လွဲပြန်ပဟ.......

>> Saturday, August 28, 2010

စစ်သင်တန်းကျောင်းတခုမှာဖြစ်သည်။

သင်တန်းပို့ချသောပေးသောဆရာသည် စစ်သားလောင်းများအား လက်ဖြောင့်စေရန်အတွက် အဝေးမှပစ်ကွင်းကိုမှန်အောင်ပစ်ခိုင်းလျက်ရှိသည်။

စစ်သားလောင်းတယောက်သည် အချက်တိုင်းလွဲလျက်ရှိသည်။ ထိုအခါ သင်တန်းဆရာသည် စိတ်မရှည်နိုင်တော့ပဲ ထိုစစ်သားအား

“ မင်းဒီလောက်တောင် မှန်အောင်မပစ်နိုင်တာ။ ဘယ်လိုလုပ်ပြီး အသုံးကျတော့မှာလဲ။ သွား...... ဟိုးတောထဲဝင်ပြီး မင်းကိုယ်မင်းသာ ပစ်သတ်လိုက်တော့” ဟုပြောလိုက်လေသည်။

သင်တန်းသားလည်း ဆရာ့အမိန့်အတိုင်း သေနတ်ကိုယူကာတောထဲဝင်သွားပြီး ခဏအကြာ..........

“ဒိုင်း.............”

ဆရာနှင့်ကျန်သောစစ်သားများသည် တောထဲမှသေနတ်သံကြားလိုက်ရသဖြင့် အံ့သြစိုးရိမ်သွားကြသည်။ ဆရာလည်း သူ့တပည့် ကိုယ့်ကိုယ်ကိုတကယ်ပစ်သတ်ပြီအထင်နှင့် စိုးရိမ်တကြီးတောထဲသို့လိုက်ဝင်သွားရာ ယမ်းငွေ့ဝေနေသောသေနတ်ကိုကိုင်လျက် မျက်နှာသေလေးဖြစ်နေသောတပည့်က

“ခွင့်လွှတ်ပါဆရာ။ ကျနော် ဆရာပြောတဲ့အတိုင်း ကိုယ့်ကိုယ်ကိုပစ်လိုက်တဲ့အချက်ကလည်း လွဲသွားပြန်ပါတယ်”

ဟုပြောလိုက်လေသည်။

ဘာသာပြန်ဟာသ ဖြစ်ပါသည်။

0 comments:

  © Blogger templates Sunset by Ourblogtemplates.com 2008

Back to TOP