ရခိုင်ပြည်နယ်က တိုက်ပွဲခေါ်သံ

>> Monday, February 22, 2010

မနေ့ ညက စစ်တွေ မှာ ကျောင်းသားသပိတ်ကြီး ညကြီးတခေါင်းမှာ စတင်ဖြစ်ပွားသွားတယ်လို့ သိရတယ်။ စစ်တွေမြို့ ဝေသာလီကွင်း ဗျိုက်တော ဆရာတော်ဦးသုမင်္ဂလာ တရားပွဲအပြီးမှာ တက်ရောက်လာတဲ့ လူထုပရိတ်သတ်က မခံမရပ်နိင်ဖြစ်ပြီး ဆန္ဒပြပွဲဖြစ်ပွားသွားရခြင်းဖြစ်ပါတယ်။

ဆရာတော်က သန်းရွှေမိသားစု နဲ့ လက်တစုပ်စာလူတစုက မြန်မာတနိင်ငံလုံးက သံယာဇတတွေကို ဂုတ်သွေးစုတ်နေမှုတွေကို ထုတ်ဖေါ်ပြောဆိုသွားတယ်။ ရခိုင်ပြည်နယ်က သဘာဝဓါတ်ငွေ တွေထွက်ပြီးရခိုင်ပြည်နဲ့ တပြည်လုံးမှာ မီးမရှိ၊ရေမရှိ၊လောင်စာမရှိတဲ့အခြေအနေတွေကိုဟောကြားသွားတယ်လို့ ဆိုပါတယ်။ ကျောင်းသားလူငယ်တွေအနေနဲ့ ၈၈ တုန်းကကျောင်းသားတွေကို အတုယူကြဖို့  ဟောကြားသွားတယ်။ တရားပွဲအပြီးမှာ ကျောင်းသား ၁၀ ဦးနှင့်သံဃာ ၂ ဦးက စတင်လှုံ့ ဆော်လိုက်ရာက ဆန္ဒပြပွဲ ဖြစ်ပွားခဲ့ပါတယ်။ ကျောင်းသားတွေ ရွှေစေတီဘုရားအထိ ချီတက်တယ်။ ရဟန်းပျိုသမဂနဲ့ ကျောင်းသားသမဂက ဦးဆောင်တယ်။ တဖြေးတဖြေးနဲ့ လမ်းဘေးကကြည့်နေတဲ့ သူတွေကပါပူးပေါင်းလာတဲ့အတွက် အင်အား သုံးထောင်ခန့် ဖြစ်သွားတယ်လို့ သိရတယ်။ ဆန္ဒပြနေစဉ်မှာ ကျောင်းသားများက လျပ်စစ်မီး-ရရှိရေး ဒို့ အရေး၊ နအဖစစ်အစိုးရအလိုမရှိ၊ ၂၀၁၀ အလိုမရှိ လို့ ကြွေူးကြော်ဆန္ဒပြကြတယ်။ နအဖ ၊ ကြံဖွတ်နဲ့ ရဲ များက ဆန္ဒပြသမားများကိုနိမ်နင်းရန် ရောက်လာကြတယ်။ ဦးဝိစာရ ပန်းခြံနဲ့  မီင်္းစက်ဂွဆုံတွေမှာ နေရာယူပြီးလူစုခွဲခိုင်းတယ်။ ဆန္ဒပြသမားများက သွေးထွက်သံယိုမှုမရှိခင်မှာ အောင်မြင်စွာ ဆုတ်ခွာပေးလိုက်တယ်လို့ သိရတယ်။ မနက်ဖန် က ပြန်စမယ်၊ မကြာခင်ပြန်ဆုံကြမယ်။ မကြောက်ကြနဲ့  ရခိုင်သွေးနီတယ်ဟေ့ စသဖြင့် တဦးနဲ့ တဦးအချိန် အချက်ပေးသွားကြတယ်လို့ ဆိုပါတယ်။ ရခိုင်ပြည်နယ် လူထုဆန္ဒပြပွဲနဲ့ ပတ်သက်လို့ မြန်မာနိင်ငံလုံးဆိုင်ရာ ရဟန်းပျို သမဂ္ဂ ဥက္ကဌ - ဆရာတော် အရှင်ခေမာစာရ က ''

ဒီဆန္ဒပြပွဲကြီးဟာ ၂၀၁၀ အတွက် ပထမဆုံး လှုပ်ရှားမှုကြီးဖြစ်ခဲ့ပြီ၊ ဒီလိုလှုပ်ရှားမှုတွေဆက်တိုက်ဖြစ်လာလိမ့်မယ်။ ဘာဖြစ်လို့လည်းဆိုတော့ စစ်အစိုးရလက်အောက်မှာမြန်မာ တပြည်လုံးဟာ ဒုက္ခအတိကိုရောက်နေကြရပြီ။ ပြည်သူတွေဒုက္ခတွေပင်လယ်ဝေနေရတာ၊ ပြည်သူတွေကပ်တဲ့ ဆွမ်းပူကွမ်းပူ ကို ဒို့ ရဟန်းတွေဘယ်မှာ မျိုလို့ ကြမလဲ ။ သံဃာတွေက တိုက်ပွဲဝင်ဖို့ 
ပိုင်းဖြတ်ထားပြီးပါပြီ '' လို့ အမိန့် ရှိပါတယ်။ ဆရာတော်ဟာ ၁၉၈၈ ခုနစ် ဒီမိုကရေစီလှုပ်ရှားမှုကြီးမှာ
တက်ကြွစွာခေါင်းဆောင်ခဲ့တဲ့ သံဃာတပါးဖြစ်ပြီး ၈၈ တုံးက ထင်ရှားခဲ့တဲ့ အထွေထွေသပိတ်ကော်မတီမှာ
နယာက ဆရာတော်တပါး ဖြစ်ခဲ့ပါတယ်။ မနပုလော တော်လှန်ရေးနယ်မြေမှာ ကရင်များ၊ကျောင်းသားများနှင့်အတူ တလျောက်လုံးလက်တွဲတိုက်ပွဲဝင်ခဲ့တဲ့ ဆရာတော်တပါးဖြစ်ပါတယ်။

Ref: We Fight We Win

0 comments:

  © Blogger templates Sunset by Ourblogtemplates.com 2008

Back to TOP