ပြည်သူကိုငဲ့ညှာပါ
>> Monday, December 21, 2009
(အရင်တုန်းက ရေးထားတာလေးပါ။
ဘော်ဘော်ကြီး Co2zenith ကသူ့ဆီမှာတင်ပေးထားခဲ့တာ။
ပြန်ပြီးစုစည်းတဲ့အနေနဲ့ ဒီမှာပြန်တင်လိုက်တာပါ။)
သဘောကွဲလွဲမှုတွေကြားမှာ
ဒီမိုကရေစီတော်လှန်ရေးကြီးကလည်း
ရာစုနှစ်တ၀က်ကျော်ကျော်
အဓွန်ရှည်တည်တံ့လို့………….
လူတွေကွဲ မူတွေကွဲ ထုတ်ပြန်ချက်တွေကွဲ
ကွဲချင်သလို ကွဲနေလိုက်ကြတာများ
တော်လှန်ရေးကာလမှာ
ရန်သူကို လေးကျိုးနဲ့တိုက်နေကြသလိုမျိုး…………
တိုင်းပြည်ဆင်းရဲတွင်းနစ်နေတာ
စစ်အစိုးရက တရားခံအစစ်ဆိုရင်
လူကြီးမင်းတို့ ကျုပ်တို့ကလည်း
အမှုတွဲတွေဆိုတာ ငြင်းမရအောင်
အချိန်တခုက သက်သေပြုခဲ့ပြီးပါပြီ။
ကံကြမ္မာကိုလည်း တရားခံမရှာကြပါနဲ့တော့………….
အချိန်တွေလည်း ရှည်ကြာခဲ့ပါပြီ……………….
သေရင်လည်းဘာတစ်ခုမှ ကိုယ့်နောက်မပါပါဘူး…………
အချင်းချင်း လက်ခမောင်းထခတ်နေကြရင်ဖြင့်
ဘယ်လိုလုပ်ပြီးတော့များ
တိုင်းပြည်ကို ကယ်တင်ကြမှာတုန်း……….
လူကြီးမင်းတို့ရဲ့ တော်လှန်ရေးစိတ်ဓာတ်ဟာ
ပြည်သူကို အခြေပြုတယ်ဆိုရင်ဖြင့်
မတရားအုပ်ချုပ်မှုအောက်က
မ၀ရေစာ ထမင်းနပ်တွေကြားမှာ
အပြောင်းအလဲတစ်ခုကို တောင့်တနေကြတဲ့
ပြည်သူရဲ့ မျှော်လင့်ချက်ခပ်ပါးပါးမျက်နှာတွေကို
(ကျေးဇူးပြုပြီးဗျာ)
တချက်လောက်တော့ ငဲ့ကြည့်ပေးကြပါ။ ။
2 comments:
ကောင်းလိုက်တဲ့ကဗျာ
လူတွေကွဲ မူတွေကွဲ ထုတ်ပြန်ချက်တွေကွဲ
ကွဲချင်သလို ကွဲနေလိုက်ကြတာများ
တော်လှန်ရေးကာလမှာ
ရန်သူကို လေးကျိုးနဲ့တိုက်နေကြသလိုမျိုး…………
တိုင်းပြည်ဆင်းရဲတွင်းနစ်နေတာ
စစ်အစိုးရက တရားခံအစစ်ဆိုရင်
လူကြီးမင်းတို့ ကျုပ်တို့ကလည်း
အမှုတွဲတွေဆို ငြင်းမရအောင်
အချိန်တခုက သက်သေပြုခဲ့ပြီးပါပြီ။
မှန်လိုက်တာနော်
Post a Comment