ကျေးဇူးအထူးတင်ရှိပါသည်

>> Saturday, October 16, 2010

UNHCR-Malaysia ရဲ့ လျစ်လျူရှုမှုကြောင့် ဒုက္ခရောက်နေရတဲ့ ကလေးငယ်နှင့်မိခင်ပို့စ်မှ UNHCR မှတ်ပုံတင်စာရွက်ရှိပြီး အဖမ်းခံနေရသူသည် 15.10.2010 တွင် ပြန်လည်လွတ်မြောက်လာပြီး မိသားစုပြန်လည်ဆုံဆည်းခွင့်ရရှိပြီ ဖြစ်ပါသည်။ ထိုလွတ်မြောက်မှုသည် မောင်ပါလတင်ခဲ့သည့်ပို့စ်နှင့် သက်ဆိုင်သည်ဖြစ်စေ၊ မသက်ဆိုင်သည်ဖြစ်စေ၊ ပြန်လည်လွတ်မြောက်လာသည်ဟု သိရသည့်အတွက် ၀မ်းမြောက်မိပါသည်။

ထိုပို့စ်အား သက်ဆိုင်သည့်နေရာများသို့ အင်္ဂလိပ်ဘာသာသို့ပြန်ဆိုကာ ထပ်မံတင်ပြခဲ့ကြသူများ၊ မိမိတို့၏ ဘလောခ့်များတွင် တဆင့်တင်ပြပေးခဲ့ကြသူများနှင့် အကူအညီပေးလိုကြောင်း ဖုန်းဆက်မေးမြန်းလာသူများအား မိသားစုကိုယ်စား ကျနော်မောင်ပါလမှ အထူးကျေးဇူးတင်ရှိပါသည်။

0 comments:

  © Blogger templates Sunset by Ourblogtemplates.com 2008

Back to TOP