တလောကလုံး ကြိုဆိုမယ့်နေ့

>> Saturday, June 18, 2011

“တလောကလုံး ကြိုဆိုမယ့်နေ့”

လှိုင်းတွေငြိမ်သက်
ပင်လယ်ကြီးလည်း အဲဒီ့မနက်မှာ
ဦးညွှတ်ကြိုဆိုမယ်....

ကျေးငှက်လေးတွေသင်းဖွဲ့
တေးသီကြဖို့ အဲဒီ့မနက်မှာ
အချင်းချင်း သံစဉ်ညှိကြမယ်...

လောကအလင်းရှင်
နေမင်းသခင်လည်း အဲဒီ့မနက်မှာ
ရွှေရောင်အဆင်းနဲ့
အလင်းပုဝါတစ
လွှမ်းခြုံပေးလို့ ကြိုဦးမယ်...

ညရဲ့ဧကရီ ငွေလမင်းနဲ့
ကြယ်ကလေးတွေက
ညပွဲသဘင်အတွက်
ညီညာကကြိုး အလှဆင်လို့
ကောင်းကင်ကပွဲ ကျင်းပမယ်...

တလောကလုံး
အလှဆုံးပန်းတို့ရဲ့သခင်
မွေးနေ့ရှင်အတွက်
ဆုမွန်ခြွေကြရအောင်...

ကမ္ဘာသူ ကမ္ဘာသားတို့ရေ..
ငြိမ်းချမ်းမယ့် ပန်းတခင်း
တို့အတူတူ ပျိုးကြစို့
အဲဒီမနက်မှာ..........။

ညီမင်းသစ်


0 comments:

  © Blogger templates Sunset by Ourblogtemplates.com 2008

Back to TOP