ယောက်ဖကြက်ဥမတိုက်ကြပါနဲ့

>> Thursday, February 4, 2010

ကျနော်ဒီပို့စ်ကို အရင်ကတည်းကရေးမလို့ပါ။ သတင်းအတိအကျလည်း ရထားပါတယ်။ ဒါပေမယ့် အကြောင်းအမျိုးမျိုးကြောင့် မရေးဖြစ်ခဲ့ပါဘူး။ အခုချိန်ဟာ ရန်သူက စနစ်တကျနဲ့သူသွားမယ့်လမ်းကိုလျှောက်နေချိန်မှာ ကျနော်ဒီပို့စ်ကိုရေးတင်လိုက်ရင် ရန်သူအလိုကျ ခွေးစိတ်ချမ်းသာအောင် ကျနော်တို့ကလေလည်ပြသလိုဖြစ်နေမှာက တကြောင်း၊ မလေးရှား UNHCR အနည်းငယ်မျှအသိတရားရတာကို ကြိုဆိုတာကတကြောင်း၊ မလေးရှားနိုင်ငံမှာ အလုပ်လုပ်နေကြတဲ့ အထောက်အထားမဲ့ ဗမာလူမျိုးတွေကို ငဲ့နေရတာကတကြောင်း၊ အဲဒါတွေကြောင့် ကျနော်ရေငုံနှုတ်ပိတ်နေခဲ့ပါတယ်။ ခုလည်းကျနော်မရေးတော့ဘူးလို့ ဆုံးဖြတ်ပါတယ်။ သတိပေးစရာရှိတာတော့ နည်းနည်းပြောပါရစေ။

မြန်မာနိုင်ငံရေးအတွက် တကယ်ကိုယ်ကျိုးစွန့်၊ အနစ်နာခံပြီး လုပ်နေကြသူတွေ အများကြီးရှိပါတယ်။ သူတို့တွေကို လေးစားရလွန်းလို့လည်း ကျနော်ကိုယ့်ထမင်းကိုယ်စားပြီး ကြီးဒေါ်နွားကျောင်းနေတာပါ။ အဲလိုအနစ်နာခံပြီး လုပ်နေတဲ့သူတွေရှိကြသလို နိုင်ငံရေးကိုခုတုံးလုပ် ပါတီအလံကိုဗန်းပြပြီး ကိုယ်ကျိုးရှာနေတဲ့သူတွေတပုံကြီးပါ။ လုပ်နေကြတာကတမျိုး၊ အော်နေကြတာကတခြားပါ။ ဒီလိုလူတွေရှိနေကြရင် မြန်မာပြည်နိုင်ငံရေးလုပ်နေကြတာဟာ ပုလိုင်းပေါက်နဲ့ဖားကောက်သလို ဖြစ်နေမှာပါ။

မလေးရှားမှာ bloggers တွေ အများကြီးရှိပါတယ်။ ဘယ်သူမှအားလို့၊ ယားလို့ စာရေး၊ သတင်းတင်နေကြတာ မဟုတ်ပါဘူး။ ကိုယ့်ယုံကြည်ချက်၊ ခံယူချက်တွေကြောင့် မအားတဲ့ကြားကနေ တကြောင်းပဲရရ ရေးကြမယ်ဆိုတဲ့ သူတွေချည်းပါပဲ။ ကျနော့်ညီလိုခင်ရတဲ့ တယောက်ဆို ဒုက္ခိတပါ။ ရှိတဲ့လက်တဖက်တည်းနဲ့ ကီးဘုတ်ရိုက်၊ သတင်းမျှပေးလုပ်နေတာပါ။ တခုခုလုပ်စရာရှိလို့ အကြောင်းကြားလိုက်ရင်လည်း တခါမှမငြင်းဖူးပါဘူး။ bloggers ထဲမှာ အဲလိုလူမျိုးတွေ အများကြီးပါ။

မလေးရှားက လူ၊ အဖွဲ့အစည်း၊ ပါတီတခုခုက ကောင်းတဲ့ရည်ရွက်ချက်နဲ့ လုပ်တဲ့ကိစ္စမှန်သမျှဆိုရင် အဲဒီ blog တွေမှာတွေ့ရမှာပါ။ တခြားကိုတောင် သတင်းရောက်စရာ မလိုပါဘူး။ မလေးရှားက blog တွေအားလုံးဝိုင်းအော်ရင် မိုးခြိမ်းသံထက်တောင် ကျယ်သွားနိုင်ပါတယ်။ အဲဒီ blog တွေကိုကျော်ပြီး အပြင်သတင်းရောက်သွားရင်တော့ နည်းနည်းလေး သတိနဲ့စဉ်းစားပြီးမှ တင်သင့်ပါတယ်။ ပြီးပြီးရော မလုပ်သင့်ပါဘူး။ သတင်းဌာနများ၊ bloggers များက အဲဒီလိုလုပ်ခြင်းအားဖြင့် အဆိပ်ပင်ရေလောင်းသလို၊ ယောက်ဖကြက်ဥတိုက်သလို ဖြစ်နေမည် ဖြစ်ပါကြောင်း ကျနော်မောင်ပါလ အမုန်းခံပြီး သတိပေးအပ်ပါတယ်ခင်ဗျာ။

3 comments:

Co2zeиith February 4, 2010 at 10:08 PM  

အကိုဂျီး ကျွန်နော်ဒေါ့ အားတက်လာပီ၊၊
အမကြီးလဲ တောင်းနေပီ အကြွေး ကို
လုပ်ငန်းလေးတွေ စကြမယ်၊၊

ကိုကြီး February 4, 2010 at 11:07 PM  

Co2zenith & mgpala တို့ရေ
ကိုပြောတာက မြတ်လေးငုံက အခုတောင်းနေတာ ၀င်ကြေး ၃၅၀ နှင့်ပတ်သက်သော အချက်အတက် အတိအကျ သူ့ပေးပါ ပါတီကိုလည်းတိုင်မယ်တဲ့ ကြည့်ရအောင်ကွာ လုပ်ကြပါဟေ့..........

လိုင် February 5, 2010 at 7:48 PM  

လာဖတ်သွားပါတယ်

  © Blogger templates Sunset by Ourblogtemplates.com 2008

Back to TOP