Bond) အဖြစ် မြန်မာ့စီးပွားရေးဘဏ်ခွဲ (၂) မှာ ပေးသွင်းရပါတယ်။ တင်ဒါမှာပါတဲ့ ဘယ်ပစ္စည်းကို မိမိက ဈေးဘယ်လောက်နဲ့သွင်းနိုင်ပါတယ်ဆိုတာ စာရင်းလုပ်ချိတ်ပိတ်ပြီး တင်ဒါအာမခံထားရှိထားတဲ့ ချက်မူရင်း Payment Order Cheque (POC) နဲ့အတူ မီးရထားဌာနကို တင်ပြရပါတယ်။ အဲဒီနောက် တာဝန်ရှိသူများက ပစ္စည်းသွင်းမယ့်ကုမ္ပဏီတွေကို နေပြည်တော်ကိုခေါ်၊ ဈေးထပ်ဆစ်ပြီးနောက်ဆုံး အနည်းဆုံးဈေးနဲ့ သွင်းတဲ့ကုမ္ပဏီက တင်ဒါပါပစ္စည်းတွေကို ပေးသွင်းခွင့်ရရှိပါတယ်။ (ဒါတွေဟာ ခုအကြောင်းအရာရဲ့ အဓိကဆိုလိုရင်းမဟုတ်ဘဲ ဆက်နွယ်နေတဲ့ Process သာဖြစ်ပါတယ်။ ဒါကိုအတိုချုပ်ဖော်ပြရတာကတော့ Process အမှန်ကိုဖော်ပြနိုင်ပြီး အကြောင်းအရာကို ခိုင်လုံစေချင်တဲ့ရည်ရွယ်ချက်ပါ။)

မြန်မာ့မီးရထားက တင်ဒါခေါ်တဲ့ပစ္စည်းတွေထဲက အလိုအပ်ဆုံးနဲ့ အသုံးအများဆုံး Ball Bearing (ရထားများတွင်အသုံးပြုသောဘောလ်) ပစ္စည်းကိုအဓိကထားပြီး ဖော်ပြပါမယ်။ တခြားပစ္စည်းတွေအားလုံးဟာလည်း Ball Bearing နဲ့ လုပ်နည်းလုပ်ဟန်တူတူပါပဲ။ Ball Bearing တွေကို ဂျပန်၊ ဂျာမဏီနိုင်ငံတွေက ထုတ်လုပ်ဖြန့်ချိတာများပါတယ်။ SKF (Germany), FAG (Germany), NSK (Japan) နဲ့ NTN (Japan) စတဲ့ တံဆိပ်တွေဟာ နာမည်ကြီးပါတယ်။ အဲဒီနိုင်ငံတွေကထုတ်တဲ့ Ball Bearing တွေဟာ တန်ဖိုးကြီးမားပြီး အရည်အသွေးကောင်းပါတယ်။

Ball Bearing တွေကို အဲဒီတံဆပ်တွေအတိုင်း တရုတ်နိုင်ငံက ပုံစံတူအတုလုပ်ပါတယ်။ တရုတ်ကထုတ်တဲ့ ပုံစံတူအတုတွေကို ဘုရင့်နောင်ပွဲရုံတန်းကဆိုင်တွေမှာလည်း ရနိုင်ပါတယ်။ အပြင်ပန်းအားဖြင့်ကြည့်ရင် အတုအစစ်မခွဲခြားနိုင်ပါဘူး။ အရည်အသွေးအားဖြင့် သုံးနေတုန်းပျက်စီးသွားမှသာ အတုမှန်းသိစေနိုင်လောက်ကို ပုံစံတူပါတယ်။ တရုတ်ကထုတ်တဲ့ Ball Bearing အတုတွေဟာ ဈေးနှုန်းအားဖြင့် အစစ်ဈေးနှုန်းထက် ဆယ်ဆကျော်လောက် လျော့နည်းပါတယ်။

ဈေးအနိမ့်ဆုံးနဲ့ ပစ္စည်းကောင်းကောင်းရချင်တယ်ဆိုတဲ့ တင်ဒါသဘောတရားနဲ့ ဆက်စပ်ဖော်ပြပါမယ်။ ဒီ Ball Bearing ကို ပစ္စည်းအမှန် ဈေးနှုန်းအမှန်နဲ့သွင်းမယ်၊ ပစ္စည်းကအတု ဈေးနှုန်းကအစစ်ဈေးနဲ့သွင်းမယ်၊ ပစ္စည်းအတု ဈေးနှုန်းအတုနဲ့သွင်းမယ်ဆိုတဲ့ ကုမ္ပဏီတွေကွဲသွားပါလိမ့်မယ်။ တင်ဒါသဘောအရ အနိမ့်ဆုံးဈေးနဲ့မှ တင်ဒါအောင်မယ်ဆိုရင် ပစ္စည်းဘယ်လောက်မှန်မှန် ဘယ်လောက်ကောင်းကောင်း အစစ်ဈေးနှုန်းနဲ့သွင်းတဲ့သူဟာ လုံးဝ(လုံးဝ)ကို တင်ဒါမအောင်တော့ပါဘူး။ အတုဈေးနှုန်းနဲ့သွင်းနဲ့ကုမ္ပဏီတွေသာ ကျိန်းသေတင်ဒါအောင်မှာပါ။ ဒါတောင် အတုဈေးနှုန်းအပေါ် နည်းနိုင်သမျှနည်းအောင် ဈေးချနိုင်တဲ့သူပဲ သွင်းခွင့်ရမှာပါ။ တင်ဒါနိုင်တဲ့သူက Ball Bearing တွေကို အင်းစိန်၊ ရွာထောင်၊ မြစ်ငယ် စတဲ့မြို့များမှာရှိတဲ့ မီးရထားစက်ခေါင်းနဲ့တွဲပြင်စက်ရုံတွေကို သွင်းပေးရမှာပါ။

တံဆိပ်တွေအားဖြင့် ဂျပန်၊ ဂျာမဏီထုတ်တွေဖြစ်ပြီး အမှန်တကယ်အားဖြင့် တရုတ်ကထုတ်တဲ့ပစ္စည်းအတုတွေကို ပို့ဆောင်ရေးဝန်ကြီးဌာန (မြန်မာ့မီးရထား) က လက်ခံမှာမဟုတ်ပါဘူး။ အတုဈေးနှုန်းနဲ့ တင်ဒါအောင်ထားတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေကလည်း ပစ္စည်းအစစ်တွေဝယ် အရှုံးခံပြီးသွင်းမှာ မဟုတ်ပါဘူး။

ဒါဖြင့် ဘယ်လိုသွင်းကြမလဲ။ ရှင်းပါတယ်။ ပစ္စည်းသွင်းရမယ့် မီးရထားစက်ခေါင်းနဲ့ တွဲပြင်စက်ရုံတွေက user အင်ဂျင်နီယာတွေနဲ့ ပူးပေါင်းညှိနှိုင်းလိုက်ပါတယ်။ အင်ဂျင်နီယာတွေဟာ အမြင်အားဖြင့် အတုအစစ်ခွဲခြားနိုင်သလို ဈေးနှုန်းအားဖြင့်လည်း အတုအစစ်ဆိုတာ သိနေကြပါတယ်။ ဒီတော့ အင်ဂျင်နီယာနဲ့ ပစ္စည်းစစ်မယ့် တာဝန်ရှိသူတွေကို လာဘ်ထိုးလိုက်ပါတယ်။ အင်ဂျင်နီယာတွေနဲ့ညှိပြီး သွင်းတဲ့ပစ္စည်းဟာ အသုံးပြုလို့ရနိုင်ကြောင်း၊ စံချိန်စံညွှန်းကိုက်ညီကြောင်း၊ ပစ္စည်းအစစ်ဖြစ်ကြောင်း ထောက်ခံချက်ရယူပါတယ်။ အဲဒီလို ထောက်ခံချက်ရမှသာ ဒီပစ္စည်းကို ပေးသွင်းနိုင်မှာဖြစ်ပါတယ်။

အဲဒီလိုလာဘ်ပေး လာဘ်ယူလုပ်ပြီး သွင်းလိုက်တဲ့ပစ္စည်းအတုတွေကို တနိုင်ငံလုံးမှာ ပြေးဆွဲခုတ်မောင်းနေတဲ့ မီးရထားတွေမှာ တပ်ဆင်အသုံးပြုပါတယ်။ စက်ရုံတွင်းသုံးစက်တခုမှာ အတုပစ္စည်းထည့်သုံးပြီး ပျက်သွားရင် စက်ရပ်သွားရုံပဲ ရှိမှာပါ။ အရည်အသွေး စံချိန်စံညွှန်းလုံးဝမရှိတဲ့ တရုတ်ထုတ်ပစ္စည်းအတုတွေကို တပ်ဆင်အသုံးပြုနေတဲ့ မီးရထားတွေဟာ ခုတ်မောင်းနေတုန်း အတုပစ္စည်းတွေက ချို့ယွင်းပျက်စီးခဲ့ရင် ပြည်သူတွေရဲ့ အသက်အန္တရာယ်မြောက်များစွာ ပျက်စီးဆုံးရှုံးရမှာဖြစ်ပါတယ်။ စီးပွားရေးလုပ်ငန်းရှင်များရော မြန်မာ့မီးရထားဝန်ထမ်းများပါ လုံးဝမလုပ်သင့် မလုပ်အပ်တဲ့အရာပါ။ နိုင်ငံတော်အစိုးရအနေနဲ့လည်း ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းသင့်ပါတယ်။

ဒီနေရာမှာပြောစရာတခု ရှိပါတယ်။
၁) နိုင်ငံတော်အစိုးရက သက်ဆိုင်ရာပို့ဆောင်ရေးဝန်ကြီးဌာနကတဆင့် လိုအပ်တဲ့ပစ္စည်းအမှန်တွေဝယ်ယူဖို့ ဘတ်ဂျက်ကို လုံလုံလောက်လောက်ချပေးထားတယ်။
၂) နိုင်ငံတော်အစိုးရကိုယ်တိုင်က အတုဈေးနှုန်းအတိုင်းပဲ ဘတ်ဂျက်ချပေးတယ်။
ဆိုပြီး နှစ်မျိုးရှိနိုင်ပါတယ်။

ဒီလို ပြည်သူတွေရဲ့ အသက်အန္တရယ်ထိခိုက်စေမယ့် ခြစားမှုဟာ အနိမ့်ဈေးနဲ့ ပစ္စည်းကောင်းလိုချင်တဲ့ တင်ဒါ (Tender) ဆိုတာကြီးမှာ အခြေခံကျမယ်ထင်ပါတယ်။ အနိမ့်ဈေးနဲ့ ပစ္စည်းကောင်းလိုချင်လွန်းတဲ့ နိုင်ငံတော်မူဝါဒကပဲ ဒီအကျင့်ပျက်ခြစားမှုကြီး ဖြစ်ပေါ်လာဖို့ ဖန်တီးပေးနေသလို ဖြစ်နေပါတယ်။ နိုင်ငံတော်အစိုးရကိုယ်တိုင်က အတုဈေးအတိုင်း ဘတ်ဂျက်ချပေးတယ်ဆိုရင်တော့ အမှန်တကယ်လိုအပ်တဲ့နေရာမှာ နိုင်ငံတော်ဘဏ္ဍာကို ခြိုးခြံချွေတာတယ်ဆိုတဲ့စကားနဲ့ ထိန်းသိမ်းမထားသင့်ပါဘူး။ အကယ်၍ အစိုးရက သက်ဆိုင်တဲ့ဌာနကို ဘတ်ဂျက်လုံလုံလောက်လောက်ချပေးထားပါတယ်ဆိုရင် ဒီအကျင့်ပျက်ခြစားမှုမှာ ပါဝင်ပတ်သတ်နေတဲ့ သက်ဆိုင်သူများအားလုံးကို ရှာဖွေဖော်ထုတ်ပြီး တိတိကျကျ အရေးယူဆောင်ရွက်သင့်ပါတယ်။

ပြည်သူများဘေးမသီရန်မခ စိုးရိမ်ကြောင့်ကြကင်းစွာ ခရီးသွားလာနိုင်ရေးအတွက် တပြည်လုံးအတိုင်းအတာနဲ့ ပြေးဆွဲခုတ်မောင်းနေတဲ့ မြန်မာ့မီးရထားတွေမှာ တပ်ဆင်အသုံးပြုရမယ့် ပစ္စည်းအမှန်တွေကိုလည်း နိုင်ငံတော်အစိုးရအနေဖြင့် သက်ဆိုင်ရာကုမ္ပဏီတွေကနေပြီး ဈေးနှုန်းအမှန် ပစ္စည်းအမှန်နဲ့ တိုက်ရိုက်မှာယူတင်သွင်းပါက ယခုကဲ့သို့သော အကျင့်ပျက်ခြစားမှု ပျောက်ကွယ်သွားမှာဖြစ်တယ်လို့ ထင်မြင်ယူဆမိပါတယ်။ နိုင်ငံတော်အစိုးရအနေနဲ့လည်း အနိမ့်ဈေးနဲ့ ပစ္စည်းကောင်းကိုလိုက်ရှာနေတဲ့ တလွဲဆံပင်ကောင်း အစိုးရအဖြစ်မရပ်တည်ဘဲ ပြည်သူ့ဘဏ္ဍာကို ပြည်သူများအတွက် မှန်မှန်ကန်ကန်အသုံးပြုနိုင်ပါရန် ရည်ရွယ်ချက်ဖြင့် ရေးသားတင်ပြရခြင်း ဖြစ်ပါတယ်။

မောင်ပါလ
၁၀.၀၁.၂၀၁၃

အပြည့်အစုံသို့.....

နေရာအထားမှားလေတော့........

>> Sunday, January 6, 2013


မြန်မာပြည်ပြန်ရောက်ပြီးနောက်ပိုင်း သူငယ်ချင်းတယောက်အလုပ်ကို ၀ိုင်းကူလုပ်ပေးရင်းနှင့် မြန်မာစီးပွားရေးကော်ပိုရေးရှင်း (Myanmar Economic Corporation-MEC) နှင့်တကွ ၄င်း၏လက်အောက်ခံ စက်ရုံများသို့ ရောက်ဖြစ်ခဲ့သည်။ MEC ရုံးချုပ်တွင်းမှအစ စက်ရုံများအားလုံးမှာ တပ်မတော်မှထိပ်ပိုင်းအရာရှိကြီးများ၊ ဗိုလ်ကြီး၊ ဗိုလ်လတ်၊ ဗိုလ်ငယ်၊ ဗိုလ်ဘုစုခရုတို့ဖြင့်ဖွဲ့စည်းထားပြီး ယခင်စစ်အာဏာရှင်တို့၏ အုပ်ချုပ်ပုံယန္တရားအတိုင်း လည်ပတ်နေဆဲဖြစ်သည်။

ထိုသို့သူငယ်ချင်းအားဝိုင်းလုပ်ပေးရင်းဖြင့် တနေ့ နယ်မြို့တမြို့မှ တပ်မတော်စက်ရုံတရုံသို့ ရောက်သွားခဲ့သည်။ စက်ရုံတွင်လုပ်ရန်လိုအပ်သည်များကို လုပ်ပြီးနောက် ၀န်ထမ်းတဦးမှ စက်ရုံမှူး (ဗိုလ်မှူးကြီး) မှ ခဏတွေ့ချင်ပါသည်ဟု ပြောလာသဖြင့် စက်ရုံမှူးနှင့်တွေ့ရန် ခဏစောင့်နေရသည်။

စက်ရုံမှူးရုံးခန်းတွင်းရောက်သွားသည့်အခါ အသက် ၆၀ နီးပါးအရွယ် ရည်ရည်မွန်မွန်နှင့် ပွင့်လင်းဖော်ရွှေပုံရသော စက်ရုံမှူးကို (အငြိမ်းစားဗိုလ်မှူးကြီး ဟုထင်ရသည်) တွေ့ရသည်။ သူကပင်စ၍ ဘယ်ကုမ္ပဏီကလဲ၊ ဘာရာထူးနဲ့လုပ်နေတာလဲ၊ အဆင်ပြေမပြေ စသည့် အလ္လာပသလ္လာပ စကားတို့ဖြင့် မေးမြန်းပြောဆိုပြီးနောက် ယနေ့မြန်မာနိုင်ငံသည် ယခင်ကနှင့်မတူဘဲ တိုးတက်ပြောင်းလဲလာပုံကို ရွှန်းရွှန်းဝေအောင် ပြောဆိုနေပါတော့သည်။ ကျနော်လည်း အလိုက်သင့်အလျားသင့် ပြန်လည်ပြောဆိုနေချိန်တွင် သူက “တပ်မတော်စစ်သားများအပေါ် ပြည်သူတယောက်အနေဖြင့် ဘယ်လိုအမြင်ရှိသလဲ” ဟု ဗြုန်းကနဲ ကောက်ခါငင်ခါ မေးလာခဲ့သည်။

ဤနေရာတွင် ကျနော်၏၀တ်ထားပုံကို ကြားဖြတ်ဖော်ပြလိုသည်။ ကျနော်ကအမြဲတမ်းလိုလို ဂျင်းဘောင်ဘီနှင့် စပို့ရှပ် (သို့) ရှပ်လက်တိုနှင့် လျှောက်သွားနေလေ့ရှိသည်။ ရှမ်းလွယ်အိတ်ပင်နီရောင်ကို ခပ်တိုတိုထုံးထားပြီး ဘေးတွင်လွယ်ထားလေ့ရှိသည်။ ထိုပင်နီရောင်လွယ်အိတ်ကြောင့်ပင် ထိုစကားမျိုးမေးသည်ဟု ထင်ရပါသည်။

“ကျနော်ပွင့်ပွင့်လင်းလင်း ပြောလို့ရနိုင်မလားခင်ဗျာ” ဟု စကားပလ္လင်ခံ၍ အရင်ပြန်မေးရသည်။

“ဟာ ရပါတယ်။ ပြောပါ ပြောပါ”

“တပ်မတော်နဲ့ တပ်မတော်သားဆိုတာ တိုင်းပြည်တပြည်မှာ မရှိမဖြစ်လိုအပ်ပြီး တန်ဖိုးမဖြတ်နိုင်တဲ့ ရတနာတပါးပါ။ ဒါပေမယ့်………..”

“အင်း………..”

သူ့ဆီမှ အင်းအရှည်ကြီးဆွဲသံကိုကြားရသည်။ ကျနော်လည်း စကားခဏဖြတ်ထားပြီးမှ မထူးဇာတ်ခင်းကာ

“အန်ကယ်တို့ ယူနီဖောင်းအပြည့်အစုံမှာ ဦးထုပ်လည်းပါတယ်ထင်ပါတယ်။ အဲဒီ့ဦးထုပ်ကို ဦးထုပ်ထားတဲ့နေရာမှာမထားဘဲ ဖိနပ်စင်ပေါ်မှာ တင်ထားရင် ကြည့်လို့မြင်လို့ တော်ပါ့မလားခင်ဗျာ။”

ပြန်ပြောသံမကြားရ။

“တပ်မတော်ဆိုတာ နိုင်ငံရဲ့ရန်မှန်သမျှကို ကာကွယ်စောင့်ရှောက်ဖို့၊ ပြည်သူရဲ့အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်တဲ့ အဖွဲ့အစည်းလို့ ကျနော်မြင်သလို တပ်မတော်သားစစ်သားတွေရဲ့ စစ်ထဲဝင်ချင်တဲ့ ရည်ရွယ်ချက်ကလည်း ဒီလိုပဲလို့ ကျနော်မြင်ပါတယ်။ စီးပွားရေးလုပ်ဖို့၊ နိုင်ငံရေးလုပ်ဖို့ စစ်ထဲဝင်ကြတာမဟုတ်ဘူးလို့ ကျနော်ထင်ပါတယ်။

ဒါပေမယ့် ခုအစိုးရလက်ထက်မှာ တပ်မတော်က တိုင်းပြည်ရဲ့စီးပွားရေးတွေကို ချုပ်ကိုင်ချယ်လှယ်နေတာ၊ ခုနအန်ကယ်ပြောတဲ့ တိုးတက်လာပါပြီဆိုတဲ့ ကျနော်တို့တိုင်းပြည်ရဲ့ လွှတ်တော်ထဲမှာ တပ်မတော်သားတွေဟာ ယူနီဖောင်းတွေတကားကားနဲ့ နိုင်ငံရေးပိုင်းမှာ ပါဝင်နေတာတွေဟာ အမြင်မတော် ဆင်တော်နဲ့ခလောက်လို ဖြစ်နေပါတယ်။

ကျနော်စကားအမှားပါရင် ခွင့်လွှတ်ပါအန်ကယ်။ လက်ရှိကျနော်တို့နိုင်ငံရဲ့ တပ်မတော်ဟာ အုပ်ချုပ်သူတစုရဲ့ နေရာအထားအသိုလွဲမှားနေတဲ့အတွက် အမြတ်တနိုးနဲ့လေးလေးစားစားရှိရမယ့် ဦးထုပ်ကို ဖိနပ်စင်ပေါ်တင်ထားသလို အကြည့်ရအရမ်းဆိုးနေပါသေးတယ် အန်ကယ်”

ကျနော်ရပ်လိုက်သည်။ ဆက်မပြောတော့။ ခဏကြာတော့မှ သူ့ဆီမှစကားတခွန်းထွက်လာသည်။

“အန်ကယ်တို့ကလည်း အထက်အမိန့်အရ ထားရာနေစေရာသွားပါကွာ”

ထို့နောက်တွင်တော့ ကျနော်တို့ စကားလမ်းကြောင်းပြောင်းသွားကြသည်။ သူကလည်း လူကြီးတယောက်မှ ဆုံးမသည့်အနေဖြင့် အလုပ်ကိုကြိုးကြိုးစားစား၊ ရိုးရိုးသားသားလုပ်ရန် စကားများကိုသာပြောဆိုပြီး ခဏအကြာ ကျနော်လည်း ရန်ကုန်ပြန်ရန် ကားလက်မှတ်အချိန်မီဝယ်ရမည်ဖြစ်သောကြောင့် နှုတ်ဆက်ထွက်လာခဲ့တော့သည်။

မောင်ပါလ
၀၆.၀၁.၂၀၁၃

အပြည့်အစုံသို့.....

MPT မှ ဂုတ်သွေးစုပ်ခရိုနီကြီးများခင်ဗျား....။

>> Saturday, January 5, 2013


MPT မှ ဂုတ်သွေးစုပ်ခရိုနီကြီးများခင်ဗျား....။

ဖုန်းကဒ်တွေကိုပဲ မတန်တဆဈေးတွေနဲ့ နင်းကန်ရောင်းမနေပါနဲ့အုံး။ services အတွက် အမှန်တကယ်လိုအပ်နေတဲ့ နည်းပညာပိုင်းဆိုင်ရာ အားနည်းချက်တွေကိုလည်း ၀န်ဆောင်မှုအပြည့်ပေးနိုင်အောင် ကြိုးစားပေးပါအုံး။

၁) ဖုန်းပိတ်ထားတဲ့အချိန် (သို့) ဆက်သွယ်မှုဧရိယာပြင်ပရောက်နေတဲ့အချိန်တွေမှာ ၀င်ထားတဲ့အ၀င်ကော (Incoming call) တွေကို ဖုန်းပြန်ဖွင့်တဲ့အချိန်နဲ့ ဖုန်းလိုင်းမိတဲ့အချိန်တွေမှာ notification အနေနဲ့ ပြန်ကြည့်လို့ရနိုင်တဲ့ ၀န်ဆောင်မှု။ (များသောအားဖြင့် ရန်ကုန်ကျော်ရင် လိုင်းမမိတာက များနေတဲ့အတွက် အမှန်တကယ်လိုအပ်ပါတယ်)

၂) ဖုန်းပြောနေတဲ့အချိန်မှာ ၀င်လာတဲ့ Incoming call တွေကို Second call အနေနဲ့ လက်ခံပြောဆိုလို့ရနိုင်တဲ့ (Call waiting) ၀န်ဆောင်မှု။ ဒါမှမဟုတ် ဖုန်းပြောနေတဲ့အချိန်မှာ ၀င်လာတဲ့ Incoming call တွေကို ဖုန်းပြောပြီးတဲ့အချိန်မှာ miss call အနေနဲ့ notification ပြန်လုပ်ပေးတဲ့ ၀န်ဆောင်မှု။

၃) message ပို့ရင် delivery report ကို on ထားတဲ့အခါမှာ တဖက်လူက လက်ခံရရ/မရရ၊ ဖုန်းပိတ်ထားရင်တောင်မှ ပေးပို့ပြီးပါပြီ (delivered) လို့ လိမ်ညာဖြေကြားမှု။ (နိုင်ငံတကာမှာ အရေးကြီးအကြောင်းအရာတွေကို short message အသုံးပြုပြီးပို့ကြသလို တဖက်လူကကျိန်းသေလက်ခံရရှိတယ်ဆိုတာကို ဖုန်းထဲက delivery report ကိုကြည့်ပြီး အမှတ်အသားပြုကြပါတယ်။ ဖုန်းပိတ်ထားရင် (သို့) ဆက်သွယ်မှုဧရိယာပြင်ပရောက်နေရင် Pending လို့ သာ notification ပြပြီး ဖုန်းဖွင့်ပြီး message ကိုဖတ်တဲ့အချိန်မှ delivered ဆိုတဲ့ delivery report ကို ပြပါတယ်။ )

၎) message ပို့လိုက်တဲ့အခါမှာ ပို့တဲ့ဖုန်းထဲကထွက်သွားပြီး ပိုက်ဆံဖြတ်သွားပေမယ့် တဖက်လက်ခံတဲ့ဖုန်းထဲကို မရောက်ရှိဘဲ လမ်းမှာတင်ပျောက်ပြီး ပိုက်ဆံလိမ်လည်ဖြတ်တောက်မှု။

၅) တခါတရံ မနက်ကပို့တဲ့ message ဟာ ညနေမှ လက်ခံတဲ့ဖုန်းထဲကို ၀င်ရောက်လာမှု။ (အရေးကြီးတဲ့အကြောင်းအရာကို message အနေနဲ့ပို့ရင် ဘယ်အချိန်ကပို့ပါတယ်ဆိုပြီး ပို့တဲ့အချိန်ပါထည့်ထည့်ရေးပေးနေရပါတယ်။)


အထက်ပါဝန်ဆောင်မှုတွေကို နိုင်ငံတကာမှာ ကလေးမုန့်ဖိုးလောက်နဲ့ ၀ယ်လို့ရနိုင်တဲ့ ဖုန်းဆင်းကဒ်တခုဝယ်သုံးရင် ပိုက်ဆံထပ်မပေးရဘဲ ၀န်ဆောင်ပေးနေပါတယ်။ နိုင်ငံတကာစံနှုန်းနှင့်အညီ လို့ တွင်တွင်ဆိုနေကြသူများ ဒါလေးတွေကိုလည်း နိုင်ငံတကာစံနှုန်းညီအောင် ကြိုးစားပေးကြပါအုံး။

မောင်ပါလ

အပြည့်အစုံသို့.....

အသားထဲကလောက်ထွက်သော ပြည်ပရှိ မြန်မာမီဒီယာများ

>> Monday, June 11, 2012

ကျုပ် သတင်းစာသမားဘ၀က သတင်းစာတွေကို "ပြည်သူတို့၏ စကားပြန်" ရယ်လို့ ကင်ပွန်းတပ်ခဲ့ဖူးတယ်။ ပြည်သူအများ ခံစားနေရတာတွေ၊ ပြည်သူအများ လိုလားနေကြတာတွေ၊ ပြည်သူအများ ဆန္ဒဖော်ထုတ်နေကြတာတွေကို သတင်းစာတွေက စကားပြန်ပေးနေကြတယ်လို့ ဆိုလိုတာပါ ဟု ဟံသာဝတီ ဦးဝင်းတင်က ပြောကြားခဲ့သည်။

"သတင်းစာဆရာဆိုတာ သတင်းစာပညာကို အမှန်တကယ်တတ်ကျွမ်းပြီး သတင်းစာဆရာတယောက်ရှိရမယ့် ကိုယ်ကျင့်တရားတွေ ပြည့်စုံစွာနဲ့ ဒီပညာနဲ့ အသက်မွေးဝမ်းကျောင်းပြုပြီး ပြည်သူကိုအကျိုးပြုမယ်ဆိုရင် သူတို့ဟာ လူ့ဗြဟ္မာကြီးတွေပါ။" ဟု ၀ါရင်သတင်းစာသမားကြီးများကလည်း မှတ်ချက်ပြုခဲ့သည်။

သို့သော် မြန်မာပြည်တွင် ဖြစ်ပေါ်လျှက်ရှိသော ဘင်္ဂါလီကုလားများ ရခိုင်တိုင်းရင်းသားများမြေပေါ်တွင် အကြမ်းဖက်ကျူးကျော်မှုနှင့်ပတ်သတ်၍..........

ပြည်ပမီဒီယာများသည် သတင်းစာကျင့်ဝတ်ကိုဖောက်ဖျက်ကာ ၀ါရင့်သတင်းစာဆရာကြီးများ၏စကားကို ဖောက်လွဲဖောက်ပြန်ပြုကြလေပြီ။


ပြည်ပရှိ မြန်မာမီဒီယာများသည် မြန်မာတိုင်းရင်းသားအပေါင်းတို့၏ ဆန္ဒသဘောထားနှင့်ဆန့်ကျင်ကာ တိုင်းပြည်နှင့်လူမျိုးအပေါ် သစ္စာဖောက်လျက်ရှိလေပြီ။


ပြည်ပမီဒီယာများသည် ဒေါ်လာမျက်နှာတခုတည်းကြည့်ကာ မြန်မာပြည်ကို အိုးမည်းသုတ်လျက် ရှိကြလေပြီ။


ပြည်ပမီဒီယာများသည် ဘင်္ဂါလီကုလားကို အဖေခေါ် အမေကျော်ဒွေးတော်လွမ်းကြလေပြီ။

မောင်ပါလ
၁၁.၆.၂၀၁၂

အပြည့်အစုံသို့.....

သွေးချင်းတို့ရဲ့ ဇာတိမာန်

>> Saturday, June 9, 2012

“သွေးချင်းတို့ရဲ့ ဇာတိမာန်”

ဒို့ရေကိုသောက် သူခြိမ်းခြောက်၏။

ဒို့ဆန်ကိုစား သူစော်ကား၏။

ဒို့မြေကိုလှန် သူမာန်တက်၏။

ဒို့အရိပ်ကိုခို လူကိုမျို၏။

ဖော်ရွှေပွင့်လင်း၊ ညီညွတ်ခြင်းနှင့်
စေတနာထား၊ မာန်မပွားလည်း
ဒင်းတို့မတန်၊ ခြေစုံကန်၏။

ညီနောင်သားချင်း၊ သွေးနှင့်ရင်းသည့်
အထိကရုဏ်း၊ နှလုံးသားထိ
ပူဆွေးလောင်မြိုက်၊ အသည်းခိုက်နာ
ငါတို့အမျက်၊ ရင်ထဲဝှက်သို
တားဆီးလိုလည်း.......

ညီနောင်အရေး၊ ဒို့အရေးမို့
ဝံသာနုမာန်၊ လှိုက်လှိုက်လျှံတက်
စော်ကားရန်စ၊ မြူမှုန်မျှလည်း
ငါတို့မခံ၊ နယ်ချဲ့ရန်ကို
စုပေါင်းကာကွယ်၊ အမြစ်တွယ်သည့်
တိုင်းရင်းသားစိတ်၊ ရင်ဝယ်ဖိတ်လျှက်
နယ်ချဲ့မှန်လျှင် တော်လှန်မည်။ ။

မောင်ပါလ
၉.၆.၂၀၁၂

အပြည့်အစုံသို့.....

နယ်ချဲ့ရန်ကို တမျိုးသားလုံးအင်အားဖြင့် တွန်းလှန်ကြ

>> Friday, June 8, 2012

ဘင်္ဂါလီကုလားက မြန်မာပြည်ကို အကြမ်းဖက်ပြီးကျူးကျော်တယ်။ တရုတ်က မြန်မာပြည်ကို စီးပွားရေးအသွင်ဆောင်ပြီး အနုနည်းနဲ့ နယ်ချဲ့တယ်။ တရုတ်ပဲဖြစ်ဖြစ်၊ ဘင်္ဂါလီကုလားပဲဖြစ်ဖြစ် မြန်မာပြည်ကိုကျူးကျော်နယ်ချဲ့လာရင် တမျိုးသားလုံးရဲ့အင်အားနဲ့ တွန်းလှန်ကြမယ်။ ဘင်္ဂါလီကုလားက ရခိုင်ကိုထိရင် မြန်မာတပြည်လုံးကို စော်ကားတာနဲ့တူတူပဲ။ တရုတ်က ကချင်ကိုတိုက်ရင် မြန်မာတပြည်လုံးကို သိမ်းပိုက်ဖို့ပဲဖြစ်တယ်။ မြန်မာပြည်သားတွေကို ရန်စစော်ကားမှုသာ ဖြစ်တယ်။ မြန်မာတပြည်လုံးကို ကျူးကျော်နယ်ချဲ့မှုသာ ဖြစ်တယ်။ မြန်မာပြည်သားအားလုံးရဲ့ အရေးဖြစ်တယ်။ ဒါဟာ ဘာသာရေးပြဿနာ မဟုတ်သလို လူမျိုးရေးပဋိပက္ခလည်း မဟုတ်ဘူး။

ယနေ့ ရခိုင်ပြည်နယ်မှာဖြစ်ပေါ်နေတဲ့ ဘင်္ဂါလီကုလားတွေရဲ့ အကြမ်းဖက်မှုဟာ မြန်မာတပြည်လုံးကို စော်ကားခြင်းဖြစ်တယ်။ အချုပ်အခြာအာဏာကို ထိပါးခြင်းဖြစ်တယ်။ ဘင်္ဂါလီကုလားတွေဟာ ကန္တာရထဲက ကုလားအုတ်လိုပဲ မြန်မာပြည်မှာဆက်ပြီးထားရင်လည်း အကျိုးယုတ်စေဖို့သာ ဖြစ်လာမယ်။ ကျွေးတဲ့လက်ကို ပြန်ကိုက်တဲ့ခွေးမျိုးတွေသာ ဖြစ်တယ်။

ယနေ့ဖြစ်ပေါ်နေတဲ့ ဘင်္ဂါလီကုလားကိစ္စဟာလည်း အစိုးရအဆက်ဆက်ရဲ့ အာဏာလောဘကြီးမှု၊ အစိုးရ၀န်ထမ်းများရဲ့ အကျင့်ပျက်ခြစားမှု၊ ပြည်ပမီဒီယာများရဲ့ အမေကျော်ဒွေးတော်လွမ်း သွေးထိုးလှုံ့ဆော်မှုတွေကြောင့် ယခုလောက်ထိ ကြီးကျယ်လာခဲ့ရခြင်းဖြစ်တယ်။ လက်ရှိအစိုးရဟာ ဘင်္ဂါလီကုလားကိစ္စကို ယခင်လုပ်ရိုးလုပ်စဉ် ကြားဝင်ဆောင်ရွက်သည် ဆိုတာထက်ပိုပြီး ဦးဆောင်ဖြေရှင်းပေးရမယ့် တာဝန်ရှိတယ်။ လူဝင်မှုကြီးကြပ်ရေးဥပဒေကို တရားဝင်ထုတ်ပြန်ပြီး နယ်ချဲ့လာသူတွေကို တင်းကျပ်စွာ တားဆီးပေးရမှာဖြစ်တယ်။ နိုင်ငံရေးပါတီအားလုံးဟာလည်း ဒီကိစ္စအပေါ်မှာ အာရုံစိုက်သင့်တယ်။ ဘင်္ဂါလီကုလားအကြမ်းဖက်မှုဟာ ရခိုင်အရေးမဟုတ်ဘူး။ မြန်မာတမျိုးသားလုံးရဲ့ အရေးဖြစ်တယ်။

မောင်ပါလ
၈.၆.၂၀၁၂

အပြည့်အစုံသို့.....

ဆန်ပြုတ်တခွက် တသောင်းတန်တရွက်


“ဆန်ပြုတ်တခွက် တသောင်းတန်တရွက်”

ကျမကောက် ပျောက်မရှာ
ကလေးကစားစရာရုပ်နဲ့
တသောင်းတန်ထုတ်ပြန်ပေါ့
ရုပ်ခံကိုက အ၀င်လက်မှတ်သဏ္ဍာန်
ဆင်ကြံကြံတဲ့သဘောနဲ့
ဆင်းရဲသားတွေအတွက်တော့ အဟောသိကံ
တိရိစ္ဆာန်ကို ထိပ်တင်
နိမိတ်မြင်မိတာက
ဆန်ပြုတ်တခွက် တသောင်းတန်တရွက်

မောင်ပါလ
၈.၆.၂၀၁၂

အပြည့်အစုံသို့.....

“ဇ” မသေးတော့ ဘေးထွက်ထိုင်ရတာ ပျင်းတယ်

စာရေးရန် တိုက်တွန်းကြကုန်သော မိတ်ဆွေများသို့………….

မြန်မာပြည်ပြန်ရောက်ပြီးနောက်ပိုင်း စာမရေးဖြစ်။ အမေ့အိမ်ရောက်တော့ အသိုင်းအ၀ိုင်းတချို့နှင့် ခေတ္တကင်းကွာသွားပြီး သီးခြားကမ္ဘာလေးတခုထဲ ရောက်နေသလိုထင်ရသည်။ ကြည်နူးစရာကောင်းသည်။ အေးချမ်းသည်။ ထို့ပြင် ပြင်ပလောကတွင် ပေပေတေတေနေခဲ့သမျှ အမေ့အိမ်ပြန်ရောက်တော့ ၁၀-နှစ်အရွယ် ကလေးတယောက်ကို စောင့်ရှောက်သလို စောင့်ရှောက်ခံနေရသည်။ ရေချိုးတာကြာလျှင် အပြင်မှတံခါးထု၍ တော်ခိုင်းသည်။ စာဖတ်နေလျှင် ခြင်ဆေးလာထွန်းပေးသည်။ ကော်ဖီဖျော်ပေးသည်။ မိုးလင်းအိပ်ရာထသည်နှင့် ဘာစားချင်လဲ မေးသည်။ ယုတ်စွအဆုံး ညဖက်ခဏခဏထလျှင်ပင် ၀မ်းပျက်နေလားဟု အမေးခံရသည်။ ဒီမေတ္တာတွေကြားမှာ ကျနော်ခဏမိန်းမောပျော်မွေ့နေခဲ့သည်။

စာရေးဆရာကြီး မြသန်းတင့်၏ “ကျနော်ဆက်၍ရေးချင်သော ၀တ္ထုများ” စာအုပ်ထဲမှ ကာယဗလ ဦးနေ၀င်း (ခ) စာရေးဆရာကြီး ရဲထွန်းလင်း၏ စကားကို သတိရမိသည်။ “စာရေးလို့ မရတော့ဘူးဗျ။ စာရေးဆရာဆိုတဲ့ သတ္တ၀ါများဟာ စည်းစိမ်လေးနည်းနည်း ရှိလာပြီဆိုရင် ပျက်တော့တာပဲ။ ခေါင်းက ဘာမှမထွက်တော့ဘူး။ စာရေးဆရာဆိုတဲ့ သတ္တ၀ါဟာ နည်းနည်းလေးငတ်မှ စာကောင်းပေကောင်း ထွက်တာ။ ငတ်ပြတ်ခြင်းဆိုတဲ့ အင်ဂျင်စက်ကြီးက ပိုအလုပ်လုပ်တော့ စာကောင်းပေကောင်းတွေ ပိုထွက်တာပေါ့ဗျာ” ဆိုပဲ။ ဆိုင်မဆိုင်တော့ မသိ။ ပြီးတော့ ရှိသေးသည်။ “စာရေးလို့ မရတော့ဘူးဗျ၊ ပျက်ပြီ။ ဟိုဟာတွေ မရှိတော့ဘူး” တဲ့။ ကျနော်လည်း ဟိုဟာတွေ မရှိတော့ဘူးလို့ပဲ ပြောရမလားမသိ။

ဖြေတွေးလေးနဲ့ ပြန်တွေးမိပြန်တော့ ဒီလိုလည်းမဟုတ်နိုင်။ စာရေးဖို့ ကွန်ပြူတာဖွင့်လိုက်ရင် မီးကပြတ်ပြီ။ မီးမပြတ်လျှင် အင်တာနက်လိုင်းကမကောင်း။ မီးရော အင်တာနက်ရော အဆင်ပြေတဲ့အချိန်ဆိုရင် ဖုန်းကလာပြန်သည်။ (ကွန်ပြူတာကို ဖုန်းနဲ့ချိတ်ပြီး အင်တာနက်သုံးနေချိန်တွင် ဖုန်းလာလျှင် ကွန်နက်ရှင်းပြတ်သွားလေ့ရှိသည်) တခါလည်း စာရေးကောင်းနေတုန်း မီးကပြတ်သွားသည်။ UPS ခံပြီးဖွင့်ရတယ်ဆိုတာ မေ့နေသည်။ စာတွေကို ဆေ့ဗ်လည်း မလုပ်ထားလိုက်မိ။ ပိုဆိုးသည်က UPS ကြီး ကွန်ပြူတာစားပွဲပေါ်မှာရှိနေပြီး UPS မှန်းမသိတဲ့ ကျနော့်ဘ၀။ သြော်…. ဒုက္ခ.. ဒုက္ခ။ အသားကျအောင် ကြိုးစားရပါအုံးမည်။ ဒါကြောင့်လည်း မြန်မာပြည်မှာ ဗုဒ္ဓဘာသာထွန်းကားနေတာဖြစ်မည်။ ခန္တီစ (သည်းခံခြင်း) တရားကျင့်လို့ အကောင်းဆုံးနိုင်ငံပေကိုး။

ဒါနဲ့ ကွန်ပြူတာရော အင်တာနက်ရော ဖွဘွတ်ရော ဂျီတော့ရော အကုန်ပစ်ထားလိုက်သည် (ရည်းစားများမပါ)။ ကျောပိုးအိတ်တလုံးလွယ်၊ ပန်းဆိုးတမ်းသွား၊ လိုချင်သည့်စာအုပ်မှန်သမျှ အကုန်ဝယ်လာခဲ့ပြီး တနေကုန် တနေခမ်း စာချည်းပဲ ထိုင်ဖတ်နေတော့သည်။ စာမဖတ်လျှင် လျှောက်လည်သည်။ အဲဒီတော့မှ ဘယ်သူ့ကို ဘာလုပ်ရမှန်းမသိဘဲ ထွက်နေရသည့် ဒေါသအပေါင်းမှ ကင်းဝေးတော့သည်။ ရင်းနှီးသည့်ကြီးဒေါ်တယောက်က နင်ကအိမ်မှာအုလိုက်၊ ဖွန်ကြောင်လိုက် လုပ်နေတာမဟုတ်လားဟု ထောပနာပြုသည်။ ဘာပဲဖြစ်ဖြစ်လေ။ အဟောဝတ…….. ကောင်းလေစွပေါ့။

အိပ်လိုက်၊ စားလိုက်၊ ဖတ်လိုက်၊ ကြောင်လိုက်၊ အုလိုက်နှင့် ကြာတော့လည်း ပျင်းလာပြန်သည်။ ကိုယ့်ကိုကိုယ် ပြန်ဆင်ခြင်မိသည်။ မလေးရှားမှာတုန်းက စားစရာမရှိလို့ နေ့လည် နှစ်နာရီ သုံးနာရီထိအိပ်၊ နေ့လည်စာနဲ့ ညစာပေါင်းစား၊ ရသမျှအချိန်သတင်းဖတ်၊ စာရေး၊ ဘာပွဲဟေ့ဆိုရင် လတ်လျားလတ်လျားနဲ့ ရှေ့ဆုံးက တက်တက်ကြွကြွ၊ မမှန်ဘူးထင်ရင် ဆတ်ဆတ်ထိမခံပြန်ချဲ၊ အဲဒီမောင်ပါလ ပြူတစ်ပြူတစ်နှင့် ခေါင်းပြန်ထောင်လာသည်။ ဇကမသေးတော့ ဘေးထွက်ထိုင်ရတာ ပျင်းလာသည်။ လျှောက်ခဲ့တဲ့လမ်းက ပေးဆပ်ခဲ့ရတာများလွန်းတော့ လွယ်လွယ်နဲ့တော့မစွန့်ပစ်နိုင်။ ကြမ်းတမ်းပေမယ့် နေပျော်ခဲ့တဲ့ဘ၀ကို ပြန်တမ်းတလာသည်။

ဒီတော့………….
ဆက်ရန်ရှိပါသည်ပေါ့ဗျာ….။

မောင်ပါလ
၈.၆.၂၀၁၂

အပြည့်အစုံသို့.....

မေ........... မေ......... မေ............

>> Friday, May 11, 2012


တကယ့်ကို မထင်မှတ်ထားခဲ့တာပါ။ မွေးရပ်မြေကို ဆယ်စုနှစ်တခုကျော်ကြာ ခွဲခွာပြီး ပြန်လည်ခြေချဖို့ ပြင်ဆင်ချိန်မှာပဲ မေနဲ့ အဆက်အသွယ်ပြန်ရခဲ့တယ်။ ကန္တာရထဲမှာ စမ်းချောင်းလေးတခု ဖြတ်စီးသွားခဲ့တယ်။ ဘယ်တော့မှ ခမ်းခြောက်ခြင်းမရှိနိုင်ဘဲ ကာလ၊ ပယောဂအရာအားလုံးကို ကြေမွပျက်သုဉ်းစေနိုင်တဲ့ စမ်းချောင်းလေး.....။

ခင်မောင်တိုးရဲ့ “သုံးနှစ်လောက် အမေ့ဆီမပြန်ဘဲ” ဆိုတဲ့စာသားလေးမှာ “ဆယ်သုံးနှစ်လောက်” လို့ ပြောင်းဆိုရလောက်အောင်ကို မေနဲ့ဝေးခဲ့တယ်။ ဘ၀အမောတွေကို တမက်တမောထွေးပိုက်ရင်း မေ့ဆီကို ခြေဦးမလှည့်ဖြစ်ခဲ့ဘူး။ မေ့ရဲ့ဖုန်းနံပါတ်ကို စာအုပ်လေးထဲမှာပဲ သိမ်းမှတ်ထားပြီး အသည်းမာမာနဲ့ ဘ၀ကို ကိုယ်တိုင်ဆန်တက်မယ်လို့ ကြွေးကြော်ထားခဲ့တယ်။ အတ္တကြီးတဲ့ သားတယောက်ပေါ့။ သံယောဇဉ်မှန်သမျှ ချောင်ထိုးထားခဲ့တယ်လေ။

ဒါပေမယ့် မေ့မေတ္တာက သားရဲ့ဒုက္ခတွေကို လျစ်လျူမရှုခဲ့ဘူးနော်။ ကြာမြင့်စွာခွဲခွာခဲ့တဲ့ နေရာဌာနမှာ အရာအားလုံး အသစ်ကပြန်စဖို့ အခက်အခဲများစွာနဲ့ ကြိုးစားနေချိန်မှာ မေ့ရဲ့အေးရိပ်က သားကိုချွေးသိပ်စေခြဲ့ပန်တယ်။ ဟိုး....အဝေးကြီးကနေပြီး သားရဲ့ပူလောင်မှုတွေကို မေခံစားနားလည်နိုင်တယ်နော်။

ဖုန်းစပြောပြောချင်းပဲ မေငိုတယ်။ အသည်းမာတဲ့သားကတော့ မျက်ရည်ဝဲရင်းနဲ့ပဲ မေ့ငိုသံကိုတိတ်တိတ်လေး နားထောင်လို့ပေါ့။ စကားပြောဖြစ်တော့ “ဒီလောက်နှစ်အကြာကြီး အဆက်အသွယ်မလုပ်တာ သားကိုစိတ်မနာဘူးလားမေ” လို့ မေ့ကိုမေးမိတယ်။ မေပြန်ပြောတဲ့ တိုတိုရှင်းရှင်း စကားလေးတခွန်းက သားရင်ကို မြှားအစင်းပေါင်းများစွာ စိုက်ဝင်သလိုပါပဲမေ။ “မင်းက အမေ့သားလေ” တဲ့...။

မေနဲ့ဝေးကွာနေစဉ်မှာ ရပ်တည်ခဲ့၊ ရွေးချယ်ခဲ့တဲ့ဘ၀ကို အတိုချုံးပြီး မေ့ကိုပြောပြဖြစ်တယ်။ ရွေးချယ်ခဲ့တဲ့အလုပ်က ပိုက်ဆံရှာဖို့မလွယ်လို့ ပြန်လာရင် ဘာမှပါမှာမဟုတ်တဲ့ကြောင်း ပြောပြတော့ “သားရယ်တဲ့...... သားအမေ့အိမ်ကို အကျီ၊ ပုဆိုး ဘာတခုမှမပါဘဲ လာခဲ့ရင်လည်း အိမ်ပေါက်ဝကနေ အမေသားကို အ၀တ်ဆီးဖုံးပေးပါ့မယ်” တဲ့လား မေ။ ခုန၀ဲနေတဲ့ မျက်ရည်တွေက သူ့အလိုလိုကျလာတယ်မေ။ မေသိရင် မင်းဒီလောက်အသည်းမာတာကို မျက်ရည်ကျရလားလို့ ပြန်ပြောမယ်ထင်တယ်နော်မေ။

မေပြောသေးတယ်နော်။ “ဒီတခါတော့ ဘယ်မှမသွားတော့ဘဲ အမေ့နားမှာနေပြီး သားလုပ်ချင်ရာလုပ်ပါ။ အမေ့ကိုထပ်ပြီး မခွဲထားနဲ့တော့နော်” တဲ့။

သြော်..............မေရယ်။ မေ့သားရဲ့ နားခိုရာဟာ မေ့အိမ်လေးပဲဆိုတာ သိနေပေမယ့် မာနတွေ၊ အတ္တတွေခြုံပြီး မေ့အိမ်လေးကို အဝေးကနေပဲ မှန်းဆနေခဲ့တာပါ။ မေ့မေတ္တာက အဲဒီမာနတွေ အတ္တတွေကို ရိုက်ချိုးနိုင်ခဲ့တယ်။ သားမိုက်.......... မေ့ဆီရောက်အောင် ပြန်လာခဲ့မယ်မေ။

မောင်ပါလ
၁၁.၅.၂၀၁၂
(အမေများနေ့ အမှတ်တရ)

အပြည့်အစုံသို့.....

The Voice Weekly ဂျာနယ်ပါ အိမ်အကူသတင်းနှင့် သတင်းစာသမားဆိုတာ

>> Tuesday, May 1, 2012

အပတ်စဉ်ထုတ် The Voice Weekly: Vol.08/No.19 ပါ “ပြည်ပသို့ အိမ်အကူအဖြစ်စေလွှတ်ပါက ထိရောက်စွာ အရေးယူမည်” သတင်းခေါင်းစဉ်ကို ဖတ်လိုက်ရတော့ ၀မ်းသာသွားရပေမယ့် သတင်းကိုထပ်ပြီး ဖတ်လိုက်တော့ တော်တော်လေးကို စိတ်မကောင်းဖြစ်မိလို့ ဒီစာကိုရေးရခြင်းဖြစ်ပါတယ်။

ဒီသတင်းကိုရေးသားသူသတင်းထောက်ဟာ အလုပ်သမားဝန်ကြီးဌာနက အမည်မဖော်လိုတဲ့ အရာထမ်းတဦး ဆိုတာကို ကိုးကားပြီး မလေးရှားကို အိမ်အကူစေလွှတ်ဖို့ဆိုတာဟာ ကောလာဟသ သတင်းသာဖြစ်ပြီး မဟုတ်မှန်ကြောင်းကို သတင်းအစပိုင်းမှာပဲ အကျယ်တ၀န့် ဖော်ပြသွားခဲ့ပါတယ်။ (ပုံမှာ ကျနော် High Light ဆွဲပြထားပါတယ်။) သတင်းဆိုလိုချက်အရ အိမ်ဖော်စေလွှတ်ဖို့ ကန့်ကွက်ပြောကြားနေသူအားလုံးဟာ အခြေအမြစ်မရှိတဲ့ ကောလာဟသတခုကို လုပ်ကြံဖြန့်ဝေနေကြတယ်လို့ သဘောသက်ရောက်နေပြီး ဖြန့်ဝေနေကြသူများကိုလည်း စော်ကားရာရောက်နေပါတယ်။


သတင်းထောက်ကိုးကားခဲ့တဲ့ အရာထမ်းဆိုသူဟာ ဒီလိုမျိုး ပြည်သူအပေါင်းဝမ်းသာပြီး သောင်းသောင်းဖြဖြကြိုဆိုကြမယ့် သတင်းမျိုးကိုတောင် နာမည်၊ ရာထူး မဖော်ပြရဲတာဟာ သတင်းရဲ့တိကျခိုင်လုံမှုအားကို ကျဆင်းစေပါတယ်။

ယနေ့အင်တာနက်စာမျက်တွေမှာ ကျနော်တို့ ရေးသားဖြန့်ဝေနေကြတဲ့ အိမ်အကူပို့ဖို့ ကန့်ကွက်နေကြတာတွေဟာ တိကျခိုင်လုံစွာနဲ့ ပေါ်ထွက်လာခဲ့တဲ့ အထောက်အထားတွေကိုကိုးကားပြီး ရေးသားကန့်ကွက်နေကြတာပါ။ ကောလာဟသ မဟုတ်ပါဘူး။ လုပ်ကြံရေးနေကြတာ မဟုတ်ပါဘူး။ မခိုင်လုံတဲ့နေရာက ထွက်ပေါ်လာတဲ့ အမည်မဖော်လိုသူကို ကိုးကားထားတာ မဟုတ်ပါဘူး။


ဖော်ပြပါ သတင်းစာဖြတ်ပိုင်းတွေဟာ မလေးရှားနိုင်ငံက နေ့စဉ်ထုတ်သတင်းစာတွေပါ။ အင်္ဂလိပ်ဘာသာနဲ့ တနိုင်ငံလုံးကိုဖြန့်ချိပြီး တနေ့ကို စောင်ရေသန်းချီပြီး ရောင်းနေရပါတယ်။ အင်တာနက်ဝက်ဆိုဒ်မှာလည်း ရှာဖွေကြည့်နိုင်ပါတယ်။ မလေးရှားနိုင်ငံထုတ် သတင်းစာတွေမှာရေးထားတာ ယနေ့ကျနော်တို့ ပြောဆိုရေးသားနေကြသလို မလေးရှားနိုင်ငံက မြန်မာပြည်မှနေပြီး အိမ်ဖော်ပို့ပေးဖို့ တောင်းဆိုနေတာတောင် မဟုတ်ပါဘူး။ “မြန်မာအစိုးရရဲ့ မေတ္တာရပ်ခံချက်အရ မြန်မာပြည်မှ အိမ်အကူခေါ်ယူရေးကိစ္စကို လက်ခံစဉ်းစားပေးဖို့ သဘောတူထားပါတယ်” လို့ ရေးသားဖော်ပြနေကြပါတယ်။ The Voice Weekly ဂျာနယ်ပါသတင်းနဲ့ ဘယ်ဟာက ပိုပြီးတိကျခိုင်လုံမှုရှိသလဲဆိုတာ ယှဉ်ပြီးစဉ်းစားပေးနိုင်ဖို့ပါ။

သတင်းမှာ မြန်မာအမျိုးသမီးတွေကို အိမ်အကူ၊ စားသောက်ဆိုင်၊ ဖျော်ဖြေရေးလုပ်ငန်းတွေအတွက် မစေလွှတ်ဖို့ မူဝါဒချမှတ်ထားတယ်လို့ ဆိုထားတဲ့ပါတယ်။ မတ်ခ်ျလ ၂၈ ရက်နေ့က မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန်နဲ့ မလေးရှားနိုင်ငံဝန်ကြီးချုပ်နာဂျစ်တို့ အိမ်အကူကိစ္စဆွေးနွေးကြရာမှာ သမ္မတဦးသိန်းစိန်ဟာ မိမိတိုင်းပြည်က တရားဝင်ချမှတ်ထားတဲ့ မူဝါဒကို ဆွေးနွေးပွဲမှာ မလေးရှားဝန်ကြီးချုပ်နာဂျစ်ကို ချပြခဲ့ခြင်းမရှိဘဲ ယနေ့အိမ်အကူစေလွှတ်ဖို့ ကိစ္စတွေ ပြည်သူကြားမှာ နှစ်နိုင်ငံကြားမှာ ပေါ်ပေါက်လာခဲ့ရသလဲဆိုတာလည်း သတင်းထောက်အနေနဲ့ ထည့်သွင်းစဉ်းစားသင့်ပါတယ်။

သတင်းစာသမားတယောက်ဟာ ကိစ္စတခုနဲ့ပတ်သတ်ပြီး အင်တာဗျူးတော့မယ်ဆိုရင် မိမိအင်တာဗျူးမယ့်ကိစ္စကို အပြည့်အစုံမဟုတ်တောင် တီးမိခေါက်မိ ပြောနိုင်ဆိုနိုင်ရုံလောက် သိသင့်တယ်လို့ ထင်ပါတယ်။ ဒီလိုမှမဟုတ်ပဲ အင်တာဗျူးဖြေသူရဲ့ ပြောစကားအားလုံးကိုသာ အင်း၊ အဲ၊ ဟုတ်ပါတယ်၊ ဟုတ်ကဲ့ပါ၊ ကျေးဇူးတင်ပါတယ်နဲ့ပဲ ပြီးသွားပြီး ပြောသမျှကို သတင်းရေးချလိုက်မယ်ဆိုရင် အဲဒီ သတင်းစာ၊ ဂျာနယ်ဟာ အင်တာဗျူးဖြေသူ (နိုင်ငံရေးသမား၊ အစိုးရ) ရဲ့ ပေါ်လစီ၊ မူဝါဒတွေကိုသာ ဖော်ပြတဲ့ ၀ါဒဖြန့်ချိရာ နေရာတခုသာဖြစ်သွားပြီး မိမိကိုယ်ပိုင်မူဝါဒမရှိတဲ့ ဂျာနယ်တခုသာ ဖြစ်သွားနိုင်တယ်လို့ သင်တန်းတခုက သတင်းစာဆရာတယောက်ရဲ့ ပြောကြားမှုကို သတိရမိပါတယ်။

ဒီသတင်းနဲ့ပတ်သတ်ပြီးတော့ စာမရေးခင်မှာ မိတ်ဆွေတယောက်နဲ့ ပြောမိတော့ သတင်းထောက်တယောက်ဟာ သတင်းတပုဒ်ကို ၃၀၀၀ ကျပ်လောက်ပဲရတော့ ရတဲ့ပိုက်ဆံနဲ့ အများကြီးစုံစမ်းလို့ မဖြစ်နိုင်ပါဘူး လို့ သူကပြောပါတယ်။ ဒါကိုလည်း ကျနော်တို့ဟာ နားလည်ပေးနိုင်ပါတယ်။ အကြောင်းကြောင်းကြောင့် တိတိကျကျစုံစမ်းဖို့ သေသေချာချာမေးဖို့ မဖြစ်နိုင်ဘူးဆိုရင်လည်း တိကျခိုင်လုံစွာနဲ့ မိမိအကျိုးအမြတ်မပါဘဲ ရေးသားနေကြတဲ့လူတွေကို စော်ကားရာဖြစ်စေတဲ့ ရေးသားမှုမျိုးကိုတော့ ရှောင်ကြည်သင့်ပါတယ်။ ပြောရရင် သတင်းထောက်ကမှ ၃၀၀၀ ကျပ် ရပါသေးတယ်။ မဖြစ်စေလိုလို့ ရေးသားဖြန့်ဝေနေကြသူအားလုံးဟာ ကိုယ့်ထမင်းကိုယ်စားပြီး မိမိလူမျိုးအတွက် မိမိတတ်နိုင်သလောက် စွမ်းဆောင်နေကြတဲ့သူတွေချည်းပါ။

ကျနော်ခုလိုရေးတာဟာ တစုံတယောက်ကိုတိုက်ခိုက်ဖို့၊ နစ်နာစေဖို့ ရေးခြင်းမဟုတ်ဘဲ သတင်းဖတ်မိပြီး စိတ်မကောင်းဖြစ်မိလို့ ရေးခြင်းသာဖြစ်ပါတယ်။ ယခုသတင်းခေါင်းစဉ်နဲ့ပတ်သတ်ပြီး ၀မ်းသာမိသလို ယခုထက်ပိုပြီး တိကျခိုင်လုံစွာ ထွက်ပေါ်လာမယ့်သတင်းကိုလည်း အတိုင်းမသိ ၀မ်းမြောက်စွာ စောင့်မျှော်နေပါတယ်။

မောင်ပါလ
၁.၅.၂၀၁၂

အပြည့်အစုံသို့.....

အငှားကျွန်လုပ်ငန်း တိုးချဲ့မည့်သတင်းနှင့်ပတ်သတ်၍ နိုင်ငံတော်သမ္မတသို့ မေတ္တာရပ်ခံခြင်း

>> Thursday, April 12, 2012

(နိုင်ငံတော်သမ္မတကြီးနဲ့တကွ တာဝန်ရှိသူများ သိနိုင်ဖို့ဆိုတာ စာဖတ်သူများရဲ့ ထပ်မံ ဖြန့်ဝေပေးကြမှုအပေါ်မှာ မူတည်ပါတယ်)

လေးစားအပ်ပါသော နိုင်ငံတော်သမ္မတကြီးခင်ဗျား………..

လွန့်ခဲ့သည့် ရက်အနည်းငယ်ခန့်က မလေးရှားဝန်ကြီးချုပ် နာဂျစ်မှ နိုင်ငံတော်သမ္မကြီးထံသို့ လာရောက်တွေ့ဆုံ၍ နှစ်နိုင်ငံ ကူသန်းရောင်းဝယ်ရေး၊ စီးပွားရေးလုပ်ငန်းကိစ္စများ တွေ့ဆုံဆွေးနွေးရာတွင် မလေးရှားနိုင်ငံသို့ မြန်မာအမျိုးသမီးငယ်များအား အိမ်ဖော်အဖြစ် တင်ပို့ပေးရန် လုပ်ငန်းကိစ္စတခုလည်း ပါဝင်ကြောင်း သိရှိရပါသည်။ ထိုလုပ်ငန်းနှင့်ပတ်သတ်၍ မလေးရှားရောက် မြန်မာပြည်သားတဦးမှ သမ္မတကြီးအား မေတ္တာရပ်ခံ ပန်ကြားလိုသည်မှာ..

မြန်မာနိုင်ငံသည် ယနေ့အချိန်တွင် ဒီမိုကရေစီစနစ်ကို မြေစမ်းခရမ်းပျိုးလျက်ရှိပြီး ခေတ်မှီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်ဆီသို့ ချီတက်လျက်ရှိကြောင်း သိရှိရပါသည်။ တိုင်းတပါးသို့ အိမ်ဖော်တင်ပို့သည့်လုပ်ငန်းသည် တိုးတက်လာမည့် နိုင်ငံတော်သစ်အတွက် မည်ကဲ့သို့ အထောက်အကူဖြစ်နိုင်ပါသနည်း။ နိုင်ငံရပ်ခြားသို့ အိမ်ဖော်စေလွှတ်ခြင်းအားဖြင့် ရနိုင်မည့် အတတ်ပညာမှာ လူတဦး (သို့) မိသားစုတစု၏ အောက်ခြေသိမ်း ဝေယျာဝစ္စများဖြစ်သော အိမ်တွင်းဗာဟီရကိစ္စများ ပြုလုပ်ပေးရခြင်း၊ အတွင်းခံအ၀တ်အစားများမှအစ ခြေအိတ်အဆုံး လျှော်ဖွတ်ပေးရခြင်း၊ ချက်ပြုတ်ကျွေးမွေးရခြင်း၊ ကလေးထိန်းပေးရခြင်း စသည့်တို့သာ ဖြစ်ပါသည်။ အိမ်ဖော်အဖြစ် တင်ပို့ခံရမည့် အမျိုးသမီးတဦး၏ ကုန်လွန်ရမည့် အချိန်ကာလအတွင်း နိုင်ငံတော်မှ လူသားရင်းမြစ် ဆုံးရှုံးရသည့်အတွက် ပြန်လည်ရရှိလာမည့် အတတ်ပညာမှာ အနာဂတ်နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အကူမဖြစ်နိုင်ဟု ထင်မြင်မိပါသည်။ ထိုအမျိုးသမီးငယ်များသည် အိမ်ဖော်လုပ်ငန်းသို့ တင်ပို့ခံရမည့်အစား ၄င်းတို့ထဲမှ အစွမ်းအစရှိသူများ ထိုကာလအတွင်း တဦးတယောက်မျှ ပေါ်ထွက်လာခဲ့ပါက တိုင်းပြည်အတွက် လွန်စွာတန်ဖိုးရှိလှပါသည်။ သို့ဖြစ်ပါ၍ နိုင်ငံခြားဝင်ငွေရနိုင်သည်ဆိုသော အကျိုးအမြတ်တခုတည်းနှင့် နိုင်ငံ၏ အဖိုးတန်လှစွာသော လူသားရင်းမြစ်များ အချိန်ကာလတခုအထိ ဆုံးရှုံးရမည်ကို ထည့်သွင်းစဉ်းစားပေးပါရန် ပဏာမ မေတ္တာရပ်ခံလိုပါသည်ခင်ဗျား….။

သမ္မတကြီးခင်ဗျား…………..

သမ္မတကြီးတို့၏ လက်ရှိအစိုးရ မအုပ်ချုပ်ခင်အချိန် ယခင်စစ်အစိုးရလက်ထက်တွင် တိုင်းပြည်မှ လူသားရင်းမြစ်များစွာတို့သည် မိမိနိုင်ငံတွင် ၀မ်းစာဖူလုံအောင် ရှာဖွေမရနိုင်သည့်အတွက် တပြည်ရပ်ခြားတွင် အငှားကျွန်အဖြစ် လာရောက်လုပ်ကိုင်နေကြသည်မှာ ယခုအချိန်ထိပင် ရှိနေပါသေးသည်။ လက်ရှိ မလေးရှားနိုင်ငံတွင်လည်း မြောက်များစွာ ကျန်ရှိနေပါသေးသည်။ ထိုကဲ့သို့ မလေးရှားနိုင်ငံတွင် လုပ်ကိုင်နေစဉ်ကာလအတွင်း ဘာသာစကားမကျင်လည်မှု၊ ပွဲစားများမှလိမ်လည်မှု၊ သူဌေးမှမတရားခိုင်းစေမှု၊ လုပ်ခလစာမရမှု၊ ညှင်းပန်းနှိပ်စက်ခံရမှု၊ မတရားသဖြင့်ပြန်ပို့ခံရမှု၊ တရားဝင်ပတ်စပို့ အလုပ်လုပ်ခွင့်ပါမစ်များနှင့် နေထိုင်နေသော်လည်း အဖမ်းခံရမှု၊ စသည့်ပြဿနာပေါင်းများစွာနှင့် ရင်ဆိုင်ကြုံတွေ့ခဲ့၊ ကြုံတွေ့နေရဆဲ ဖြစ်ပါသည်။ ထိုကဲ့သို့ ပြဿနာဖြစ်လာပါကလည်း ယခင်စစ်အစိုးရလက်ထက် မြန်မာသံရုံးများမှ မိမိလူမျိုးများအတွက် မားမားမတ်မတ် ရပ်တည်ဆောင်ရွက်ပေးခဲ့ခြင်း လုံးဝ (လုံးဝ) မရှိခဲ့သည်မှာလည်း ယနေ့အချိန်ထိပင် ဖြစ်နေပါသေးသည်။ ပြည်ပတွင်ရောက်ရှိနေကြသော မြန်မာလူမျိုးများမှ နိုင်ငံတကာရှိ မြန်မာသံရုံးများကို အခွန်ရုံးဟုပင် တင်စားခေါ်ဝေါ်ရလောက်အောင် မြန်မာသံရုံးမှ အခွန်ကောက်သည့်အလုပ်တခုတည်းကိုသာ လုပ်ဆောင်ခဲ့ပါသည်။

သမ္မတကြီးဦးဆောင်သော လက်ရှိအစိုးရအနေနှင့် ပြည်သူများ၏အကျိုးကိုလိုလားပြီး တိုင်းပြည်တိုးတက်ကောင်းစားဖို့ရန် အမှန်တကယ် ဆန္ဒရှိသည်ဆိုပါလျှင် အိမ်ဖော်တင်ပို့မည့်လုပ်ငန်းကို ဦးစားပေးမစဉ်းစားဘဲ မိမိတိုင်းပြည်နှင့်ခွဲခွာ၍ တိုင်းတပါးတွင် လာရောက်အလုပ်လုပ်ကိုင်နေကြသော မြန်မာပြည်သူများ ရင်ဆိုင်ကြုံတွေ့နေရသော လူမှုဒုက္ခများ၊ ပြဿနာများကို ပထမဦးစားပေးအဆင့်အနေနှင့် မြန်မာသံရုံးများမှတဆင့် တတ်နိုင်သလောက် ၀ိုင်းဝန်း ကူညီဖြေရှင်းပေးစေလိုပါသည်ခင်ဗျား…….။ ထပ်မံ၍လည်း တိုင်းတပါးတွင် သွားရောက်အလုပ်လုပ်ကြရန် မတိုက်တွန်းစေလိုဘဲ လက်ရှိ တိုင်းတပါးတွင် အငှားကျွန်အဖြစ် အလုပ်လုပ်နေကြရသည့် မြန်မာလူမျိုးများကိုသာ အနှေးနှင့်အမြန် ပြန်လည်ခေါ်ယူနိုင်ရန် စွမ်းဆောင်ပေးစေလိုပါသည်ခင်ဗျား…..။

လေးစားအပ်ပါသော နိုင်ငံတော်သမ္မတကြီးခင်ဗျား……….

မလေးရှားနိုင်ငံသို့ မြန်မာအမျိုးသမီးငယ်များ အိမ်ဖော်အဖြစ်တင်ပို့ရာတွင် ဖြစ်လာနိုင်မည့် အကြီးမားဆုံးပြဿနာမှာ ဘာသာစကားအခက်အခဲပင် ဖြစ်ပါသည်။ မြန်မာလူမျိုးများသည် မလေးရှားဘာသာစကားနှင့် အကျွမ်းတ၀င် မရှိပါ။ မြန်မာအမျိုးသမီးသည် အင်္ဂလိပ်ဘာသာစကား အထိုက်အလျောက် ပြောနိုင်ပါသည် ဆိုစေကာမူ မလေးရှားလူမျိုးအများစုသည် အင်္ဂလိပ်ဘာသာစကားကို လိပ်ပတ်လည်အောင် ပြောနိုင်ခြင်းမရှိပါ။ မလေးရှားတွင် အင်္ဂလိပ်စကားကို အသုံးပြုပြောဆို၍ ရနိုင်မည့်နေရာများမှာ ရုံးများ၊ လူစည်ကားရာနေရာများ၊ စီးပွားရေးအချက်အချာကျရာနေရာများ စသည့်အနည်းငယ်သာ ရှိပါသည်။ သို့သော် အိမ်ဖော်ဆိုသည်မှာ ထိုကဲ့သို့သော နေရာများတွင် အလုပ်လုပ်ရမည် မဟုတ်ပါ။ အိမ်ဖော်ဆိုသည်မှာ အလုပ်ရှင်နှင့် နှစ်ဦးတည်းသာ ဆက်ဆံရမည် ဖြစ်ပါသည်။ ကြားမှကူညီပြောပေးရန်၊ ဘာသာပြန်ပြရန် တခြားသူမရှိပါ။ ပြဿနာတစုံတရာ ပေါ်ပေါက်ပါက နစ်နာရမည့်သူ၊ ခံရမည့်သူမှာ အိမ်ဖော်သာ ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ဘာသာစကားအခက်အခဲကြောင့် ဖြစ်ပေါ်လာမည့် ပြဿနာများကိုလည်း ထည့်သွင်းစဉ်းစားပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်ခင်ဗျား………။

ပြီးခဲ့သည့်နှစ်များအတွင်းက ကမ္ဘောဒီယားနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့မှ အစိုးရများသည် မလေးရှားနိုင်ငံသို့ အိမ်ဖော်စေလွှတ်ခြင်းကို ရပ်တန့်လိုက်ကြောင်း သတင်းများကိုလည်း သမ္မတကြီးတို့ ကြားသိပြီးဖြစ်ကြောင်း ယုံကြည်မိပါသည်။ အင်ဒိုနီးရှားဘာသာစကားသည် မလေးဘာသာစကားနှင့် လွန်စွာတူညီပါသည်။ မလေးရှားနိုင်ငံသို့ စရောက်စအင်ဒိုနီးရှားနိုင်ငံသားတိုင်းသည် မလေးဘာသာစကားကို ကျင်လည်စွာ ပြောဆိုနိုင်ကြပါသည်။ ထို့ကဲ့သို့သော အင်ဒိုနီရှားနိုင်ငံမျိုးကပင်လျှင် မလေးရှားနိုင်ငံသို့ အိမ်ဖော်စေလွှတ်ခြင်းကို မည်ကဲ့သို့သော အကြောင်းရင်းများကြောင့် ရပ်တန့်ပစ်ခဲ့ရသည်ကို နိုင်ငံတော် သမ္မတကြီးတို့မှ ပညာရှိပီသစွာ မိမိနိုင်ငံသားတို့၏ အကျိုးကိုလိုလားစွာ သုံးသပ်ဆန်းစစ်စေလိုပါသည်ခင်ဗျား…….။

မလေးရှားအစိုးရသည် ရွှေ့ပြောင်းအလုပ်သမားများအတွက် ဥပဒေများကို ၁၉၅၅-ခုနှစ် မလေးရှားအက်ဥပဒေအတွင်း ထည့်သွင်းရေးဆွဲခဲ့ခြင်းမရှိပါ။ သို့သော် ရွှေ့ပြောင်းအလုပ်သမားများသည် နိုင်ငံသားအလုပ်သမားများနည်းတူ အကျိုးခံစားခွင့်ရှိကြောင်း သိရှိရပါသည်။ မလေးရှားအလုပ်ရှင်သူဌေးများသည် ရွေ့ပြောင်းအလုပ်သမားများကို နိုင်ငံသားများနည်းတူ အကျိုးခံစားခွင့်ပေးရန် မဆိုထားဘိ၊ နည်းမျိုးစုံဖြင့် ခေါင်းပုံဖြတ်အမြတ်ထုတ်မှုများကို အရင်းရှင်ဆန်စွာ ပြုမူဆောင်ရွက်လျက်ရှိကြသောကြောင့် အထက်ဖော်ပြပါ အလုပ်ရှင် အလုပ်သမားပြဿနာများသည် အချိန်တိုင်း၊ နေရာတိုင်းတွင် ဖြစ်ပေါ်လျက်ရှိပါသည်။ မလေးရှားအစိုးရအနေနှင့်လည်း အလုပ်လုပ်ခွင့်ပါမစ်ကြေးကိုသာ နှစ်စဉ်မပြတ်တောင်းယူလျက်ရှိပြီး ထိုထိုသော ပြဿနာများကို လျစ်လျူထားကြသည်။ ရွေ့ပြောင်းအလုပ်သမားများမှ မခံနိုင်၍ နီးစပ်ရာ NGOs များမှတဆင့် အစိုးရဌာနများသို့ တိုင်တန်းသောအခါတွင်လည်း နိုင်ငံသားအလုပ်ရှင်သူဌေးများဘက်မှသာ ဘက်လိုက်ဆုံးဖြတ်ပေးလေ့ရှိပြီး အလုပ်သမားများမှာ နစ်နာကြစမြဲသာ ဖြစ်သည်။ သို့ဖြစ်၍ ယခု မလေးရှားသို့ အိမ်ဖော်တင်ပို့ရေးလုပ်ငန်းတွင်လည်း အမျိုးသမီးငယ်များ၏ ဘ၀လုံခြုံမှုနှင့် အထွေထွေပြဿနာများအတွက် မလေးရှားဝန်ကြီးချုပ် နာဂျစ်၏ တာဝန်ယူနိုင်မှုအပေါ် သမ္မတကြီးတို့မှ အလေးထားစဉ်းစားပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်ခင်ဗျား…………။

လေးစားရပါသော နိုင်ငံတော်သမ္မတကြီးခင်ဗျား….

နိဂုံးချုပ်အနေဖြင့် မေတ္တာရပ်ခံပြောကြားလိုသည်မှာ ကိုယ်ချင်းစာတရားနှင့် ပတ်သက်ပါသည်ခင်ဗျား……။ သမ္မတကြီးနှင့်တကွ အစိုးရ၀န်ကြီးများ၏ အသက်အရွယ်သည် သမီးများ၊ မြေးမကလေးများနှင့် ပျော်ရွှင်ချမ်းသာစွာ နေနေကြသည့်အရွယ်များ ဖြစ်ပါသည်။ ထိုကဲ့သို့ ပျော်ရွှင်စွာနေနေကြမည့် သမီးများ၊ မြေးမကလေးများအား မိမိတို့ရင်ခွင်တွင်းမှနေ၍ တခြားနေရာဒေသသို့ အငှားကျွန်အဖြစ် အပို့ခံရမည်ဆိုပါလျှင် နာကျင်ကြေကွဲရမည်ဖြစ်သော သမ္မတကြီးတို့၏ ခံစားချက်များကို စဉ်းစားတွေးတောပြီး မိမိနိုင်ငံတွင်းမှ အမျိုးကောင်းသမီးငယ်များကို ရင်ဝယ်သားကဲ့သို့ သဘောထားကာ မလေးရှားနိုင်ငံသို့ မြန်မာအမျိုးသမီးငယ်များအား အိမ်ဖော်အဖြစ်စေလွှတ်ရန် စီစဉ်နေမှုများကို ရပ်တန့်ပေးပါရန် အနူးအညွတ် မေတ္တာရပ်ခံအပ်ပါသည်ခင်ဗျား……………..။

မောင်ပါလ
(ပြည်ပရောက် မြန်မာလူမျိုးတဦး)
၁၂.၄.၂၀၁၂

အပြည့်အစုံသို့.....

လူထုခြေဖ၀ါးအောက်က လူထုခေါင်းဆောင်တဲ့လား………

>> Saturday, April 7, 2012

လူထုခြေဖ၀ါးအောက်က လူထုခေါင်းဆောင်တဲ့လား………

မလေးရှားမှာရှိတဲ့ မြောက်များလှစွာသော မြန်မာဂျာနယ်တွေထဲက တစောင်ဖြစ်တဲ့ ဟယ်လိုမြန်မာ ရဲ့ မျက်နှာဖုံးခေါင်းစဉ်ပါဆောင်းပါးတပုဒ်ပါ။ စာ၊ နယ်၊ ဇင်း စကားနဲ့ပြောရမယ်ဆိုရင်တော့ အယ်ဒီတာ့အာဘော်ပေါ့။ ခေါင်းစဉ်အပြည့်အစုံကတော့ “လူထုခြေဖ၀ါးအောက်က လူထုခေါင်းဆောင်ကို လူထုကဦးထိပ်တင်ပြီ” တဲ့။ ဆောင်းပါးရဲ့ဆိုလိုရင်းအနေနဲ့ ဘာဖြစ်နိုင်မလဲ ဆိုတာထက် ခေါင်းစဉ်ရဲ့ဆိုလိုရင်းကတော့ ခပ်ရှင်းရှင်းဖြစ်နေပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ အရင်က မြန်မာလူထုရဲ့ ခြေဖ၀ါးအောက်မှာ ရှိခဲ့တယ်။ ခုဆိုရင်တော့ အကုန်လုံးက ဦးထိပ်တင်လိုက်ပါပြီပေါ့။



ပထမဆုံးပြောချင်တာကတော့ (ဒါက မောင်ပါလအမြင်ပါ) ဒေါ်အောင်ဆန်းစုကြည်ဟာ ဘယ်တုန်းကမှ လူထုခြေဖ၀ါးအောက်မှာ မရှိသလို ဘယ်တော့မှလည်း လူထုဦးထိပ်မှာ ရှိနေမှာမဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ လူထုခေါင်းဆောင်ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ လူထုရဲ့ခြေဖ၀ါးအောက်မှာလည်းရှိမနေ၊ လူထုရဲ့ဦးထိပ်မှာလည်းရှိမနေဘဲ အမြဲတမ်း လူထုနဲ့တထပ်တည်း၊ တသွေးတည်း၊ တသားတည်း ရှိနေလို့ပါပဲ။

ဒုတိယပြောချင်တာကတော့ “လူထုခြေဖ၀ါးအောက်က လူထုခေါင်းဆောင်ကို လူထုကဦးထိပ်တင်ပြီ” ဆိုတဲ့ခေါင်းစဉ်နဲ့ ပတ်သတ်ပြီး ဟယ်လိုမြန်မာရဲ့ တာဝန်ရှိသူကိုသက်ပြင်းကို ကျနော်ဖုန်းဆက်ဖြစ်ပါတယ်။ ကျနော်တို့ရဲ့အာဘော်ကို ရေးထားတာပါတဲ့။ အဲတော့ ကျနော်ကပြန်မေးပါတယ်။ “ကိုသက်ပြင်းတို့အာဘော်ဆိုတော့ ခေါင်းစဉ်အရပြောရရင် ကိုသက်ပြင်းခေါင်းဆောင်တဲ့ ဟယ်လိုမြန်မာက အရင်တုန်းက လူထုခေါင်းဆောင်ကို ခြေဖ၀ါးအောက်မှာထားထားပြီး ခုမှ ဦးထိပ်ပြန်တင်တာလား” လို့။ သူပြန်ဖြေပါတယ် “ကျနော်တို့က ချီးမြှောက်တာပါ” တဲ့ဗျာ။ ဗုဒ္ဓေါရေ………။ သူတို့ချီးမြှောက်ပုံကြီးကလည်း……….။ ပြန်တော့ပြောဖြစ်ခဲ့ပါတယ်။ “ကိုသက်ပြင်းတို့ ဟယ်လိုမြန်မာရဲ့ လူထုခေါင်းဆောင်ကို ချီးမြှောက်ပုံက လူတယောက်ကို ခုံဖိနပ်နဲ့ပါးရိုက်ပြီး ကျနော်က ချီးမြှောက်တာပါဗျာလို့ ပြောသလိုဖြစ်နေပြီ” လို့…………..။ ပြောရရင် ဒီထက်မကပါဘူး။ မျက်နှာဖုံးပါခေါင်းစဉ်က လူထုခေါင်းဆောင်ကို ယခင်စစ်အစိုးရအာဘော်အတိုင်း ပက်ပက်စက်စက်နှိမ်ချထားတာဖြစ်သလို ဒေါ်အောင်ဆန်းစုကြည်ကို ယနေ့အချိန်မှာ အားပေးဝန်းရံနေကြတဲ့ ပြည်သူလူထုအားလုံးကိုလည်း သိသိသာသာ စော်ကားလိုက်တာပါ။

စာပေပိုင်း၊ ဂျာနယ်ပိုင်းအရ အဓိကထားပြီးပြောရရင် ဆောင်းပါး၊ ကဗျာ၊ အက်ဆေး၊ ၀တ္ထုတို၊ ၀တ္ထုရှည် ဘယ်လိုစာပေမျိုးမဆို ရေးတဲ့စာရဲ့ ပဓာနထင်ဟပ်မှုက ခေါင်းစဉ်မှာအရိပ်ထင်ပါတယ်။ လူတွေစိတ်ဝင်စားအောင်၊ ကိုယ်ရေးထားတာတွေအားလုံးကို ခြုံငုံမိအောင် ခေါင်းစဉ်တပ်လေ့ ရှိကြပါတယ်။ အထက်ကပြောခဲ့သလိုပဲ ဆောင်းပါးက လူထုခေါင်းဆောင်ကို ချီးမြှောက်ထားတာပါဆိုရင်တော့ ဒီခေါင်းစဉ်တပ်ခြင်းဟာ ဂျာနယ်တစောင်ရဲ့မိုက်မဲမှု၊ အယ်ဒီတာတယောက်ရဲ့ အသိအမြင်နုံနဲ့မှုပါပဲ။ စာရေးသူတယောက်၊ အယ်ဒီတာတယောက်ဟာ ကိုယ်ရေးထားတဲ့စာနဲ့ ကိုယ်တပ်ထားတဲ့ခေါင်းစဉ် အရှေ့နဲ့အနောက် အဓိပ္ပါယ်ဖြောင့်ဖြောင့်ကြီးကွဲလွဲနေတာကိုမှ မသိဘူးဆိုရင်တော့ အတွေးအခေါ်၊ အသိအမြင် ညံ့ဖျင်းတဲ့အယ်ဒီတာ တာဝန်ခံထားတဲ့ ဂျာနယ်တစောင်ရဲ့အန္တရာယ်ရှိမှုဟာ ဖတ်မိတဲ့လူတွေအတွက် မတွေးဝံ့စရာကောင်းလောက်အောင် အန္တရာယ်ကြီးမားလှပါတယ်။

လူတိုင်းဟာ သူ့အမြင်ကိုယ့်အမြင် ရှိတတ်ကြပါတယ်။ အရင်စစ်အစိုးရကိုကြိုက်လို့၊ စစ်အစိုးရလက်ထက်မှာ စီးပွားရှာရတာကောင်းလို့၊ အချောင်သူဌေးဖြစ်နိုင်လို့ စစ်အစိုးရကိုပဲ လက်ခံမယ်ဆိုတဲ့အမြင်နဲ့ ရေးနေပြောနေတာကြလည်း အလွန်အကျွံမဟုတ်ရင် အတိုင်းအတာတခုအထိ လက်ခံလို့ရပါတယ်။ ဒီလိုအတွေးနဲ့ ဆောင်းပါးထဲမှာ ဘာပဲရေးရေး၊ မျက်နှာဖုံးမှာခေါင်းစဉ်ကို ဆောင်းပါးနဲ့တော်၏မတော်၏ အဓိကမထားဘဲ ကိုယ်လိုရာတပ်ထားတာပါ ဆိုရင်တော့ ဘာမှပြောစရာအကြောင်းမရှိပါဘူး။ မလေးရှားမှာထုတ်နေတဲ့ ဟယ်လိုမြန်မာရဲ့ အာဘော်ဟာ စစ်အစိုးရအကြိုက်လိုက်ရေးတာပါ၊ ကိုယ်ကြိုက်တာကိုယ်ရေးတာပါ လို့ ပြောလိုက်ရုံပါပဲ။ ဂျာနယ်ဖတ်ကြသူတွေအနေနဲ့လည်း သြော်….. ဒီလိုလူမျိုးတွေလည်း ရှိတတ်တာပါလားလို့ လျစ်လျူရှုလိုက်ကြရုံပါပဲ။


မလေးရှားမှာလည်း မြန်မာပြည်သား ခရိုနီအသေးစားလေးတွေ၊ ဗဟုတွေ၊ ရေလိုက်ငါးလိုက်ကောင်တွေ အများကြီးတွေ့တယ်။ အရင်တုန်းကဆို နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ သူတို့ဆိုင်သွားထိုင်ရင် ဆိုင်ကိုပဲ သံရုံးက ချက်ချင်းလာပိတ်တော့မလိုလို၊ နိုင်ငံရေးဂျာနယ်များ ဆိုင်မှာတင်မယ်သွားပြောမိရင် တီကောင်ဆားထိသလို တွန့်သွားကြတဲ့ဆိုင်ပိုင်ရှင်တွေ၊ ဂျာနယ်လေးများ စားသောက်နေသူတွေကို လိုက်ရောင်းရင် သံရုံးကမကြိုက်ဘူးဆိုတာတွေ ပြန်မြင် ပြန်ကြားမိသေးတယ်။ ခုဆိုရင် တဆိုင်လုံးကြည့်လိုက် ဒေါ်စုပုံတီရှပ်၊ ဗိုလ်ချုပ်ပုံတီရှပ်တွေ ဝေေ၀ဆာဆာရဲ့ သူတို့တွေပဲ သံရုံးနဲ့ အတိုက်အခံလုပ် ဒေါ်စုကိုထောက်ခံလာကြသလိုလို၊ ဘိုးဘေးဘီဘင်အစဉ်အဆက် သူတို့ပဲ အစဉ်တစိုက် စစ်အစိုးရကှိ တော်လှန်လာကြသလိုလို။ လူကိုမတွေ့လိုက်နဲ့ နိုင်ငံရေးစကားတွေ မိုးမွှန်အောင်ပြောတတ်နေကြပြီ။ ယုံကြည်ချက်နဲ့ အငတ်ငတ်အပြတ်ပြတ်လုပ်လာကြတဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ အစစ်အမှန်တွေ ဘယ်တော့မှ ချောင်ထဲကကို မထွက်ရဘူး။ အခြေအနေနှစ်ခုလုံးကို ကိုယ်တိုင်ကြုံတွေ့ခံစားဖူးတော့ ခုဖြစ်နေတာတွေ အော့နှလုံးနာမိပေမယ့် ဒေါ်စုဟာ ငါတို့မြန်မာပြည်သူတွေအတွက် တကယ်အားကိုးထိုက်သူပါလားဆိုတာ ခုမှ အသိမှန်၊ အမြင်မှန်ရလာတဲ့လူတွေပါလားလို့တွေးပြီး ခပ်ပြုံးပြုံးလေးပဲ ချောင်ကပ်နေခဲ့တာပါ။ ဟယ်လိုမြန်မာဂျာနယ်လို ဘယ်ပြပြီး ညာထိုးချင်ကောင်တွေလည်း မနည်းမနောရှိသေးတယ်။ ဒါက မလေးရှားမှာပဲရှိသေးတယ်။ မောင်ပါလဖဘဆို အဲလိုကောင်တွေများလွန်းလို့ သောက်မြင်ကပ်လို့ပိတ်ထားတာ။ ခုပြောချင်လွန်းလို့  ဖဘကို ပြန်ဖွင့်လိုက်တာ။ တော်ပြီ။ နောက်မှဆက်ပြောမယ်။

မောင်ပါလ
၇.၄.၂၀၁၂

အပြည့်အစုံသို့.....

ရက်စက်တော့မှာလား ၀ီစီကမ်ပိန်းရယ်

>> Friday, February 10, 2012

အမျိုးသမီးသီးသန့်  မော်တော်ယာဉ်လိုင်းပြေးဆွဲရန် အစီအစဉ် နဲ့ အမျိုးသမီးများအတွက် ၀ီစီကမ်ပိန်းဆိုတဲ့ သတင်းနှစ်ပုဒ်ဖတ်လိုက်ရတယ်။ အမျိုးသမီးသီးသန့်  မော်တော်ယာဉ်လိုင်းပြေးဆွဲရန် အစီအစဉ်နဲ့ ပတ်သတ်ပြီး မလေးရှားနိုင်ငံက လုပ်နည်းလုပ်ဟန်တွေ မြင်နေရတော့ ဖြစ်သင့်တယ်လို့ သဘောတူမိပေမယ့် ၀ီစီကမ်ပိန်းဆိုတာကိုတော့ နည်းနည်းပြောချင်တယ်ဗျာ။

လောကမှာ လူကောင်း လူဆိုး တွဲပြီးရှိနေကြသလို ခွဲခြားပြီးလည်း မြင်ဖို့မလွယ်နိုင်ကြပေမယ့် လူကောင်းတွေရဲ့ မလွှဲသာမရှောင်သာ ကြုံတွေ့ရတဲ့ အကျပ်အတည်းကိုတော့ စာနာနားလည်ကြစေချင်ပါတယ်။

ပုထုဇဉ်တွေပဲဗျာ…။ ကြောက်စရာကောင်းလှတဲ့ အတွေ့အာရုံကို ဘယ်သူလွန်ဆန်နိုင်ကြမတုန်း။ တကယ့် သီလသမာဓိရှိတဲ့ ပုဂ္ဂိုလ်ကြီးတွေတောင် အဲလို အချိန်မျိုးမှာ ရုပ်ကိုညှင်းပန်းပြီး စိတ်ကိုအနိုင်ယူရတဲ့ သာဓကတွေလည်း အများကြီးပါ။ အကယ်၍ မကောင်းပါဘူး မတော်ပါဘူးဆိုပြီး စိတ်ကဆန့်ကျင်နေရင်တောင် ရုပ်ကမလွန်ဆန်နိုင်ကြပါဘူး။ မိန်းကလေးနဲ့ ယောက်ျားလေး အတွေ့အာရုံမှာ ဘယ်သူပိုပြီး မွေ့လျော်ကြသလဲဆိုတာ ကျုပ်မပြောတော့ပါဘူး။ ပြဿနာက မိန်းကလေးက လူကြားသူကြားမှာ ပျော်မွေ့တဲ့စိတ် ရှိရင်တောင် သိုသိုသိပ်သိပ်နေလို့ရတယ်။ ယောက်ျားလေးကတော့ အထုပ်အထည်နဲ့ကို မိတာဗျို့……..။

ဒီတော့ စဉ်းစားမိတယ်။ ကျုပ်ကိုယ်တိုင်လည်း မြန်မာပြည်မှာ လိုင်းကားစီးပြီး အလုပ်သွား အလုပ်ပြန် လုပ်ခဲ့ဖူးတော့ ယောက်ျားလေး၊ မိန်းကလေး နှစ်ဖက်စလုံးကို ကိုယ်ချင်းစာနိုင်တယ်။ ရုံးတက် ရုံးဆင်းချိန်ဆိုရင် လူက ကားပေါ်ဘယ်လိုရောက်သွားမှန်းကို မသိလိုက်အောင် ကားကျပ်တာကလား။ ကားပေါ်မှာလည်း လက်နှစ်ဖက်လုံးကို တန်းပေါ်ကိုင်ထားလို့ရသေးတယ်။ လက်က အလုပ်မလုပ်ပါဘူးဆိုတာ အလီဘိုင်ပြနိုင်အောင်။ (ဒါတောင် အဲလိုကားကျပ်တဲ့အချိန် လက်နှစ်ဖက်လုံးကို အပေါ်တန်းအကိုင်ကောင်းလို့ ဘေးလွယ်အိတ်ထဲက ပိုက်ဆံအိတ် ခါးပိုက်နှိုက်ခံရတာ ခဏခဏ) ကဲ…… လက်နှစ်ဖက်လုံးကတော့ တရားသေလွတ်ပါပြီဗျာ။ ကျုပ်တို့ဖွားဖက်တော်ကို ဘယ်နားသွားထားရမတုန်း။ ခဏဖြုတ်ပြီး လွယ်အိတ်ထဲလည်း ထည့်ထားလို့မရ။ လက်ကကိုင်ပြီး မြှောက်ထားလို့လည်းမရ။ ကားကကျပ်တော့ အတွေ့ကိုလည်း ဒီရုပ်ကြီးကမလွန်ဆန်နိုင်။ စိတ်ထဲမှာတကယ်မရှိပေမယ့် အသည်းတဖိုဖို ရင်တမမ။ ကလိကလိနဲ့ ဖုံးဖုံးဖိဖိကလည်း လုပ်လို့မရ။ တော်တော် ဂွကျတာကလားဗျာ…..။ ဒီကြားထဲ ဘယ်အချိန်များ ၀ီစီသံကြားရမလဲ တွေးပြီးကြောက်နေရမယ်ဆိုတော့ စဉ်းစားသာကြည့်ကြပါတော့။

ကန်တော့ပါရဲ့ဗျာ။ ကွက်ကွက်ကွင်းကွင်း မြင်အောင်ရေးတာ ဘက်စ်ကားစီးရတဲ့ ပစ္စည်းမဲ့လူတန်းစား ရိုးသားတဲ့ယောက်ျားလေးတွေရဲ့ဒုက္ခကို ကိုယ်ချင်းစာနိုင်ကြအောင်ပါ။ ယောက်ျားလေး၊ မိန်းကလေးတွေတင်မကပါဘူး။ ဘယ်နေရာ၊ ဘယ်ပြဿနာပဲဖြစ်ဖြစ် နှစ်ဖက်စလုံးကို ချိန်ထိုးစဉ်စားပြီး သင့်လျော်မှန်ကန်တဲ့ ဖြေရှင်းနည်းကိုပဲ အကောင်းဆုံး ပြုလုပ်ကြစေချင်ပါတယ်။ ဒီတော့ဗျာ………….. အမျိုးသမီးသီးသန့်  မော်တော်ယာဉ်လိုင်းပြေးဆွဲရန် အစီအစဉ် ဆိုတာကို အမြန်ဆုံးအကောင်အထည်ပေါ်အောင် လုပ်ဆောင်သင့်ပေမယ့် ၀ီစီကမ်ပိန်း ဆိုတာကြီးတော့ စဉ်းစဉ်းစားစား လုပ်ကြစေချင်ပါတယ်။

ကျုပ်ရဲ့ မြန်မာပြည်မှာ ရှိနေကြတဲ့ ယောက်ျားလေးမိတ်ဆွေများကို အကြံပေးချင်တာကတော့ အကယ်၍များ ၀ီစီကမ်ပိန်းနဲ့ ကြုံခဲ့ကြရင်တော့ “ငါယောက်ျား.. ကံရှေ့သွား ကံထားရာဟဲ့” လို့ ဦးပုညလိုတော့ မာနတွေနဲ့ တင်းခံမနေကြပါနဲ့။ “လာခဲ့” ဆိုပြိး နီးရာမိန်းကလေးတယောက်လက်ထဲ အသားခုတ်ဓားထည့်၊ ကိုယ့်ဖွားဖက်တော်ကို စဉ်းနှီးတုံးပေါ်တင်ပေးပြီး “မင်းလေးစိတ်တိုင်းကျ မင်းသဘောပါ အချစ်ကလေး” ဆိုတဲ့သီချင်းပဲ အော်ဆိုနေကြပါတော့လို့ အကြံပေးလိုက်ပါရစေဗျာ။

မောင်ပါလ
၁၀.၂.၂၀၁၂

အပြည့်အစုံသို့.....

ကြံ့ဖွံ့အစိုးရ နောက်ကွယ်နှင့် အာဏာရှင်ဒီမိုကရေစီ

>> Tuesday, February 7, 2012

မြန်မာနိုင်ငံဟာ ပြုပြင်ပြောင်းလဲရေးလမ်းစပေါ်ကို ရောက်နေပြီလို့ ပြောနေကြပါတယ်။ ဒါ့အပြင် ကြံ့ဖွံ့အစိုးရခေါင်းဆောင်ပိုင်းတချို့ကလည်း ဘယ်တော့မှ နောက်ပြန်မလှည်တော့ပါဘူးလို့ ပြောနေကြတယ်။ တချို့ပြောင်းလဲမှုတွေကိုလည်း အမှန်တကယ်တွေ့နေရပါတယ်။ ဒီမိုကရေစီလမ်းကြောင်းပေါ် ခြေချနေကြပြီလို့ ပြောနေကြပေမယ့် တချို့ကိစ္စတွေကို အာဏာရှင်စရိုက်၊ အာဏာရှင်အကျင့်တွေအတိုင်း ကျင့်သုံးနေကြတာလည်း မြင်နေ၊ ကြားနေရပါတယ်။ ဒီတော့ ကြံ့ဖွံ့အစိုးရဖော်ဆောင်မယ့် ဒီမိုကရေစီဆိုတာ ဘယ်လိုဒီမိုကရေစီလဲဆိုတာ မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။

၂၀၁၁-ရွေးကောက်ပွဲအနိုင်ရ ကြံ့ဖွံ့ပါတီရယ်လို့ မဖြစ်ခင် န၀တစစ်အစိုးရလက်ထက် ၁၉၉၃ ခု၊ စက်တင်ဘာ ၁၅ မှစတင်ပြီး ၁၉-နှစ်ကြာ လက်သပ်မွေးမြူထားခဲ့တဲ့ စစ်အာဏာရှင်တွေရဲ့ လက်ကိုင်တုတ်အဖွဲ့အစည်းဟာ လက်ရှိကြံဖွံ့အစိုးရဆိုတာ လူတိုင်းသိကြပါတယ်။ ၁၉-နှစ်ကြာ စနစ်တကျနဲ့ ရည်ရွယ်ချက်ရှိရှိ ပြုစုပျိုးထောင်ခဲ့တယ်။ Road Map ဆိုတာကြီးကို နှစ်ရှည်လများ အကောင်အထည်ပေါ်အောင် ကြိုးစားခဲ့ပြီး ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို စစ်အာဏာရှင်စိတ်ကြိုက်ရေးဆွဲခဲ့တယ်။ ပြည်သူ့ဆန္ဒကို လျစ်လျူရှုပြီး ပြည်သူ့ဆန္ဒခံယူပွဲဆိုတာကို လိမ်လည်လုပ်ဆောင်ခဲ့တယ်။ မဲခိုးပြီး ရွေးကောက်ပွဲအနိုင်ရအောင် ကောက်ကျစ်စွာလုပ်ဆောင်ပြီး တိုင်းပြည်အာဏာ ရယူခဲ့တယ်။ ဒါတွေအားလုံးရဲ့ လက်သည်တရားခံဟာ စစ်အာဏာရှင်အုပ်စု၊ ကြံ့ဖွံ့အစိုးရဆိုတာက အာဏာရှင်ရဲ့လက်ကိုင်တုတ်။ ဒါတွေအားလုံးကို စစ်အာဏာရှင်တွေ စနစ်တကျ လုပ်ဆောင်ခဲ့ကြတာ တိုင်းပြည်ကိုပြုပြင်ပြောင်းလဲဖို့ ရည်ရွယ်ချက်တခုတည်းကြောင့် ဟုတ်နိုင်ပါ့မလားဆိုတာ စဉ်စားစရာဖြစ်နေပါတယ်။

ယနေ့မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေး ရောင်ခြည်သမ်းနေပါပြီ။ လတ်တလောကာလဟာ အပြောင်းအလဲတခုကို မဖြစ်မနေပြုလုပ်ရမယ့်အခြေအနေမှာ ရှိနေပါတယ်။ ဒါကို လက်ရှိကြံ့ဖွံ့အစိုးရ၊ NLD ပါတီနှင့်တကွ အတိုက်အခံများ၊ ပြည်သူအားလုံးပါ သိနေကြပါတယ်။ နောက်ပြန်လှည့်ဖို့ဆိုတာကလည်း တော်တော်မလွယ်ကူတဲ့အနေအထားဆိုတာ သုံးသပ်မိကြပါလိမ့်မယ်။ မြန်မာပြည်ဟာ အမှန်တကယ် ပြောင်းလဲနိုင်ပါတယ်။ ဒီလိုအခြေအနေမှာ ယနေ့ဖြစ်ပေါ်နေတဲ့ အတိုက်အခံ NLD ပါတီအပေါ် ပြည်သူတွေရဲ့ သက်ဝင်ယုံကြည်မှုတွေကို ကြံ့ဖွံ့အစိုးရက ကြည်ဖြူစွာလက်ခံနိုင်ပါ့မလား။ စစ်အာဏာရှင်တွေ စနစ်တကျဖွဲ့စည်းထားတဲ့ ကြံ့ဖွံ့အစိုးရဟာ တိုင်းပြည်ရဲ့အာဏာကို အတိုက်အခံလက်ထဲ အလွယ်တကူထည့်ပေးပြီး မင်းတို့ပဲပြောင်းလဲရေးအတွက် လုပ်ကြတော့ ဆိုပြီး အသာတကြည်ဆင်းပေးနိုင်ပါ့မလား။ စနစ်တကျလည်း ဖွဲ့စည်းအာဏာယူထားတယ်။ နောက်ပြန်လှည့်ဖို့ဆိုတဲ့ အာဏာသိမ်းအကြမ်းဖက်နည်းကိုလည်း ဆုပ်ကိုင်ထားဖို့ မလွယ်တော့ဘူး။ တိုင်းပြည်ပြောင်းလဲမှုကိုလည်း ဖော်ဆောင်ရမယ်။ လူထုခေါင်းဆောင်နဲ့ အတိုက်အခံကိုလည်း အာဏာလွှဲပေးဖို့ အစီအစဉ်မရှိဘူးဆိုခဲ့ရင် အာဏာရှင်လက်ကိုင်တုတ် ကြံ့ဖွံ့အစိုးရရဲ့ ရည်ရွယ်ချက်က တိုင်းပြည်ပြောင်းလဲမှုကို ၄င်းတို့ကိုယ်တိုင် လုပ်နေတယ်ဆိုတာကို ဖော်ဆောင်ပြရင်း အနုနည်းနဲ့ အာဏာကို နှစ်ပေါင်းကြာမြင့်စွာ ချုပ်ကိုင်ထားနိုင်ဖို့ပဲ ဖြစ်ပါလိမ့်မယ်။

ကြံ့ဖွံ့အစိုးရအနေနဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီဖော်ဆောင်ဖို့ လုပ်ဆောင်ပြမယ်ဆိုရင် ဒီမိုကရေစီနိုင်ငံတွေက ဒီမိုကရေစီနည်း၊ စနစ်တွေကို စနည်းနာပါလိမ့်မယ့်။ အမေရိကတို့၊ ဥရောပတို့က ဒီမိုကရေစီစနစ်တွေဟာ ယဉ်ကျေးမှုအရရော ပထ၀ီအနေအထားအရပါ မတူညီတဲ့အပြင် အရမ်းဝေးကွာလွန်းနေတဲ့အတွက်ကြောင့် ထည့်သွင်းစဉ်းစားကြမှာ မဟုတ်ပါဘူး။ အာရှ၊ အရှေ့တောင်အာရှ စတဲ့နိုင်ငံတွေမှာ လက်ခံကျင့်သုံးနေကြတဲ့ အရှေ့တိုင်းဒီမိုကရေစီနည်းကိုပဲ အဓိကထားစဉ်းစားကြပါလိမ့်မယ်။ စစ်တပ်ကမကြာခဏအာဏာသိမ်းနေရတဲ့ မတည်မငြိမ်နိုင်ငံရေးနဲ့ အိမ်နီးချင်းထိုင်းနိုင်ငံရဲ့ ဒီမိုကရေစီစနစ်ကိုလည်း ကြံ့ဖွံ့အစိုးရ စိတ်ဝင်စားမှာမဟုတ်ပါဘူး။ အတိုက်အခံပါတီတွေနဲ့ နင်တလှည့် ငါတလှည့် အာဏာလုနေရတဲ့ စင်္ကာပူနိုင်ငံက ဒီမိုကရေစီစနစ်ကိုလည်း သဘောကျနှစ်ခြိုက်ကြမှာ မဟုတ်ပါဘူး။ လွတ်လပ်ရေးရပြီးကတည်းက နှစ်ပေါင်း ၅၀-ကျော်ကြာ တပါတီထဲ အာဏာရယူနိုင်ထားတဲ့ မလေးရှားနိုင်ငံက လက်ရှိအစိုးရ (UMNO ပါတီ) ရဲ့ အာဏာရှင်ဒီမိုကရေစီစနစ်ကတော့ ကြံ့ဖွံ့အစိုးရကို သားရည်ကျနိုင်စရာ ဖြစ်နေပါတယ်။

ဒီနေရာမှာ မလေးရှားနိုင်ငံက အာဏာရပါတီထက် စစ်အာဏာရှင်လက်ကိုင်တုတ် ကြံ့ဖွံ့အစိုးရက ပိုပြီးအလေးသာသွားတဲ့အချက်ကတော့ လွှတ်တော်တွင်းမှာ စစ်တပ်တမတ်သား အော်တိုမစ်တစ်အုပ်ချုပ်ချယ်လှယ်ခွင့်ပါပဲ။ လွှတ်တော်တွင်း စစ်တပ်တမတ်သားဟာ စစ်အာဏာရှင်လက်ကိုင်တုတ်အဖွဲ့ကို ပံ့ပိုးပေးဖို့ပါပဲ။ ဒီလိုအထောက်အကူပြုလို့မှ အခြေအနေမလှရင်လည်း စစ်တပ်က အချိန်မရွေးအာဏာသိမ်းခွင့်ဆိုတဲ့ ဖွဲ့စည်းပုံဥပဒေက ထပ်ပြီးကျားကန်ပေးထားပါသေးတယ်။ ဒီတော့ ကြံ့ဖွံ့အစိုးရဟာ မြန်မာနိုင်ငံရေးကို မပြောင်းမဖြစ်ပြောင်းလဲရမယ့်အချိန်မှာ သူတို့နာမည်ကောင်းယူပြီး သူတို့ကိုယ်တိုင်က ပြောင်းလဲအောင်ကြိုးစားခဲ့ပါတယ်ဆိုတဲ့အနေအထားကို အာဏာရှင်ဒီမိုကရေစီနည်းနဲ့ မရောက်ရောက်အောင်သွားမှာဖြစ်သလို စစ်အာဏာရှင်တွေကြောင့် ဆုတ်ယုတ်ခဲ့ရတဲ့ မြန်မာ့သမိုင်းကိုလည်း တဖြည်းဖြည်းနဲ့အမှောင်ချ ပြောင်းလဲသွားနိုင်ပါတယ်။ ဒီလိုနည်းနဲ့မှ သူတို့ချထားတဲ့လမ်းကြောင်း အကြောင်းတမျိုးမျိုးနဲ့ သွေဖည်သွားခဲ့ရတော့ စစ်တပ်ကလိုအပ်ရင် အာဏာပြန်သိမ်းမယ် ဆိုတဲ့ စကားက အကောင်အထည်ပေါ်လာနိုင်ဖို့ သေချာပါတယ်။

ဒီနေရာမှာ လက်ရှိ အဓိကအတိုက်အခံ NLD ပါတီနဲ့ ပတ်သတ်ပြီး ပြောစရာရှိနေပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ NLD ပါတီဟာ ယနေ့အချိန်မှာ လူထုရဲ့ထောက်ခံမှုကို အပြည့်အ၀ရရှိနေတာမှန်ပါတယ်။ အတိုက်အခံပါတီဟာ ဘယ်လောက်ပဲလူထုထောက်ခံမှုရှိနေပါစေ။ ရွေးကောက်ပွဲနိုင်ပြီး တိုင်းပြည်မှာ အာဏာရအစိုးရတရပ်ဖြစ်မလာအောင် ထိန်းချုပ်ဖို့ ကြံ့ဖွံ့အစိုးရမှာ လွှတ်တော်တွင်း စစ်တပ်တမတ်သား ရှိနေပါတယ်။ ဒီတော့ ၂၀၁၅ ရွေးကောက်ပွဲမှာ စစ်တပ်ကိုကျောထောက်နောက်ခံပြုထားတဲ့ ကြံ့ဖွံ့အစိုးရကို ဖယ်ရှားနိုင်ဖို့ဆိုတာ အတိုက်အခံ NLD ပါတီအတွက် မလွယ်ကူပါဘူး။ ၂၀၁၅ မတိုင်ခင်အချိန်မှာ ၂၀၀၈-ဖွဲ့စည်းပုံကို အပြည့်အ၀ပြန်လည်ပြင်ဆင်နိုင်မှသာလျှင် ဒီအခက်အခဲကိုကျော်လွှားနိုင်မှာ ဖြစ်ပါတယ်။

နောက်တချက်အနေနဲ့ကလည်း အတိုက်အခံ NLD ပါတီရဲ့ ခေါင်းဆောင်များဟာ သက်ကြီးရွယ်အိုတွေ ဖြစ်နေကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် ခေါင်းဆောင်ကြီးတွေရဲ့ လုပ်ဆောင်နိုင်မှုဟာ ၂၀၁၅ ရွေးကောက်ပွဲ ကာလအလွန်လောက်သာ ရှိနိုင်ပါတယ်။ ၂၀၁၉-ရွေးကောက်ပွဲအတွက် NLD ဟာ မျိုးဆက်သစ်ခေါင်းဆောင်တွေကို မဖြစ်မနေမွေးထုတ်ပေးနိုင်မှသာ ရေရှည်မှာ ကြံ့ဖွံ့အစိုးရနဲ့ နင်လားငါလား ပခုံးချင်းယှဉ်နိုင်မှာပါ။ ဒီအချိန်အတောအတွင်းမှာ ဒေါ်အောင်ဆန်းစုကြည်လို၊ ဘဘဦးဝင်းတင်လို၊ ဘဘဦးတင်ဦးလို လူထုကလက်ခံနိုင်တဲ့ ခေါင်းဆောင်ကောင်းမျိုးကို မွေးထုတ်ပေးနိုင်ဖို့ဟာ NLD အတွက် အလွန်ကြီးမားလှတဲ့ စိန်ခေါ်မှုကြီးတရပ် ဖြစ်နေနိုင်ပါတယ်။ ခေါင်းဆောင်ကောင်းတွေ မမွေးထုတ်နိုင်ရင် NLD ပါတီဟာ နှစ်အနည်းငယ်အတွင်း ခါးပြတ်သွားနိုင်ပါတယ်။ ယနေ့ ၈၈-မျိုးဆက်ခေါင်းဆောင်များနဲ့တကွ တိုင်းပြည်အတွက် စွန့်လွှတ်အနာနာခံ လုပ်နေကြသူတွေဟာလည်း ပါတီနိုင်ငံရေးထက် အမျိုးသားနိုင်ငံရေးကို ဦးစားပေးပြီး ပါတီထောင်ဖို့တွေ၊ ပါတီတွင်းဝင်ဖို့တွေ မရှိသလောက်ဖြစ်နေပါတယ်။ ဒါဟာလည်း နိုင်ငံရေးပါတီတွေ မျိုးဆက်ပြတ်ဖို့ အကြောင်းတခု ဖြစ်ကောင်းဖြစ်လာနိုင်ပါတယ်။ လူထုကထောက်ခံအားပေးတဲ့ တကယ်ကိုယ်ကျိုးစွန့်လုပ်သူတွေ ပါတီနိုင်ငံရေးကို စိတ်မ၀င်စားရင် နိုင်ငံရေးပါတီအတွင်းမှာ အချောင်သမားတွေ၊ အခွင့်အရေးသမားတွေနဲ့ အုတ်ရောရော ကျောက်ရောရော ဖြစ်လာပြီး ပါတီကို လူထုထောက်ခံအားပေးမှု ကျဆင်းလာနိုင်သလို ကြံဖွံ့အစိုးရနဲ့ ရင်ဘောင်တန်းယှဉ်ပြိုင်နိုင်ဖို့ အားလျော့သွားနိုင်ပါတယ်။

အချုပ်အားဖြင့်ဆိုရလျှင်တော့ စစ်အာဏာရှင်တစုဟာ မလေးရှားနိုင်ငံမှ အာဏာရှင်ဒီမိုကရေစီစနစ်ကို အတုယူပြီး "လက်ကိုင်တုတ်ကြံ့ဖွံ့ပါတီသည် အမြဲတမ်းအစိုးရအနေနှင့် တိုင်းပြည်ကိုတိုးတက်ပြောင်းလဲအောင် စွမ်းစွမ်းတမံဆောင်ရွက်ခဲ့ရပြီး ထိုသည်များသည် စစ်အာဏာရှင်တို့၏ အမြော်အမြင်ကြီးလှစွာသော လုပ်ဆောင်မှုများဖြစ်ကြောင်း သမိုင်းလိမ်ကာ ကမ္ဗည်းတင်၍ မြန်မာပြည်တွင် အာဏာရှင်ဒီမိုကရေစီစနစ်ကို အကြမ်းမဖက် အနုနည်းနဲ့ ဖော်ဆောင်သွားနိုင်ပေလိမ့်မည်။ အတိုက်အခံ NLD သည်လည်း အမြဲတမ်းအတိုက်အခံအနေနှင့် ၄င်းတို့အား အထောက်အကူပြုနေစေမည် ဖြစ်သည်။ ထိုသို့မဟုတ်မူဘဲ အခြေအနေတစုံတခု ပြောင်းလဲခဲ့သော် စစ်တပ်သည် ရှောင်လွှဲမရသော အခြေအနေကြောင့် နိုင်ငံရေးတွင် ၀င်ရောက်စွက်ဖက်ခဲ့ရပါသည်" ဆိုသည့်အနေအထားသို့ ရောက်စေရန် စနစ်ကျစွာ သိုသိပ်စွာ ဗျူဟာမြောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နေခြင်း ဖြစ်နိုင်ပါသည်ဟု သုံးသပ်တင်ပြလိုက်ရပါသည်။

မောင်ပါလ
၇.၂.၂၀၁၂

အပြည့်အစုံသို့.....

ဒေါင်းတွေ ကျီးကန်းလို မအာကြပါနဲ့

>> Saturday, January 21, 2012

ပြီးခဲ့တဲ့ရက်ပိုင်းတွေက မီဒီယာတွေကနေတဆင့် ကိုယ်လေးစားအားကျရတဲ့ လူတွေဆီက ကန့်လန့်တိုက်တဲ့ စကားတွေပဲ ကြားနေရလို့ စိတ်မကောင်းဖြစ်မိပါတယ်။

ခွင့်လွှတ်တယ်ဆိုတာ ကောင်းမွန်တဲ့လုပ်ရပ်ပါ။ ချီးကျူးဖို့လည်း ကောင်းပါတယ်။ ဘယ်အရာကိုပဲဖြစ်ဖြစ် ခွင့်လွှတ်နိုင်တဲ့သူရှိသလို ခွင့်မလွှတ်နိုင်ကြတဲ့သူတွေလည်း ရှိတတ်ကြပါတယ်။ ဘာကိုမှ အထွေအထူး ပြောနေကြဖို့ အကြောင်းမရှိပါဘူး။

တကယ်တမ်း ခွင့်လွှတ်တဲ့စိတ်ကို မွေးနိုင်တဲ့လူတယောက်ဟာ ကိုယ်ကိုယ်တိုင်ခွင့်လွှတ်နိုင်သလို ခွင့်မလွှတ်နိုင်တဲ့ တခြားသူတွေကိုလည်း နားလည်ပေးနိုင်ပြီး ဘာကြောင့်ခွင့်လွှတ်သင့်တယ်ဆိုတဲ့အကြောင်း ပြောပြတာနဲ့တင် လုံလောက်နေပါပြီ။ ခွင့်လွှတ်ချင်တဲ့သူကို ခွင့်လွှတ်တယ်လို့ ပြောနေတာနဲ့ တပြိုင်နက်တည်းမှာပဲ မကျေမနပ်ဖြစ်နေတဲ့ အစိုင်အခဲတွေကို ထုတ်ဖော်ပြနေတာကတော့ စိတ်အခြေအနေအရ သဘာဝမကျသလို လူကြီးလူကောင်းလည်း မဆန်ပါဘူး။ ဟိုလိုလို ဒီလိုလိုနဲ့ မီဒီယာတွေမှာ ဝေ့လည်ကြောင်ပတ် ပြောနေတာထက်စာရင် မကျေမနပ်ဖြစ်နေတာကို ဗြောင်ပဲ ဖော်ထုတ်ရှင်းလိုက်တာက ပိုပြီးအကျိုးရှိမယ် ထင်ပါတယ်။ ဖော်ထုတ်ရှင်းလိုက်လို့ အကျိုးမရှိဘူးထင်ရင်လည်း ဘာမှမပြောဘဲနေတာက ပိုကောင်းပါလိမ့်မယ်။

ပြည်သူတွေမှာလည်း ဦးဏှောက်တွေ၊ နားတွေ၊ မျက်စိတွေ ရှိကြပါတယ်။ တိုင်းပြည်အတွက် ကိုယ်ကျိုးမငဲ့ဘဲ အနစ်နာခံပြီး အလုပ်အကျွေးပြုနေကြတဲ့သူတွေကို ထောက်ခံအားပေးလေးစားနေကြပါတယ်။ ငါဘာကောင်ကြီးပါ ဆိုတာ ဖော်ထုတ်ပြောနေစရာ မလိုပါဘူး။ ကိုယ်ကျိုးရှာတကိုယ်ကောင်းသမားတွေကိုလည်း မကောင်းသူအဖြစ် ရှုမြင်ဝိုင်းပယ်တတ်ကြပါတယ်။

လေးစားအားကျရတဲ့ လူတွေဆီက လေးစားအားကျလောက်တဲ့ စကားတွေကိုပဲ ကြားချင်နေကြပါတယ်။


ကျီးကန်းဟာ သူ့သဘာဝအလျောက် ကျီးကန်းလို တအာအာအော်နေတာ ပြောစရာမရှိပေမယ့် ဒေါင်းက ကျီးကန်းလို အာနေရင်တော့ ထူးဆန်းစရာ ဖြစ်နေပါလိမ့်မယ်။


မောင်ပါလ
၁၉.၁.၂၀၁၂

အပြည့်အစုံသို့.....

  © Blogger templates Sunset by Ourblogtemplates.com 2008

Back to TOP