အစည်းဝေး တက်ရောက်ရန် ဖိတ်ကြားခြင်း

>> Thursday, April 1, 2010

ဆွေးနွေးပွဲနေ့ကို ဧပြီလ ၃ ရက်၊ ၂၀၁၀ နေ့အစား ဧပြီလ ၄ ရက်၊ ၂၀၁၀ ၊ နံနက် ၉ နာရီ တိတိ၊  ( ထိုင်းစံတော်ချိန်) တွင် ပြောင်းလဲပြုလုပ်မည် ဖြစ်ပါသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မတ်လ ၂၉ ရက်နေ့ အစည်းအဝေးဆုံးဖြတ်ချက်ကို ထောက်ခံတဲ့ အစည်းအဝေး ( Seminar) ကို နယ်စပ်တနေရာမှာ ကျင်းပမယ်။ ဒါက ဖုန်းမော်နှစ်ပတ်လည် မှာ စုစည်းမိတဲ့ အမြင်တူ ရင်ခုန်သံတူတွေရဲ့  ဒုတိယမ္ပိ စုစည်းပွဲ။ ဒီမှာ သံဃာတွေ၊ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေ၊ တိုင်းရင်သားတွေ၊ ပြည်ပရောက် မြန်မာ့ဒီမိုကရေစီအင်အားစုတွေ၊ အလုပ်သမားတွေ၊ သတင်းသမားတွေ ၊ လူမှုအဖွဲ့ အစည်းက မိတ်ဆွေ တွေ တက်ရောက်ဆွေးနွေးကြမယ်။

‘’ မှတ်ပုံမတင်ဘူး။ ရွေးကောက်ပွဲမ၀င်ဘူး’’ ဆိုတဲ့ လမ်းကြောင်းပေါ်မှာ ‘’ ငါတို့ ဘာဆက်လုပ်မလဲ “ ဆိုတဲ့ မေးခွန်းပေါ်မှာ အဖြေရှာကြမယ်။ ‘’ ၂၀၁၀ ကိုဘယ်လို တိုက်ဖျက်မလဲ ။‘’ ဘယ်လို လှုပ်ရှားမှုတွေလုပ်ကြမလဲ ‘’

ပါတီရှိဖို့ ထက် နိင်ငံရေးရှိဖို့ က ပိုအရေးကြီးတယ် ဆိုတဲ့ ဆရာကြီးဦးဝင်းတင်ရဲ့  စကား ကပြည်တွင်းသာမဟုတ် ပြည်ပက အဖွဲ့ တွေလည်း သတိပြုဖို့ လိုနေပြီ။ ဒါကြောင့် ငါဘယ်ပါတီက၊ ဘာ ပရောဂျက်၊ ဘာလူကြီးဆိုတာတွေ ဘေးချိတ်ထားခဲ့ကြ။

‘’ တခေါင်းတဉာဏ်’’ ‘’ တယောက်ယူသော်မရ၊ တသောင်းယူသော်ရ သည် ‘’
ဆိုတဲ့စကားလို ၀ိုင်းဝန်းဆွေးနွေးမယ်။ အဖြေရှာမယ်။
‘’ တိုက်ပွဲအပေါ် ယုံကြည်တယ်။ ဒေါ်အောင်ဆန်းစုကြည်အပေါ် ယုံကြည်တယ်။ ‘’
အောင်ပွဲအပေါ် ယုံကြည်တယ် ဆိုရင် ဖြင့် သင်တို့ကို ကျွန်ုပ်တို့ကြိုဆိုနေပါတယ်။
ပြည်ပရောက် မျိုးချစ်မြန်မာများအတွက် စကိုင်းပီကနေ တဆင့် ဆွေးနွေးနိုင်အောင် စီစဉ်ထားပါတယ်။

ဆွေးနွေးပွဲနေ့……… ဧပြီလ ၄ ရက်၊ ၂၀၁၀ ( တနင်္ဂနွေနေ့ )

ကိုဂါမဏိ (089-565-8810)
ကိုမင်းဇော် (085-735-1457 )
ကိုသံဒုတ် (086-119-9091 )
ကိုလွဏ်းဆွေ (081-284-1418)
ကိုယဉ်ထွေး ( 084-575-5416 )
တို့ ကိုဆက်သွယ်နိုင်ပါတယ်။

မှတ်ချက်- နံနက်စာကို လက်ဖက်ရည်နဲ့ မုန့်  ( ကိုလွမ်းဆွေ မှ တာဝန်ယူထားတယ်။)
နေလည်စာကို ဗူးသီးနဲ့ ဝက်သားချဉ်ရည်ဟင်း၊ ငပိဘာလချောင် နဲ့ တည်ခင်းပါမယ်။ ( ကို သံဒုတ် BLSO တာဝန်ယူထားပါတယ်။)

Ref: We Fight We Win

0 comments:

  © Blogger templates Sunset by Ourblogtemplates.com 2008

Back to TOP