အသစ် = အဟောင်း

>> Saturday, April 16, 2011

“အသစ် = အဟောင်း”

နှစ်တွေ တနှစ်ပြီးတနှစ်ပြောင်းသွားကြ
ဇရာတွေ တနှစ်ပြီးတနှစ်ထောင်းလာကြ
အကြောင်းအရာတွေက ရိုးအီနေကြ

မောင့်ကျက်သရေခေါင်းပေါင်း ပေါင်းရုံနဲ့
ပြောင်းလဲပြီလို့ထင်နေကြ

“လူမစွမ်း နတ်မ”ကိုလက်ကိုင်ထား
လူတွေလည်း တောင်းစားလို့ကောင်းနေကြ

ဟိုအရေး ဒီအရေးဗန်းပြ
အကြံအဖန်သမားတွေလည်း ကောင်းစားနေကြ

နှစ်ဟောင်းက နှစ်သစ် ပြောင်းရုံနဲ့
အသက်တနှစ်ကြီးတာကို မေ့နေကြ

အဆိုးကျော့သံသရာက ရုန်းမထွက်နိုင်သမျှ
အားလုံးက ဒုံးရင်းကဒုံရင်း……။

မောင်ပါလ
၁၆.၀၄.၂၀၁၁

1 comments:

sai tak April 16, 2011 at 7:17 PM  

yes ,,, but better say a bit harsher than in words
Like Saya Zawgyi..
Hta lauw Myanmar poem!!!!
Anyway, I like it :)


Sai Kyaw

  © Blogger templates Sunset by Ourblogtemplates.com 2008

Back to TOP