မျိုးဆက်သစ်သို့ မိတ်ဆက်ခြင်း

>> Monday, June 7, 2010


လွတ်လပ်စွာစည်းရုံးခွင့်၊ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်၊ လွတ်လပ်စွာရေးသားခွင့် စတဲ့လူအခွင့်အရေးတွေ ဆိတ်သုဉ်းနေတဲ့ နအဖလက်အောက်က ဗမာပြည်မှာ ဘယ်လောက်ပဲဖိနှိပ်ပါစေ၊ ဘယ်လောက်ပဲ အကြမ်းဖက်နှိမ်နင်းပါစေ မတရားမှုကို ခေါင်းငုံ့မခံတဲ့ ခွပ်ဒေါင်းမျိုးဆက်ကတော့ ဘယ်တော့မှပျောက်ပျက်သွားမှာ မဟုတ်ပါဘူး။

စစ်အစိုးရအဓမ္မအုပ်ချုပ်ခဲ့တဲ့ကာလတလျှောက် ဗမာပြည်ရဲ့ စီးပွားရေး၊ လူမှုရေး၊ ပညာရေး တွေဟာ ဘက်ပေါင်းစုံက ချွတ်ခြုံကျခဲ့ရပါတယ်။ စစ်အာဏာရှင်တွေရဲ့အခွင့်ထူးခံ သားသမီးတွေကလွဲပြီး ကျန်တဲ့ပြည်သူ့ရင်သွေးတွေဟာ ဘွဲ့ရရင်တောင် အလုပ်ရဖို့မလွယ်တဲ့ နိမ့်ကျပြီးအဆင့်အတန်းမရှိတဲ့ ပညာရေးစနစ်နဲ့သာ ကြီးပြင်;လူလားမြောက်နေကြရပြီး စိတ်ဓာတ်ပိုင်းဆိုင်ရာ ရိုက်ချိုးဖျက်ဆီးခံနေရပါတယ်။

ဒီလိုကာလဆိုးကို ဖြတ်သန်းနေရဆဲဖြစ်တဲ့ ဗမာပြည်ကကျောင်းသားလူငယ်လေးတွေရဲ့ ခါးသီးတဲ့အတွေ့အကြုံတွေ၊ သူတို့ရဲ့ခံစားချက်တွေ၊ အုပ်ချုပ်သူအာဏာရှင်တွေကို မကျေနပ်ချက်တွေကို မျိုးဆက်သစ်လူငယ် 2010 မှာ သွားရောက်ဖတ်ကြည့်နိုင်ပါတယ်ခင်ဗျာ။

ဒီနေရာကဖိရင် ဟိုနေရာကကြွမယ်ဆိုတဲ့ ခေါင်းငုံ့မခံတဲ့စိတ်ဓာတ်နဲ့ ခွပ်ဒေါင်းမျိုးဆက်သစ်တွေရဲ့ ဆက်လက်ရှင်သန်ခြင်းကို ကျနော်တို့ လှိုက်လှဲစွာကြိုဆိုကြပါစို့ဗျာ။

0 comments:

  © Blogger templates Sunset by Ourblogtemplates.com 2008

Back to TOP