အကျဉ်းသား လဲလှယ်ရေးကို ချက်ချင်းရပ်

>> Saturday, October 22, 2011

မြန်မာဒုက္ခသည်များကို ကာကွယ်စောင့်ရှောက်ရေးအစီအစဉ်ကိုဆောင်ရွက်ပေးပြီး၊ ယင်းတို့၏နေရပ်တွင် ဖိနှိပ်ခံရမှု များမှ ကာကွယ်စောင့်ရှောက်ခိုလှုံ့ခွင့်ပေးရန်….

မလေးရှားမှ AIPMC (Asean Inter-Parliamentary Myanmar Caucus) သည်မလေးရှားအစိုးရ၏ အကျဉ်းသားလဲလှယ်ရေးအစီအစဉ်ကို ဆန့်ကျင်ကန့်ကွက်ပြီး၊ ဖျက်သိမ်းရန်တောင်းဆိုလိုက်ပါသည်။ AIPMC ဥက္ကဌ Mr. Lim Kit Siang မှ ပြောဆိုလိုက်ခြင်းဖြစ်ပါသည်။ မြန်မာပြည်မှ အိမ်နီးချင်းနိုင်ငံများသို့ဝင်ရောက်လာသူများတွင် ပြည်တွင်း၌ တိုင်းရင်းသားများဆိုင်ရာ ဖိနှိပ်မှုများ၊ နိုင်ငံရေး၊ ဘာသာရေးနှင့် အခြားသောဖိနှိပ်မှုများကြောင့် ၀င်ရောက်လာသူများပါဝင်ပါသည်။ ကျနော်တို့က အခုကိစ္စကို လူအခွင့်အရေးဆိုင်ရာ ချိုးဖောက်မှုတစ်ခု အဖြစ် ထပ်ခါထပ်ခါပြောဆိုနေမှာ ဖြစ်ပြီး၊ ရပ်ဆိုင်းဖျက်သိမ်းဖို့ထိ ဖိအားပေးဆောင်ရွက်သွားမယ်လို့ Ipoh Timur MP ကဆိုပါသည်။

Lim ကဆက်လက်၍ အကျဉ်းသားလဲလှယ်ရေးအစီအစဉ်ကို မဖြစ်မနေဆောင်ရွက်ရမည်ဆိုပါက မြန်မာအစိုးရသည် ပြည်ပရောက် ဒုက္ခသည်နှင့် ခိုလှုံ့သူများများကို ဖိစီးနှိပ်စက်မှုများ မလုပ်တော့ပါဟု သက်သေခိုင်လုံယုံကြည်ရသည် အချိန်ထိ ရွေ့ဆိုင်းရန် တောင်းဆိုလိုက်သည်။ အသစ်ဖွဲ့စည်းထားသော ကော်မတီသည် အကျဉ်းသားလဲလှယ်ရေး အစီအစဉ်အသေးစိတ်ကို ယခုလာမည့်ရက်သတ္တပတ်အတွင်းဆွေးနွေးမည် ဖြစ်ပါသည်။

မလေးရှားနိုင်ငံသည် လူ့အခွင့်အရေးအရ မိမိတာဝန်ကို မထီမဲ့မြင် လစ်လျူရှု့ပြုမူနေပါသည်။
မလေးရှားပြည်ထဲရေးဝန်ကြီး အဆိုအရ တရားမ၀င်မြန်မာနိုင်ငံသားအကျဉ်းသား ၁၀၀၀ ကျော်ရှိသည်ဆိုပြီး၊ မြန်မာနိုင်ငံတွင် ဖမ်းဆီးထားသော မလေးရှားနိုင်ငံသားအကျဉ်းသား အရေအတွက်ကို မဖော်ပြသေးပါ။ ယခုအစီအစဉ်သည် လွန်ခဲ့သောလက မလေးရှားနှင့် သြစတြေးလျ နှစ်နိုင်ငံ ဒုက္ခသည်လဲလှယ်ရေးအစီအစဉ်၊ သြစတြေးလျ နိုင်ငံလူ့အခွင့်အရေးအဖွဲ့များ၏ ကြိုးပမ်းမှုကြောင့်ပျက်သွား ခဲ့ပြီးနောက် ပေါ်ထွက်လာခြင်း ဖြစ်ပါသည်။

ထိုအစီအစဉ်မှာ သြစတြေးလျမှ ဒုက္ခသည် ၈၀၀ ကို မလေးရှားသို့ပို့ဆောင်ရန်နှင့် မလေးရှားမှ ဒုက္ခသည် ၄၀၀၀ ကို သြစတြေးလျပို့ရန်ဟူသော နှစ်နိုင်ငံကြားသဘောတူညီမှုဖြစ်ခဲ့သည်။ သို့သော် သြစတြေးလျမှ အဖွဲ့အစည်းများနှင့် လူ့အခွင့်အရေးအဖွဲ့များ၏ ပြင်းထန်သောကန့်ကွက်ချက်များကြောင့် သြစတြေးလျဝန်ကြီးချုပ် Julia Gillard မှာ ယင်းအစီအစဉ်ကို ဖျက်သိမ်းခဲ့သည်။

PKR (Parti Keadilan Rakyat; People’s Justice Party) ပါတီ ဒုတိယ ဥက္ကဌ Tian Chua ကပြောသည်မှာ မလေးရှားအစိုးရသည် ပြည်တွင်းမှ ဒုက္ခသည်များ၊ ခိုလှုံသူများ ဖယ်ရှားရေးကို များစွာအာရုံစိုက်နေကြောင်း ပြောပါသည်။ ပြည်ထဲရေ၀န်ကြီး၏ အကျဉ်းထောင်များတွင် အကျဉ်းသားများ များပြားနေခြင်းကြောင့် ယခုလို အကျဉ်းသားလဲလှယ်ခြင်းဟူသော အကြောင်းပြချက်ကို လက်မခံနိုင်ကြောင်း၊ မြန်မာဒုက္ခသည်များ၊ အကျဉ်းသားများ ကို ပြန်ပို့မည်ဆိုလျှင် မြန်မာပြည်၏ထောင်များတွင် ထပ်မံအကျဉ်းချခံရမည်လွဲ၍ အခြားမရှိကြောင်း၊ အကျဉ်းထောင် လူများနေခြင်း ဖြေရှင်းလိုလျှင် အခြားနည်းလမ်းများဖြင့် ဖြေရှင်းသင့်ကြောင်း ပြောဆိုပါသည်။

မလေးရှားအစိုးရ၏ ယခုကဲ့သို ဒုက္ခသည်အခွင့်အရေး၊ အကျဉ်းသားအခွင့်အရေး၊ အပြည်ပြည်ဆိုင်ရာသဘောတူညီမှု၊ မိမိတာဝန်ကို ရှောင်လွဲမှု စသည်တို့ကို လုပ်ဆောင်နေခြင်းမှာ နောက်ကွယ်က မည်သို့သော အကြောင်းတရားများက တွန်းအားပေး စွဲဆောင်နေပါသနည်း။ မြန်မာအစိုးရနှင့် မည်သို့သော လျှို့ဝှက်အကြံအစည်၊ သဘောတူညီချက်များ ရှိထားသနည်း ဟူ၍ Batu MP ကအစိုးရကို မေးခွန်းထုတ်ထားပါသည်။

Kit Siang: Stop detainee-swap deal by Tarani Palani | October 20, 2011 ကိုမှီငြမ်းပါသည်။

နွားကျောင်းသား (Friend Ever)

0 comments:

  © Blogger templates Sunset by Ourblogtemplates.com 2008

Back to TOP