ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်သင့်ကြောင်း ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးပြောဆို
>> Sunday, February 7, 2010
မြန်မာစစ်အစိုးရအနေနဲ့ ဒီနှစ်အတွင်းကျင်းပမယ့် ရွေးကောက်ပွဲအပေါ် အများကယုံကြည်လက်ခံဖို့ ပြသတဲ့အနေနဲ့ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုလွှတ်ပေးသင့်တယ်လို့ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးက ပြောဆိုလိုက်ပါတယ်။
ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုလည်း ရွေးကောက်ပွဲမှာပါဝင်ဖို့ မြန်မာစစ်အစိုးရအနေနဲ့ ခွင့်ပြုသင့်တယ်လို့ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး Alberto Romulo က အမေရိကန်နိုင်ငံကိုရောက်ရှိနေစဉ် ၀ါရှင်တန်ဒီစီမြို့တော်မှာ ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် အိမ်နီးချင်းနိုင်ငံအများစုက မြန်မာနိုင်ငံမှာ စီးပွားရေးအကျိုးအမြတ်တွေ ကြီးကြီးမားမားရှိနေတာကိုလည်း မစ္စတာ ရူမူလို က ထောက်ပြပါတယ်။
စစ်အစိုးးရက ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီရဲ့တခြားခေါင်းဆောင်တချို့ကို ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ခွင့်မပြုဘဲ တားဆီးကောင်းတားဆီးနိုင်ငံတယ်လို့လည်း မစ္စတာ ရူမူလိုက ပြောပါတယ်။
အဲဒီအတိုင်းသာ ပြုမူမယ်ဆိုရင် မြန်မာစစ်အစိုးရရဲ့ ဒီမိုကရေစီလမ်းပြမြေပုံဟာ အဓိပ္ပါယ်ကင်းမဲ့ပြီး ရွေးကောက်ပွဲဟာလည်း ဟာသတခုမျှသာဖြစ်လိမ့်မယ်လို့ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။
Ref: RFA
0 comments:
Post a Comment