ဆရာ ၊ ဆရာမများက စောင့်ထိန်း လိုက်နာရန်

>> Saturday, October 8, 2011

ကျောင်းသား၊ ကျောင်းသူများအား ဒဏ်ရာ အနာတရ ဖြစ်အောင် မပြုလုပ်ကြရန် ဆရာ ၊ ဆရာမများက စောင့်ထိန်း လိုက်နာရန်

ပဲခူးတိုင်း ဒေသကြီး က၀မြို့နယ်၊ ရစ်ကံကြီး အခြေခံပညာ အထက်တန်း ကျောင်းတွင် အလယ်တန်းပြ ဆရာ တစ်ဦးသည် စာမရသော ကျောင်းသား တစ်ဦးကို တုတ်ဖြင့် ရိုက်၍ အပြစ်ပေး ခဲ့ပါသည်။ ထို့ကြောင့် ထိုဆရာအား စုံစမ်း စစ်ဆေး အရေး ယူခဲ့ပြီး နောက်နောင်တွင် ကျောင်းသား ကျောင်းသူများကို ဤကဲ့သို့ ဒဏ်ရာ အနာတရ ဖြစ်စေသော အပြစ်ပေးမှုများ လုပ်ကြရန် အခြေခံပညာ ဦးစီးဌာနမှ အမိန့် ထုတ်ပြန် ခဲ့ပါသည်။

ဧရာဝတီတိုင်း ဒေသကြီး လပွတ္တာ ခရိုင် လပွတ္တာ မြို့နယ် အမှတ် ( ၂ ) အခြေခံပညာ အထက်တန်း ကျောင်းတွင်လည်း ဤကဲ့သို့ အလားတူ ဖြစ်ရပ် ပေါ်ပေါက်ခဲ့ပါသည်။ အထက်တန်းပြ ဆရာ ဦးကြည်လှိုင်ဆွေသည် မောင်ဖြိုးအောင် အမည်ရှိ ကျောင်းသား တစ်ဦးအား ( ၆ ၊ ၁၀ ၊ ၂၀၁၁ ) ရက်နေ့တွင် ပန်းအိုးဖြင့် ခေါင်းကို ရိုက်နှက် ခဲ့ပါသည်။ ကျောင်းသားမှာ ခေါင်းတွင် ပေါက်ပြဲ ဒဏ်ရာဖြင့် ဆေးရုံသို့ တက်ရောက်ပြီး ဆေးကုသမှု ခံယူခဲ့ရပါသည်။ ဤဖြစ်စဉ်တွင် ပြုမူခဲ့သော အထက်တန်းပြ ဆရာမှာ ယခု အချိန် အထိ မည်သည့် အပြစ်ပေးခြင်းကိုမျှ မခံရပါ။ ထိုအခါ ဖြစ်ရပ် အတူတူတွင် အရေးယူမှု အဘယ်ကြောင့် ကွဲပြားရသနည်း ဟူသော မေးခွန်း ပေါ်ပေါက်လာပါသည်။ ဆရာကလည်း တိုင်ချင်ရာတိုင်ကြ ၊ ငါကတော့ ဘာမှ ဖြစ်မှာမဟုတ်ဘူး ဟူ၍ ကြွေးကြော် နေပါတော့သည်။ တရား မျှတမှု ဟူသည်မှာ အချိန်၊ နေရာတို့ အပေါ်တွင် မူတည် ပြောင်းလဲနေမည် မဟုတ်ဟု ခံယူ ထားသော သာမန် လုပ်သား ပြည်သူများ ၊ ကျောင်းသား မိဘများ၏ စိတ်တွင် သို့လော သို့လော တွေးတောမှုများ ၊ သံသယများ မဖြစ်ပွားစေသင့်ဟု ယူဆမိပါသည်။

ကျောင်းသား မိဘတစ်ဦး
(၇၊ ၁၀၊ ၂၀၁၁)

0 comments:

  © Blogger templates Sunset by Ourblogtemplates.com 2008

Back to TOP