ကျောင်းသားလူငယ်များ၏ ၂၀၁၀ ရွေးကောက်ပွဲဆန့်ကျင်ရေးကမ်ပိန်း

>> Saturday, August 21, 2010



20.8.2010 ရက်နေ့ တွင်ရန်ကုန်တိုင်းအတွင်းရှိ ဒီမိုကရေစီရေးတက်ကြွလှုပ်ရှားသောကျောင်းသား၊ လူငယ်များအင်အားစုများက ရွှေဝါရောင်တော်လှန်ရေး နှစ်ပတ်လည်အကြိုလှုပ်ရှားမှုအဖြစ် စစ်အစိုးရ၏ 2010 ရွေးကောက်ပွဲဆန့် ကျင်ရေးပို့ စ်ကတ်ဒ်နှင့် ဓါတ်ပုံများကို ရန်ကုန်တိုင်းအတွင်းတွင်ရှိသော ဘုန်းတော်ကြီးစာသင်တိုက်များကို အဓိကထားရ်ျဖြန့် ဝေခဲ့ ကြကြောင်း သိရှိရသည်။ ၄င်းလှုပ်ရှားမှုကို အဆိုပါကျောင်းသားအင်အားစုများနှင့် ချိတ်ဆက်ဆောင်ရွက်နေသော သံဃာတော်အရှင်သူမြတ်အချို့ က ကူညီဆောင်ရွက်ပေးခဲ့ ကြောင်း လှုပ်ရှားမှုတွင်ပါဝင်ခဲ့သော ကျောင်းသားလူငယ်တစ်ဦးကပြောကြားခဲ့သည်။

"ရန်ကုန်တိုင်းအတွင်းမှာပါဝင်တဲ့ လှိုင်မြို့ နယ်၊မင်္ဂလာတောင်ညွန့်မြို့ နယ်၊ ဒေါပုံမြို့ နယ်၊ သာကေတမြို့ နယ်၊ သုံးခွမြို့ နယ်နှင့် သန်လျင်မြို့ နယ်တို့မှာရှိတဲ့စာသင်တိုက်တွေကို အဓိကထားပြီးဖြန့်ဝေခဲ့ ပါတယ်။ စာသင်တိုက်တွေကိုအဓိကထားဖြန့်ဝေရတဲ့ရည်ရွယ်ချက်ကတော့ ဒီစစ်အစိုးရရဲ့  2010 ရွေးကောက်ပွဲဟာ ပြည်သူတွေအတွက်၊ နိုင်ငံအတွက်ချောက်ကမ်းပါးကိုတွန်းပို့မယ့် ကိစ္စတစ်ခုပါဆိုတဲ့ message ကို စာသင်သားသံဃာတော်တွေက တစ်ဆင့် သူတို့ဆွမ်းခံကြွနေတဲ့ ပြည်သူတွေဆီကိုရောက်အောင်လို့ ပြုလုပ်ရတာဖြစ်ပါတယ်။ ဖြန့်ဝေတဲ့ ပို့စ်ကတ်ဒ်နဲ့ စတစ်ကာတွေမှာ ပြည်တွင်းစစ်ဖြစ်အောင်ပြုလုပ်မယ့် 2010 ရွေးကောက်ပွဲကိုဆန့်ကျင်ကြဆိုတဲ့ စာသားတွေရယ်၊ တရားဝင်စစ်ကျွန်ဖြစ်စေမယ့် 2010 ရွေးကောက်ပွဲကိုဆန့်ကျင်ကြဆိုတဲ့ စာသားတွေရယ်၊ ရွေးကောက်ပွဲမှာမဲမထည့်ပဲနေတာဟာလည်း ပြည်သူတွေရဲ့ကိုယ်ပိုင်အခွင့်အရေးပဲဆိုတဲ့ စာသားတွေရယ်ရေးထားပါတယ်" ဟုအဆိုပါကျောင်းသားလူငယ်မှ ပြောကြားသွားခဲ့သည်။

0 comments:

  © Blogger templates Sunset by Ourblogtemplates.com 2008

Back to TOP