နိုင်ငံရေးအကျဉ်းသားများအတွက် ၀တ်ပြုဆုတောင်းပွဲ
>> Saturday, December 26, 2009
(ဒီဆုတောင်းပွဲလေးက ဒီဇင်ဘာလဆန်းပိုင်းကလုပ်ခဲ့ကြတာပါ။ ဘယ်မှာမှဖော်ပြထားတာမတွေ့ရလို့ ဖော်ပြပေးလိုက်တာ။ ဒီလိုဆုတောင်းပွဲမျိုးတွေက လူမသိသူမသိပျောက်ကွယ်သွားရမယ့်သတင်းမျိုးမှ မဟုတ်ဘဲလေ။)
(၅.၁၂.၂၀၀၉)နေ့၌ မြောက်ဒဂုံမြို့နယ်၊ ၄၉-ရပ်ကွက်၊ ဘုရင့်နောင်လမ်း၊ အိမ်အမှတ် (၁၃၀၈)တွင်
အင်္ဂါမိသားစုမှကမကထပြုလုပ်ပြီး ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေးအတွက် ဘုန်းကြီးငါးပါးပင့်ကာ ဆွမ်းကပ်လှူဆုတောင်းပွဲပြုလုပ်ကြောင်း သိရသည်။
ဆုတောင်းပွဲအခမ်းအနားသို့ ဦးဝင်းတင်၊ ဦးအုန်းမောင်၊ သခင်ဖေသန်း၊ ဦးချို၊ ဖျာပုံနီလုံဦးနှင့် အခြားသောအင်အားစုများ တက်ရောက်ကြောင်းသိရသည်။ အခမ်းအနားအချိန်ကို ၉-နာရီ မှ ၁၂-နာရီထိ သတ်မှတ်ထားသော်လည်း ၁၂-နာရီကျော်မှသာ တက်ရောက်လာကြသောဧည့်သည်များ ရှင်းသွားခဲ့သည်။ အခမ်းအနားကို ဘုန်းတော်ကြီးများအားဆွမ်းဆက်ကပ်လှူဒါန်းခြင်း၊ ကဗျာရွတ်ခြင်း၊ ဦးဝင်းတင်မှသြ၀ါဒစကားပြောကြားကာ ထောင်အတွေ့အကြုံများ ပြန်လည်ပြောပြခြင်း၊ ဦးအုန်းမောင်မှလည်း ထောင်တွင်းအတွေ့အကြုံးများပြောပြီး တက်ရောက်လာကြသောဧည့်တော်များအား ကျေးဇူးတင်စကားပြောကြားခြင်းနှင့် အခမ်းအနားပြီးဆုံးကြောင်းကြေငြာခြင်း စသည့်အစီအစဉ်များဖြင့် ကျင်းပခဲ့ကြသည်။ တက်ရောက်လာသောဧည့်သည်များအား ချဉ်ရည်ဟင်း၊ ငါးသလောက်ပေါင်း၊ ငပိချက်၊ သရက်ချဉ်သုပ်များနှင့် ကျွေးမွေးဧည့်ခံခဲ့ကြောင်းသိရသည်။
အခမ်းအနားကျင်းပသည့်နေ့၌ ရပ်ကွက်အတွင်းတွင် လုံခြုံရေးချထားပြီး မည်သူတက်ရောက်လာသည်ကို ဓာတ်ပုံရိုက်မှတ်တမ်းတင်နေကြသော စွမ်းအားရှင်များ၊ ကြံ့ဖွတ်များဖြင့် ပြည့်နှက်နေကြောင်းသိရသည်။
1 comments:
အလုပ်တကယ်လုပ်သူတွေကို ဘယ်သူမှစိတ်မ၀င်စားတာ သမားရိုးကျ မြန်မာမှု့ မြန်မာ့ဟန်ပါလေ..
အနှစ်ဆိုတာ အောက်ဆုံးမှာတည်ပြီး ရေပေါ်ဆီက အပေါ်မှာ ရှိနေတာက သဘာဝပါ..
တင်ပြပေးသော မောင်ပါလ ကို ကျေးဇူးတင်ပါတယ်
Post a Comment