C-Box နှင့်ပတ်သတ်၍

>> Saturday, June 5, 2010

ကျနော်ဘလော့ဂ်စပြီးဖွင့်ကတည်းက စီဘောက်စ်လေးတခုထည့်ထားပါတယ်။ ဘယ်တုန်းကမှ လော့ခ်မချခဲ့ဖူးပါဘူး။ ဘလော့ဂ်ကိုလာလည်ပြီး စီဘောက်စ်မှာရေးချင်တာရေးသွားချင်သူများအတွက် အနှောင့်အယှက်မဖြစ်ရအောင်ပါ။ မအေ၊ နှမ မကြားဝံ့ မနာသာ စာတွေကလွဲပြီး ဘာကိုမှ ဖျက်လေ့မရှိပါဘူး။

ဒီဘလော့ဂ်မလုပ်ခင်တုန်းကလည်း အွန်လိုင်းဝင်၊ ဘလော့ဂ်တကာဘလော့ဂ်လည်ပြီး စာဖတ်လေ့ရှိပါတယ်။ စီဘောက်စ်မှာစာရေးခဲ့ရင်လည်း စာလာဖတ်ကြောင်း၊ နှုတ်ဆက်ကြောင်းကလွဲပြီး တခြားအကြောင်းတွေ တခါမှရေးလေ့မရှိပါဘူး။ တင်ထားတဲ့ပို့စ်နဲ့ပတ်သတ်ပြီးပြောချင်ရင် ကွန်မန့်ပေးခဲ့တတ်ပါတယ်။ မဆိုင်တဲ့သူတွေရဲ့စီဘောက်စ်မှာ သူများအကြောင်းပြောတာဟာ ဘလော့ဂ္ဂါတယောက်စောင့်ထိန်းရမယ့်ကျင့်ဝတ်ကို ဖောက်ဖျက်တာလို့ ယူဆထားပါတယ်။

မနေ့ကတုန်းကတော့ မင်းရန်နိုင်ဆိုသူ ကျနော့်စီဘောက်စ်မှာ လာရေးထားတဲ့စာတွေကို ဖျက်လိုက်ပါတယ်။ အဲဒီတော့ ဒီလူက ကျနော့်စီဘောက်စ်တင်မကတော့ဘဲ ဒီပြင်ဘလော့ဂ္ဂါတွေရဲ့စီဘောက်စ်တွေမှာပါ ဒီမိုဘလော့ဂ်တခုက ဘာဖြစ်တယ် ညာဖြစ်တယ်ဆိုပြီး အနှောင့်အယှက်လိုက်ပေးပါတော့တယ်။ (ကျနော်မအားတဲ့အတွက် ဘလော့ဂ်လည်ပြီး စာမဖတ်ဖြစ်တာကြာပါပြီ။ သူငယ်ချင်းတယောက် ဖုန်းဆက်ပြောလို့သိရတာပါ။)

မင်းရန်နိုင်ဆိုသူဟာ ပထမဆုံးအနေနဲ့ ကျနော်ရဲ့ဘလော့ဂ္ဂါသူငယ်ချင်းတွေကို မောင်ပါလကဘယ်သို့၊ ဘယ်ချမ်းသာဆိုပြီး လိုက်ပြောပါတယ်။ သူငယ်ချင်းတွေက သူနဲ့ချက်ထားတဲ့စာတွေ ကျနော့်ဆီကိုပြန်ပို့ပေး၊ ပြန်ပြောပြမှသိရတာပါ။ ပြောချင်တာပြောပါစေလေဆိုပြီး မတုန့်ပြန်ခဲ့ပါဘူး။ နောက်တခါ ကျနော်ရေးခဲ့တဲ့ ပြောပြန်ရင်လည်း ကိုယ့်ပေါင်ကိုယ်လှန်ထောင်း ပို့စ်နဲ့ပတ်သတ်ပြီးတော့ မေးလ်ပို့လာပါတယ်။ ကျနော်လည်း ယဉ်ကျေးစွာပဲ ပြန်ပြောပြီး ပထမကိစ္စကိုပါ တခါတည်းရှင်းပြလိုက်ပါတယ်။ (မောင်ပါလအကြောင်းပြောထားတဲ့မေးလ်နဲ့ အပြန်အလှန်ပို့ထားတာတွေကို အောက်မှာဖော်ပြပေးထားပါတယ်။) အဲဒီကနေတဆင့်တက်ပြီး စီဘောက်စ်မှာလာထပ်အော်ပါတယ်။ ကျနော်လည်း စီဘောက်စ်ကနေပဲ ပြန်ရေးပေးခဲ့ပါတယ်။ ပိုပြီးဆိုးတာက သူများစီဘောက်စ်တွေကိုပါ လိုက်ပြီးအနှောင့်အယှက်ပေးနေပါတော့တယ်။

ပထမဆုံး ကျနော့်အကြောင်းလျှောက်ပြောတော့ မသိချင်ယောင်ဆောင်နေခဲ့ပါတယ်။ ဒုတိယသူမေးလ်ပို့တော့ မေးလ်တစောင်ပြန်ရေးပေးခဲ့ပါတယ်။ စီဘောက်စ်မှာတခါလာအော်တော့ မောင်ပါလတခါပြန်တုန့်ပြန်ပါတယ်။ ကျနော်လုပ်ထားတဲ့စီဘောက်စ်ပေမယ့် သူတခါ၊ ကိုယ်တခါမျှတစွာပဲ ဖော်ပြပေးခဲ့ပါတယ်။ နောက်ထပ်သူရေးတာတွေကိုတော့ ဖျက်ပစ်လိုက်ပါတယ်။ (အခု အကုန်ဖျက်လိုက်ပြီး ဖြစ်ပါတယ်) ယောက်ျားတန်မဲ့ အရည်မရ၊ အဖတ်မရတဲ့အကြောင်းတွေနဲ့ အချိန်ဖြုန်းပြီး အကျယ့်အကျယ်မငြိမ်းဖွယ် မဖြစ်စေချင်လို့ပါ။

အဆိုးဆုံးကတော့ “ဒီမိုဘလော့်တခုက ကျနော်ရေးထား မေးထားတဲ့ စာတွေကိုဖျက်ပြစ်ပြီ သူရေးထားတဲ့ထားတဲ့စာတွေကို သူများမြင်အောင် မဖျက်ပဲထားနေတယ်ဗျာ နိင်ငံရေးသမားဆိုတာ ဒါလားဗျာ” ဆိုပြီး သူများဘလော့ဂ်တွေမှာလိုက်ပြီး ဂျပန်မူလီထပ်လုပ်နေပါတယ်။ အလုပ်မအားတာကတကြောင်း၊ ဘာမှမပြောချင်လို့ ငြိမ်နေတာကတကြောင်းပေမယ့် ခွေးကတရစပ်ဟောင်နေလေတော့ ထမကြည့်လည်း အိပ်ရေးပျက်လာပါတယ်။

နောက်ပြီး မင်းရန်နိုင်ဆိုသူရေးတဲ့စာထဲက “ဒီမိုဘလော့ဂ် နဲ့ နိုင်ငံရေးသမား” ဆိုပြီး စွပ်စွဲထားတာကိုလည်း ရှင်းချင်ပါတယ်။ ကျနော့်ကိုကျနော် နိုင်ငံရေးသမားလို့ ဘယ်တုန်းကမှ မသမုတ်ခဲ့ပါဘူး။ နိုင်ငံရေးသမားမဟုတ်တဲ့အတွက်ကြောင့် ဒီမိုတို့၊ ဆိုရှယ်တို့၊ ကွန်မြူနစ်တို့၊ ပဒေသရာဇ်တို့ စတဲ့ မူတွေ စနစ်တွေလည်း ကျနော်မသိပါဘူး။ ဒါကြောင့် ကျနော့်ဘလော့ဂ်က ဒီမိုဘလော့ဂ်မဟုတ်ပါဘူး။ နအဖစစ်အစိုးရကို မကြိုက်လို့ဆန့်ကျင်နေတဲ့ သာမန်သူလိုငါလိုပြည်သူတွေထဲက ပြည်သူ့ဘလော့ဂ်တခုသာဖြစ်ပါတယ်။ နောက်ထပ်ဒီမိုအစိုးရတက်လာပြီး ပြည်သူတွေ ဒုံးရင်းကဒုံးရင်း အတိုင်းပဲဆိုရင်လည်း ဒီမိုအစိုးရကို ကျနော်ထပ်ပြီး ဆန့်ကျင်နေအုံးမှာပါ။

ဒီပို့စ်အတွက်ကြောင့် စာဖတ်သူများ စိတ်အနှောင့်အယှက်ဖြစ်သွားတယ်ဆိုရင် ကျနော်အနူးအညွတ်တောင်းပန်ပါတယ်။ ကျနော့်အတွက်ကြောင့် စီဘောက်စ်မှာ အမှိုက်တခုတိုးသွားတဲ့ ဘလော့ဂ္ဂါသူငယ်ချင်းတွေကိုလည်း တောင်းပန်ပါတယ်။

မအားတဲ့ကြားက ခွေးချီးကြုံးရတာ တော်တော်ဆိုးပါတယ်။ ဖင်သရမ်းနေတဲ့ခွေးတကောင် တွေ့ရာဘလော့ဂ်မှာ ချီးလိုက်ပါနေတဲ့အတွက် ဒီပို့စ်ကို ကျနော်ရေးပါတယ်။

မောင်ပါလ



သူငယ်ချင်းပေးပို့လာတဲ့ချက်မေးလ်ပါ။ မလိုတာတွေကိုတော့ဖြုတ်ထားပါတယ်။


11:07 AM me: ဟုတ်လား
မလေးက မောင်ပါကိုသိလား
fightforfearless: သိတာပေါ့ဗျာ
me: သူငယ်ချင်းလား
11:08 AM fightforfearless: မဟုတ်ဘူးဗျ လိုင်းမတူးလေ
မတူဘူးလေ
လူချင်းသိပါတယ်
me: ရထားလိုင်းလား
11:09 AM fightforfearless: မဟုတ်ဘူးလေ
me: ဘာလိုင်းလဲ
fightforfearless: လှုပ်ရှားမှုခြင်းမတူတာကိုပြောတာပါ
11:10 AM me: ဘယ်လိုလုပ်ရှားတာလဲ
နဲနဲပြောပြပါလား
11:11 AM fightforfearless: နိုင်ငံရေးလှုပ်ရှားတာကိုပြောတာပါ
11:17 AM fightforfearless: ဟုတ်
သလူချင်းတော်တော်ရင်းနှိးပါတယ်
11:18 AM me: ဘယ်သူနဲ့လဲ
မောင်ပါလနဲ့လား
11:19 AM fightforfearless: ဟုတ် co2မိတ်ဆက်ပေးထားလို့
11:20 AM သူတို့ကိုကျနော်သိနေတယ်လေ ကျနော်ကိုကသူတို့မသိအောင်နေလာလို့သူတို့မသိကျတာပါ
11:32 AM fightforfearless: ဒေါ်အောင်ဆန်းစုကြည်မွေးနေ့တုန်းကကျနော်တို့အခန်းနားလုပ်ကြတယ်သူတို့မလာဘူးဗျ ညပိုင်းမှာအတိုက်ခံပါတီတခုကဖိတ်ပြီးလုပ်ပေးတယ် ဒါမေမဲ့မလေးအာဏာပိုင်တွေကခွင့်မပြုဘူးဒါကိုကျနော်တို့ကိုအကျောင်းကြားထားတယ် သိလိုတားတော့လက်မခံကြဘူးဝင်ဖမ်းတဲ့အချိန်မောင်ပါလကထွက်ပြေးသွားတယ် အဖမ်းခံလိုက်တဲ့သူတွေကိုဘယ်အဖွဲ့ကထုတ်ပေးသွားတယ်ဆိုတာလဲသူတို့သိတာပဲ



ဒါကမင်းရန်နိုင်ကျနော့်ဆီကို ပို့လာတဲ့မေးလ်နဲ့ ကျနော်ပြန်ပို့ထားတဲ့မေးလ်ပါ။

2010/5/31 မင်း ရန် နိုင်

အကိုပြန်ရေးထားတဲ့ကွန်မန့်ကိုဟိုနေ့ကမှတွေလိုက်အကိုကျနော်လည်းအလုပ်တွေတကယ်များနေလို့အကိုလာဘို့မပြောနဲ့မေးလ်တောင်ပြန်မပို့နှိုင်တာ
ခွင့်လွတ်ပါအကို ကျနော်ပြောတဲ့တချိုဟာတွေတော်တော်လွဲနေတယ်ဆိုတာတကယ်လွဲနေလို့ပါ အကုန်လုံးမဟုတ်ပါဘူးမှန်တာတွေလည်းရှိပါတယ် ဖြစ်ပုံကဒီလိုပါအကို ဟိုတစ်လောကကန့်ထဲက မြန်မာတွေကိုယူအန်ကလူမြိုးရေးခွဲခြားတာအကိုလည်းသိမှာပါ ဒါကို nld ကကိုကျော်မိုးက ဗဟိုကိုစာတင်လိုက်တော့ ဒီကယူအန်ကသူတို့ကိုခေါ်တွေ့ပြီးတော့လူတောင်းတယ်အကို အဲဒိတော့သူတို့ရုံးမှာ Ec တွေနဲ့အမာခံတွေခေါ်ပြီးအစည်းဝေးလုပ်ကြတယ်ဗျ ကျနော်လည်းဖုန်ဆက်ခေါ်လို့ကျနော်လည်းသွားခဲ့တယ် အဲဒီမှာမဲခွဲဆုံးဖြတ်ကြတော့ တချို့ဆိုသဘောမတူလို့ထွက်စာတင်ပြီးတခါထဲထွက်လိုက်ကြတယ်အကို ဒုဥက္ထထ နဲ့ ဘဏ္ကာရေးမှုးတို့လည်းပါကြတယ် အရင်ကလဲခေါ်ဘူးတယ်ဗျ အဲဒီတုန်းက ရန်နိင်ထွန်းတို့ကျော်စိုးလင်းတို့က nld မှာရှိသေးတယ် ဘယ်သူမှလက်မခံကြဘူး အဲဒီအချိန်တုန်းက nld ကဒ်နဲ့ယူအန်ရှောက်လို့ရလားလာလာမေးကြလို့ ရန်နိင်ထွန်းက ရုံးရဲ့အဝင်ပေါက်မှာနိုင်ငံရေးလုပ်ချင်ရင် nld ကိုလာယူအန်လိုချင်လျှင်ယူအန်ရုံးကိုသွားဆိုပြီးစာကပ်ထားဘူးတယ်အကို မြန်မာလူမျိုးတွေကကိုယ်နိုင်ငံအရေးကြတော့စိတ်မဝင်စားကြဘူး ယူအန်လောက်ပဲစိတ်ဝင်စားကြတယ်လေ အဲဒီလိုအကျိုးလိုလို့ညောင်ရေလောင်းသူတွေအတွက် ၃၁၀ ဆိုတာဖြစ်လာတာပါ အဖွဲဝင်ဟောင်းတွေတွက်မပါပါဘူး ကိုပြောသလိုဘိုင်အိုရေးပေးမယ်ဆိုတာအဲဒီအစည်းဝေးရဲ့ဆုံးဖြတ်ချက်မှာလုံးဝမပါပါဘူး ရိုးရိုးတွေရှယ်တွေဆိုတာလည်းလုံးဝမရှိပါဘူး ယူအန်တင်ပေးမယ်ဝင်ခွင့်ရရုံအထိပဲအာမခံပြီး ခြောက်လမှဝင်ခွင့်မရရင်ငွေပြန်အမ်းပေးမယ်ဒီလောက်ပဲ အာမခံထားတာရှိပါတယ် ဒီကိစ္စမှာကျနေည်ကိုတိုင်လည်းမပါခဲ့ပါဘူး အကိုလည်းမျတ်မှိမှာပါ ကိုကျော်ကျော်ကူထားတဲ့မိန်းမရဲ့အမ အရင်ကဒီမှာခါးကျိုးသွားလို့ဆေးရုံတက်ရလေ မဝင်းဝင်းမော် အဲဒီတုန်းကကျနော်မိန်းမကိုယ်ဝန်ကြီးနဲ့ ဆေးရုံမှာလိုက်ဆောင့်ပေးဘူးတယ် ကလားတိုက်ကောတွေလိုက်လို့လဲပြေခဲ့ရဘူးတယ် ကျနော်မိန်းမမွေးတော့ဆေးရုံလာဘို့နေနေသာသာဖုန်းတောင်စက်မလာဘူး ကျနော်မိန်းမဆိုစိတ်နာလို့ရုံးကိုလုံးဝမသွားတော့ဘူး ဒါပေမဲ့ကျနော်အရင်တိုင်းပဲဝင်ထွက်ရှိတယ် ကျနော်ဆိုလိုတဲ့ဘယ်သူကိုမှမထိခိုက်မနစ်နာစေချင်လို့ပါဆိုတာ nld မှာနေပြီးကိုယ်ကျိုးစွန့်နေသူတွေလည်းအမှန်တကယ်ရှိနေလို့ပါ။

လေးစားစွာဖြင့်
မင်းရန်နိင်



Tue, Jun 1, 2010 at 8:56 PM To: မင်း ရန် နိုင်
Reply | Reply to all | Forward | Print | Delete | Show original

ကိုမင်းရန်နိုင် ပြောထားတာတွေက ဟိုးအရင်တုန်းကကိစ္စတွေပါ။
ကြာခဲ့ပါပြီ။ ကျနော်ပြောတာတွေက အဲဒီအရင်ကကိစ္စတွေမဟုတ်ပါဘူး။
ပြီးတော့ ကျော်ကျော်နဲ့ဇော်မြင့် ဂျင်ဂျန်းမှာ ၃၁၀ ဆိုပြီး လူသွားစုတုန်းက
ကျနော်ပြောတဲ့ပုံစံအတိုင်းပါပဲ။ ကျနော်မှာ လူသက်သေတွေရှိပါတယ်။
ကိုမင်းရန်နိုင်ရဲ့အသိတွေ ဂျင်ဂျန်းမှာရှိရင်လည်း မေးကြည့်ရင်သိမှာပါ။
ပြီးတော့ ၆၄ နှစ်မြောက် ဒေါ်စုမွေးနေ့အကြောင်းလည်း ကိုမင်းရန်နိုင်ကို ကျနော်ရှင်းပြချင်ပါသေးတယ်။
လက်ရှိကျနော်နဲ့တွဲပြီးအလုပ်လုပ်နေတဲ့လူတွေအကုန်လုံးဟာ အဲဒီကိစ္စမှာ အဖမ်းခံရဖူးတဲ့လူတွေချည်းပ်ါပဲဆိုရင်
ကိုမင်းရန်နိုင် နည်းနည်းတော့သဘောပေါက်မှာပါ။
အဲဒီတုန်းက ကိုမင်းရန်နိုင်ပြောသလို ကျနော်ကသူတို့ကိုခေါ်ထားပြီး ကျနော်ကထွက်ပြေးတယ်ဆိုရင်
ထောင်ကျသွားတဲ့လူတွေအကုန်လုံးထွက်လာတုန်းက ကျနော့်ကိုလာသတ်မှာပါ။
ခု သူတို့ကိုထုတ်ပေးပါတယ်လို့ ကိုမင်းရန်နိုင်ပြောတဲ့ ကျော်ကျော်တို့နဲ့လက်ရှိတွဲပြီး အလုပ်လုပ်နေကြတဲ့သူ ဘယ်နှယောက်ရှိပါသလဲ။
ဘာပဲလုပ်လုပ်ပါ။ လက်ရှိလေးနဲ့တော့တွဲပြီးစဉ်းစားပေးပါ။
အားလုံးကိုကျနော်လက်တွဲဖော်အဖြစ်ပေါင်းချင်ပါတယ်။

3 comments:

Dr. Myo Chit June 7, 2010 at 5:24 PM  

ကိုက်ကြ ကိုက်ကြ။
စားခွက်လုကြ။
အတူတူနဲ့ အနူနူပဲ။

အစ ကတည်းက ပညာမတတ်၊ အဆင့်မရှိ၊ ခံယူချက်ဆိုတာ ဘာမှန်းမသိပဲ ပိုက်ဆံရလို့၊ အနေချောင်လို့ အတိုက်အခံ ဘလော့ရေးတဲ့လူတွေ။ သမိုင်းလည်း မသိ။ ပေါင်းသင်းဆက်ဆံရေးကလည်း မတတ်။ အုပ်ချုပ်မှုလည်း နားမလည်။ မြန်မာစာတောင် စာလုံးပေါင်းတွေ တန်းစီမှားနေတဲ့လူတွေက ကြီးကြီးကျယ်ကျယ် ဓာတ်ပုံတွေတင်ပြီး ကြီးကြီးကျယ်ကျယ်တွေပြောကြ။ ကိုယ်ကိုယ်တိုင်သာ ဘာအဆင့်မှ မရှိတာ အစိုးရတွေ၊ လူကြီးတွေကို အသုံးမကျကြောင်း ပြောကြ။ နောက်ဆုံး အချင်းချင်း ကိုက်ကြ။

Anonymous June 8, 2010 at 6:14 PM  

ဟားဟားဟား :D
မောင်ပါလဆိုတဲ့လူရေ.ခင်ဗျားနိုင်ငံရေးသမားမဟုတ်ဘူးလဲပြောသေးတယ်
မုသာဝါဒလဲပြောတတ်သေးတာကိုး မှတ်သားလောက်ပါပေတယ်ဗျာ
ကိုက်ကြပါဗျာ ကိုဒေါ်လာပြောသလိုပဲ ....အချိန်တန်တော့လဲ နအဖ မကောင်းကြောင်းလိမ်ပြောပြီးခင်ဗျားတို့ UN ရမှာပါ..

မောင်ပါလ June 8, 2010 at 6:28 PM  

နအဖမကောင်းကြောင်းကတော့ လိမ်ပြောစရာ မလိုပါဘူးဗျာ။ တကမ္ဘာလုံးခွေးကအစသိပါတယ်။ ခွေးလောက်တောင် အဆင့်မရှိတဲ့လူ မသိတာကတော့ သိပ်အဆန်းကြီးမဟုတ်ပါဘူး။

  © Blogger templates Sunset by Ourblogtemplates.com 2008

Back to TOP