ချည်တိုင်မဲ့ရင်ခွင်
>> Wednesday, October 13, 2010
“ချည်တိုင်မဲ့ရင်ခွင်”
တကယ်တော့
သံယောဇဉ်ဆိုတဲ့ကြိုးနဲ့
ဘ၀ကိုထုပ်ပိုးချင်ခဲ့တာပါ။
ချစ်ခြင်းရဲ့ပွင့်ဖတ်တွေနဲ့
ဘ၀ပြဇာတ်ကို စင်တင်ခဲ့တာပါ။
ပက်ကြားအက်နှလုံးသားပေါ်မှာတော့
အထီးကျန်မေတ္တာပန်းတွေပဲ
ညှိုးနွမ်းစွာပွင့်လို့ပေါ့။
ငါ့နံရိုးတချောင်းကိုပြန်ရှာတွေ့ဖို့
ခြေဆန့်ခဲ့ရတဲ့နေ့ရက်တွေမှာ
ပွေ့ဖက်စရာကောင်းကင်တွေ
တခုပြီးတခုလဲပြို
ငါတိတ်တဆိတ်ငိုခဲ့ပေါင်းများပြီ။
အကြင်နာတပိုင်းတစကိုတောင်
ချပြဖို့အခွင့်အလမ်းမဲ့
ရင်ကိုတည့်တည့်ခွင်းတဲ့
ဖူးစာရေးနတ်မင်းရဲ့မြှားတွေကလည်း
နှလုံးသားကို ထုတ်ချင်းဖောက်
တခြားရောက်သွားတာချည်းပဲ။
ကျောက်သင်ပုန်းပေါ်ကအချစ်လို
လွယ်လွယ်ဖျက်ပစ်လို့မရတော့လည်း
အခါခါကျရှုံးမှုတွေအတွက်
ရင်ကွဲနာကျဖို့တောင်
နှလုံးသားက ချည့်နဲ့နေခဲ့တယ်။
တကယ်တော့
သံယောဇဉ်ဆိုတဲ့ကြိုးနဲ့
ဘ၀ကိုထုပ်ပိုးချင်တဲ့ကောင်ပါ။
မောင်ပါလ
3 comments:
တကယ်တော့
သံယောဇဉ်ဆိုတဲ့ကြိုးနဲ့
ဘ၀ကိုထုပ်ပိုးချင်တဲ့ကောင်ပါ။ ဒီစာသားလေးကို အရမ်းကြိုက်တယ်။
ထိချက်.....
အထီးကျန်တဲ့ညတွေကိုထွေးပွေ့ထား တဲ့
ပက်ကြားအက်ကွဲတဲ့ နှလုံးသားနဲ့ လူဟာ
အထီးကျန်ဆန်လွန်းတဲ့ နေ့တွေကို
အထီးကျန်မဲ့ နေ့သစ်ဆီရောက် ဘို့
သံယောဇဉ် ဆိုတဲ့ချည်တိုင်
ရစ်ပတ်နှောင်ဖွဲ့ နေလို့တော့မဖြစ်ဘူး။
ဒါကြောင့်...ဓါးထက်ထက်နဲ့ တအားခုတ်ဖြတ်လိုက်ပါ...ဆည်းဆာ၊
အမိန့်ပေးနေတာမဟုတ်ဘူး သတိပေးနေတာပါ
အလား ကား... နောက်တာ နော်...ဆည်းဆာနေ
ကြိုက်တယ်..ဆည်းဆာ ရဲ့ ကဗျာ ကို.....ကိုဗလိုင်(ဒိန်းမတ်)
Post a Comment