သူခိုး က လူပြန်ဟစ်

>> Sunday, May 29, 2011

မေလ ၁၉-ရက်၊ ၂၀၁၁ မနက် ၁၁ နာရီအချိန်ခန့်တွင် မလေးရှားနိုင်ငံ အလော့စတားနယ်မြေခံ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်-လူငယ်ရုံး မှ အဖွဲ့ဝင်နှင့် လာရောက်တည်းခိုနေသည့် ဧည့်သည်အပါအ၀င် ၁၀ ယောက်ကို ဖမ်းဆီးခေါ်ဆောင်သွားသည် ဟု ကြားလိုက်တုံးက သိပ်ပြီး မတုန်လှုပ်မိပါ၊ အဘယ့်ကြောင့်ဆိုသော် မလေးရှားရဲများ အနေဖြင့် လုပ်နေကြ အလုပ်ဖြစ်သည့် လူဖမ်း ငွေညစ် ငွေပေးရင် ပြန်လွှတ် ဆိုသည့် ဝေါဟာရနှင့် အဖြစ်အပျက်များက ထမင်းစား ရေသောက်ပမာ ဖြစ်နေပေသည်၊ သို့သော် ၂၁ ရက်နေ့ ညပိုင်း RFA သတင်းဌာနမှ ဦးဘအောင် ဆိုသူက သစ္စာဖောက်လောက်ကောင် ကျော်ကျော် NLD (လွတ်မြောက်နယ်မြေ) ဆိုသူနှင့် အင်တာဗျူး ထားသည်ကို ကြားရမှ ကဒ်တုလုပ်မှု ကြောင့် ဖမ်းခံရသည် ဖြစ်ကြောင်း သိရတော့သည်။

ကျော်ကျော် ဆိုသည့် သစ္စာဖောက်လောက်ကောင် ရဲ့ အသံများကို နားထောင်လိုက်ရမှ သူကိုယ်တိုင် ချောက်တွန်း၍ ဖမ်းခိုင်းလိုက်သည်ကို ထင်ထင်ရှားရှား သိလိုက်ရတော့သည်၊ ၄င်းကျော်ကျော် ပြောသည်ကား အစည်းအဝေးလုပ်၍ ကြေငြာချက် ထုပ်မယ် ဆိုသည်ကလည်း ပါသေးသည်၊ ဖြစ်ကြောင်း ဇာတ်လမ်းစဉ်ကို မသိကြသည့် သောတရှင်များကတော့ ကျော်ကျော်လေသံကို နားထောင်ရင်း ဒါမှ ကျော်ကျော် NLD (လွတ်မြောက်နယ်မြေ) ဥက္ကဌ ဟု ကြွေးကြော်၍ လက်ခုပ်တီးကြမည်လား မသိ။

သို့သော် အကြောင်းခြင်းရာများကို ပြန်သုံးသပ်လိုက်သောအခါတွင်တော့ ကျော်ကျော် ဆိုသော လူယုတ်မာသည် ၄င်းဘုဉ်းခဲ့သော ငွေကြေးကိစ္စများပေါ်ပေါက်လာခဲ့သည်ကို မကျေနပ်၍ အချင်းချင်း နောက်ကျော ဓားနှင့်ထိုးလိုက်ခြင်း ဖြစ်နေသည်ကို တွေ့လိုက်ရပါသည်၊ ရွှေဝါရောင် တော်လှန်ရေး နာဂစ် ၀င်းဝင်းမော်ကိစ္စ စသည့်အချိန်တွင် ပြည်တွင်းသို့ထောက်ပံ့ရန်နှင့် ကျမ္မာရေးအတွက် ငွေများကို ယခုအဖမ်းခံလိုက်ရသည့် အလော့စတားနှင့် ပီနန်နယ်များမှ တာဝန်ခံများက ငွေအများဆုံးပို့ပေးနိုင်ခဲ့ပေသည်၊ မကြာမီမှာပင် ကျော်ကျော်ဆိုသည့် လူယုတ်မာ၏ ကောက်ကျစ်မှု လူလည်ကျမှုများက ဖုံးမရ ဖိမရ ပေါ်ပေါက်လာခဲ့ပေသည်၊ ထိုအချိန်မှစ၍ NLD မလေးရှားဆိုသည့် ဂုဏ်ပုဒ်များဟာလည်း ပျောက်ဆုံးရုံတင်မက မည်သူကမျှ မလေးစားတော့ပေ၊ ထိုကဲ့သို့သော ဖြစ်ရပ်များကြောင့် ပါတီဝင်များ နှုတ်ထွက်သူကထွက် ပြန်လှန်နိုင်သည့် ပါတီဝင်များကို ဖြုတ်ပြီး အလုပ်အကိုင် မယ်မယ်ရရမရှိဘဲ မအူမလည် များကို ရုံးသို့ခေါ်၍ EC အဖြစ် ကျော်ကျော်က ဆွဲခန့်ထားခဲ့သည်၊ တက်တက်ကြွကြွ လုပ်ကိုင်ခဲ့ကြသည့် လူဟောင်းများသာ ကစဥ့်ကလျား ဖြစ်ကုန်သော်လည်း ဥက္ကဌ နှင့်အတွင်းရေးမူးတို့တော့ မပြောင်းရုံတင်မက ယခုချိန်ထိ ကားများပင် ထည်လဲစီးနိုင်ခဲ့ကြသည်၊ မိန်းမများ ကိုယ်စီယူ၍ နိုင်ငံရေးကို ခုတုံးလုပ်ကာ လုပ်စားနေကြသည်။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြည်တွင်းတွင် နေရာအနံ့အပျားသို့သွားကာ တိုင်းရင်းသားများ အပါအ၀င် လူထုများကို စည်းရုံးနေသော်ငြား ဥက္ကဌ ကျော်ကျော်နှင့်အတွင်းရေးမူးတို့ကတော့ မစည်းရုံးနိုင်ရုံတင်မက ရှိသည့် ပါတီဝင်များပင် ပါတီကို ချစ်လျက် စွန့်ခွာနေကြသည်၊ တကန်တန်း ကောက်ချက်ဆွဲ သုံးသပ်လိုက်ပါက ဤကဲ့သို့ ခေါင်းဆောင် အရည်အချင်းများ ကင်းမဲ့ရုံတင်မက ကောက်ကျစ်စဉ်းလဲသည့် လူယုတ်မာတစ်ယောက်ကို ဥက္ကဌဟု တင်မြောက်ထားသည်မှာ အင်မတန်မှပင် အော့နှလုံးနာစရာကောင်းနေပေသည်၊ ထို့သို့ မကောင်းသတင်းများ လှိုင်လှိုင်ထွက်နေသည့် ပါတီအရေးကို ဖြေရှင်းရန် ဗဟိုလ်မှ လူကြီးများ လာရောက်ခဲ့ဖူးသည် ဟုလည်း ကြားဖူးပါသည်၊ သို့သော် လူလည် ကျော်ကျော်က မည်ကဲ့သို့ လုပ်လိုက်သည်မသိ ပြဿနာလာရောက်ဖြေရှင်းပေးသည့် ဗဟိုလ်မှ ပုဂ္ဂိုလ်များကလည်း ပါတီတွင်း ဖြစ်နေသည့် ပြဿနာများကို လုံးဝ မဖြေရှင်းနိုင်ခဲ့ပါ၊ ၄င်းအချိန်တွင်း ဖြစ်ရပ်များကို စုံစမ်းလိုက်သောအခါ လူတစ်ယောက်က “ကျော်ကျော်ကတော့ လက်တော့တွေ တစ်လုံးပြီး တစ်လုံးလာလာဝယ်တာ တွေ့ရတယ်” ဟု ကြားသိရပါသည်၊ ဒါလား မလေးရှား NLD ပါတီ နဲ့ ပြဿနာလာရှင်းသည် ဗဟိုလ်မှ ပုဂ္ဂိုလ်ကြီးများ ဟု သာ စိတ်ထဲတွေးမိပါတော့သည်။

ပြည်သူများက ရွေးချယ်တင်မြောက်သူကို ခေါင်းဆောင်ထားရသည့် ပါတီများ အဖွဲ့အစည်းများ ဟု ခံယူချက်ထားနေကြပါလျက် အဘယ့်ကြောင့် ကျော်ကျော်၏ လုပ်ရပ်များကို မသိကျိုးကျွန် ပြုနေကြသနည်း၊ ပုဂ္ဂိုလ်စွဲမထားဘဲ ဖြုတ်တန်သင့် ဖြုတ် အသစ်ပြန်ခန့်တန်သင့်ရင် ပြန်ခန့်ရမည့် နိုင်ငံရေးပါတီ လုပ်ငန်းစဉ်များသည် ဘယ်ဆီသို့ ရောက်နေသနည်း၊ RFA နှင့် အာတင်ဗျုးသည့် ကျော်ကျော် လေသံကို နားထောင်ပါက ပုဂ္ဂိုလ်ရေးထိုးနက်ချက်များ အများအပြားပါနေသည် အငြိုးအတေးများဖြင့် ပြောဆိုနေသည့် အသံဖြစ်သည်ကို ကြားရသူတိုင်း သိကြပေသည်။

၎င်းအခြေနေကို ပြည်တွင်း ပြည်ပ ဗဟိုလ်မှ လူကြီးများ မကြားသေးသောကြောင့် မလေးရှား NLD ပါတီက ဘာတွေဖြစ်နေတယ်ဆိုတာ မသိကြသည်များ ဖြစ်နေသလော၊ အကယ်၍ကြားသည် သိသည် ဆိုပါက ဗဟိုလ်အနေဖြင့် ယခုချိန်ထိ လက်ပိုက်ကြည့်မနေသင့်ပေ၊ ပြည်သူလူထုက သံသယရှင်းအောင် တစ်ခါတည်း ဖြေရှင်းပေးရမည်ဖြစ်သည်၊ သို့မှသာ ပြည်သူလူထု၏ ယုံကြည်ကိုးစားမှုကို ရနိုင်မည်ဖြစ်သည်၊ NLD ပါတီ မကောင်းကြောင်းများ အင်တာနက်ပေါ်တွင် ပျံ့နံ့နေစရာ အကြောင်းမရှိပေ၊ ခြေမ မကောင်း ခြေမ ဖြစ်ရမည်ဖြစ်သော်လည်း ခြေမ မကောင်း လက်တော့(Laptop) လက်မ မကောင်း လက်တော့(Laptop) ဖြစ်ကုန်ပြီး တကိုယ်လုံးများ ပုပ်ကုန်ပြီလားမသိ။ စွတ်စွဲခြင်း ပုတ်ခတ်ခြင်း မဟုတ်ပါ လတ်တလော ပြောဆိုနေကြသည့် စကားလုံးတစ်ခုကို သုံးနှုံးလိုက်ခြင်းသာ ဖြစ်ပေသည်။

ယခု အဖမ်းခံလိုက်ရသော ကဒ်အတု ကိစ္စကို အနည်းငယ် သုံးသပ်လိုပါသည်၊ ကဒ်အတု ဆိုသည်ကို ကျော်ကျော်အနေဖြင့် ဃဃနန နားမလည်ပါ၊ အဘယ်ကြောင့်ဆိုသော် အကယ်၍ ကဒ်အတု ဖြစ်ပါက လက်ရှိ ၄င်းတို့လုပ်စားနေသည့် ကဒ်နှင့် တထေရာတည်း တူအောင်လုပ်၍ လက်မှတ်ကလဲ ကျော်ကျော်လက်မှတ်များနှင့် တူအောင်လုပ်၍ လိမ်စားနေမှသာ ကဒ်အတုဖြင့် စွတ်စွဲနိုင်ပေသည်၊ သို့သော် ယခုကိစ္စတွက် ကဒ်တွင် NLD (youth) ဟု အထင်အရှားပါနေပါသည်၊ လက်မှတ်ကလဲ ကျော်ကျော်လက်မှတ် မဟုတ်ပါ၊ ဒါကိုပင် ရှေ့မကြည့် နောက်မကြည့်ဘဲ ကဒ်အတုဟု ပေါက်တတ်ကရ ပြောဆိုလိုက်သည့် ကျော်ကျော်အနေဖြင့် ရှက်တတ်ပါက လဲသေနိုင်ပေသည်၊ သည်အဖြစ်အပျက်နှင့် ပြောဆိုစွတ်စွဲမှုကို ကြည့်လိုက်ပါက ပုဂ္ဂိုလ်ရေး အငြိုးအတေးမှ လွဲ၍ တစ်ခြား မရှိပါ၊ ပုဂ္ဂိုလ်ရေးအငြိုးအတေးမဟုတ်ပါ ဆိုပါကလဲ စွတ်စွဲသူ ကျော်ကျော်အနေနှင့် ဆင်ခြင်ဥာဏ် သုံးသပ်ဥာဏ် လုံးဝ မရှိဆိုသည်ကို ထင်ထင်ရှားရှားတွေ့ရပါသည်၊ ဤကဲ့သို့သော လူမျိုးကို ဗဟိုလ်ဆိုသည့် ဌာနမှ လူကြီးများ သည်အတိုင်းပင် ဆက်၍ လက်ပိုက်ကြည့်နေကြမည်လော ဟူ၍ ပြောဆိုတိုက်တွန်း သုံးသပ်လိုက်ရပါသည်။

(အဝေးရောက် လူငယ်)

4 comments:

ko May 29, 2011 at 5:46 PM  

မရှင်းတာလေး တစ်ခုလောက်တော့ မေးပါရစေ... ဒီလောက်တောင်သိနေကြပြီးတော့ စောစောစီးစီး ဘာမှမပြောဘဲနဲ့ ဘာကြောင့်အခုမှ တိုက်တွန်းတာတွေ တောင်းဆိုတာတွေ ဖော်ထုတ်တာတွေ ဝေဖန်တာတွေ လုပ်ရတာလဲဟင် ?????

myanmarcome. June 4, 2011 at 2:19 PM  

ဟုတ်တယ်..အရင်ကတည်းကသိနေကြတယ် သက်သေတွေခိုင်လုံနေကြတာပဲ ဘာလို့မလုပ်ကြပဲ အဖမ်းခံရတော့မှ ၀ရုန်းသုန်းကားထလုပ်တော့ရော ဘာထူးလာမှာလဲ ဟိုမှာလိုက်အော် ဒီမှာလိုက်အော် “လေ”ပစ်လို့ရမယ်..ထိရောက်အောင်ဘယ်သူလုပ်နိုင်လို့လည်း ထိရောက်အောင်မလုပ်နိုင်တဲ့အတွက် ကျော်ကျော်ဆိုတဲ့သူလောက်အရည်အချင်းမရှိကြလို့ပေါ့ ရှင်းနေတာပဲ ကျော်ကျော်ကိုမကြိုက်ရင် ကျော်ကျော်ကို သူငယ်ချင်းတို့ရှင်းထုတ်ရမယ် မရှင်းနိုင်ကြဘူးမှတ်လား သူငယ်ချင်းတို့မရှင်းနိုင်တော့ ကျော်ကျော်က ရှင်းပစ်တယ် အဲဒီမှာ အရည်အချင်းကွာဟချက်ပဲ ယုတ်မာတယ် မယုတ်မာတယ်မပြောနဲ့ အချစ်နဲ့စစ်မှာ တရားတယ်ဆိုတာမရှိဘူး ဆိုတဲ့အတိုင်းပဲ အရည်အချင်းရှိတဲ့သူသာအောင်ပွဲခံရမှာပဲ ကျော်ကျော်ကိုဖြုတ်ချင်ရင် ကျော်ကျော်လောက်အရည်အချင်းရှိအောင်ကြိုးစား ကျော်ကျော်လိုယုတ်မာချင်ရင် ကျော်ကျော်လိုယုတ်မာအောင်ကြိုးစား ဘာပဲဖြစ်ဖြစ်ကောင်းတာမကောင်းတာအပထား အရည်အချင်းကအရည်အချင်းပဲ သူငယ်ချင်းတို့အော်နေတော့ရော ဘာဖြစ်သွားလဲ ကျော်ကျော်ပြုတ်သွားပြီလား သူငယ်ချင်းတို့ရော ဘယ်အဆင့်တွေရောက်သွားကြပြီလဲ လောကမှ လူဆိုတဲ့သတ္တ၀ါဟာ ကိုယ်ကျိုးမရှိရင် ဘာတစ်ခုမှမလုပ်ဘူး ကိုယ်ကျိုးမကြည့်ပဲ လုပ်နိုင်တဲ့သူဟာလည်းလူတော်ပဲ အခုဝိုင်းအော်နေကြတဲ့သူငယ်ချင်းတို့အထဲမှာ ကိုယ်ကျိုးကိုမကြည့်ပဲ လုပ်နေတဲ့သူဘယ်နှစ်ယောက်ရှိလဲ ဘယ်လောက်ထိ ထိရောက်မှုရှိလဲ မြန်မာနိုင်ငံတော်ကြီးပြောင်းလဲတော့မှာလား အဲလိုလုပ်ဖို့ရော သူငယ်ချင်းတို့မှာ အရည်အချင်းရှိကြလား စိတ်ဓါတ်ရှိကြလား နိုင်ငံရေးလုပ်မယ်ဆိုပြီး ပါးစပ်ကပြောနေရုံနဲ့ စိတ်ဓါတ်ရှိတယ်လို့ဆိုနိုင်မလား ကိုယ့်နာမည်ကြီးဖို့ ကိုယ့်မိသားစုချမ်းသာဖို့ ဒီအတွက်ပဲ လုပ်နေကြတဲ့သူများတယ်သူငယ်ချင်းတို့ ကိုယ်ကျိုးမကြည့်ပဲ ပြည်သူဘက်ကမားမားမတ်မတ် လုံ့လ၀ီရိယ အရည်အချင်းတွေနဲ့သာအားထုတ်ကြမယ်ဆိုရင် ငါတို့မြန်မာနိုင်ငံကြီး ဒီလိုအခြေအနေထိရောက်လာစရာအကြောင်းမရှိဘူး ဦးသန်းရွှေ ကောင်းသည်ဖြစ်စေ မကောင်းသည်ဖြစ်စေ သူအာဏာယူထားနိုင်တာလည်း သူ့အရည်အချင်းပဲ အရည်ချင်းရှိတဲ့သူအချင်းချင်းပဲ ယှဉ်ပြိုင်လို့ရတယ် ဘလော့ပေါ်မှာလူမြင်အောင်အော်ပြပြီး အိမ်မှာအိပ်နေရုံနဲ့ ဒီလိုလူတွေကို ဘယ်တော့မှမတွန်းလှန်နိုင်ဘူးဆိုတာမှတ်ထား ကိုယ့်ရဲ့ကြိုးစားအားထုတ်မှုဘယ်လောက်ရှိလဲဆိုတာ ပြန်ဆန်းစစ် မျိုးချစ်စိတ်ဘယ်လောက်ရှိလည်းဆိုတာပြန်ဆန်းစစ်.. ကိုယ်ကျိုးကိုမငဲ့ပဲ တိုင်းပြည်အတွက် တစ်ကယ်လုပ်နိုင်မလားဆိုတာ ပြန်ဆန်းစစ်. အခုသိရသလောက်မြင်ရသလောက်ဆိုရင် ပြည်ပရောက်နေတဲ့နိုင်ငံရေးတော်တော်များများဟာ အခွင့်ကောင်းကိုစောင့်နေကြတဲ့ သူလျှိုတွေကြီးပဲ ဘာကြောင့်လဲဆိုတော့ နိုင်ငံရေးလုပ်ပြီး ဒုက္ခသည်အဖြစ်နဲ့ နောက်နိုင်ငံတစ်နိုင်ငံကိုထွက်ကြလို့ပဲ ဘာကြောင့်ထွက်လဲ ချမ်းသာမှုအတွက်ပဲ.အဖြေကရှင်းရှင်းလေး တိုင်းပြည်ထဲမှာတစ်ကယ်လုပ်နေကြတဲ့သူတွေပေးဆပ်နေကြတဲ့သူတွေ သူတို့တွေကိုအတုယူသင့်တယ် စိတ်ဓါတ်မျိုးတွေရှိသင့်တယ်...အခုသူငယ်ချင်းတို့ဖြစ်နေတဲ့ပြဿနာဆိုတာ လူကြားရင်ရှက်ဖို့သိပ်ကောင်းတယ် အချင်းချင်းဝေစုမတည့်လို့စားခွက်လုနေသလိုမျိုးဖြစ်နေတယ် ဟိုကအော်လိုက် ဒီကပြန်အော်လိုက် ငါးစိမ်းသည်တွေလိုပဲ ဒီကြားထဲ ဒေါ်အောင်ဆန်းစုကြည်ကိုပါ ဆွဲထည့်ကြသေးတယ်.ထောင်ထဲမှာတစ်ကယ်ဒုက္ခရောက်နေကြတဲ့သူတွေကို နည်းနည်းမှပြန်မငဲ့ကြဘူး ကိုယ်ကောင်းဖို့အတွက်ပဲ ဦးတည်နေကြတယ် မြန်မာပြည်ဟာရေတိမ်နစ်သထက်နစ်နေအုံးမှာအမှန်ပဲ...

Yin June 4, 2011 at 10:28 PM  

အရင်တုန်းက ဘာလို့မလုပ်တာလဲ၊ ဟုတ်တယ်... အရင်တုန်းကတည်းက လုပ်ဖို့ပါပဲ။ ဒါပေမယ့် ပြည်တွင်းမှာ ကိုယ်ကျိုးစွန့်ပြီး လုပ်နေတဲ့လူတွေကို လေးစားလွန်းလို့ အပြင်ကပြဿနာ အပြင်မှာပဲ ရှင်းရမယ်ဆိုပြီး NLD(La) ဗဟိုကို အရင့်အရင်ကတည်းက ဒီအကြောင်းတွေ ပြောခဲ့ပါတယ်။ ပြည်တွင်း နိုင်ငံရေးအခင်းအကျင်းနဲ့ ပြည်ပ နိုင်ငံရေးအခင်းအကျဉ်းဟာ မတူပါဘူး။ ကျော်ကျော်ကို ရှင်းထုတ်ပစ်လိုက်ဖို့ လွယ်ပါတယ်။ နောက်ဆက်တွဲ ပြဿနာက အဲလိုရှင်းပစ်လိုက်ရင် ဒီမှာ အထောက်အထားမဲ့နေထိုင်နေတဲ့ မြန်မာနိုင်ငံသားတွေရယ်၊ ကျန်တဲ့အဖွဲ့အစည်းတွေရယ်ကို အများကြီးထိခိုက်နိုင်ပါတယ်။ ဒါကြောင့် LA က လူကြီးတွေကို ပြောပြ တင်ပြခဲ့တာ အကြိမ်ကြိမ်ပါ။

အရာရာမှာ အကောင်းအဆိုး ဒွန်တွဲနေတာ ဓမ္မတာပါ။ ပြည်ပရောက်နေတဲ့သူတိုင်း ကိုယ်ကျိုးသမားမဟုတ်သလို ပြည်တွင်းမှာရှိတဲ့လူတိုင်း ပေးဆပ်နေသူတွေ မဟုတ်ပါဘူး။ ဒုက္ခသည်အဖြစ် အနောက်နိုင်ငံထွက်ဖို့ လုပ်နေတဲ့သူတွေတိုင်းဟာ နိုင်ငံေ၇းလုပ်နေသူတွေ မဟုတ်ပါဘူး။ အထူးသဖြင့် မလေးရှားမှာ နိုင်ငံရေးသမားဆိုရင် UNHCR ကစိတ်မ၀င်စားပါဘူး။ မလေးရှားမှာ တကယ် နိုင်ငံ့အရေး လုပ်နေတဲ့လူတွေကလည်း UN ကို စိတ်မ၀င်စားပါဘူး။ ခင်ဗျားပြောသလို နိုင်ငံရေးကိုခုတုံးလုပ်ပြီး ကိုယ်ကျိုးရှာနေတဲ့သူတွေကို မကြိုက်လို့ ပြည်တွင်းအတွက် ကိုယ့်ချွေးနည်းစာနဲ့ တတ်နိုင်သလောက် ထောက်ပံ့ပေးနေတဲ့သူတွေ၊ ကိုယ့်ရောက်နေတဲ့နေရာက ကိုယ့်လူမျိုးတွေအရေးအတွက် ကိုယ့်ချွေးနည်းစာကိုစိုက်ထုတ်ပြီး တတ်နိုင်သလောက် ကူညီနေတဲ့လူတွေကို မလေးစားချင်နေပါ။ မစော်ကားပါနဲ့။

ကိုယ့်တိုင်းပြည်အတွက် ဘယ်နေရာရောက်ရောက် တတ်နိုင်တဲ့ဖက်က တိုက်ပွဲဝင်ရမယ့်တာဝန်ဟာ နိုင်ငံသားတိုင်းမှာ ရှိပါတယ်။ ပြည်ပက အခြေအနေကို ကိုယ်တိုင်သိမှ ပြောရင် ပိုကောင်းပါလိမ့်မယ်။ ခင်ဗျားပြောနေတဲ့ပုံစံက တပ်မတော်စာစဉ်ကို အလွတ်ကျက်ပြီး အရာရှိရှေ့မှာ သတိဆွဲပြီး အလွတ်ရွတ်ပြနေသလိုပဲ စည်းဘောင်လွတ်နေပါတယ်။ ခင်ဗျားရော ခင်ဗျားတာဝန်ကျေပါရဲ့လား။

မောင်ရင်မောင်

Yin June 5, 2011 at 12:19 AM  
This comment has been removed by the author.

  © Blogger templates Sunset by Ourblogtemplates.com 2008

Back to TOP