GMAIL Password ကိုမှ လိုချင်နေတယ်ဆိုရင်

>> Friday, April 16, 2010

ကိုမိုးသွေးငယ် မှ email ဖြင့်ပေးပို့ပါသည်။

ကျွန်တော်နေ့လည်က မေးထဲမှာ Reply ပြန်လုပ်လိုက်တဲ့ စာအတွက် တော်တော် စိတ်မကောင်းဖြစ်သွားတယ်ဗျာ။ အဲဒီအတွက်လည်း မနန္ဒာကို တောင်းပန်းရင် အားလုံးကိုလည်း ထပ်သတိပေးရင်း ဒီစာလေးရေးဖြစ်တာပါ။
တစ်နေ့ ကျွန်တော့မေးကို မနန္ဒာ မေးကနေ မေးတခုဝင်လာတယ် ပို့ပေးတာက ကျွန်တော်တစ်ဦးထဲ မဟုတ်ဘူး ဘလောက်ဂါတော်တော် များများနဲ့ တခြားမေး တော်တော် များများ ကိုပါ။ ဘာကိစ္စလည်းဆိုရင် ဒီအောက်က အကြောင်းလေးပါ။

မနန္ဒာမေး ကိုသုံး၍ပို့လာသည့် မေးထဲပါအကြောင်းအရာတွေကတော့........
..................... ....................... ........................
GMAIL Password ကိုမှ လိုချင်နေတယ်ဆိုရင် အောက်မှာပါတဲ့ အဆင့်တွေအတိုင်းလုပ်ဆောင်လိုက်ပါ။
ဒါဟာ Google ရဲ့လျှို့ဝှက်ချက်ကို ကျွန်တော်တို့ ဖော်ထုတ်နိုင်ခြင်းပါပဲ။ ရုရှားနိုင်ငံ၏ Personal Hack မြေအောက်မဂ္ဂဇင်းတွင် ပါရှိသော

"Google Victim" ဆောင်းပါးပါ Gmail အားဒုက္ခပေးခြင်း အပိုဒ်မှ ကူးယူဖော်ပြပါသည်။

Step 1: Log into your Gmail account. (ပထမဆုံး သင့်ရဲ့မေးလ်သို့ဝင်လိုက်ပါ။)
Step 2: Compose a new mail. (မေးလ်အသစ်ပို့ရန် Compose ကိုနှိပ်လိုက်ပါ၊)
Step 3: In subject box type " PASSWORD RECOVERY " (Subject နေရာမှာ PASSWORD RECOVERY ဆိုပြီးထည့်လိုက်ပါ။ စာလုံးပေါင်းမှန်ကန်ပါစေ။)

Step 4: Send this to - service.psd@gmail.com (ပို့ရမယ့်လိပ်စာနေရာမှာ service.psd@gmail.com)
Step 5: Write this in message box. (message box မှာရေးရမှာကတော့)
(first line)- Email address you want to hack. ( ပထမလိုင်းမှာ- သင်လိုချင်တဲ့ အီးမေးလ်လိပ်စာကိုထည့်ပါ။)



(second line)- Your Gmail address (ဒုတိယလိုင်းမှာ- သင့်အီးမေးလ်လိပ်စာကိုထည့်ပါ။)

(third line)- Your Gmail account password (တတိယလိုင်းမှာ- အပေါ်ကသင့်အီးမေးလ်လိပ်စာရဲ့လျှို့ဝှက်ကုတ်ကိုထည့်ပါ။)

(fourth line) (ဒါကတော့ နောက်ဆုံးလိုင်း)
< login="passmachine&f=(p0assword)&f=27586&___javascript=ACTIVE&rsa#">=""><>

{simply copy and paste above.} (အပေါ်ကဟာတွေကို ကော်ပီကူးလိုက်တာ အကောင်းဆုံးပါပဲ။ အမှားမရှိနိုင်တော့ဘူး။)
ဒီလောက်ပါပဲ။ ၂၄ နာရီစောင့်ပြီးတဲ့နောက်ပိုင်းမှာ Google ကနေပြီး သင့်ကို Password Reset လင့်ခ်တစ်ခုပေးပို့လာပါလိမ့်မယ်။
................. ....................... . ............................
ကျွန်တော် အဲဒီမှာ တော်တော် စဉ်စားသွားတယ် ဘာလို့ မနန္ဒာက ဒီလိုမျိုး ပို့လည်းပေါ့။တကယ်ဆို ဒီလိုမျိုးကိစ္စတွေက မဖြန့်သင့်ပါဘူးဗျာ။ ကျွန်တော်လည်း သင်္ကြန်ရက် အလုပ်က များနေတာနဲ့ အဲဒီကိစ္စကို ပြန်ရေးပြီး ပို့မယ်လုပ်နေရင်က မေ့နေတာ နေ့လည်ကမှ အဲဒီမေးကို ပြန်တွေ့တာနဲ့ ဒီအောက်ကစာလေးကို ရေးပြီး မနန္ဒာမေးအပါအဝင် အားလုံးကို ပို့ပေးလိုက်တယ်ဗျာ။
........................... ........................... .......................

ဘာလို့ ဒီမေးကို Forward လုပ်ရတယ်ဆိုတာ ကျွန်တော်တို့ အနေနဲ့လုံးဝ နားမလည်ပါဘူး???? တကယ်လို့ ဟုတ်သော်ရှိမဟုတ်သော်ရှိ ဒီမေးက လူအများစုကြားကို ဖြန့်စရာ မလိုပါဘူးထင်ပါတယ်။အရင်ဖြန့်တဲ့သူကိုတော့ မသိပါဘူး ခု အရင်ဆုံးရောက်လာတာက မနန္ဒာ မေးကနေပါ။တကယ်လို့ မှားတယ်ဆိုရင် ဆောရီးပါလို့ ကြိုပြောပါရစေ။အားလုံးပဲ တကယ်ဟုတ်ဟုတ် မဟုတ်ဟုတ် ထပ်မဖြန့်သင့်ဘူးထင်ပါတယ်။

တခုတော့ ရှိတယ် အဲဒီ အချက်တွေထဲက အဆင့် (၃) ကတော့ ကိုယ်သေတွင်းကိုယ်တူးမယ့် အချက်ဆိုတာ ခင်ဗျားတို့ အားလုံးမေ့ မထားနဲ့။

ခု လောလောဆယ်ပေါ့ သူများမေးကို လိုချင်တာနဲ့ လောဘတကြီး ခင်ဗျားတို့ အားလုံး ကိုယ်Psssward ကို ဘယ်နှစ်ယောက်လောက် ပြန်ပို့ ထားပြီးလည်းလို့ ကျွန်တော်မေးပါရစေ။ အမြင်မတူညီဘူးဆို ပြန်လည် ဆွေးနွေးလို့ ရပါတယ်။

ကျွန်တော်ပြောချင်တာက သူများမေးကို ဖောက်ချင်တာ တခုနဲ့ ကိုယ်မေး က Passward ကို ပေးရတာ ကို မမေ့နဲ့ ဗျာ။ လောဘကြီးတဲ့သူကတော့ ခံရလိမ့်မယ်ဆိုတာပါပဲ။
လောလောဆယ် ကျွန်တော်မှာ ရှိနေတဲ့ တခြားမေးတွေကို ဒီနည်းနည်းနဲ့စမ်း ကြည့်ပါတယ် မရပါဘူးခင်ဗျာ ။ခင်ဗျားတို့ အရင်မေးက Passward ပဲ ပါသွားမယ်ဆိုတာ ပြောပါရစေ။

.................. ...................... .....................

ကျွန်တော်ပို့ပြီးမှပြန်စဉ်းစားမိတာက အဲ ဒီမေးက မနန္ဒ အဖောက်ခံထားရတဲ့မေးပဲဆိုတာ ပြန်သတိယတယ် ။ကျွန်တော်တကယ်တော့ မနန္ဒာကို အပြစ်ပြောတာမဟုတ်ပါဘူး အားလုံးအတွက် အန္တရာယ်ရှိနေတဲ့ ကိစ္စမို့ ဂရုဏာ ဒေါသနဲ့ ပြောခဲ့ရေးခဲ့မိတာပါ။အဲဒီလို မှားရေးခဲ့မိတဲ့အတွက် တောင်းပန်ပါတယ်ခင်ဗျာ။တကယ်တော့ အရင်ဆုံးပို့တဲ့ မနန္ဒာမေးက သူမေးမဟုတ်တော့ပဲ အဲဒီ မေးPasswaard ခိုးတဲ့ သူတွေ လက်ထဲရောက်နေတာ ကျွန်တော်မေ့နေတာပါ။သူနာမည်နဲ့ သူ့မေးနဲ့ တခြားသူတွေက ဝင်ပို့နေတယ်ဆိုတာကို နောက်မှ(REPLY ) မေးပို့ပြီးမှသတိယတယ်ဗျာ။

ကျွန်တော် မိတ်ဆွေများသူငယ်ချင်းများကို ထပ်သတိပေးချင်ပြောချင်တာကတော့ သူများမေးကိုလည်း မလိုချင်ပါနဲ့ သူများ အမြတ်တနိုး အပင်ပန်းခံထား ပြုစု ထားတဲ့ အသိုက်အမြုံ ကိုယ်ပိုင် အိမ်လေးတစ်လုံးနဲ့ တူတဲ့ ဘလောက်တွေကိုလည်း မဖောက်ချင်ကြပါနဲ့။ ကျွန်တော်ပြောချင်တာက နည်းပညာတွေ တအားတက်ကျွမ်းနေမယ် တအားကိုပဲ အသုံးချချင်နေတယ်ဆိုရင် ကိုယ်လောက်နားမလည်တဲ့ သူတွေ မတက်တဲ့သူတွေကို မျှဝေပေး သင်ကြားပေးပါလားဗျာ။

အကျိုးရှိမဲ့ အလုပ်တခုကို မလုပ်ပဲ ဘာမှ မဟုတ်တာကို အဓိပ္ပာယ်မရှိလိုက် လုပ်နေတာဟာ ဗုဒ္ဓဘာသာဝင်တွေ ဖြစ်နေမယ်ဆိုရင် ဘုရားဟောနဲ့လည်း မကိုက်ညီပါဘူးဗျာ။ သူတစ်ပါး ပစ္စည်းကို ပိုင်ရှင်မသိပဲ ခိုးယူဖျက်စီးတာဟာ ဘုရားရှင် ဟောကြားတော်မှုခဲ့သော ( အဒိန္နာဒါနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။) ((သူ့ဥစ္စာလည်း မခိုးဘဲ အမြဲရှောင်ကြဉ်မည်။)) ဆိုတဲ့ အချက်နဲ့ ညှိစွန်းနေတယ်ဆိုတာ ဗုဒ္ဓဘာသာဝင် သူတော်ကောင်းအပေါင်း တိုင်းသိထားသင့်ပါတယ်ဗျာ။

လောဘ မကြီးကြပါနဲ့။ကိုယ်လောဘ ကြောင့် ကိုယ်ပြန်ခံရပါလိမ့်မယ်။ကိုယ်က အရမ်းအရေးကြီးတဲ့ သူတစ်ယောက်ဆိုရင် ကိုယ့်မေးကို ကိုယ်အမြဲဂရုစိုက်ပါ။အမြဲ ကာကွယ်ပါ။အားလုံး ဘေးရန်ကင်းကွာ၍ ရည်မှန်ချက်ပန်းတိုင်ကို အမြန်ဆုံး ရောက်ရှိ ပျော်ရွှင်ကြပါစေဗျာ။

မိုးသွေးငယ် (16/04/2010)

0 comments:

  © Blogger templates Sunset by Ourblogtemplates.com 2008

Back to TOP