UNHCR-Malaysia ၏ နားလှည့်ပါးရိုက်လုပ်ရပ်များ

>> Friday, October 15, 2010

ယခင်စာရွက်ရှေ့မျက်နှာ


ယခင်စာရွက်နောက်မျက်နှာ


ယခုစာရွက်ရှေ့မျက်နှာ
(ယခုစာရွက်နောက်ဖက်တွင် မည်သည့်စာမျှမရေးထားသည့်အတွက် မဖော်ပြခြင်းဖြစ်ပါသည်)

အထက်ပါ UNHCR-Malaysia အထောက်အထားစာရွက်များမှ ယခင်စာရွက်ဆိုသည်မှာ ယခင်ကတိုင်းရင်းသားလူမျိုးအများစုအားပေးသောစာရွက်နှင့် ယခုစာရွက်ဆိုသည်မှာ နောက်ပိုင်းဗမာလူမျိုးများအားပေးသောစာရွက်တို့ ကွာခြားပုံကို ယှဉ်တွဲဖော်ပြထားခြင်းဖြစ်သည်။ (အမဲလိုင်းများနှင့်ဖျက်ထားခြင်းနှင့် Ref နံပါတ်များ သုညနှင့်အစားထိုးထားခြင်းမှာ စာရွက်ပိုင်ရှင်၏ လုံခြုံရေးကြောင့်ဖြစ်ပါသည်။)

ယခင်တိုင်းရင်းသားအများစုကိုသာ UNHCR-Malaysia မှတ်ပုံတင်ပြုလုပ်ပေးသောအချိန်က 354-00C00000 နှင့် 791-00C00000 ဟူ၍ Registration Number နှစ်ခုသာရှိသည်။ ယခုဗမာနှင့်ရခိုင်လူမျိုးများအား UNHCR-Malaysia မှတ်ပုံတင်လုပ်ပေးမည်ဟု သတင်းထွက်လာပြီးနောက်ပိုင်းမှသာ HCRKL0000-00 စသည့် UNHCR-Malaysia ၏ လုပ်ငန်းစဉ် (interview process) အတွင်းမပါဝင်သည့် နံပါတ်များနှင့်သာထုတ်ပေးသည်ကို တွေ့ရပါသည်။

(Mg Aung from Myanmar is scheduled for a registration interview on 00.00.0000.) ဟုယခုစာရွက်တွင် ဖော်ပြထားပါသည်။ ယခင်က မှတ်ပုံတင်စာရွက်ပေးသည်နှင့်အတူ ရက်ချိန်းကဒ်ပြားတခုကို စာရွက်နှင့်တပါတည်း ပေးပါသည်။ ယခု စာရွက်ပေးသည့်အခါ ရက်ချိန်းကဒ်ပြား မပါတော့ပါ။ ထို့ကြောင့် ယခုဗမာများအားထုတ်ပေးသောစာရွက်သည် တိုင်းရင်းသားများအားပေးသော မှတ်ပုံတင်စာရွက်မဟုတ်ဘဲ မှတ်ပုံတင်စာရွက်ရရန်အတွက် ထပ်မံဖြေဆိုရအုံးမည်ဖြစ်ပါသည်။

ယခင်တိုင်းရင်းသားများအားပေးသောစာရွက်၏ နောက်ကျောဘက်တွင် မလေးဘာသာစကားဖြင့် ရေးသားထားသော်လည်း ယခုစာရွက်တွင် မည်သို့မျှရေးမထားပါ။ မရေးထားသည့်အကြောင်းရင်းမှာ စဉ်းစားမိသမျှ တခုသာရှိပါသည်။ Printer ဆေးကုန်မည်စိုးသောကြောင့်သာ ဖြစ်ပါသည်။

မလေးရှားနိုင်ငံနှင့် နိုင်ငံတကာရှိ NGO များမှ UNHCR-Malaysia သည် စစ်အစိုးရအုပ်ချုပ်လျက်ရှိသော မြန်မာပြည်မှလာသည့် ဒုက္ခသည်ချင်းအတူတူ လူမျိုးရေး၊ ဘာသာရေးခွဲခြားဆက်ဆံမှုများ ရှိသည်ဟု ဖိအားပေးပြောကြားလာပြီးနောက်ပိုင်းတွင် UNHCR-Malaysia သည် ရခိုင်နှင့်ဗမာလူမျိုးများအား မှတ်ပုံတင်ပေးမည်ဟု သတင်းလွှင့်ခဲ့သည်။ တကယ်တမ်းထုတ်ပေးသည့်အခါ အထက်ပါအတိုင်း ကွဲပြားကာ အရပ်စကားနှင့်ပြောရလျှင် သောက်တလွဲဖြစ်နေပါသည်။ ဗုံးပေါလအောကို ထုတ်ပေးခဲ့ပါသည်။ အီးကုန်းစက္ကူပေါ်တွင် UNHCR-Malaysia တံဆိပ်တုံးထုကာ ထုတ်ပေးသည်နှင့်မခြား ပစ်စလတ်ခတ်သာ ဖြစ်ပါသည်။ မလေးရှားနိုင်ငံအတွင်း UNHCR-Malaysia ၏ ခွဲခြားဆက်ဆံမှုများကို ကြားသိမြင်တွေ့နေရသော စာရေးသူ၏အတွေ့အကြုံအရ ရခိုင်နှင့်ဗမာများအား ပေးသောစာရွက်များ၏ ၉၀% ကျော်သည် reject ဖြစ်မည်မှာ မြေကြီးလက်ခတ်မလွဲ သေချာပါသည်။

354-00C00000 နှင့် 791-00C00000 နံပါတ်များနှင့် မှတ်ပုံတင်စာရွက် လက်ဝယ်ရှိသော ဗမာများသည် အင်တာဗျူးဖြေဆိုမည့် ရက်ချိန်းနေ့ရက်များတွင် မည့်သည့်မေးခွန်းများကိုမျှ ဖြေဆိုရခြင်းမရှိဘဲ ၆-လ၊ ၁-နှစ် ပြန်လည်၍ ထပ်ခါထပ်ခါ ရက်ချိန်းပေးခံရသည်မှာ အမြောက်အများရှိပါသည်။ ကံအကြောင်းမလှလျှင် ထိုအတောအတွင်း၌ပင် reject ဖြစ်သွားနိုင်ပါသည်။

အဖမ်းခံရလျှင် ပြစရာလေးတခုရှိတာပေါ့ ဆိုသည့်စကားကို စာရေးသူပြန်လည်တုန့်ပြန်ပါမည်။ ယခင်စာရွက်ကိုင်ထားပြီး ထိန်းသိမ်းရေးစခန်းတွင် အချုပ်ခံနေရသည့်ပို့စ်တပုဒ် စာရေးသူတင်ဖူးပါသည်။ ထိုကဲ့သို့သောသူမျိုး အများအပြားရှိပါသည်။ သို့ဆိုလျှင် ယခုအီးကုန်းစက္ကူပမာ ထုတ်ပေးသောစာရွက်နှင့် အဖမ်းခံရမည်ဆိုပါလျှင် “နေပေတော့……….မစဉ်းစားနဲ့ နေပေတော့………..”

UNHCR-Malaysia သည် လူမျိုးရေး၊ ဘာသာရေးခွဲခြားမှုများ၊ လူ့အခွင့်အရေးချိုးဖောက်မှုများ၊ UNHCR-Malaysia ရုံးအတွင်း သက်သေပြ၍မရနိုင်သည့် လာဘ်စားမှုများကို ပြောင်ပြောင်တင်းတင်း ဆက်လက်ကျူးလွန်လျက်ရှိပါသည်။ UNHCR-Malaysia ရုံးအတွင်းသို့ လာဘ်စားမှုများ၊ ရိုင်းပြစွာဆက်ဆံမှုများကို သက်သေပြစရာဖြစ်လာမည့် ကင်မရာ၊ အသံဖမ်းစက်၊ ဖုန်း မည်သည့်အရာမျှ ယူသွားခွင့်မရှိပါ။ (သက်သေပြစရာမရှိက အမှန်တရားမဟုတ်ပါဟု ဆိုသော် စာဖတ်သူကိုးကွယ်သည့် မည်သည့်ဘာသာမှမဆို ဘုရားသခင်တကယ်ရှိပါသည်ဆိုသည်ကို သက်သေပြ၍ရနိုင်ပါမည်လားဟု စာရေးသူပြန်မေးပါမည်။)

အချုပ်ဆိုရသော် UNHCR-Malaysia ၏ ယခုထုတ်ပေးသောစာရွက်များသည် ဒုက္ခသည်များအပေါ် မည်သည့်အကျိုးသက်ရောက်မှုမျှ ရှိမည်မဟုတ်ဘဲ အဖွဲ့အစည်းနှင့် ဒုက္ခသည်များကို ခုတုံးလုပ်ပြီး စီးပွားရှာနေသော သူများအတွက်သာ သေလျှင်မြှုပ်မည့်တွင်းထဲသို့ မြေကြီးဖို့ရမည်နေရာတွင် ရွှေဖို့၍ရနိုင်သည်အထိ ချမ်းသာလာအောင် လုပ်ဆောင်ပေးနေခြင်းသာ ဖြစ်ပါသည်။ (မိမိလူမျိုးတိုးတက်ကောင်းစားရေးအတွက် အားတက်သရောဆောင်ရွက်နေသော ခေါင်းဆောင်များ ချွင်းချက်ဖြစ်ပါသည်။)


အင်္ဂလိပ်ဘာသာသို့ပြန်ဆိုရေးသားပြီး သက်ဆိုင်သည့်နေရာများမှ သိရှိစေရန် ကူညီမည်ဆိုပါက အထူးကျေးဇူးတင်ပါသည်။ ပို့စ်နှင့်ပတ်သတ်ပြီး ဝေဖန်အကြံပြုမှုများနှင့် UNHCR-Malaysia နှင့်ပတ်သတ်သည့် အတွေ့အကြုံရှိပါက ကွန်မန့်တွင်ရေးသားပေးခဲ့စေလိုပါသည်။

မောင်ပါလ

18 comments:

Golden Saw Khu October 15, 2010 at 2:49 PM  

ဟေ့ကောင်း၊မင်းရူနေလား၊စာဖတ်သူတွေနာလည်မှုလွဲအောင်မင်းတို.လုပ်နေပြန်ပြီ၊ပထမစာရွက်ကအရင်တုန်းကလူတိုင်းအတွက်ထုတ်ပေးသည့်စာရွက်၊မင်းဖော်ပြပါစာရွက်ကနောက်ပိုင်းလူတွေအတွက်ထုတ်ပေးသည့်စာရွက်ပါ၊အဲဒါကိုမင်းကပထမစာရွက်ကတိုင်းရင်းသားအတွက်နှင့်နောက်စာရွက်ကဗမာအတွက်ဆိုပြီးလုပ်နေတာကိုမင်းကလည်လူလိမ်ကြီးပဲ၊ရက်စွဲတွေဘာတွေလည်းမင်းကသူများသိသွားမှာစိုးပြီးမင်မဲနဲ.ပိတ်ထားပြန်တယ်၊ညစ်ပတ်လိုက်တာဒီကောင်းတွေ၊မလိမ်တပတ်လုပ်လိုက်ပြန်ပြီ၊ဒီအမျိုးကအောက်တန်ကျလိုက်တာ၊

မောင်ပါလ October 15, 2010 at 3:51 PM  

ဟုတ်ကဲ့......... စာရွက်ပါရက်ချိန်းနေ့တွေ နာမည်တွေကို မဖျက်ဘဲတင်လိုက်ရင် ဒီလူတွေ reject ဖြစ်မှာစိုးလို့ပါ။ UNHCR နဲ့အဆက်အသွယ်ရှိတယ်ဆိုရင် လူကြီးမင်းလည်း နားလည်မှာပါ။ မလိမ့်တပတ်လုပ်တာ ဘယ်သူလဲဆိုတာတော့ မလေးရှားက အကုန်လုံးသိပါတယ်။

မောင်ပါလ October 15, 2010 at 3:54 PM  

မောင်ပါလရေးတဲ့စာထဲမှာ တိုင်းရင်းသားတွေကို ရည်ရွယ်ပြီးရေးတာ တခုမှမပါပါဘူး။ UNHCR-Malaysia ရဲ့ ခွဲခြားဆက်ဆံမှုတွေကိုပဲ ရေးပြထားတာပါ။

bagan1044 October 15, 2010 at 5:16 PM  

I like it and highly appreciated.
Keep up your good work‎!

YE MIN TUN October 16, 2010 at 10:08 AM  

မောင်ပါလရေ တင်ပြချက်တွေက ထိရောက်ပါတယ် အကြီးတန်းအရာရှိတွေတောင် ပြန်မေးကုန်ပြီတဲ့။ ဒီအတိုင်းဆို အကုန်လုံးပြန်လဲပေးမယ်လို့ ပြောလာပါလိမ့်မယ် မကြာပါဘုး...
ဒါပေမယ့် သိတဲ့အတိုင်းပေါ့ ဗမာနှင့်ရခိုင် ဖိုင်တွေက ဆွေးသွားတဲ့အထိ သိမ်းထားမှာပါပဲ..

Than Phay October 17, 2010 at 8:12 AM  

မောင်ပါလရေ အရှိကိုအရှိ အမှန်ကိုတင်ပြပေးတာ မြန်မာနိုင်ငံမှ ရောက်ရှိ နေတဲ့ ဒုက္ခသည် ရခိုင်နှင့်ဗမာတွေအတွက် ကွဲကွဲပြားပြား သိသွားတာပေါ့ဗျာ ကျေးဇူးတင်ပါတယ်

မောင်ပါလ October 17, 2010 at 7:55 PM  

(http://www.freedomburma.org/ တွင် တင်ထားသော ယခုပို့စ်မှ comment များဖြစ်ပါသည်။)

Anonymous Anonymous said...

တိုင်းရင်းသားတွေ မြန်မာပြည်မှာ ဗမာလူမျိုးမဟုတ်လို့ ခရစ်ယန်ဖြစ်နေလို့ ဆိုပြီး အခွင့်အရေး မပေးတာ မသိသေးဘူးထင်ပါတယ် ကျွန်တော်ကိုယ်တိုင် ကလေးကောလိပ်ကနေ English ဘာသာဖြင့် Master ဘွဲ့ ရခဲ့ပါတယ် ဒါတောင် အလုပ်လျှောက်တော့ မင်းတို့ တိုင်းရင်းသားတွေ ငအတွေ မင်းတို့ကို ဒီလိုမျိုး ဘွဲ့ရအောင် သင်ပေးခဲ့ပြီးပြီ အခု အလုပ်ပါထပ်လိုချင်ပြန်တယ် မင်းတို့တွေ အတွက် နေရာမရှိဘူး ဆိုပြီး ပြောင်၂တင်း၂ အပြောခံခဲ့ရသူပါ နောက်ဆိုဒီလို တိုင်းရင်းသားတွေအကြောင်း အသိဘဲနဲ့ ဒီလို Post တွေမတင်ဖို့ တောင်းဆိုပါတယ်

မောင်ပါလ October 17, 2010 at 7:57 PM  

(http://www.freedomburma.org/ တွင် တင်ထားသော ယခုပို့စ်မှ comment များဖြစ်ပါသည်။)

Blogger YeMinTun said...

ဟုတ်လား
အမည်မသိ လူကြီးမင်းခင်ဗျားက တကယ်ဒါမျိုး တကယ်ကြုံခဲ့တာဆိုရင် ဘာလို့ အခုလိုရေးနေမှာလဲ ဖွင့်ဟပြောပေါ့ဗျာ။ မြန်မာပြည်မှာ မြန်မာလူမျိုးက တိုင်းရင်းသားတွေကို နှိပ်တာမဟုတ်ဘူးလေ စစ်တပ်အုပ်ချုပ်တဲ့ စစ်အစိုးရကနှိမ်တာပါဗျ.. အဲဒီလို ရမ်းပြီးပြောမယ်ဆိုရင် ကျနော်တို့ ၁၉၈၈ တုန်းက လမ်းပေါ်မှာကျောင်းသားတွေ ပြည်သူတွေ ဘုန်းကြီးတွေကို အသေလိုက်ပစ်နေတဲ့ တပ်မ ၂၂ ဆိုတာ ချင်းသေနတ်ကိုင်တပ်ရင်းလေဗျာ အဲဒီလိုဆို ကျနော်က ချင်းတွေ ကျနော်တို့ကျောင်းသားတွေကို သတ်တဲ့ စစ်တပ်ကလူတွေပါလို့ပြောရင် မှန်သလား.. မမှန်ဘူးလေ ဘာလို့လဲ ဆိုတဲ့ အဲဒီစစ်တပ်ထဲဝင်တဲ့ ချင်းတွေက ချင်းလူမျိုးတွေကို ကိုယ်စားမပြုလို့ဘဲ.. မြန်မာစစ်အစိုးရကို တရားဝင်ဖြုတ်ချဖို့ လူထုတိုက်ပွဲတွေဖြစ်တဲ့ ရှစ်လေးလုံးအရေးတော်ပုံ ကုန်ဈေးနှုန်းကျဆင်းရေး ရွှေဝါရောင် သံဃာလှုပ်ရှားမှုကို မြန်မာလူမျိုးတွေ အများဆုံးပါဝင် ဦးဆောင်တိုက်ပွဲဝင်တာပါဗျာ သမိုင်းကို ဇောက်ထိုးမလုပ်စမ်းပါနှင့် လူမျိုးရေးကို လာမခွဲနှင့်။ အခုဒီပို့စ်က ဘာများတိုင်းရင်းသားတွေကို ထိခိုက်သလဲ UNHCR က တရားမမျှတလို့ ဝေဖန်တာ လူကြီးမင်းက နာနေတော့ ဒီလိုဖြစ်နေအောင် လူကြီးမင်းက စီမံထားလို့လား ဒီလိုဖြစ်နေစေခြင်လို့လား ဒီလိုဖြစ်နေမှ လူကြီးမင်းအကျိုးစီးပွါးကောင်းတာလား ... အမည်တောင်မဖေါ်ရဲတဲ့ လူကြီးမင်းစကားက ဘယ်လောက် အာမခံမှုရှိပါသလဲ.. နောက်တခုက မလေးရှား UNHCR အကြောင်းကောင်းကောင်းသိလို့ ကျနော်ဒီပိုစ့်ကို တာဝန်ယူပြီးတင်ပါတယ်။ နောက်ဆုံးပြောမယ်ဗျာ ကျနော် ဒိုမိန်းက ကျနော်အမည်ရင်း ကျနော်လိပ်စာနှင့် မှတ်ပုံတင်ထားတယ် US မူပိုင်ခွင့်လုပ်ထားတယ် ဒီပိုစ့်မမှန်ရင် UNHCR မလေးရှားက တရားဆွဲလို့ရတယ် ကျနော် Blogspot ကနေတင်တာမဟုတ်ပါဘူး လူကြီးမင်းခင်ဗျာ့... နိုင်ငံခြားရောက်မှ မြန်မာလူမျိုးမှန်သမျှ အစိုးရလက်ခံတယ် အော်နေမယ်ဆိုရင် မြန်မာနိုင်ငံက ထောင်ထဲမှာရှိနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေရယ် သေသွားတဲ့ လမ်းမပေါ်က တိုက်ပွဲဝင်တွေရယ်က ဘာလူမျိုးတွေတုန်းဗျ ၂၀၀၇ သံဃာတွေက ခရစ်ယန်တွေလား... သိပ်ပြီး အတွေးမတိမ်ပါနှင့် ခင်ဗျား ပညာသင်ထားတာပဲ...

ရဲမင်းထွန်း

မောင်ပါလ October 17, 2010 at 8:01 PM  

(http://www.freedomburma.org/ တွင် တင်ထားသော ယခုပို့စ်မှ comment များဖြစ်ပါသည်။)

Anonymous Anonymous said...

တိုင်းရင်းသားတွေကလဲ ခက်ပါတယ်ဗျာ စာကိုလိပ်ပတ်လည်အောင်မဖတ်ဖူး ပြီးရင်ရေးတဲ့လူကို
ပြောချင်သေးတယ် ကိုယ်တိုင်က အဓိပ္ပာယ်ကိုနာလည်အောင်ဖတ်တတ်အောင်ဖတ်ပါလို့ပြောရင် တိုင်းရင်းသားအချင်းချင်း သတိပေးချင်တယ် ဘယ်ဘက်ကိုမှမလိုက်ဖူး စစ်တပ်ကမကောင်းရင်မကောင်းဘူး ပြောမယ်နိုင်ငံရေးသမားကမကောင်းရင်မကောင်းဘူးပြောမယ်
ဗမာလူမျိုးလဲ တိုင်းရင်းသားပါပဲ ကချင် ကယား ကရင် ချင်း ဗမာ မွန် ရခိုင် ရှမ်းဆိုပြီးဖွဲ့စည်းထားတာ တိုင်းရင်းသားဆိုတာ မရှင်းလဲသိထားပေါ့ အုပ်ချုပ်တဲ့လူမကောင်းရင် အုပ်ချုပ်တဲ့လူကို ဘယ်လိုတုံ့ပြန်မလဲလို့ မတွေးဘူး ဗမာမကောင်းတာတွေပဲ ပြောနေရင် မှတ်ထားပေါ ကြည့်မှန်တချပ်လိုပဲ ကိုကမကောင်းတာကိုမြင်ရင် သူများကလဲ ကိုယ့်ကိုမကောင်းမြင်မှာပဲ အဲဒါ အဖြေမရှိဘူး အမှန်ကိုမြင်တတ်ဖို့တော့လိုမယ် အမှန်အတွက် လိုအပ်ချက်တွေရှိတယ် ဒါကိုနာလည်အောင်ကြိုစားပါ

မောင်ပါလ October 17, 2010 at 8:02 PM  

(http://www.freedomburma.org/ တွင် တင်ထားသော ယခုပို့စ်မှ comment များဖြစ်ပါသည်။)

Anonymous sv said...

သိုင်းလောက အရှုပ်အရှင်းထဲ ရောက်လာခဲ့ပြန်ပါပြီ...ကျမ အမြင်တော့ အလုပ်မခန်.တာ တိုင်းရင်းသားမှ မဟုတ်ပါဘူး..မြန်မာလဲ မရတာတွေ အများကြီးပါ...ဘာတွေ ပြောနေတာပါလိမ့်...အဲ့လိုပြောခဲ့တဲ့လူကို ရာထူး ဌာန အမည် အပြည့်အစုံနဲ.ဖော်ပြပေးရင် ပိုထိရောက်ပါလိမ့်မယ်...ပိုခိုင်လုံသွားတာပေါ့...ဒီအချိန်ဟာ မြန်မာ ကရင် ချင်း မွန် ရခိုင် ရှမ်း ကချင် ကယား လူမျိုးစွဲထားရမဲ့အချိန်မဟုတ်ပါ..မြန်မာလဲ တိုင်းရင်းသားပါပဲ....ကျမ က မြန်မာဖြစ်သလို တိုင်းရင်းသားတွေကို ချစ်တဲ့သူတယောက်ပါ....ခု ဒီပို.စ်က မလေးက UNHCR အကြောင်းနော်...တော်ကြာ မတော်မတ၇ားလုပ်တဲ့လူတွေ ထဲမှာ ကျမ မိတ်ဆွေဟောင်းကြီး မောင်စူပါမှ ပါပါ့မလားလို...

လေးစားစွာဖြင့်
simple views

မောင်ပါလ October 17, 2010 at 8:03 PM  

(http://www.freedomburma.org/ တွင် တင်ထားသော ယခုပို့စ်မှ comment များဖြစ်ပါသည်။)

Anonymous Anonymous said...

ကျွန်တော်ပြောလိုတာ မီးများမီးနိုင်ရေများရေနိုင် လောကမှာဖြစ်နေတာကိုပြောခဲ့တာပါ ခရစ်ယန်တွေများတဲ့ ပြည်ပလောကရောက်တော့ တိုင်းရင်းသားတွေကို မြန်မာပြည်မှာအခွင့်အရေးမပေးတဲ့ ဗမာတွေ ပြန်ခံရတော့ ကိုယ်ခြင်းစာတရားရှိလာမှာပါ ကျွန်တော်အမည်တော့ ဘယ်တော့မှာလဲပြောမှာမဟုတ်ပါ ဗမာတွေကိုသေပြရင်လဲ ကျွန်တော်မယုံနိုင်ပါ

မောင်ပါလ October 17, 2010 at 8:04 PM  

(http://www.freedomburma.org/ တွင် တင်ထားသော ယခုပို့စ်မှ comment များဖြစ်ပါသည်။)

Anonymous sv said...

အမည်မသိသူသို.
၇ှင်ပညာတတ်တယ်ဆို...ပညာတတ်ရင် စဥ်းစားဆင်ခြင်ဥာဏ်ရှိရမှာပေါ့..ပညာဆိုတာ အလွတ်ကျက်ပြီး လက်မှတ်ရရုံမဟုတ်ပါ..လက်တွေ.မှာ အသုံးချဖို. တွေးခေါ်ချင့်ချိန်စဉ်းစားဆုံးဖြတ်ရာမှာ အထောက်အကူဖြစ်အောင် သင်ကြားကြရတာပဲ ဖြစ်တယ်...ခုကိစ္စမှာ ဘယ်ကခရစ်ယာန်က ပါလာပြန်တာလဲ....ဘာသာတိုင်းမှာ ကောင်းတဲ့သူရှိသလို ဆိုးတဲ့သူရှိတယ်...ကျမတို. တိုင်းပြည်မှာဖြစ်နေတာက လူမျိုးနဲ.မဆိုင်ဘူး...အာဏာရှင်စနစ်ဆိုးပဲဖြစ်တယ်...ဒီစနစ်က ရှင်တို.တိုင်းရင်းသားတွေတင်မကဘူး ဗမာတွေလဲ တန်းတူ ခံစားနေရတာပါ...စစ်တပ်ထဲမှာလဲ ရှင်တို.တိုင်းရင်းသားတွေရှိတာပဲ...လူသတ်နေတာပဲလေ...ဗမာ စစ်အာဏာရှင်တွေက နှိမ်နင်းသတ်ဖြတ်မှု.တွေလုပ်ချင်တဲ့အခါ ဗုဒ္ဓဘာသာမဟုတ်တဲ့ သိပ်မယဉ်ကျေးတဲ့ တိုင်းရင်းသားတပ်ဖွဲ.တွေကို အများဆုံးအသုံးပြုခဲ့တယ်ဆိုရင် ဘာပြောမလဲ...ကျမ နေခဲ့ဖူးတဲ့ နေရာမှာ လုံခြုံရေး တာဝန်ကျတဲ့ တပ်ဖွဲ.မှာ တိုင်းရင်းသားတွေပါတယ်ရှင်...မူးယစ်သောက်စားပြီး တခါတလေ လူလိုတောင်သိတာမဟုတ်လို. အထက်က ပါး၇ိုက်တာတွေဘာတွေတောင်ရှိတယ်ရှင့်...ဒါက စစ်တပ်ဆိုတာလဲ လူမျိုးပေါင်းစုံပါတာ..ရှင်သာမကြိုက်တာ ရှင့်လူမျိုးတွေလဲ စစ်တပ်ထဲမှာပါမှာပဲ...ကျမပြောချင်တာက တိုင်းရင်းသားတွေ ရောနှောနေတဲ့အထဲမှာ ခုလက်ရှိရင်ဆိုင်နေရတာက စစ်အာဏာရှင်...ဆန်.ကျင်ရမှာကလဲ စစ်အာဏာရှင် ဗမာလူမျိုးမဟုတ်ဘူး..ရှင်အရေးစိုက်ရအောင်လဲ ဗမာတွေ သေပြနေတာမဟုတ်ဘူး...ကိုယ့်တိုင်းပြည်အရေး ကိုယ်လုပ်နေတာ...ရှင်သာ မြန်မာပြည်မှာမွေးပြီး ကိုယ့်တိုင်းပြည်အရေးလုပ်နေသူတွေ ကို သေလဲ မယုံဘူးလို.ပြောတာ ရှက်စရာ....ကဲ နောက်ဆုံးကုန်ကုန်ပြောရရင် အဲ့လိုလူမျိုး တိုင်းပြည်ကလျော့သွားတာ ကောင်းတယ်လို.ပဲ..အေးေ၇ာ ဟုတ်ပြီလား

လေးစားစွာဖြင့်
simple views

မောင်ပါလ October 17, 2010 at 8:05 PM  

(http://www.freedomburma.org/ တွင် တင်ထားသော ယခုပို့စ်မှ comment များဖြစ်ပါသည်။)

Blogger မောင်ပါလ said...

Anonymous သို့..... master ဘွဲ့တောင်ရထားပါတယ်လို့ လူကြီးမင်းပြောခဲ့တယ်။ ဒီလိုမျိုးစကားတွေ master ဘွဲ့ရထားတဲ့ လူတယောက်ဆီက ထွက်လာတာ တော်တော်အံ့သြဖို့ကောင်းတယ်။ အုပ်ချုပ်သူလူတန်းစားနဲ့ အအုပ်ချုပ်ခံလူတန်းစားနှစ်ရပ်ကို မခွဲခြားတတ်ဖူးလား။ မြန်မာပြည်ထဲမှာ စစ်အစိုးရက လူကြီးမင်းတို့တိုင်းရင်းသားတွေကိုပဲ ဖိနှိပ်ချုပ်ချယ်သလား။ နိုင်ငံရေးလုပ်တဲ့ ဗမာတွေကို ဗမာလူမျိုးအချင်းချင်းပါပဲဆိုပြီး စစ်အစိုးရက ထောင်မချဘဲ ဒီအတိုင်းလွှတ်ထားတာ တွေ့ဖူးသလား။ ပြည်ပမှာ လူကြီးမင်းတို့တိုင်းရင်းသားတွေနဲ့အတူ ကျွန်လာခံနေတဲ့ဗမာတွေဟာ အုပ်ချုပ်သူစစ်အစိုးရအလိုတော်ရိတွေ မဟုတ်ပါဘူး။ မြန်မာပြည်ထဲမှာ လူကြီးမင်းတို့တိုင်းရင်းသားတွေလိုပဲ အမျိုးမျိုးဖိနှိပ်ညှင်းဆဲခံရလို့ တခြားတိုင်းပြည်ရောက်လာရတဲ့ ကျောမွဲနင်းပြားလူတန်းစားတွေပါပဲ။ လူကြီးမင်းဒီလိုစကားမျိုးတွေပြောနေတာ လူကြီးမင်းတို့တိုင်းရင်းသားတွေပြောနေတဲ့ ဖယ်ဒရယ်မူလမ်းကြောင်းနဲ့ တခြားစီဖြစ်နေပါတယ်။ ပညာထပ်သင်လိုက်ပါအုံးလို့ အကြံပေးရပါစေ။

Anonymous October 21, 2010 at 7:20 AM  

Thanks for your info
Now I had lost too much money
Why they took charge to get UN
Do u know who are they?
one party leader
I don't want to tell name,

Anonymous August 13, 2011 at 12:16 AM  

မြန်မာပြည်မှာတိုင်းရင်းသားတွေကိုဖိနှိပ်ချုပ်ခြယ်မှုခံနေရတယ်ဆိုတာက အပိုအကဲပြောရိုးပြောတာမဟုတ်ပါဘူး။ စစ်အစိုးရမကောင်းလို့ပါ..ဒို့ဗမာတွေကိုယ်တိုင်ခံနေရတာပဲ ဆိုတာကနိုင်ငံရေးအမြင်နဲ့ကြည့်ရင်မှန်ပါတယ်။ ဒါပေမယ့်လူမျိုးရေးနဲ့ကြည့်ရင်တော့ ဖိနှိပ်မှုကသိသာလှပါတယ်။ ဒီဘက်ရေခြားမြေခြားရောက်မှ ခင်ဗျားတို့ဗမာရာဂဏန်း(ထောင်ဂဏန်းအနည်းငယ်ဖြစ်ကောင်းဖြစ်နိုင်သည်)က နဲနဲမျက်နှာသာမရတာကိုစာဖွဲ့နေကြတာကတော့ ရိုးအသောစိတ်ကောင်းထားခြင်းမျိုးဖြင့် တဦးတယောက်ချင်းစီရဲ့အကျိုးနဲ့ ကြည့်ရင်ကိုယ်ချင်းစာသင့်ပါတယ်လို့ ယူဆလို့ရပေမယ့် တမျိုးသားလုံးအတိုင်းအတာနဲ့ကြည့်ရင်တော့ အရေးပေါ်လူနာကိုအထူးခန်းမှာထားပြီး အခိုက်အတန့်ပိုမိုအရေးပေးဂရုစိုက်ပေးရတာမျိုးကို ဥပမာပေးပြီးခင်ဗျားတို့ကိုအတွေးတခုပေးလိုက်ချင်ပါတယ်။
ဗမာရွာဖွားချင်း

မောင်ပါလ August 13, 2011 at 12:26 AM  

ATN>> မင်းပြောသလို လူမျိုးရေးနဲ့ကြည့်လည်း ရပါတယ်။ မင်းပြောသလိုသာ အုပ်ချုပ်တဲ့အစိုးရက ဗမာတွေကို လူမျိုးရေးအခွင့်အရေးပေးတယ်ဆိုရင် တိုင်းတပါးမှာ ကျွန်ဖြစ်နေတဲ့အထဲမှာ ဗမာတွေ ဘယ်ပါမလဲကွ။ မင်းပုဇွန်ဦးနှောက်လောက်နဲ့ လူတတ်လုပ်ပြီး ပြောမနေနဲ့။ မင်းတို့ပြောတတ်တာ ဘုရားကျောင်းမီးရှို့ခံရလို့ဆိုတာနဲ့ ရွာမီးရှို့ခံရလို့ ဆိုတာပဲ နှုတ်တိုက်ကျက်ပြီး ပြောတတ်တာ။

Anonymous August 13, 2011 at 2:24 AM  

မောင်ပါလ..ခင်ဗျားလေသံနဲနဲရိုင်းပြတယ်ထင်ပါတယ်။ ခင်ဗျားသိထားရမှာက ကွာဟချက်တွေကိုပါ။ ဥပမာတခုအရင်ပြောပါ့မယ်.. မုံရွာမြို့တမြို့လုံးကိုသုတ်သင်ပစ်လိုက်ရင်ခင်ဗျားတို့ဗမာတွေဘာမှစာရင်းဇယားသိပ်မထိသေးဘူးထင်ပါတယ်။ ဒါပေမယ့်လူဦးရေသောင်းဂဏန်းအနည်းငယ်သာရှိပြီး နောင်လာမယ့် ဆယ်စုနှစ်အနည်းငယ်အတွင်းမှာ ဘာသာစကားပျောက်ကွယ်ပြီး လူမျိုးစုတစုအဖြစ်ဆက်လက်ရပ်တည်ဖို့ အခက်အခဲရှိတဲ့လူမျိုးစုလေးတွေ ချင်းတိုင်းရင်းသားတွေထဲမှာ တော်တော်များများရှိနေပါတယ်။
ကျွန်တော်ပြောချင်တာခင်ဗျားသဘောပေါက်မယ်ထင်ပါတယ်။ ခင်ဗျားအပါအ၀င် ဗမာလူမျိုးတယောင်တလေကိုမှ UNHCR အကူအညီနဲ့ နိုင်ငံရပ်ခြားမထွက်ခွါရသည့်တိုင် ဗမာလူမျိုးဘာမှမဖြစ်နိုင်သေးပါဘူး။ ခင်ဗျားပြောသလိုတိုင်းတပါးမှာကျွန်ဖြစ်ဇာတာပါလာတဲ့သူတွေတော့ ဒုက္ခရောက်ကောင်းရောက်ကြမှာပေါ့။
ကျုပ်တို့မှာဘာလို့ပုဇွန်ဦးနှောက်လေးတွေရှိနေရတာလဲ။ ဘာလို့ကျုပ်တို့တွေက "ဘုရားကျောင်းမီးရှို့ခံရလို့ဆိုတာနဲ့ရွာမီးရှို့ခံရလို့" ဆိုတာလောက်ကိုပဲနှုတ်တိုက်ကျက်ပြီးပြောတတ်ရတာလဲ။ ခင်ဗျားပဲဖြေပေးစမ်းပါ။ ဒီလောက်ကလေးသာတတ်တဲ့တကယ့်သနားစရာဒုက္ခသည်တွေကို ခနဲ့လှောင်ပြောင်နေနိုင်တဲ့ ခင်ဗျားပဲ အဖြေတခုရအောင်ထုတ်ကြည့်ပါအုံး။
ATN

မောင်ပါလ August 13, 2011 at 8:19 AM  

တကယ်လေးစားဖို့ကောင်းတဲ့ အတွေးအခေါ်ပဲ။ မင်းတို့လူများတယ်။ ဒီတော့ မင်းတို့ထဲက နည်းနည်းပေးသေလိုက်။ ငါတို့က လူနည်းတယ်။ သေလို့မဖြစ်ဘူး။ အဲလိုလား။

မင်းတို့ခေါင်းထဲစွဲနေတဲ့ကွာဟချက်၊ မင်းတို့နားလည်တဲ့ကွာဟချက်က အုပ်ချုပ်သူကဗမာ ဖိနှိပ်ခံတဲ့သူတွေက တိုင်းရင်းသား။ အဲဒါပဲ။ ဗမာဖြစ်စေ၊ ချင်းဖြစ်စေ၊ အုပ်ချုပ်သူနဲ့ အုပ်ချုပ်ခံ လူတန်းစားဆိုတာကို မင်းတို့က နားမှမလည်တာ။ ငါရိုင်းတာ မလွန်လောက်ပါဘူး။ ငါပြောထားတာ၊ ငါရေးထားတာတွေကလည်း မြန်မာပြည်အကြောင်းနဲ့ တိုင်းရင်းသားကိစ္စတခုမှ မပါဘူး။ UN က လုပ်ရပ်တွေကိုပဲ ငါရေးတာ။ တကယ်သာ အဖြေတခုထုတ်ချင်ရင် မင်းတို့ကို မုဒိန်းကျင့်နေပါတယ်ဆိုတဲ့ အစိုးရဗမာနဲ့ ပြည်ပမှာ ကျွန်လာခံနေကြတဲ့ ဗမာ အတူတူပဲဆိုတဲ့အတွေးကို မင်းခေါင်းထဲမှာမရှိနေဘူးဆိုရင် ခုစာတွေကိုတောင် မင်းရေးမှာမဟုတ်ဘူး။

မင်းပြောတဲ့ တကယ့်သနားစရာဒုက္ခသည်လေးတွေဟာ နီးတဲ့နေရာ အိန္ဒိယနိုင်ငံကိုမပြေးဘဲ၊ အလွန်တရာဝေးကွာလှသောနေရာမှတဆင့်ရန်ကုန်မြို့တော်ကြီးသို့၊ ထိုမှတဆင့် အလွန်တရာခက်ခဲလှသော ပတ်စပို့စာအုပ်ကို လုပ်ပြီး အလွန်တရာထပ်မံဝေးကွာလှသော နေရာကို တနစ်တကျရှိရှိနဲ့ ငွေကုန်ကြေကျမှုများစွာနဲ့ လေယာဉ်ပျံကြီးနဲ့ထွက်လာပြီးမှ ဒုက္ခသည်အဖြစ်လာခံယူနိုင်ကြတာ ထူးဆန်းဖို့တော့ကောင်းတယ်။

တကယ်ဒုက္ခရောက်ကြတဲ့ ဘယ်သူ့ကိုမဆို ငါမလှောင်ပြောင်ပါဘူး။ အိန္ဒိယတကြောမှာရှိတဲ့ ကချင်၊ ချင်း ဒုက္ခသည်တွေ၊ ထိုင်းနယ်စပ်တွေမှာ ရှိကြတဲ့ မွန်၊ ကရင် စတဲ့ဒုက္ခသည်တွေ စာနာစရာတကယ်ကောင်းပါတယ်။ အေး... မလေးရှားမှာတော့ မင်းပြောတဲ့ ပျောက်ကွယ်တော့မယ့် တိုင်းရင်းသားလူနည်းစုအရေအတွက်နီးပါးလောက်ကို ဘုရားကျောင်းနဲ့ ရွာအရေအတွက်တွေ မီးရှို့ခံနေရတော့ များသွားပြီ။ လူတယောက်ကို ဘုရားကျောင်းတကျောင်းတည်၊ ရွာတရွာထောင်ထားသလိုပဲ။

  © Blogger templates Sunset by Ourblogtemplates.com 2008

Back to TOP