ဗြောင်လိမ် ဗြောင်စား ကျော်ကျော် ဘာတွေဆက်လုပ်အုံးမလဲ

>> Tuesday, May 24, 2011

မလေးရှားရောက် ရွှေမြန်မာတွေထဲမှာ ကိုယ့်မိခင်တိုင်းပြည်ရဲ့အရေးကို စိတ်ဝင်တစားနဲ့ တာဝန်သိတတ်တဲ့ မျိုးချစ်လူငယ်လေးတွေ အများကြီးရှိပါတယ်။ အမေစု ပြန်လည်လွတ်မြောက်လာပြီးနောက် အချင်းချင်းညီညွတ်ရေးဟာ ဒီမိုကရေစီရရှိရေးအတွက် အရေးအပါဆုံး အသက်သွေးကြောတခု ဖြစ်တယ်ဆိုတာ အမေစုပြောတဲ့ မိန့်ခွန်းတိုင်းမှာ ပါဝင်ပါတယ်။ အခုအချိန်ထိ မြန်မာပြည်ကြီးဟာ စစ်ကျွန်ဘ၀အောက်က မလွတ်မြောက်နိုင်သေးတဲ့ တခုတည်းသော အားနည်းချက်ကလည်း အချင်းချင်း မညီညွတ်လို့ပါပဲ။ ကျနော်စဉ်းစားတွေးခေါ်ရသလောက် မညီညွတ်ခြင်း အကြောင်းတရား ၂-ပါးကို ပြောချင်ပါတယ်။

၈၈၈၈-လူထုအရေးတော်ပုံကြီး ဖြစ်ပြီးတဲ့နောက်ပိုင်းမှာ စစ်အာဏာရှင်တွေ အဓိကထား လုပ်ဆောင်တဲ့လုပ်ငန်းကြီးက ပြည်သူလူထုကြား၊ တိုင်းရင်းသား အချင်းချင်းကြား၊ ကျောင်းသားလူငယ်များကြား၊ ရဟန်းသံဃာများကြား အစီအစဉ်တကျ သပ်လျှို သွေးခွဲရေး လုပ်ငန်းစဉ်ကြီးပဲ ဖြစ်ပါတယ်။ ၈၈၈၈-လူထုအရေးတော်ပုံကြီးရဲ့နောက်ပိုင်း မြန်မာ့နိုင်ငံရေးသမိုင်းတလျှောက် ရဲရဲဝံ့ဝံ့ တိုက်ပွဲဝင်ခဲ့ကြတဲ့ မတရားတာကို ခေါင်းငုံ့မခံခဲ့ကြတဲ့ ကျောင်းသားလူငယ်များကြား အကြီးအကျယ် ဖြိုခွဲခံလိုက်ရပါတယ်။

ကစဥ့်ကလျားနဲ့ ပြည်ပကို လွင့်စင်ထွက်လာကြတဲ့ နိုင်ငံရေးသမားတွေ ကျောင်းသားတွေဟာ မြန်မာပြည်အပြင်ဖက်ကိုလည်း ရောက်လာရော အချင်းချင်းညီညွတ်ရေးကို မထိန်းနိုင်ခဲ့ပြန်ပါဘူး။ ခေါင်းဆောင်တွေကိုယ်တိုင်ကအစ မှန်ကန်တဲ့ဦးဆောင်မှုကို မပေးနိုင်ခဲ့ပါဘူး။ နောက်ပိုင်းမှာ ကိုယ်ကျိုးသည်သာ ပထမဖြစ်လာပြီး စုန်းပြူးတွေ တစခန်းထလာတော့တာပါပဲ။

အဲဒီလို တစခန်းထလာတဲ့ စုန်းပြူးတွေထဲမှာ ကျနော်တို့ရောက်နေတဲ့ မလေးရှားက စုန်းပြူးကလည်း ဆရာတဆူလို့ ပြောလို့ရပါတယ်။ ကလိမ်ကကျစ်ကျတဲ့ နေရာမှာတော့ မလေးရှား NLD ကကျော်ကျော်ဟာ စစ်ဗိုလ်ချုပ်တွေနဲ့ နင်လားငါလား လို့ ပြောရမလောက်ပါပဲ။ NLD ဆိုတဲ့ ခေါင်းစီးရဲ့အောက်မှာ မလေးရှားရောက် လူငယ်တွေရဲ့ တိုင်းချစ်ပြည်ချစ်စိတ်ကို စနစ်တကျ ရိုက်ချိုးပါတယ်။

အမေစုရဲ့ မိန့်ခွန်းတွေထဲမှာ ကျနော့်နှလုံးသားထဲ စွဲနေတဲ့ စကားစုလေး ရှိပါတယ်။ အဲဒါက လူငယ်တွေကို အမေစုမှာတဲ့စကား- “သားတို့ခေါင်းဆောင်တင်တဲ့နေရာမှာ ပထမဦးဆုံး ခေါင်းဆောင်လုပ်မယ့်သူဟာ ရိုးသားမှုရှိရဲ့လား။ ပညာရောတတ်ရဲ့လား။ ပညာတော့ မတတ်ဘူး။ ရိုးသားတယ်ဆိုရင် ရွေးသင့်တယ်။ ရိုးလည်းရိုးသားတယ်။ ပညာလည်းတတ်တယ် ဆိုရင် ပိုပြီးရွေးသင့်တယ်။ ပညာတော့တတ်ပါရဲ့၊ ရိုးသားမှု မရှိဘူးဆိုရင် အဲဒီလူကို လုံးဝ မရွေးချယ်သင့်ဘူး” ဆိုတာပါပဲ။

ကျော်ကျော်ဆိုတဲ့ ငနဲကတော့ ပညာလည်းမတတ်ဘူး။ ရိုးလည်း မရိုးသားဘူး။ ဒါဖြင့် သူဘာဖြစ်လို့ NLD-LA (Malaysia) ရဲ့ ဥက္ကဌနေရာမှာ မြဲနေတာလဲ။ ဒါကတော့ ရှင်းပါတယ်။ NLD-LA (Malaysia) ထဲက ကျန်တဲ့လူတွေရဲ့ ညံ့ဖျင်းမှုရယ်။ (ဒီစကားက ပြောသာပြောရတာပါ။ ကောင်းတဲ့လူတွေလည်း အဖွဲ့ထဲမှာ တယောက်မှ မရှိတော့ပါဘူး) NLD-LA (ဗဟို) က လူကြီးတွေရဲ့ မသိကျိုးကျွံ ပြုနေမှုကြောင့်ရယ်၊ သူရဲ့ကလိမ်ကကျစ် အကွက်ဆင်တတ်မှုရယ် ကြောင့်ပါပဲ။

NLD-LA (ဗဟို) ကလူကြီးတွေကို အပိုင်ပေါင်းတယ်။ ပါးစပ်မဟနိုင်အောင် အမြဲတမ်းခွံ့ပေးထားတယ်။ ဗဟိုကလူကြီးတွေကလည်း ထူးမခြားနားပါပဲ။ ဒေါက်တာနိုင်လင်း (ယ္ခု ဘားမားကန်းပိန်း)ရဲ့ nld က ဇော်မျိုးလွင် ထောင်ကလွှတ်လာတော့ NLD(youth)ကို ဖွဲစည်းခဲ့ တယ် (တပြိုင်တည်း နောက်ထပ်ထောင်ထွက်တွေကို ကူညီနိုင်ရန် BRO ကိုဖွဲ့ ခဲ့တယ်) နောက်ပိုင်းမှ ကျော်ကျော်၊ အောင်ကျော်ဆက်၊ လှမင်း၊ မောင်လှ ၊ စိုးမိုး တခြားလူတွေ လွှတ်လာတယ်။ မလေးရှား NLD 2 ဖွဲ့ ကို စေ့စပ်ဆွေးနွှေးဖို့ NLD(LA) က ကျောက်တံခါးအမတ် လှဦး (FTUB)ကို စေလွှတ်ခဲ့တယ်။ လှဦး ကို မောင်လှနဲ့ ဇော်မျိုးလွင်တို့ သွားကြို ပြီး ဇေယျာအောက်ကဆိုင်မှာ ၊ လှဦးက "မင်းတို့ NLD လူငယ်ဆို့ တော့ လူကြီးအောက် ( ဒေါက်တာနိုင်လင်းအဖွဲ့ ကို ၇ည်ရွှယ်ပါသည်) အလိုလိုေ၇ာက်နေတယ်။ NLD ပဲလုပ်၇န်ပြောတယ်.. ဗဟိုကနေ ၂ဖွဲ့ ကို စေ့စပ်ဖို့ လွှတ်လိုက်တဲ့ လှဦး က ၂ ဘက်ခေါင်းဆောင်းတွေကို ခေါ်ဆောင်တွေ့ ဆုံ့ ဆွေးနွှေးပူးပေါင်းစေ၇န် လုံးဝ(လုံးဝ)လုပ်ဆောင်ခဲ့ ခြင်းမ၇ှိပဲ NLD 2 ဖွဲ့ ဖြင့်စေခဲ့ပါတယ် ဆိုတဲ့ nyopyar88888 ရဲ့ ကွန်မန့်ထဲက အတိုင်းပါပဲ။

ကျော်ကျော်ဟာ အဲလိုပဲ ဗဟိုက လူကြီးတွေကို အပိုင်ပေါင်းတဲ့အပြင် UNHCR-Malaysia က မှတ်ပုံတင်ခွင့်ရအောင် နည်းမျိုးစုံသုံးပြီး လာဒ်ထိုးတယ်။ လုပ်ပေါက်တွေထွင်တယ်။ မလေးရှားကနေ ပြည်တွင်းကိုပြန်ဝင်သွားလို့ အဖမ်းခံလိုက်ရတဲ့ အဖွဲ့ဝင်တွေကို ခုတုံးလုပ်တယ်။ သူနဲ့ သူ့အဖွဲ့ အဆင်ပြေရင် ပြီးရော၊ အောက်ခြေက မလေးရှားရောက် မြန်မာလူထုကို မကြည့်ဘူး။ UNHCR-Malaysia က အခွင့်အရေးလည်းရရော၊ သူများချွေးနည်းစာကို အထက်စီးကနေ ခွတုတ်တော့တာပါပဲ။

ဘာမှအထောက်အထားမရှိဘဲ ဒုက္ခတွေ တသီကြီးနဲ့ တကယ်ဒုက္ခရောက်နေတဲ့သူတွေက သူတောင်းတဲ့ငွေ အနည်းဆုံး ရင်းဂစ် ၇၅၀ ကို မပေးနိုင်လို့ ဒုက္ခတောထဲမှာ တ၀ဲလည်လည်၊ သူတို့ကတော့ ကားကြီးကားငယ် အသွယ်သွယ်နဲ့ အိုကေမှာ စိုပြေလို့ပေါ့။ နိုင်ငံတကာက နိုင်ငံရေးဂုရုကြီးတွေ မလေးရှားလာတဲ့အခါ ပေးတန်တာပေး၊ ဖို့တန်တာဖို့ အားလုံးနှုတ်ပိတ်ပြီးသား။ အခုလောက်ထိ ကျော်ကျော် ဘာကောင်လဲဆိုတာ လယ်ပြင်ဆင်သွားသလို ထင်ရှားနေတာတောင် တယောက်မှ ပါးစပ်မဟကြတဲ့အပြင် ကျော်ကျော်တော်တယ်လို့ ချီးကျူးတဲ့လူတောင် ရှိသေးတယ်။

ပြည်တွင်းက ထောင်နှုတ်ခမ်းပေါ် စင်္ကြန်လျှောက်ပြီး လုပ်နေကြတဲ့ လူတွေသိရင် စိတ်ဓာတ်တွေ ကျမှာစိုးလို့ မြန်မာ့အရေး လှုပ်ရှားသူအချို့က အချိန်တန်ရင် ရပ်သွားမှာပါလေ၊ သူ့သမိုင်းသူ ရေးနေတာဆိုပြီး ကိုယ်လုပ်သင့်တာတွေကိုပဲ အာရုံစိုက်လုပ်နေကြတာ။

ကျနော်နားလည်တဲ့ ပြည်ပက လှုပ်ရှားတယ်ဆိုတာ ပြည်တွင်းမှာ တကယ့်ကို ရိုင်းစိုင်းစုတ်ပြတ်နေတဲ့ အာဏာရှင်ကို ရင်ဆိုင်တိုက်ပွဲ ၀င်နေကြတဲ့သူတွေကို တဖက်တလမ်းက ထောက်ပံ့ကူညီပေးခြင်းနဲ့ ပြည်ပကို အကြောင်းအမျိုးမျိုးကြောင့် ရောက်လာကြတဲ့ မြန်မာပြည်သားတွေကို မျိုးချစ်စိတ်ဓာတ် ထက်သန်လာအောင်၊ စစ်အစိုးရဲ့ တိုင်းပြည်အကျိုးယုတ်စေတဲ့ မကောင်းတဲ့လုပ်ရပ်တွေကို ကွက်ကွက်ကွင်းကွင်း မြင်လာကြပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေမှာ ပူးပေါင်းပါဝင်လာနိုင်အောင် စည်းရုံးလှုပ်ရှားရေးပဲ ဖြစ်ပါတယ်။

ကျော်ကျော်ဦးဆောင်တဲ့ NLD-LA (Malaysia) အဖွဲ့ကတော့ ပြည်တွင်းကိုလည်း တဦးချင်း တပိုင်တနိုင် လုပ်နေကြတဲ့ လူတွေလောက်တောင် ဘာအကူအညီမှ ဟုတ်တိပတ်တိ မထောက်ပံ့နိုင်၊ ရသမျှအိတ်ထဲထည့်၊ ကိုယ့်စီးပွားရေးကိုယ်လုပ်၊ ကားတ၀ီဝီစီး၊ မှန်မှန်ကန်ကန်လုပ်နေတဲ့ သူတွေကို ပိပိရိရိ နည်းမျိုးစုံနဲ့ နှောက်ယှက်ဖြိုခွဲ၊ အခုလည်း သူရဲ့လုပ်ရပ်တွေကို မကြိုက်ကြလို့ ၂၀၀၈-ခုနှစ်ကတည်းက ပီနန်းဌာနခွဲက ခွဲထွက်ပြီး သူတို့နယ်မြေမှာ မြန်မာ့အရေးကို တတ်နိုင်သလောက်လုပ်နေတဲ့ သူတွေကို သူကပဲတပြန်တည်း မသမာသူလူတစု ရယ်လို့ စွပ်စွဲပြီး RFA သတင်းဌာနကနေ မင်းသားခေါင်း ဆောင်းပြလိုက်ပြန်ပါပြီ။ နောက်ဘာတွေဆက်ပြီး ကလိမ်ကကျစ် လုပ်အုံးမလဲဆိုတာ သတိထားစောင့်ကြည့်ကြပါ။ သတိထားနေရုံနဲ့မပြီးဘဲ NLD ကို ခုတုံးလုပ်ပြီး နိုင်ငံရေးအယောင်ဆောင်နေတဲ့ ဗြောင်လိမ်ဗြောင်စားအုပ်စုကို အပြီးတိုင်ဖယ်ရှားနိုင်အောင် ၀ိုင်းဝန်းကြိုးပမ်းကြပါလို့ တိုက်တွန်းလိုပါတယ်ခင်ဗျာ။

ဇီဒန်း (ပီနန်း)

2 comments:

ရှေ့သို............အစဉ် May 24, 2011 at 9:12 PM  

နံပါတ် ၁။ ။ဗြောင်လိမ်ဗြောင်စား(သူများမယား ကြာခိုပြီး၊နိုင်ငံရေးခုတုံးလုပ်
၊မသထာရေစာတွေနဲ့ စီးနေတဲ့ မကြာခင်မှောက်မယ့်ကား ပိုင်ရှင်)
နပါတ် ၂။ ။သတင်းဖြစ်ယင်ပြီးရော(ပြောတဲ့ကောင်
ခွေးပါးစပ်ကနတ်စကား ထွက်တာ ဟုတ်မဟုတ်အယင် မစုံစမ်း၊အဲ့ဒီလောက်တောင်မှ သတင်းရှားပါးတဲ့ ဥာန) ဆိုပြီးရရာကောက်တင်တက်တဲ့ RFA ဆိုတဲ့ သတင်းဥာနကြီး၊၊
နံပါတ် ၃။ ။ရှေ့နွားဖြောင့်ဖြောင့် မသွားတော့(ဗဟိုကလူကြီးတွေကိုများ ရည်ရွယ်သလို ဖြစ်နေမလားမသိ) နောက်ကလိုက်တဲ့ နွားတွေလည်း
(နဂိုအခံကလည်း ကောက်တဲ့)ကောက်ကုန်တော့တာပေါ့။
.....ရေခဲ....(icemaju@gmail.com,+60105068164)

nyopyar88888 May 25, 2011 at 9:28 AM  

ပြောစရာတွေကတပုံတပင်......ဗဟိုကိုအလှူငွေ ပို့ တယ်( တရားဝင်လဘ်ထိုးတယ်)
ဗဟိုကလူကြီးတွေလာရင် လိုအပ်တာအားလုံးပံပိုးတယ်(လိုတာအကုန်နော သဘောပေါက်) ဒါကြောင့်ရုံးပေါ်မှာ လှဦး သောင်တင်နေတာ
ဇီဒန်ပြောသလို နအဖနဲ့ တူတဲ့ အချက်တွေ
နအဖ...မြို့ တော်ကြပ်ပြေးကို တိတ်တိတ်လေးပြောင်ပြေးတယ်
NLD...ရုံခန် ကို TECSO ကနေ ယခုနေရာကို တိတ်တိတ်လေးပြောင်းပြေးတယ် ဘယ်လောက်တိတ်သလဲဆိုရင် အဝေးရောက် EC တွေတောင်မသိဘူး
န အ ဖ...UN ကတာဝန်ရှိတွေလာ၇င် သန်းေ၇ွှကအကြောင်းပြပြီး နေပြည်တော်ကနေ ၁ နေ၇ာကိုခ၇ီးထွက်တယ်
NLD... အစည်းအဝေးခေါ်ပြီး အားလုံးစုံ၇င် ရုံနေ အမူဆောင်များ အေ၇းကြီးကိစ္စရှိဟုအကြောင်းပြ ပြေးကြတယ်(ပညာပြတာပေါ့ဗျာ)
နအဖ..အာဏာပြုတ်ကျနိုင်အောင်အ၇ည်းခြင်းလုပ်နိုင်စွမ်းရှိသည့် ဒေါ်စုအား နည်းမျိုးစုံ ယုတ်မာညစ်ပတ်စွပ်စွဲလုပ်ကြံသည်။
NLD...လုပ်ကိုင်နိုင်စွမ်းရှိသည့်လူများ စစ်ထောက်လှမ်းေ၇း သူလျှိုဟုစွပ်စွဲသည်။ ကာယံရှင်ဒေါက်တာလှိုင်မြင့် ကိုယ်တိုင် FOREVER FRIEND ရှိ ညှိပြာ စာမျက်နှာတွင် ရှင်းပြထားသည် လာကြည့်ပါ(တခြားလူများအားလဲ ထိုနည်းတူ လုပ်ကြံယုတ်မာကြသည်)ဆက်၇န်.....သန်းေ၇ွှ သည်ပြည်သူပိုင်များကိုယ်ကျိုးသုံးစွဲကာ အခုချိန်တွင်ချမ်းသာကြီးပွားနေသော်လည်း စိတ်ချမ်းသာမူမရှိစိုးရိမ်ကြောက်လန့် နေသလို့ NLD မှာကျော်ကျော်သည်လည်း ကွန့် မန့် များကိုကြည့်ကာ စိုးရိမ်းကြောက်လန့်လိမ့်မည်းးးးးးး

  © Blogger templates Sunset by Ourblogtemplates.com 2008

Back to TOP