အကြတ်နေ့ ဗုံးပေါက်ကွဲမှုမှတ်တမ်းဓာတ်ပုံများနှင့် MRTV သတင်း

>> Friday, April 16, 2010

သင်္ကြန်ပွဲတော်ရက်အတွင်း ယနေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့၌ ဗုံးများ ပေါက်ကွဲသဖြင့် အနည်းဆုံး လူ ၉ ဦး သေဆုံးကာ၊ ဒါဇင်ပေါင်းများစွာ ဒဏ်ရာရခဲ့သည်ဟု သတင်းဌာနများအရ သိရသည်။

သင်္ကြန်ပွဲ ဆင်နွှဲသူများဖြင့် လူစည်ကားလှသော မင်္ဂလာတောင်ညွန့်မြို့နယ် ကန်တော်ကြီး၌ ယနေ့ မွန်းလွဲ ၃ နာရီခန့်က အနည်းဆုံး ဗုံး ၃ လုံး ပေါက်ကွဲခဲ့ရာမှ ထိုသို့ သေဆုံးဒဏ်ရာ ရရှိမှုများ ဖြစ်ပွားခဲ့ကြောင်း သိရခြင်း ဖြစ်သည်။

သတင်းဌာနများက ရဲဌာနကို ကိုးကား၍ ဖော်ပြရာ အမျိုးသား ၅ ဦးနှင့် အမျိုးသမီး ၄ ဦး သေဆုံးခဲ့ပြီး၊ ၆၂ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဖော်ပြခဲ့ကြသော်လည်း အမှန်တကယ် သေဆုံးသူနှင့် ဒဏ်ရာရသူ ဦးရေမှာ ယခုဖော်ပြသည်ထက်ပင် ပိုမိုများပြားနိုင်ကြောင်း သိရသည်။

Ref: mizzima

ဓာတ်ပုံများကို လှမ်းဝင့်လို့ချီ ခေတ်သစ်ဆီသို့ ဘလော့ခ်မှ ကူးယူဖော်ပြသည်။




ပြည်တွင်း MRTV မှ ကြေငြာသော ဗုံးကွဲမှုသတင်း

0 comments:

  © Blogger templates Sunset by Ourblogtemplates.com 2008

Back to TOP