မေးလ်ထဲကစာ

>> Tuesday, May 24, 2011

ကျနော်က ဘယ်အဖွဲ့အစည်းကမှလည်း မဟုတ်ပါဘူး။ ဘယ်သူ့ဘက်ကမှလည်း လိုက်မပြောပါဘူး။ အညတြ အခြေခံလူတန်းစားတွေရဲ့ဘဝကို ကိုယ်ချင်းစာပြီးတော့ ကျနော့်ချွေးနည်းစာနဲ့ကျနော် အုတ်တချပ် သဲတပွင့်အနေနဲ့ တကိုယ်ရေ စစ်အာဏာရှင်ကိုဆန့်ကျင်နေတာပါ။ (ဒီမိုကရေစီဆိုတာ ပြည်သူကရွေးကောက်တင်မြှောက်တဲ့ ဝါဒဆိုတာလောက်ပဲ ကျနော်နားလည်ပါတယ်)

မလေးရှား NLD အမည်ခံပြီး ကောက်ကျစ်လိမ်လည်နေတဲ့ ကျော်ကျော်ရဲ့ အင်တာဗျူးတဲ့ စကားလုံးတွေကို RFA ဆိုတဲ့ သတင်းငှာနကြီးတခုက အကြောင်းအရင်းဇစ်မြစ်ကိုမသိပဲ သတင်းဦးရင်ပြီးရောဆိုတဲ့ ပုံစံမျိုးနဲ့ ထုတ်လွှင့်လိုက်တာကို မြန်မာပြည်သူတယောက်အနေနဲ့ ဦးစွာကန့်ကွက်ပါတယ်။ RFA ကသတင်းထောက်ဟာ ဒီသတင်းကိုမတင်ခင်မှာ ကျော်ကျော်ဆိုတဲ့သူရဲ့ စကားအသုံးအနှုန်းထဲမှာပါတဲ့ (မသမာသူလူတစုက) ဆိုတဲ့အသုံးအနှုန်းကို ဦးနှောက်သုံးပြီး ပြန်လည်စီစစ်သင့်ပါတယ်။ ဒီစကားလုံးရဲ့နောက်ကွယ်မှာ မနာလိုမုန်းထားတဲ့ အတ္တရမ္မက်စိတ်တွေဟာ အစိုင်အခဲတခုပမာ အသံရှင်ရဲ့အဇ္ဇျတ္တမှာ ပေါ်လွင်နေတာကိုလည်း မြင်စေချင်ပါတယ်၊ ကျနော်တို့ရဲ့ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းလို ပုဂ္ဂိုလ်မျိုးတောင်မှ သူ့ရဲ့ရန်သူဦးစောတို့၊ ဗိုလ်နေဝင်းတို့ကို မသမာသူလူတစုတွေ၊ လူယုတ်မာတွေဆိုတဲ့ အသုံးအနှုန်းမျိုး ထွက်ဆိုပြောဘူးတာ မရှိပါဘူးဗျာ၊

သတင်းမီဒီယာတွေအနေနဲ့ ကမ္ဘာမြေကြီးငြိမ်းချမ်းဘို့အတွက် အမှန်တရားကို ရှာဖွေလိုတဲ့စိတ်နှလုံး
ရှိတယ်ဆိုရင် သတင်းအမှန်ဖြစ်အောင် ကြိုးစားပေးစေချင်ပါတယ်၊ တဖက်စကားကိုသာ အစောတလျင် အတည်မပြုပဲ အဲ့ဒီတစ်ဖက်ရဲ့ဘေးမှာ ပတ်ဝန်းကျင်ဆိုတဲ့ ပြည်သူ့အသံ ရှိသေးတယ်ဆိုတာလေးတော့ အသိအမှတ်ပြုစေချင်ပါတယ်။

ကျော်ကျော်ဆိုတဲ့လူရဲ့ NLD အရေခြုံ အဖွဲ့အစည်းကရော ဘာလုပ်နေကြလဲ၊ ဘာတွေဖြစ်နေကြလဲဆိုတာကို မလေးရှားမှာရှိနေတဲ့ မြန်မာတွေကြားမှာ ခဏတာဝင်ပြီး လေ့လာစေချင်ပါတယ်။ မြန်မာပြည်သားတွေရဲ့ ထောက်ခံမှူရော ရထားလို့လားဆိုတာ မလေးရှာရောက်မြန်မာပြည်သားတွေရဲ့ အသံကိုနားစွင့်စေချင်ပါတယ်။

ယခုအဖမ်းခံထားရတဲ့ အတိုက်အခံအချင်းချင်းကို ကဒ်အတုလုပ်ပြီး ငွေလိမ်စားပါတယ်ပြောရအောင်လည်း
အဲ့ဒီလူတစုက လိမ်းစားတယ်ပဲထားပါဦးတော့။ ကျော်ကျော်ဦးဆောင်တဲ့ NLD (LA) အမည်ခံလူတစုကရော
လူသူတော်ကောင်းတွေမှ ဟုတ်ပါလေစလို့ ကျော်ကျော့်ရဲ့အလိမ်ခံရတဲ့ လူတွေကိုယ်စား မေးခွန်းထုတ်ချင်ပါတယ်။ ကဒ်အတုပါဆိုတဲ့စကားကို သုံးရလောက်အောင် ကျနော်မလေးရှားမှာ ကျင်လည်လာခဲ့တဲ့ ၁၁ နှစ်တာကာလမှာ မလေးရှားလဝကက အသိအမှတ်ပြုထားတဲ့ တရားဝင်ကဒ်လုပ်ပေးတဲ့ မြန်မာအဖွဲ့အစည်းဆိုတာကိုလည်း တကြိမ်တခါမှ မကြုံဘူး မကြားဘူး ပါဘူးဗျာ..

မလေရှား NLD ကို ကျော်ကျော်ဦးဆောင်ပြီး မြန်မာ့နိုင်ငံရေးအတွက် လှုပ်ရှားပါဆိုပြီးတော့လည်း ကျနော်တို့ရဲ့ ဒီမိုကရေစီငြိမ်းချမ်းရေးမိခင်ကြီး ဒေါ်အောင်ဆန်းစုကြည့်က ခွင့်ပြုထားတာလည်းမရှိပါဘူး ..

ဒီကျော်ကျော်ဆိုတဲ့ မလေးရှားက နိုင်ငံရေးစုန်းပြူးက နိုင်ငံအတွက် နှမ်းစေ့ဘယ်နှစ်စေ့လောက်များ အသုံးဝင်တဲ့သတ္တဝါမို့လို့ အတိုက်အခံအချင်းချင်းအပေါ် မသမာလူတစုဆိုတဲ့စကားမျိုး သုံးပြီးပြောရသလဲဆိုတာကို လူသိရှင်ကြား မေးလိုက်ပါရစေဦးဗျာ။ ဗုဒ္ဓဘာသာဝင်တယောက်အနေနဲ့ရော (လောကတ္ထစရိယံ) ဆိုတဲ့ လောကအတွက်ရော ဘာကောင်းကျိုးတကွက် ပြုဖူးတဲ့ကောင်မို့လို့လဲဗျာ။ ရိုးရိုးသားသားလုပ်ကိုင်ပြီး ကိုယ့်ကိုယ်ပိုင်အရည်အချင်းနဲ့ အိမ်သာတလုံးတောင် ပိုင်အောင်မစွမ်းဆောင်နိုင်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထမိန်ရေသီနား ခိုစားနေကြတဲ့ကောင်တွေ ပြောတဲ့စကားက ခွေးပါးစပ်က နတ်စကားထွက်တယ် ဆိုတဲ့အတိုင်းပါပဲဗျာ။

ဒီမိုကရေစီ ငြိမ်းချမ်းရေးမိခင်ကြီး ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ဘဝတလျှောက်လုံး မိသားစုရဲ့ နွေးထွေးမှူဆိုတဲ့မေတ္တာကို မခံစားရရှာပဲ နိုင်ငံနဲ့ပြည်သူ့အပေါ်မှာ မားမားမတ်မတ်ရပ်တည်ပေးဆပ်ခဲ့တဲ့ စေတနာလေးကိုတော့ နိုင်ငံရေးအမည်ခံ နွားတံဆိပ်တွေအနေနဲ့ နည်းနည်းလေးတော့ပြန်ဆင်ခြင်ပြီး စာနာနားလည်သင့်ပါတယ်ဗျာ။

အဆိုးဝါးဆုံးကတော့ မလေးရှားဆိုတဲ့တိုင်းတပါးမှာ ရုန်းကန်လှုပ်ရှားရင်း ၀မ်းစာရှာဖွေရှင်သန်နေရတဲ့ အခြေခံလူတန်စားတွေရဲ့ဘဝပါ။ မိတကွဲ ဖတကွဲ၊ သားတကွဲ မယားတကွဲ ခွဲခွါလာကြပြီး တိုင်းတပါးမှာ မိမိရဲ့အလုပ်ရှင်က ဆူပူ ဆဲဆို၊ ကြိမ်းမောင်းခံရပြီးမှ ရလာသမျှ မသထာရေစာ ငွေကြေးလေးကို သံရုံးကဂုတ်သွေးစုပ်တာကတမျိုး၊ အေးဂျင့်တွေ ပွဲစားတွေကအနိုင်ကျင့်တာကတမျိုး၊ (တောရိုင်းတိရစ္ဆာန်တွေ ကြီးနိုင်ငယ်ညှင်းလုပ်နေသလိုပဲ) အဲ့ဒီလို ခက်ခက်ခဲခဲရုန်းကန်နေရတာကို ကိုယ်တွေ့ဖြစ်လျှက်နဲ့၊ နိုင်ငံရေးအယောင်ဆောင် လောက်ကောင်တွေက UNHCR ဆိုတဲ့ တတိယနိုင်ငံကြီးကို မက်လုံးပေးပြီး မြန်မာပြည်သူတွေအပေါ် ဥပဒေမဲ့လိမ်လည်နေကြတဲ့ လူလိမ်တွေပဲ။

မလေးရှားမှာ အလုပ်လုပ်ချင်စိတ်ရှိပြီး ရိုးရိုးသားသားရှာဖွေစားသောက်ရင် ကိုယ့်တမိသားစုအတွက်တော့ ချောင်ချောင်လည်လည်သုံးနိုင်ပါတယ်ဗျာ။ လက်ကျောမတင်းပဲ နိုင်ငံရေးအယောင်ဆောင်၊ ပြည်တွင်းမှာ စွန့်လွှတ်အနစ်နာခံပြီး လုပ်နေကြတဲ့ အဖွဲ့အစည်းတွေရဲ့ အမည်ခံပြီး လိမ်လည်လှည့်ဖျား စားသုံးနေကြတာ ရမ္မက်လွန်နေတုန်း အခိုက်အတန့်လေးပါ၊ နဲ့နဲ့လောက်ဆင်ခြင်မိရုံနဲ့ ဒီလုပ်ရပ်ဟာ အင်မတန်ယုတ်မာပြီး အလွန်ပဲ
ရှက်စရာကောင်းပါတယ်ဆိုတာ သိနိုင်ကြမှာပါ။

တခဏစံစားဘို့အတွက် တစ်နပ်စားဥာဏ်နဲ့ သူတပါးအခက်အခဲနဲ့ ပူပင်သောကတွေ ပေါင်းစုထားတဲ့ အပူရေစာတွေကို မစားချင်ကြပါနဲ့။ အခြေခံလူတန်းစား ဘဝတူတွေချင်း၊ အုပ်ချုပ်ခံ လူတန်းစားချင်းဆိုတာလေးတော့ ကိုယ့်ဘဝကိုယ်နားလည်ကြပါ။ အဲ့ဒီလောက်ကလေးမှ လူ့အသိတရားခေါင်းပါးနေမယ်ဆိုရင်တော့ (ဥပမာ။ ။ ( မိဘ ) မျိုးရိုးဗီဇကြောင့်ပဲဖြစ်ဖြစ် ထိန်းမရတဲ့ ဝါသနာကြောင့်ပဲဖြစ်ဖြစ် သူများမျက်ခုံးမွှေးပေါ်စင်္ကြန်လျှောက်ပြီး လူပါးဝချင်သပဆိုလည်း) မိမိတို့ရဲ့ အဖွဲ့မူပိုင်အမည်တပ်ပြီး လိမ်ညာစားကြပေါ့ဗျာ။

ပြည်တွင်းမှာ ပြည်သူ့အတွက် တကယ်ရင်ဆိုင်ပေးဆပ်နေရတဲ့ သူတွေကလူသားတွေပါဗျ၊ ကျောက်ဆစ်ကျောက်သားတွေ မဟုတ်ပါဘူး။ တိုင်းပြည့်အနာဂတ်ကောင်းဖို့အတွက် ပေးဆပ်နေကြတဲ့ လူတော်လူကောင်းတွေကို မကူညီချင်လို့ ကျေးဇူးမတင်ရင်လည်း နေပါစေ။ အနှောက်အယှက်လုပ်နေတဲ့
စာရိတ္တတွေ၊ စရိုက်တွေနဲ့တော့ မစော်ကားကြပါနဲ့ဗျာ။

ဒါ့ကြောင့် အခုလိုပြည်တွင်းက အဖွဲ့အစည်းတွေရဲ့ အမည်ခံပြီး ထင်ရာဆိုင်းနေကြတာကြီးကတော့ ကိုယ့်ကိုကိုယ်ယုံကြည်မူ့ကင်းမဲ့ပြီး ကိုယ့်အားကိုယ်ကိုးချင်စိတ်မရှိတဲ့ ပေါက်လွှတ်ပဲစား မိမဆုံးမဖမဆုံးမ သားသမီးတွေလိုဖြစ်နေကြတာပဲဗျာ။

ဖြိုးဝေ
KUALALUMPUR
MALAYSIA

2 comments:

Co2zeиith May 24, 2011 at 3:01 PM  

ဘယ်လိုပြောပြော
သောက်ရှက်မှမရှိကြတော့
ဘာသိတတ်မှာလဲ၊၊

nyopyar88888 May 25, 2011 at 10:02 AM  

ဒေါ်စုကတရားဝင်ခွင့်မပြုထားတာမရှိပါနဲ့ပတ်သတ်ပြီးပြောပါရစေ......ဒေါက်တာနိုင်လင်း အားမလေးရှားတွင် NLD ဖွဲ့ ရန် ဦးဝင်ခက်မှ နူတ်ဖြင့်တိုက်တွန်းခဲ့ သည် ကို လှဦးက " ဦးဝင်ခက် က NLD (LA)မှာ ဥက္ကငှ မလုပ်ရရင်းသေတော့မလို့ ဖြင့်နေလို သူကို ဥက္ကငှ ခန့်ထားတာ တရားဝင်မဟုတ်တဲ့ နူတ်မိန့်ကိုဂရုမစိုက်နဲ့ " ဟု ပြောသည် (လူကြီးလူကောင်းပီသပါတယ်လှဦးရယ်)ထိုနောက် ဒေါက်တာနိုင်လင်းဦးဆောင်သော NLD အားဗဟိုမှ အသိမှတ်ပြုကြောင်း ထုတ်ပြန်ကြှေုငာချက် ၁ စောင်အား ပီတာလင်းပင်မှလက်မှတ်ထိုးထုတ်ပြန်ခဲ့သော် ထို ထုတ်ပြန်ကြေငြာချက်အားဒေါက်တာနိုင်လင်းသည် တခြားနိုင်ငံရှိ nld များအားမေလ်ပို့ ဖြန့်ဝေသော်အခါ ၇န်နိုင်ထွန်း(ကိုး၇ီးယာ)နဲ့ ၇န်နိုင်ထွန်း(မလေး၇ှာnld)အားမှားပို့ ခဲ့သောကြောင့် ပြိုင်ဘက် nld သည် ဗဟိုမှ လူကြီးတွေအားပြသမေးမြန်ခဲ့သောအခါ ထိုထုတ်ပြန်ချက်အား ဘယ်တုန်းကထုတ်ပြနခဲ့သည်ကိုတောင်မသိကြပါ(ဗဟို၇ယ် တော်တော်ကို စည်းကမ်း၇ှိလှပါတယ်)ကျော်ကျော် NLD ကိုေ၇ာက်လာတော့ ပါစပ်းနဲ့ လန်ကျောက်ပဲပါလာတာပါ။ အဖွဲ့ ဝင်တွေ ပန်းကန်းဆေး အိပ်သာဆေးရှာပြီး လစဉ်ကြေးထည့်တဲ့ ပိုက်ဆံကို အကျိုးရှိရှိသုံး၇န် တိုက်တွန်းခဲ့ကြပါတယ်။ လက်ညှောင်တယ် နောက်မှဆက်ရေးမယ်

  © Blogger templates Sunset by Ourblogtemplates.com 2008

Back to TOP