ဂွင် စောင့်နေတာပါ
>> Sunday, January 24, 2010
တခါက သဲကန္ထာရတခုရဲ့ အိမ်တအိမ်မှာ ကုလားအုတ်တကောင်နဲ့ မြင်းတကောင်ဟာ အဆွေခင်ပွန်းဖွဲ့ပြီးနေကြတယ်တဲ့။ သဲကန္ထာရဆိုတော့ သိတဲ့အတိုင်း ကုလားအုတ်အစားအစာဟာပေါများပြီး ကုလားအုတ်က ၀၀ဖီးဖီးနဲ့ပေါ့။ မြင်းခမျာမှာတော့ အစာရေစာရှားပါးတော့ ကျုံလှီနေတာပေါ့။ ကုလားအုတ်ဟာ သူငယ်ချင်းမြင်းကိုကြည့်ပြီးတော့ စိတ်မချမ်းမသာဖြစ်နေပြီး မြင်းကိုပြောတာပေါ့။
“သူငယ်ချင်း........မင်းလည်း ဒီပုံစံဆိုရင် အစာပြတ်လို့ မကြာခင်မှာပဲ အားနည်းပြီးသေလိမ့်မယ်။ သခင်ကိုတွယ်တာမနေနဲ့တော့။ သူလည်းမင်းကိုကျွေးထားနိုင်မှာ မဟုတ်ဘူး။ ရေကြည်ရာ မြက်နုရာထွက်ပြီး အသက်ရှင်ဖို့ကြိုးစားတော့”
အဲဒီတော့ မြင်းက ကုလားအုတ်ကို
“ငါသိပါတယ် သူငယ်ချင်း။ ငါ သခင်ကိုလည်း မတွယ်တာပါဘူး။ ငါ့ကိုငါလည်း အသက်ရှင်ဖို့ ကြိုးစားမှာပါ။ ခုလောလောဆယ်တော့ ငါဒီမှာ ခဏဆက်နေမှ ဖြစ်မယ်။”
“ဘာဖြစ်လို့ဆက်နေမှာလဲကွ” ကုလားအုတ်လည်း အံ့သြတကြီးနဲ့ပြန်မေးတာပေါ့။
ဒီတော့ မြင်းက
“မင်းနောက်တခါ ဟိုအကောင်နဲ့ထပ်ပြီးချိန်းတွေ့ဖို့ကြိုးစားရင် မင်းကို ဟိုရှေ့ကမြင်းနဲ့ ပေးစားပစ်မယ်လို့ သခင်က ငါ့ကိုလက်ညှိုးထိုးပြီး သူ့မိန်းမကို ဟိုတနေ့က ပြောနေတာ ငါကြားလိုက်တယ်ကွ။ ငါက အဲဒီ ဂွင် လေးကိုစောင့်နေတာကွ။ ပြီးရင်တော့ လစ်တော့မှာပါ” တဲ့ဗျာ........................။
လူကြီးမင်းတို့ရေ................
ဂွင် စောင့်မနေကြပါနဲ့တော့။
လုပ်စရာရှိတာ လုပ်ကြပါတော့။





7 comments:
ဂွင် တဲ့လား
ရေးလည်းရေးတတ်တယ်
စာတွေလာဖတ်သွားပါတယ်
ဟုတ်ပ ဟုတ်ပ မမနန်း နဲ့ တူတူဘဲ
လုပ်စရာရှိတာ ထလုပ်လိုက်တာက မြန်ဥိးမယ်
ဘယ်အချိန်လာမှန်းမသိ မသေချာ မရေရာတာစောင့်နေရင်း.........?
ကောင်းပါတယ်ဗျာ
လက်ခံတယ်
ဟားဟား...ဟားဟား .. လို့ အော်ရယ်သွားတယ်။
ဒီ ဘလောက်ကို Bookmarks လုပ်ထားမှကို ဖြစ်တော့မယ်
အကိုဂျီး
ဒီတစ်ဂွင်ပီးရင် လိမ့်ပီး....
အယ် သူ က သန်းရွှေမိန်းမ ကြီးကို စောင့်နေတာလား။။
Post a Comment