ကျေးဇူးတင်လွှာ

>> Wednesday, December 16, 2009

ခရီးသည်မှတ်တမ်း အားဖြစ်မြောက်အောင် ကူညီဆောင်ရွက်ပေးသူများဖြစ်ကြသည့်

မောင်ပါလအား နားမလည်သည်များကို email မှတဆင့် စိတ်ရှည်လက်ရှည်သင်ပြပေးခဲ့သော ကိုရင်ပြည့်စုံနှင့်သူငယ်ချင်းများ အားလည်းကောင်း၊ blog design ပိုင်းကို ယခုကဲ့သို့ဖြစ်အောင် စိတ်ပါလက်ပါကူညီလုပ်ဆောင်ပေးခဲ့သည့် စိတ်ကောင်းရှိသောလူဆိုး Co2zenith အားလည်းကောင်း၊ ကိုယ်တိုင်အခက်အခဲဖြစ်နေသည့်ကြားမှ ကူညီပေးချင်နေသည့် ရောင်းရင်းကြီး မိုးသွေးငယ် အားလည်းကောင်း၊ နည်းပညာဆိုဒ်များရေးပြီး ပညာဒါနပြုလုပ်နေကြသော IT ပညာရှင်များအားလည်းကောင်း၊ မောင်ပါလကို
စာရေးရန်တိုက်တွန်းခဲ့ကြသည့် ညီအကို သူငယ်ချင်းများအားလည်းကောင်း၊ email ဖြင့် နားပူနားဆားလုပ်ခံရသည့်အတွက် click လေးတချက်နှိပ်ကာ စိတ်မပါလက်မပါလာရောက်လည်ပတ်ကြပြီး ကပျာကယာပြန်ထွက်သွားကြကုန်သော ရပ်နီးရပ်ဝေးမှ မိတ်သင်္ဂဟအပေါင်းတို့အားလည်းကောင်း လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါသည်။

ခရီးသည်မှတ်တမ်း ဖွင့်ပွဲအနေနှင့် မောင်ပါလခဏကပ်နေသည့်အိမ်၌ စတုဒီသာအလှူပြုလုပ်မည်ဖြစ်ပြီး မြန်မာ့ရိုးရာမုန့်ဟင်းခါးဖြင့် ကျွေးမွေးဧည့်ခံပါမည်။ သို့ဖြစ်ပါ၍ ရပ်နီးရပ်ဝေးမှ မိတ်ဆွေ သူငယ်ချင်းမည်သူမဆို လေယာဉ်တတန်၊ ရေငုပ်သင်္ဘောတတန်ဖြင့် လာရောက်သုံးဆောင်ကြပြီးလျှင် မောင်ပါလပေးအပ်မည်ဖြစ်သော လက်ဆောင်ပစ္စည်းများကို လက်ခံပေးကြပါရန် လေးစားစွာ ဖိတ်မန္တကပြုအပ်ပါသည်။

(အလှူပွဲပြုလုပ်မည့် အချိန်နှင့်နေရာကို အလှူပြီးသည့်အချိန်၌ ထပ်မံဖော်ပြပေးပါမည်။)

0 comments:

  © Blogger templates Sunset by Ourblogtemplates.com 2008

Back to TOP