တိုက်တွန်းနှိုးဆော်ခြင်း

>> Sunday, January 17, 2010

လေးစားရပါသော စာဖတ်သူအပေါင်းနှင့် Bloggers မိတ်ဆွေများခင်ဗျား.............................

၂၀၁၀၊ ဇန်န၀ါရီလ ၂၂-ရက်နေ့ဆိုရင် ကျနော်တို့ပြည်သူတွေဖက်က ရပ်တည်ပေးခဲ့တဲ့ ပြည်သူ့ကဗျာဆရာ ဘဘဦးတင်မိုး ကွယ်လွန်ခဲ့တာ ၃-နှစ်ပြည့်မြောက်ပြီဖြစ်ပါတယ်။ ဘဘဆရာကြီးရဲ့ ဘ၀တလျှောက်လုံးရေးခဲ့တဲ့ကဗျာတွေဟာ ပြည်သူ့မျက်ရည်၊ ပြည်သူ့အသံတွေပါ။ သူဟာ မကွယ်လွန်မီအချိန်ကလေးအထိ ပြည်သူ့နဲ့တသားတည်းရှိနေခဲ့တဲ့ ကဗျာဆရာတယောက်ပါ။

ဒီနေ့ကို စာဖတ်သူများလည်းသိပြီးဖြစ်မှာပါ။ ဘဘဦးတင်းမိုးကွယ်လွန်ခြင်း ၃-နှစ်ပြည့်မှာ သူ့ကိုသတိရလွမ်းဆွတ်သောအားဖြင့်၊ အမြဲတမ်းအမှတ်ရနေသောအားဖြင့် ကဗျာ၊ ဆောင်းပါး (ဒါမှမဟုတ်) စာကြောင်းလေးတကြောင်းလောက်နဲ့ဖြစ်ဖြစ် ဂုဏ်ပြုအမှတ်ရစရာလေး ပြုလုပ်ကြရအောင်လားဗျာ..................

မိမိတို့ဝန်းကျင်မှာလည်း ထပ်ပြီးနှိုးဆော်ပေးကြပါလို့ ပန်ကြားအပ်ပါတယ်ခင်ဗျား......................


0 comments:

  © Blogger templates Sunset by Ourblogtemplates.com 2008

Back to TOP