ရာဇ၀င်ထဲက သတို့ သမီး ဧရာဝတီ ဘ၀ပျက်အောင် နအဖတွေ ဖျက်ဆီးနေတယ်။

>> Friday, February 5, 2010

နအဖဟာ ဧရာဝတီမြစ်ဆုံမှာ ဆည်ဆောက်ပြီး လျှပ်စစ်ဓါတ်အားထုတ်ကာ တရုတ်ပြည်ကို ရောင်းချလိုတာဘဲ သိပြီး မြန်မာပြည်တစ်ပြည်လုံးအတွက် စီးဆင်းနေတဲ့ ဧရာဝတီမြစ်ကြီး ပျက်စီးပြီး အနာဂါတ်မှာ ပြည်သူတွေ ဒုက္ခရောက်မှာ မသိကြဖူး။


ဧရာဝတီမြစ်ကြီးရဲ့  ဆုံစည်းရာအစ မေခ မလိခမြစ်ဆုံဒေသကို နအဖတွေ ဖျက်ဆီးနေပါပြီ။ မြန်မာပြည်ဆိုတဲ့ နိုင်ငံတော်ကြီးဟာ နှစ်ပေါင်းမြောက်မြားစွာကတည်းက ပေါ်ပေါက်တည်ရှိခဲ့တဲ့ သမိုင်းကြောင်းမှာ ဧရာဝတီဆိုတာ ကျွန်တော်တို့ ရဲ့  အဘိုးအဘွား အဘီအဘင်ကစလို့  နောင်မျိုးဆက်ပေါင်းမြောက်မြားစွာ ဆက်လက်တည်ရှိနေအောင် ထိန်းသိမ်းစောင့်ရှောက်ရမျာကို အခုတော့ နအဖက အမျှော်အမြင်မဲ့စွာနဲ့  တိုင်းတစ်ပါးကို လျှပ်စစ်ဓါတ်အားရောင်းချပြီး ဒေါ်လာငွေရလိုဇောတစ်ခုထဲနဲ့ အသိဥာဏ်နည်းပါးစွာ လုပ်ရက်တာကြောင့် ဧရာဝတီသမိုင်းရိုင်းတော့မှာ ဖြစ်သလို ဆိုးကျိုးတွေကို ပြည်သူတွေရဲ့  ဘ၀တွေ ဆုံးရှုံးနစ်နာမှုနဲ့  ပေးဆပ်ရတော့မှာပါ။

နအဖရဲ့  လောဘဇောကြောင့် အသိဥာဏ်နည်းပါးမှုကြောင့် မြန်မာပြည်တစ်ဝှမ်းလုံးက ပြည်သူတွေ ဒေသခံနေထိုင်သူတွေ ဦးစွာကြုံတွေ့ ရမှာတွေကတော့ -



- ဧရာဝတီမြစ်ဆုံဆည်စီမံချက်ကြောင့် အနီးအနားပတ်ဝန်းကျင်ဒေသတွေ ရေလွှမ်းမိုးခံရမယ်။

- ဧရာဝတီမြစ်ဆုံဆည်စီမံချက်ကြောင့် အနီးအနားပတ်ဝန်းကျင်ဒေသမှာ နေထိုင်သူတွေ အတင်းအဓမ္မ နေရာပြောင်းရွှေ့ ခံရမယ်။ ဒီလို အတင်းအဓမ္မနေရာပြောင်းရွှေ့ ရမယ့် ပြည်သူတွေအတွက် နေရာအစားပြန်ပေးတာ လျော်ကြေးငွေပေးတာတွေ မရှိဖူး။

- ဧရာဝတီမြစ်ဆုံဆည်စီမံချက်ကြောင့် အနီးအနားပတ်ဝန်းကျင်ဒေသမှာ နေထိုင်သူတွေကို အတင်းအဓမ္မလုပ်အားပေးခိုင်းစေမှုတွေ ပိုမိုတိုးများလာမယ်။

- ဧရာဝတီမြစ်ဆုံဆည်စီမံချက်ကြောင့် အနီးအနားပတ်ဝန်းကျင်ဒေသမှာ နေထိုင်သူတွေအတွက် မလိုလားအပ်သော လူမှုရေးထိခိုက်နစ်နာမှုတွေ ကြုံတွေ့ နိုင်စေမယ်။

- ဧရာဝတီမြစ်ဆုံဆည်စီမံချက်ကြောင့် အနီးအနားပတ်ဝန်းကျင်ဒေသက သစ်တောတွေ ပျက်ဆီးဆုံးရှုံးမယ်။

- ဧရာဝတီမြစ်ဆုံဆည်စီမံချက်ကြောင့် အနီးအနားပတ်ဝန်းကျင်ဒေသက ဒေသခံပြည်သူလူထုရဲ့  အသက်မွေးဝမ်းကြောင်းလုပ်ငန်းတွေ ထိခိုက်မယ်။

- ဧရာဝတီမြစ်ဆုံဆည်စီမံချက်ကြောင့် ဧရာဝတီမြစ်ကြီးရဲ့  ရေစီးဆင်းမှုတွေကို ပုံမှန်မရှိစေဘဲ ရေစီးဆင်းမှုပြောင်းလဲမှုရဲ့  ဆိုးကျိုးတွေကို ကြုံရမယ်။

- ဧရာဝတီမြစ်ဆုံဆည်စီမံချက်ကြောင့် ဧရာဝတီမြစ်ကြီးရဲ့  ရေကြောင်းသဘာဝပြောင်းလဲမှုဖြစ်ပေါ်ပြီး မြေလွှာတွေကိုပါ ပြောင်းလဲစေနိုင်တာကြောင့် မြေငလျင်အန္တရာယ်တွေပါ ဆက်စပ်ထိခိုက်နိုင်စေမယ်။

နအဖရဲ့  အသုံးမကျတဲ့လုပ်ရပ်ကြောင့် ဒီထိခိုက်မှုတွေကို ခါးဆီးခံရမှာကတော့ ပြည်သူတွေပါဘဲ။

ကမ္ဘာ့မြေပုံပေါ်မှာ မြန်မာပြည် ပျောက်ကွယ်အောင် မြန်မာနိုင်ငံရဲ့ ရေမြေတောတောင်သဘာဝတွေကို နအဖဟာ ဖျက်ဆီးပစ်နေပါတယ်။

ရာဇ၀င်ထဲက သတို့ သမီး ဧရာဝတီကတော့ နအဖလို မုဒိန်းကောင်တွေကြောင့် ဘ၀ပျက်ရပါတော့မယ်။ ဧရာဝတီ ဘ၀ ပျက်တာဟာ မြန်မာပြည်သူတွေ ဘ၀ပျက်ရသလိုပါဘဲ။

ဧရာဝတီမြစ်ဆုံဟာ မြန်မာပြည်ရဲ့  အပေါ်ဘက်မှာ တည်ရှိနေတာကြောင့် မြန်မာတစ်ပြည်လုံးက အဓိကအားထားနေရတဲ့ ဧရာဝတီ ပျက်ဆီးမှုဟာ မြန်မာပြည်တစ်ပြည်လုံး ထိခိုက်မှာ အမှန်ပါဘဲ။

နအဖတွေရဲ့  ဧရာဝတီမြစ်ဆုံဆည်စီမံကိန်းကြောင့် ကြုံတွေ့ ရမယ့် ဒီဆိုးကျိုးတွေကို အသေးစိတ်သိရှိနိုင်ရန်အတွက် မြန်မာ၊ အင်္ဂလိပ် နှစ်ဘာသာဖြင့်ရေးသားထားသော မှတ်တမ်းများကို အောက်တွင်ဒေါင်းလုပ်လုပ်၍ ဖတ်ရှုနိုင်ပြီး မြန်မာနိုင်ငံရဲ့  သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းနိုင်ရေးအတွက် သက်ဆိုင်ရာ ကမ္ဘာ့အဖွဲ့ အစည်းအသီးသီးသို့  ပေးပို့  တင်ပြပေးပါရန် အထူးမေတ္တာရပ်ခံလိုပါတယ်။

ကျွန်တော်တို့ ရဲ့  အသက်သခင် ဧရာဝတီမြစ်ကြီးကို ကယ်တင်ခြင်းဖြင့် ကျွန်တော်တို့ ရဲ့  မြန်မာပြည်ကြီး အနာဂါတ်ကို ကယ်တင်ကြပါစို့ ။

မြန်မာဘာသာဖြင့်ဖတ်ရန်

အင်္ဂလိပ်ဘာသာဖြင့်ဖတ်ရန်

Ref: နစ်နေမန်း

0 comments:

  © Blogger templates Sunset by Ourblogtemplates.com 2008

Back to TOP