မျိုးဆက်... ၂၃

>> Saturday, August 6, 2011

“မျိုးဆက်... ၂၃”

သြော်….
ဘာလိုလိုနဲ့…
နှစ်ဆယ့်သုံးနှစ်တိုင်ခဲ့ပြီလေ။

၈၈-မှာ လူ့လောကထဲရောက်တဲ့
ရင်သွေးငယ်လေးတွေတောင်
အလှသွေးကြွယ်တဲ့ အရွယ်ရောက်ခဲ့ပြီ။

အလှသွေးကြွယ်ပေမယ့်
ဘ၀အရေးကတော့
မလွယ်ရေးချမလွယ်….

လဲ… ပြို…. ပြန်ထ
ကိုယ်ထူကိုယ်ထ ဆိုပေမယ့်လည်း
ကိုယ့်ဟာကိုယ်ပြန်မထူနိုင်လို့
နာလန်မထူနိုင်တဲ့ ဘ၀တွေ
ဒု နဲ့ ဒေ…….

ဘာအတွက်နဲ့များ
အမှန်တရားကို သင်းကွပ်ချင်ရတာတုန်း…
လူလုံးမလှလို့
အပူလုံးကြွနေကြတဲ့ ဘ၀တွေကို
စာနာကြစမ်းပါ…

တတိုင်းတပြည်လုံး
သွပ်ချာပါဒလိုက်နေတာတောင်
ခင်ဗျားတို့က
အမိုက်ဝင်္ကပါထဲ လည်လို့ကောင်းတုန်း….

မပြောမရှိနဲ့နော်…
ရှစ်လေးလုံးအရေးတော်ပုံက
ပြီးဆုံးသွားပြီလို့ မထင်လိုက်နဲ့

ရင်သွေးငယ်တွေ….
ရှင်သန်မွေးဖွားနေသ၍
အဲဒီ့သမိုင်းကို
တနေ့…. အလှဆုံးရေးပြမယ်။

N.M.T (ညီမင်းသစ်)

0 comments:

  © Blogger templates Sunset by Ourblogtemplates.com 2008

Back to TOP