မိဘပြည်သူများအား ကြိုတင်အသိပေတိုင်ကြားခြင်း

>> Friday, August 13, 2010

(အီးမေးလ်ဖြင့်ပေးပို့လာပါသည်။)

NATIONAL LEAGUE FOR DEMOCRACY ( NLD )

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ( NLD ) ပါတီသည် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော မြန်မာ့ဒီမိုကရေစီ
နိုင်ငံရေးပါတီဖြစ်ပါသည်။

ဒေါ်အောင်ဆန်းစုကြည်ဦးနှင့်တကွ ပြည်တွင်းမှဂုဏ်သိက္ခာရှိလူကြီးများဖြင့် ဖွဲ့စည်းထားသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD ) ပါတီသည် ဒုက္ခသည်အဖွဲ့အစည်းမဟုတ်ပါ။

ထို့ကြောင့် ဒီမိုကရေစီနှင့်လူ့အခွင့်အရေးကို လေးစားမြတ်နိုးတန်ဖိုးထားကြကုန်သော မိဘပြည်သူတို့အား
ဒေါ်အောင်ဆန်းစုကြည်နှင့်လူကြီးများ၏ မျက်နှာကို အိုးမဲသုတ်နေကြသည့်မသမာလူတစ်စု၏ အဖြစ်မှန်အကြောင်းစုံကို
အသိပေးလိုပါသည်။

မလေးရှားနိုင်ငံတွင် ကျော်ကျော် အောင်ကျော်ဆက် ဦးဆောင်သောလူတစ်စုသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီအား လွတ်မြောက်နယ်မြေမလေးရှား NLD ( LA ) MALAYSIA အမည်ခံကာ ( NLD ) ပါတီကို အလွဲသုံးစားလုပ်ပြီး နာမည်ပျက်အောင်ဖန်တီးနေကြပါသည်။ ၄င်းတို့၏ မူမမှန်တဲ့စိတ်ဓာတ်တွေနဲ့ လူရာမ၀င်တဲ့လုပ်ရပ်များသည် မြန်မာပြည်အတွင်းမှ ကိုယ်ကျင့်သိက္ခာနှင့် ခံယူချက်အပြည့်ဖြင့် ဘ၀တစ်လျှောက်လုံး ပြည်သူ့အတွက်ရပ်တည်ကြိုးပမ်းနေကြသော ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး၊ ဦးခွန်ထွန်းဦး၊ ဘဘဦးဝင်းတင်နှင့်တကွ ပြည်သူလူထုက ချစ်ခင်လေးစားကြရသော ခေါင်းဆောင်ကောင်းများအား ဂုဏ်သိက္ခာညှိုးနွမ်းအောင်လုပ်နေသည့်အပြင်၊ တဖက်မှာလည်း မိတစ်ကွဲ ဖတစ်ကွဲ၊ သားတစ်ကွဲ မယားတစ်ကွဲနှင့် ဇာတိချက်ကြွေမွေးရပ်မြေကိုစွန့်ခွါပြီး တိုင်းတပါးမှာ မိမိတို့ရဲ့အလုပ်ရှင်တွေက ဆူပူကြိမ်းမောင်းဆဲဆိုခံရပြီး ကိုယ်ထိလက်ရောက် စော်ကားလိုစော်ကားနဲ့ ခက်ခက်ခဲခဲ ရှာဖွေစားသောက်နေကြရရှာတဲ့ မြန်မာပြည်သူ ပြည်သားတွေရဲ့ချွေးနည်းစာတွေကို ကိုယ်ချင်းစာညှာတာထောက်ထားမှူမရှိပဲ UN ဒုက္ခသည်အခွင့်အရေးကို အကြောင်းပြကာလိမ်လည်လှည့်ဖြားညာစားနေကြပါသည်။

မလေးရှားနိုင်ငံရှိ ကျော်ကျော် အောင်ကျော်ဆက် တို့လူတစ်စုသည် ပြည်တွင်းမှ (NLD) ပါတီလူကြီးများနှင့်
ပြည်သူတွေအကြားတွင် (NLD)ပါတီခေါင်းစဉ်ကို အလွဲသုံးစားလုပ်ပြီး နှစ်ဖက်ကြားခွထိုင်ကာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လူကြီးများနှင့် ဒီမိုကရေစီကိုလေးစားမြတ်နိုးကြသူတို့အား စော်ကားသလို၊ ပြည်ပရောက်မြန်မာပြည်သူပြည်သားတွေကို အနိုင်ကျင့်လည်ပင်းညှစ်ခါ အမျိုးမျိုးလိမ်စားနေကြပါသည်။

ထိုလူလိမ်တစ်စုသည် နိုင်ငံရေးကိုခုတုံးလုပ်ပြီး ပြည်ပရောက်မြန်မာပြည်သားများအပေါ် ကြိမ်ဖန်များစွာ
လိမ်လည်ညာစားခဲ့ရာယ္ခုအကြိမ်သည် အကြီးမားအဆိုးရွားဆုံးသော ဒီမိုကရေစီသမိုင်းဝင်လိမ်လည်မှုကြီးဖြစ်ပါသည်။ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး အလှူကောက်ခံငွေ ငွေစာရင်းပျောက်၊ ၂၀၀၈ နာဂစ်ဒုက္ခသည်အကြောင်းပြုကာ အလှူခံသည့်ငွေစာရင်း ခိုင်လုံသောအကြောင်းပြချက်မရှိသည့်လိမ်လည်မှူများလည်းရှိခဲ့ပါသည်။

ယ္ခုတစ်ကြိမ်လိမ်လည်မှူမှာတော့ မလေးရှာရှိမြန်မာပြည်သားများအား UNHCR ဒုက္ခသည်အသိအမှတ်ပြုကဒ်ပြား ရမည်ဟုအကြောင်းပြကာ လူတစ်ဦးလျှင် RM.210,RM.310,RM.510,RM.610, RM.1200 စသဖြင့်
အလိမ်ခံရသည့်လူပေါ်တွင်မူတည်ပြီး လိမ်လည်လှည့်ဖြားညာစားနေကြပါသည်။

ထို့ကြောင့် ကျော်ကျော် အောင်ကျော်ဆက်နှင့် အပေါင်းအပါလူလိမ်တစ်စုအား လွတ်လပ်သည့်
ဒီမိုကရေစီပြည်ထောင်စု မြန်မာနိုင်ငံတော် ထူထောင်သည့်အခါတွင် ဦးစွာပထမ သမိုင်းဝင်လူဆိုးများစာရင်းဝင်အဖြစ်သတ်မှတ်ခါ ကြီးလေးသောအပြစ်ဒဏ်ဖြင့် တရားစွဲဆိုကြရမည်ဖြစ်ကြောင်း မိဘပြည်သူတို့အား ကြိုတင်အသိပေးပြောကြားလိုက်ရပါသည်။

ဇာနည်မျိုးမြတ်

0 comments:

  © Blogger templates Sunset by Ourblogtemplates.com 2008

Back to TOP