ဗိုလ်ချုပ်ကြီး ဦးတင်ဦး ကို တပ်မတော်သားများ ရဲ့  ချစ်ခင်မှုတိုးပွားနေ
>> Thursday, February 18, 2010
အငြိမ်းစားဗိုလ်ချုပ်ကြီး ဦးတင်ဦး လွှတ်မြောက်လာသည့်အတွက် တပ်မတော်သားများ ၀မ်းသာနေကြကြောင်းသိရပါတယ်။ အမည်မဖေါ်လိုသူ စစ်တက္ကသိုလ် နည်းဗျူဟာဆိုင်ရာဆရာတဦးက ဗိုလ်ချုပ်ကြီးကမြန်မာပြည်ရဲ့  နပိုလီယံဖြစ်ကြောင်း၊ သူလွတ်လာတာဟာ နပိုလီယံလွတ်မြောက်လာတုံးက ပြင်သစ်စစ်သားတွေ ၀မ်းမြောက်သလိုခံစားရကြောင်း WFWW ကို ရင်ဖွင့်ပြောသွားပါတယ်။ အထူးသဖြင့် ဗိုလ်ချုပ်သန်းရွှေ နဲ့ မိသားစု တပ်မတော်ကိုခုတုံးလုပ်ပြီး မတရားကိုယ်ကျိုးစီးပွားရှာနေတာတွေကို တွေ့ ရလေ ဗိုလ်ချုပ်ကြီးကိုလေးစားလို့ မဆုံးဘူးလို့  သူကဆက်လက်ပြောပြပါတယ်။ ဘာဖြစ်လို့ လဲဆိုတော့ သူက ရဲဘော်တွေကိုချစ်တယ်။ ရဲဘော်တွေနဲ့ အတူတိုက်ပွဲမှာရှိတယ်။
ဒီအချက်က နပိုလီယံနဲ့ တူတယ်။ နပိုလီယံက ရဲဘော်တွေနဲ့အတူနေ ရဲဘော်တွေနဲ့အတူတိုက်ခဲ့သလိုပါပဲ။ နောက်တခုက ဒီနေ့ ဗိုလ်ချုပ်တွေလိုမဟုတ်ဘူး။ ဗိုလ်ချုပ်ကြီးက ယောက်ကျားပီသတယ်။ စကားတည်တယ်။
မိန်းမက သူကို ကြိုးမကိုင်နိင်ဘူး။ ဗိုလ်ချုပ်သန်းရွှေကိုကြည့်ရင် ဒေါ်ကြိုင်ကြိုင် သူသမီး မိန်းမပျက်တွေ ကြိုးဆွဲရာကနေရာတယ်မဟုတ်လား လို့ သူက ရင်ဖွင့်ပြောကြားသွားပါတယ်။ အခုသူလွတ်လာတဲ့အကြောင်းကို ကျနော်တို့  တပ်ထဲမှာ ပြောင်ပဲပြောနေကြတယ်ဗျ၊ သူကို တပ်မတော်သားတွေ အထူးသဖြင့် ၈၈ နောက်ပိုင်း ဗိုလ်တွေစိတ်ဝင်စားနေတာက ထူးခြားတယ်လို့ ဆိုပါကြောင်း သတင်းကောင်းပါးလိုက်ရပါတယ်။
Ref: We Fight We Win
1 comments:
ဝမ်းသာစရာပါပဲ
Post a Comment