အမေခွင့်လွှတ်နိုင်ပါစေ
>> Tuesday, April 6, 2010
ဟိုအရင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့မှာ ရေးထားတဲ့ကဗျာတိုလေးပါ။
ဝက်ဆိုဒ်တခုမှာတွေ့မိတာနဲ့ အမှတ်တရပြန်တင်လိုက်တာပါ။ “ပြည်သူအတွက်ပါအမေ”ဆိုတဲ့ခေါင်းစဉ်ကိုတော့ ပြန်ပြောင်းထားပါတယ်။
ပုံတွေကို မဆုမွန်ဘလော့ခ် မှရလို့ ထပ်တင်ပေးလိုက်ပါတယ်။
“အမေခွင့်လွှတ်နိုင်ပါစေ”
ဝမ်းနဲ့မလွယ် သားမမည်ခဲ့ပေမယ့်
တိုင်းပြည်ကို ကိုယ်စားပြု
ပြည်သူရဲ့ အားကိုးမှုတွေနဲ့
သူရဲ့ အနစ်နာခံမှုတွေစုပြီး
အမေလို့..... တင်စားခေါ်ပါရစေအမေ။
မှတ်ကျောက်တင်ရမယ့်အသည်းနဲ့
တကမ္ဘာလုံးရဲ့ နှလုံးသားတွေထဲ
အမေရဲရဲဝင်တိုးနိုင်ခဲ့တာ
အံ့ချီးတုန်လှုပ်စရာပါအမေ။
လူတွေ...လူတွေလေ......
အမေ့အကြောင်း စာတွေရေးကြ
အမေ့အတွက် ဆုတောင်းကြ
အမေ့ကို ဂုဏ်ပြုကြ
အမေနဲ့ပတ်သတ်ပြီး ဟောပြောကြ
သောင်းသောင်းဖြဖြနဲ့ အားရစရာပါအမေ။
ကျနော်ကတော့အမေ...
စွန့်လွှတ်အနစ်နာခံတတ်တဲ့
အမေ့ရဲ့ စိတ်ဓာတ်မျိုးနဲ့
တိုင်းပြည်နဲ့လူမျိုးကို အကျိုးပြုမယ်ဆိုတဲ့
ခိုင်ကြည်တဲ့ စကားလက်ဆောင်နဲ့
အမေ့ရဲ့ဂုဏ်ရောင်ကို
ထွန်းပြောင်ပေးပါရစေအမေ။
ဒီတော့ အမေ.....
အမေ့အတွက် မပေးဆပ်နိုင်တဲ့
ကျနော့်ရဲ့ ချွေးတစက်
ပြည်သူအတွက် ဖြစ်ပါရစေအမေ။
မောင်ပါလ
0 comments:
Post a Comment