အချိန်မကျသေးဖူးလို့ ထင်ပါတယ် ပို့စ်မှ ဆွေးနွေးမှုများ

>> Wednesday, September 28, 2011

(ဘဘဦးဝင်းတင်ပြောတာရော ဒေါ်စုပြောတာရောပါ ကျနော်သတင်းထဲမှာ ဖတ်ရပါတယ်။ စကားတွေအရ သဘောထားမတူကြပါဘူး။ ဒါပေမယ့် NLD၊ ဒေါ်စု၊ ဘဘဦးဝင်းတင်၊ ဘဘဦးတင်ဦး တို့ဟာ တသွေးထဲ၊ တသားထဲ ရှိနေကြမယ်ဆိုတာ ခြွင်းချက်မရှိကျနော် ယုံကြည်ပါတယ်။ ဘဘဦးဝင်းတင်ဟာ ခုမှ ဒီအနေအထားပြောတာ မဟုတ်ပါဘူး။ ဒေါ်စု က အစိုးရနဲ့ ငြိမ်းချမ်းရေးလမ်းကြောင်းကို သွားနေတယ်။ ဘဘဦးဝင်းတင်က နဂိုကတည်းက ကြံ့ဖွတ်အစိုးရဟာ ယုံကြည်စရာမရှိဘူးလို့ ဦးတည်ထားတယ်။ ခေါင်းဆောင်ကြီးတွေက လိမ္မာပါးနပ်စွာ အမျှော်အမြင်ကြီးစွာ နဲ့ ရှေ့ကနေလမ်းခင်းပေးထားကြပါတယ်။ ဒါကြောင့် ပို့စ်စရေးကတည်းက နိုင်ငံရေးပရိယာယ်ကို နားမလည်ပါဘူးလို့ ကျနော်ဝန်ခံထားပါတယ်။

ခေါင်းဆောင်ကြီးနှစ်ဦးရဲ့ လမ်းကြောင်းနှစ်ခုမှာ ကျနော်တို့ပြည်သူတဦးချင်းစီဟာ ဘယ်လမ်းကြောင်းကို လိုက်ပြီး ဒီခေါင်းဆောင်နှစ်ဦးကို အားဖြည့်ပေးမလဲဆိုတာ စဉ်းစားစရာ ဖြစ်လာပါတယ်။

ကျနော်စဉ်းစားမိတာက ကျနော်ကနိုင်ငံအပြင်မှာပါ။ ဒါကြောင့် ကျနော်လုပ်နိုင်တာ ကြံ့ဖွတ်ကိုအယုံအကြည်မရှိမူကို ကိုင်ပြီး ဒေါ်စုရဲ့ ငြိမ်းချမ်းရေးလမ်းကြောင်းကိုပဲ ထောက်ခံအားပေးနိုင်ပါသေးတယ်။ အပြင်နေပြီး ပြည်တွင်းကဆန္ဒပြကြဟေ့လို့ အော်ဟစ်နေတာ တရားမျှတမှုမရှိသလို chanNLD3016 ပြောတဲ့ ပြည်တွင်းက အင်တာနက်အသုံးပြုနည်းနေပါသေးတယ်ဆိုတဲ့ စကားအရ အကျိုးသက်ရောက်မှုလည်း မရှိသလောက်ဖြစ်နေပါတယ်။

ဘဘဦးဝင်းတင်ရဲ့ လမ်းကြောင်းကို ပြည်တွင်းက ပြည်သူတွေကပဲ လက်တွေ့ကျကျ စနစ်တကျနဲ့ အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှာပါ။ ဒါမှလည်း ပြည်ပက အော်ဟစ်ဆန္ဒပြခိုင်းနေတာထက်စာရင် အပြစ်နည်းပြီး အကျိုးများစရာဖြစ်နိုင်ပါတယ်။

သူ့တာဝန်၊ ကိုယ့်တာဝန် အသေအချာယူပြီး ပြည်တွင်း၊ ပြည်ပ ဟန်ချက်ညီညီ လှုပ်ရှားနိုင်ကြဖို့ အထူးလိုအပ်နေပါတယ်။

ပြည်ပကနေ အတင်းကြီး ပြည်တွင်းကလူတွေကိုဆန္ဒပြခိုင်း၊ သတင်းတွေကို ချဲ့ကားပြောကြ၊ ရေးကြ လုပ်ခဲ့ကြလို့ ၂၆-ရက်နေ့ ၀တ်ပြုဆုတောင်းပွဲဟာ ရဲရဲတောက် ဆန္ဒပြပွဲဖြစ်သွားပြီး လူတချို့ဖမ်းဆီးခံရပါတယ်။ ၂၇-ရက်နေ့ ဆုတောင်းပွဲဟာ ဆုတောင်းပွဲအနေနဲ့ပဲ ငြိမ်းချမ်းစွာ ပြီးသွားခဲ့ပါတယ်။

ကျနော့်ပို့စ်မှာလည်း ငြိမ်ငြိမ်ဆိမ်ဆိမ်နေရမယ်ဆိုတာ မပါပါဘူး။ လိုအပ်ရင် လုပ်ကြရမှာဖြစ်ပေမယ့် ဘေးတီးပေးနေတဲ့အတွက်ကြောင့် မဖြစ်သင့်တာတွေ ဖြစ်မလာဖို့ကို အကြံပြုထားတာပဲ ဖြစ်ပါတယ်။)


Hla Yin Wine
မောင်ပါလ ရေ.... သိပ်မှန်တာပေါ့ ..ခုက တစ်ဘက်နဲ့တစ်ဘက် သွေးတိုးစမ်းနေတာ...ခြေလှမ်းစဘို့အရေး က ခြေတစ်ဘက် မြှောက်လျက်တန်းလန်း အနေအထားဟ..ပထမခြေလှမ်း စ ဖို့ ကို ဘယ်သူကစ ရမှာလဲ ...တော်နေကြာရင်တော့ဒီလိုခြေတစ်ပေါင်ကျိုးပုံနဲ့ ငါတို့ ခုန်ဆွခုန်ဆွ လုပ်နေရမယ်နဲ့တူပါရဲ့...
Yesterday at 2:46am · Like

Lu Cifer
They are singing baby sleeping songs on town. But trying to root out insurgencies on the mountain ranges. That is reverse strategy which was used when (1991- Khin Nyunt era). When insurgencies are being cleared, would turn back to town.
Yesterday at 2:51am · Like · 1 person

Ko Htoo
ကို Lu Cifer ပြောတာမှန်ပါတယ်။ သူတို့လိုချင်တာပြည့်သွားရင် ခင်ညွန့် လွတ်ငြိမ်းချမ်းသာခွင့်ပေးသလိုပဲ ဖြစ်မယ်ဆိုတာ ကျိန်းသေပါပဲ။ ကျနော်ပြောချင်တာက ကျနော့်တို့ကျောင်းသားခေါင်းဆောင်တွေ ထောင်ထဲကပြန်ထွက်လာဖို့အတွက် နှောင့်နှေးနိုင်မယ့် ကိစ္စဖြစ်မှာကို မလိုလားတာပါ။
Yesterday at 2:56am · Like · 2 people

Ko Htoo
ကျနော့်အမြင်ကို တင်ပြထားတာပါ။ အားလုံးလည်း ၀ိုင်းဝန်းဆွေးနွေးပေးကြဖို့ ဖိတ်ခေါ်ပါတယ်။
Yesterday at 2:59am · Like · 1 person

Lu Cifer
Yes. Currently they are looking to Asian Chair :D. They want to make sure not to loose that opportunity. Asian also trying to tie up with DASSK. That is why they still not using "Swan Arr Shin". Asian chair is a step of their consistency. Beautiful game. But every game have time limits.
Yesterday at 3:04am · Like

Minwunna Aung
alll the people of burma fighting for to take down the diactorship including 88 generation students and all political prisoners in burma . so one way or another they are in the prison or not in prison same situation , we still have to keep fighting for our rights . if they ( 88 generation students ) are outside today , i believe they will stand together with us .
Yesterday at 3:14am · Like · 1 person

Ko Htoo
မကြီးရေ......... ဘယ်သူကစရမှာလဲမဟုတ်ဘူး။ ပထမခြေလှမ်းကို ကြံ့ဖွတ်ကစရမှာလို့ ကျနော်က မြင်တယ်။ မြန်မာ အာဆီယံဥက္ကဌဖြစ်ရေး အမေစုစကားနားထောင်မယ်လို့ ပြောလာပြီ။ အမေစု ပြောရမယ်။ ဖြစ်သင့်တယ်/မဖြစ်သင့်ဘူး။ ခုလိုအခြေအနေနဲ့ အမေစုက ဖြစ်သင့်ပါတယ်လို့ ဘယ်လိုမှ ပြောမှာ မဟုတ်ဘူး။ ပြောရင်လည်း ပွက်လောရိုက်ကုန်မယ်။ မဖြစ်သင့်ဘူးဆိုရင်လည်း လက်ရှိ အမေစုရဲ့ ငြိမ်းချမ်းရေးလမ်းကြောင်းကို ဘယ်လိုဆက်လျှောက်မလဲ။ ဒီတော့ အမေစု ဘာလုပ်မလဲ။ ကြံ့ဖွတ် ဘာတွေထပ်ပြောင်းလဲပြမလဲ။ အမေစုစောင့်ကြည့်မှာပဲ ကျနော်ထင်တယ်။ စောင့်ကြည့်နေမယ့် အချိန်အတွင်းမှာ ကြံဖွတ်က အချိန်ထပ်ဆွဲဖို့ အကြောင်းပြချက်ကောင်းကောင်းရသွားမယ်ဆိုရင်.......။
Yesterday at 3:26am · Like · 2 people

Ko Htoo
ကို Minwunna Aung ရေ..... ကျနော်က နိုင်ငံအပြင်ဖက်မှာပါ။ နိုင်ငံထဲက လူတွေထက်ပိုပြီး ချောင်လည်ပါတယ်။ နိုင်ငံတွင်းကထက်ကို ထောင်တွင်းကလူတွေထက် အဆရာထောင်များစွာ ပိုပြီးချောင်လည်ပါတယ်။ ဒါပေမယ့် ထောင်ထဲက ကျနော်တို့ခေါင်းဆောင်တွေရဲ့ စိတ်ဓာတ်ဟာ ကျနော့်ထက် အဆရာထောင်များစွာ ပိုပြီး မြင့်မြတ်ပါတယ်။ ဒါကြောင့် ဒီခေါင်းဆောင်တွေကို တရက်ပဲမြန်မြန် နှစ်ရက်ပဲမြန်မြန် မြန်နိုင်သလောက်မြန်အောင် ထောင်ထဲက ထွက်စေချင်ပါတယ်။ ကျနော်တို့ တော်လှန်ရေးကလည်း လွယ်လွယ်နဲ့ မပြီးနိုင်ပါဘူး။ ကျနော်တို့ခေါင်းဆောင်တွေနဲ့အတူ အတူတူတိုက်ပွဲဝင် အတူတူထောင်ထဲပြန်ဝင်ကြတာပေါ့ဗျာ။
Yesterday at 4:15am · Like · 7 people

Burma Thwe
ပစ္စပ္ပုန်သည် အကောင်းဆုံး အချိန်ပါလို့ မြတ်ဗုဒ္ဓက ပြောကြားခဲ့သလို ပညာရှင်တော်တော်များမျာကလည်း လက်ခံထားကြပါတယ်....။

အမှန်နဲ့အမှားကို ပုဂ္ဂိုလ်ရေး ကြည်ညိုမှုနဲ့ ဆုံးဖြတ်တာဟာ တဖက်သတ်ဆန်လွန်းပါတယ်.... ။

အမှားမကင်းတဲ့ လူသားအချင်းအချင်း ဘာကြောင့် တဖက်သတ် အပြစ်တင်စောပြီး သွေးကွဲအောင် လုပ်ဆောင်ကြတာလည်း ကျနော် တကယ် စဉ်းစားလို့ မရဘူး ဗျာ။
Yesterday at 10:04am · Like · 5 people

George Shyu · Friends with Zayar Thaw and 8 others
သေချာစွာနောက်တစ်ဆင့်မှတ်ကွယ် ကောက်ကျစ်တက်တဲ့ဝါသနာရယ်(ရွှေတိုင်ညွန့်ရေး-အကျင့်ဆိုးသီချင်း မှ)
Yesterday at 12:56pm · Like

Ko Htoo
ကို Burma Thwe ရေ.... အမြင်မတူတာဟာ အချင်းချင်းအပြစ်တင်စောတာ မဟုတ်ပါဘူး။ ဒီလိုလည်း ၀ိုင်းပြီး စဉ်းစားကြပါအုံးလို့ ဆော်သြခြင်းသာ ဖြစ်ပါတယ်။

ပစ္စပ္ပုန်သည် အကောင်းဆုံး အချိန်ဆိုတာ မှန်ပေမယ့် ပစ္စခအခြေအနေကို ဓမ္မဓိဌာန်ကျကျ သုံးသပ်တတ်ဖို့လည်း လိုအပ်ပါတယ်။

နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးဟာ အရေးကြီးနဲ့ အရေးပေါ် အခြေအနေနှစ်ရပ်လုံးအတွက် အဓိကကျပါတယ်။

နှဲကြီးတတ်နင်းမိလို့ လျော်လိုက်ရတယ် ဆိုတဲ့ အဖြစ်မျိုးနဲ့ ထောင်ထဲကလူတွေ မထွက်လာရပဲ ထောင်ပြင်ကလူတွေပါ ထပ်ထပ်ပြီးဝင်နေရတယ် ဆိုတဲ့မျိုး ဖြစ်မလာဘူးလို့ မပြောနိုင်ပါဘူး။

ကြံ့ဖွတ်အစိုးရဟာ ယုံစရာလုံးဝမရှိပေမယ့် နိင်ငံရေးအကျဉ်းသားတွေ ပြန်လွတ်လာတယ်ဆိုရင်တောင် တိုင်းပြည်အတွက် အကျိုးအမြတ်အများကြီး ဖြစ်နိုင်ပါတယ်
Yesterday at 1:18pm · Like · 4 people

Minwunna Aung
ok , if ko min ko naing die today , what will u do tomorrow ?
Yesterday at 1:20pm · Like · 1 person

Ko Htoo
အဟား.......... ကို Minwunna Aung က စကားကပ်ပြီး မေးတာပဲ။ အဲလိုမျိုးဟာ ကောင်းခြင်းထက် ဆိုးခြင်းကို ပိုလွန်ကဲစေတဲ့အတွက် ကျနော်မဆွေးနွေးပါဘူးခင်ဗျာ။
Yesterday at 1:24pm · Like · 1 person

Minwunna Aung
good
Yesterday at 1:25pm · Like

Burma Thwe
‎Ko Htoo ရေ သူတို့ ကြိုးစားကြတာလည်း နိုင်ငံအကျဉ်းသားတွေ ပြန်လည် လွှတ်မြောက်ရေးပါ ဘဲ ခင်ဗျာ..။

ကျနော်ဆိုလိုတဲ့ အဓိက ရည်ရွယ်ချက်က ရည်ရွယ်ချက်တွေ တူညီနေပါလျှက် လုပ်ရှားမှု ပုံသဏ္ဍန်ကွဲတာကို အပြစ်တင် ချင်စိတ်တွေ များနဲ့ ကန့်ကွက် ပြောဆိုတဲ့ လူအများကို ပြောတာပါ ။
Yesterday at 1:34pm · Like · 3 people

Hlayeirhtut Htut · 10 mutual friends
နိုင်ငံရေးအကျဉ်းသားကနောက်ဆုံးဖဲချပ်များလား။
Yesterday at 3:07pm · Like

Arc Read · Friends with Ko Htike and 80 others
အချိန်မကျသေးဘူးဆိုတာမရှိဘူးကွ ဘယ်အချိန်ပဲထလုပ်လုပ် ဒါမျိုး ဆိုတာ အချိန်ကောင်းပဲမှတ်ထား ၈၈ တုံးကလဲ ဘယ်ကောင်က အချိန်ကျပီလုပ်ပါလို့ပြောလို့ လုပ်ကျတာတုံး ၉၆ တုံးကကော ဘယ်သူတွေက အချိန်ကျပေးတုံး ၂၀၀၇ ကော ဘယ်သူအချိန်ကျတုံး ၂၀၀၃ ဒီပဲယင်းကကော အချိန်ကျပဲလား ရှင်းရှင်းပဲပြောမယ် ဘာမှအချိန်မကျတာမရှိဘူး အခုလုပ်ရင် အခုအချိန်ကျတာပဲ ပေါတောတော်တွေ အားနေဆောင်းပါးလေးရေး ပီးသောက်ကြီးသောက်ကျယ်လုပ်ဖို့ပဲသိတယ်
21 hours ago · Unlike · 2 people

Zin Maung · Friends with Myat Lay Ngon and 16 others
လူထုဆန္ဒကို ထုတ်ဖော် ပြသတာ မှန်သမျှ အပြစ်ဆိုစရာ မရှိ၊ အပြစ်တင်သူတွေသာ နောင်မှာ ကိုယ့်ကိုယ်ကို မရှက်မိဖို့ လိုပါတယ်။
20 hours ago · Like · 1 person

Zin Maung · Friends with Myat Lay Ngon and 16 others
အချိန်မကျသေးဘူးဆိုတာ။ ဘယ်သူက ဆုံးဖြတ်တာလဲ၊ အချိန်ကျပြီဆိုတာကိုရော ဘယ်သူက ဆုံးဖြတ်မှာလဲ။ အဲဒီလို ဆုံးဖြတ်တိုင်းရော လူထုက လုပ်မယ်ထင်လား။ စဉ်းစားခြင့်ချိန်ပြီး ပြောကျပါ။
20 hours ago · Like · 1 person

Ko Htoo
ကို Zin Maung ရေ.... အမြင်မတူလို့ မပြောရ မရေးရတော့ဘူးလားခင်ဗျာ။ အပေါ်က ကွန်မန့်မှာ ကျနော်ရေးခဲ့သလိုပဲ မိမိအမြင်ကို ဖော်ထုတ်ရုံနဲ့ အပြစ်ဆိုစရာများ ဖြစ်နေရော့သလား လို့ ပြန်မေးချင်ပါတယ်။ ယနေ့အထိ ကျနော်ရေးခဲ့တဲ့ စာတလုံးတိုင်း တလုံးတိုင်း ပြည်သူကိုမျက်နှာမူပြီး ရေးတာဖြစ်တဲ့အတွက် စာတလုံးစာသော ပမာဏမျှ ရှက်စရာဖြစ်ဖို့ မရှိပါဘူး။

ထပ်ပြောပါအုံးမယ်။ ကျနော် နိုင်ငံအပြင်မှာ နေနေတာပါ။ အထဲကပြည်သူတွေ လုပ်ကြဟ၊ ချကြဟ၊ သေကြဟ၊ ထောင်ကျကြဟ ဆိုပြီး ဘေးတီးနေတဲ့ နိုင်ငံရေးမျိုး မလုပ်ပါဘူး။

ကျနော်တွေးမိတာကို ပြည်သူကိုမျက်နှာမူပြီး ရေးမယ်။ မှန်ရင် မှန်မယ်။ မှားရင် မှားမယ်။ ကျနော့်စေတနာသာ အဓိကပါ။
20 hours ago · Like · 3 people

Ko Htoo
ကျနော့်မှာ အလကားရထားတဲ့ဘလောခ့်လေးတခုရှိပါတယ်။ အဲဒီမှာလည်း ဒီပို့စ်ကိုတင်ထားပြီး ဆွေးနွေးထားကြတာကို ဒီမှာပြန်တင်ပေးလိုက်ပါတယ်။

နွေမင်းလွင် September 27, 2011 11:45 AM
ဟုတ်တယ်ဗျာ..ကျနော်လည်း ကိုပါလ လို တွေးမိ မြင်မိပါတယ်။

chanNLD3016 September 27, 2011 9:26 PM
ဒ်ါစုနောက်မှာ လူထုတိုက်ပွဲမရှိပဲ။တွေ့ဆုံဆွေးနွေးနေရင် အစိုးရကအထက်စီးကပဲ ဖြစ်နေမှာပေါ့။ ဒေါ်စုနဲ့ ဦးအောင်ကြည်တို့ ဦးသိန်းစိန်တို့နဲ့ အခုလိုတွေ့ဆုံဆွေးနွေးနိုင်အောင် ရွှေဝါရောင်တော်လှန်ရေးကပဲ တွန်းတင် ခဲ့တာပါ။ကျနော်ကတော့ ဘာမှမလုပ်ပဲ ဆွေးနွေးနေရင် နောက်ထက်နှစ် ၄၀ ကြာတာတောင်အဖြေထွက်မှာမဟုတ်ဘူး။ဒေါ်စုကို ထောက်ခံရင်ကနေ အစိုးရကိုပါ ထောက်ခံနေသလို ဖြစ်နေကြတာ ပြန်စဉ်းစားသင့်တယ်။

မောင်ပါလ September 27, 2011 10:02 PM

chanNLD ပြောတာမှန်ပါတယ်။ ကျနော်ရေးထားတာလည်း မလုပ်ပါနဲ့ မရေးထားပါဘူး။ ကျနော်တို့ တခုမဟုတ်တခု လုပ်နေရမှာပါပဲ။ လုပ်ကြတဲ့အထဲမှာ အရေးကြီးလုပ်ရမယ့်အရာ၊ အရေးပေါ်လုပ်ရမယ့်အရာ၊ အရေးကြီးပေမယ့်အရေးပေါ်မဟုတ်သေးတဲ့အရာ၊ အရေးပေါ်လုပ်ရမှာ ဖြစ်ပေမယ့် အရေးမကြီးတဲ့အရာ၊ အရေးလည်းကြီး အရေးပေါ်လည်းလုပ်ရမယ့်အရာ ဆိုပြီး ခွဲပြီး လုပ်မယ်ဆိုရင် ပိုကောင်းကြမယ်လို့ ထင်မိပါတယ်။

မြစ်ဆုံဆည်ဆောက်ရေးကို ကန့်ကွက်ဖို့ဟာ အရေးလည်းကြီး အရေးပေါ်လည်း ဖြစ်တဲ့အရာလို့ ထင်ပါတယ်။ ပြည်တွင်းပြည်ပ ပြည်သူတွေအားလုံးကလည်း ၀ိုင်းဝန်းကန့်ကွက်နေကြပါတယ်။ ဒါဟာ လုပ်ကိုလုပ်ရမယ့်အရာတခုပါ။ ဒါပေမယ့် မြစ်ဆုံဆည်ဆောက်ဖို့ကို ကန့်ကွက်ဖို့ ဆန္ဒဖော်ထုတ်ပွဲ ဖြစ်မလာသေးပါဘူး။
ရွှေဝါရောင်တော်လှန်ရေးဟာလည်း ကျနော်တို့သမိုင်းမှတ်တိုင်တခုအနေနဲ့ နှစ်စဉ်နှစ်တိုင်း သတိတရနဲ့ အထိမ်းအမှတ်ပွဲတွေလုပ်ကြပြီး သင်ခန်းစာယူကြရမယ့် သမိုင်းမှတ်တိုင်တခုပါပဲ။

မြစ်ဆုံဆည်ကန့်ကွက်ဖို့ဟာ ယနေ့အချိန်မှာ အရေးကြီးအရေးပေါ် အမျိုးသားရေးနဲ့ တိုင်းပြည်အကျိုးစီးပွားကိစ္စဖြစ်ပြီး ရွှေဝါရောင်တော်လှန်ရေးဟာ မြန်မာ့သမိုင်းမှာ အရေးပါခဲ့တဲ့ လွန်ခဲ့ပြီးသောအဖြစ်အပျက်ကို အမှတ်ရ သင်ခန်းစာယူကြတဲ့ကိစ္စဖြစ်ပါတယ်။

မဖြစ်မနေလုပ်ကြမယ်ဆိုရင် ကျနော်တို့ ဘယ်လိုခေါင်းစဉ်အောက်မှာ လုပ်ကြမလဲဆိုတာကို ကျနော်စဉ်းစားမိတာလေးကို တင်ပြထားတာပါ။

(ကျနော်ဟာ နိုင်ငံရေးသမားတယောက်မဟုတ်ဘဲ နိုင်ငံရေးကို စိတ်ဝင်စားလွန်းပြီး မရေးရ၊ မတွေးရ မနေနိုင်လွန်းလို့ ရေးခြင်းသာ ဖြစ်တဲ့အတွက် အမှားပါသွားရင်တော့ ခွင့်လွှတ်ပေးပါ)
18 hours ago · Like · 1 person

Ni Ni Mar · Friends with Burma Today and 11 others
ရေးတယ်ဆိုတာတော်သင့်မှန်ကန်အကြောင်းအကျိုးများစေတာကိုသာရေးသင့်တယ်... ဒီအချိန်မှာအပြစ်တင်ဝေဖန်ပြီးအချင်းချင်းအငြင်းပွါးစရာစကားများရတဲ့ဟာမျိုးမဖြစ်သင့်ဘူး... ညီညွတ်ရေးရှိရမယ်...ရေးချင်တိုင်းရေးခွင့်ရှိသော်လည်းစာအရေးအသားအတွေးအခေါ်ကအရမ်းအရေးကြီးပါတယ်...အချိန်မကျဘူးဆိုတဲ့စကားကိုကအပြစ်တင်နေတာပဲ...စဉ်းစားပြီးမှရေးပါ...ငါပို့စ်တင်ရရင်ပြီးရောမလုပ်ပါနဲ့...ဟိုလိုလိုဒီလိုလိုအတွေးမျိုးတွေရေးမနေပါနဲ့...အကောင်းဆုံးကတော့အခုရေးထားတဲ့postကိုဖျက်လိုက်ရင်ကောင်းမယ်ဆိုတာအကြံပေးပါရစေ...အချင်းချင်းမညီညွတ်မှာစိုးလို့ပါ...
18 hours ago · Like

Ko Htoo
ကျနော်ရေးထားတာ အပြုသဘောဆောင်ပြီး မိမိအတွေးကို တင်ပြထားခြင်းသာ ဖြစ်ပါတယ်။

၁၉၆၂ ခု နေ၀င်းအာဏာသိမ်းတဲ့ အချိန်ကစပြီး ခုအချိန်အထိ တောင်းဆိုနေတဲ့ ဒီမိုကရေစီဆိုတာကို မ Ni Ni Mar နားမလည်သေးလို့သာ ကျနော့်ပိုစ့်ကို ဖျက်ဖို့ တောင်းဆိုနေတာ ဖြစ်ပါတယ်။

ကျနော့်အမြင်ကို အပြုသဘောနဲ့ ရှုမြင်ပြီးရေးထားတဲ့အတွက်ကြောင့် ဘန်ကီးမွန်းက ဖျက်ဖို့တောင်းဆိုတာတောင် ကျနော်မဖျက်နိုင်ပါဘူး။

ဧရာဝတီအင်တာနက်သတင်းမှာ ဒေါ်စုပြောတဲ့စကားကို ဖတ်ကြည့်ပါအုံးလို့လည်း အကြံပြုလိုပါတယ်
17 hours ago · Like · 2 people

Ei Aye
Thank you Ko Htoo
17 hours ago · Like

Ni Ni Mar · Friends with Burma Today and 11 others
ဒီမိုကရေစီနိုင်ငံမှာနေနေတဲ့လူတစ်ယောက်ကိုဒီမိုကရေစီနားမလည်ပါဘူးဆိုတော့မခက်ပေဘူးလား။ နားမလည်သူကဒီမိုကရေစီနဲ့မတန်သေးဘူးလို့ပြောတဲ့လူ...အဲဒီလူကိုသွားပြောလိုက်ရင်ပိုကောင်းပါလိမ့်မယ်...
သူများပြောတိုင်းမယုံနဲ့ဆိုတဲ့စကားရှိတယ်...အချိန်မကျသေးဘူးဆိုတဲ့စကားကိုဦးနေဝင်းခေတ်ကတည်းကတောင်းဆိုနေတဲ့ဒီမိုကရေစီလို့သိထားရင်မပြောသင့်ဘူး...ကိုယ်ကိုယ်တိုင်ချင့်ချိန်ပြီးမှပြောရင်ပိုမကောင်းဘူးလား...ရှေ့စကားနောက်စကားမညီပါလား...
16 hours ago · Like

Hla Yin Wine
အပြစ်တင်တာ ကသပ်သပ်...ဝေဖန်တာက တပိုင်း.... ပါ ...ကိုယ်လုပ်ချင်တာနဲ့ မတူတိုင်း ရန်သူမှတ်ရင် ဒီမိုကရေစီ ကို တကယ်နားမလည်သေးလို့ပဲ ...အချိန်ယူပီး နိင်ငံအရေးကို အမျိုးသားရေးကို တစိုက်မတ်မတ် စိတ်ဝင်စားလာမယ် ဆိုရင် တစ်ဘက်က အချိန်ထပ်ဆွဲသွားနိင်တာကို တွေးနိင်ရမယ်လေ...ဒီအချိန် ရောက်နေပီ နအဖ ပါးစပ် ဟ ရင် အူဘယ်နှခွေလဲသိသင့်ကြပါပီလေ
16 hours ago · Like · 1 person

Ni Ni Mar · Friends with Burma Today and 11 others
အချိန်ကျတာမှနှစ်ပေါင်း၅၀ရှိပြီလေ..လူတိုင်းဒီမိုကရေစီကိုလိုချင်လို့စောင့်နေတာလေ...အဲဒီတော့ဆုတောင်းပွဲလုပ်တဲ့လူတွေကိုဘာမှဝေဖန်အပြစ်မတင်တာပိုမကောင်းဘူးလား...ကောင်းတာလုပ်တာပဲ...လုပ်ပါလေ့စေ....
16 hours ago · Like

Friend Ever
ကျေးဇူးတင်ပါတယ်.. ကိုပါလ.. ရေ.။ အရမ်းကောင်းပြီး သင့်တော်မှန်ကန် ပါတယ်။ အခုလို အချိန်မျိုး အတွက်ပါ။ ကျွန်တော် တို့ ရဲ့ ယခု လက်ရှိအနေအထား က အမှား မခံ ဘူး ဆိုတာ နိုင်ငံ ရေး သမားကြီး တွေ ပြောကြပြီး ပါပြီး။ ကျွန်တော် လည်း နိုင်ငံရေးကို ဘာမှ နားမလည် ပါဘူး။ အထူးသဖြင့် အရမ်းရှုပ်ထွေးတဲ့ မြန်မာနိုင်ငံရေး ဆို ပိုပြီးတော့ ဥာဏ်မမီပါဘူး။ ဒါပေမယ့် ရှေးကဖြစ်ခဲ့တာတွေ၊ ပြည်သူတွေကြုံခဲ့ရတဲ့ နစ်နာမှုတွေ၊ အသက်ပေး ခဲ့ရတဲ့ အဖူးအပွင့် တွေ ဒါတွေ ကို သင်ခန်းစာထားပြီးတော့ သတိကြီးကြီးနဲ့ ဆောင်ရွက်နေတဲ့ ခေါင်းဆောင်တွေ ကို လေးစား အသိမှတ်ပြု ရမှာပါ။ အဲဒီခေါင်းဆောင် ကြီးတွေ လမ်းပေါ်ထွက်ရင် အားလုံးပါကြမှာပါ။ သူတို့မလုပ်သေးပါဘူး။ သူတို့မှာ ကျွန်တော်တို့ ဥာဏ်မမှီတဲ့ အကြံအစည်တွေ ရှိမှာပါ။ သူတို့ တွေရဲ့ စေတနာကတော့ ပြည်သူတွေကို နောက်ထပ် မနစ်နာစေချင်တာပါ။ ထုတ်လည်းပြောခဲ့ကြပြီးပါပြီး။
ပုဂ္ဂိုလ်ရေး ဆိုလို့ပေါ်မှာ ပါလို့ပြောချင်ပါတယ်။ ဒီမိုကရေစီမှာ ပုဂ္ဂိုလ်ရေးမရှိပါဘူး။ ဘယ်သူရဲ့သားသမီးဖြစ်လို့ ကိုးကွယ်တယ်ဆိုတာ အခုလို အသိဥာဏ် တိုးတက်နေတဲ့ ခေတ်မှာ မရှိတော့ပါဘူး။ လုပ်ဆောင်သူရဲ့ပြည်သူတွေ အပေါ် တိုးတက်စေချင်တဲ့ စေတနာ က ပြည်သူရဲ့ ယုံကြည်မှု ကို ဖြစ်စေပါတယ်။ ယုံကြည်ရင် အားကိုးတော့မှာပါ။ ဟုတ်ပါတယ်... အမှား အမှန်ကို ပုဂ္ဂိုလ် ရေးကြည်ညိုမှုနဲ့ဆုံးဖြတ်ရင် မမှန်ပါဘူး။ အမှားမကင်းတဲ့ လူသားတွေ လုပ်တာ ပဲ.... မဆုံးဖြတ်ဘူး၊ မရေးသား မဝေဖန်ဘူး ဆိုတဲ့ လူတိုင်း ရနေတဲ့ လူ့အခွင့်အရေးကို မသုံးပဲ နေရင် အပြစ်မကင်းပါဘူး။
16 hours ago · Like · 1 person

Ni Ni Mar · Friends with Burma Today and 11 others
ဒီမိုကရေစီနဲ့ပတ်သက်လို့တိုးတက်မှုရှိတာတွေအားလုံးကိုမလုပ်တာထက်စာရင်လုပ်နိုင်ရင်ပိုကောင်းပါတယ်...
15 hours ago · Like

Ni Ni Mar · Friends with Burma Today and 11 others
‎@hla yin wine "ကိုယ်လုပ်ချင်တာနဲ့ မတူတိုင်း ရန်သူမှတ်ရင် ဒီမိုကရေစီ ကို တကယ်နားမလည်သေးလို့ပဲ"ဆိုတာဘယ်သူကဘယ်သူကိုရန်သူသတ်မှတ်နေတာလဲ...သွေးကွဲစကားတွေပြောမနေပါနဲ့...အားလုံးဒီမိုကရေစီရဖို့မျော့်လင့်နေကြတယ်ဆိုရင်ဒီလိုမပြောသင့်ဘူး...ဆုတောင်းပွဲလုပ်တဲ့လူတွေကိုလည်းအပြစ်တင်စရာမလိုဘူးထင်ပါတယ်...ဆုတောင်းပွဲလုပ်တာဟာကောင်းတာကိုလုပ်တာဖြစ်လို့အတွေးမချော်ပါနဲ့...ကိုယ်သာသိတယ် သူများမသိဘူးလို့အဲဒီလိုထင်တယ်ဆိုကတည်းကကိုယ့်ကိုယ်ကိုအထင်အရမ်းကြီးနေလို့အဲဒီလိုပြောတယ်လို့ထင်ပါတယ်..အချိန်ယူတာနှစ်ပေါင်းကြာလှပြီဆိုတာလည်းထည့်ပြောအုံး...ဘာတစ်ခုမှတိုးတက်လာတာမတွေ့ရသေးသ၍သူတို့ပြောတာဘာမှမယုံကြည်ပါ....
15 hours ago · Like

Friend Ever
အားလုံးတော်ကြပါတယ်။ ဒီလိုအခြေအနေတွေမှာ မြန်မာပြည်ရဲ့ အခြေအနေက အရမ်းကိုင်တွယ်ရ ပညာပါရလိမ့်မယ်လို့ထင်ပါတယ်။ အဲဒါကို ခေါင်းဆောင်ကြီးတွေက သတိကြီးကြီးနဲ့ ဆောင်ရွက်နေကြမှာပါ။ သူငယ်ချင်းတို့ရေ... ကျွန်တော်တို့တွေတောင် ဒီလောက်ဝေဖန်ရေးသား နေကြတာ... ခေါင်းဆောင်တွေ ဘယ်လောက်များတွေးတော လုပ်ဆောင်နေကြမလဲ။
ဟုတ်ပါတယ်..... ရေးသားခြင်းလွပ်လပ်မှု အခွင့်အရေးအရ ရေးလိုတာကိုရေး၍ ရပါတယ်။ အကျိုးဆက်ကို ရေးသားသူက ခံယူမှာပါ။ တားဆီးတယ်ဆိုတာ သတင်းအရေးအသားလွပ်လပ်ခွင့် ကို လက်မခံနိုင်တဲ့သူဖြစ်ရမှာပါ။ ပိုစ ရေးသားတဲ့သူက အဲလို တားဆီးပယ်ဖျက်ခိုင်းသူကို ဒီမိုကရေစီ နားမလည်ဘူးလို့ ပြောပါတယ်။ မဟုတ်ပါဘူး ခင်ဗျာ... ဒီမိုကရေစီနဲ့ သဟဇာတ မကျတာပါ။ ဒီမိုကရေစီ နိုင်ငံကြီး တစ်ခုမှာ နေပြီး ခုလို စေတနာနဲ့ပြောဆိုတာ အရမ်းကျေးဇူးတင်ဖို့ကောင်းပါတယ်။ ကျွန်တော်တို့ထက် ဒီမိုကရစီကို ပိုနားလည်မှာ ပေါ့။ ဒါဆို.... ဘယ်ဒီမိုကရေစီ က ပြည်သူရဲ့လွပ်လပ်စွာရေးသား တာ ကို အဲလို ဖျက်လိုက်ပါလို့ တားဆီးတာရှိပါသလဲ ခင်ဗျား။ ကျေးဇူး တင်ဖို့ကောင်းပါတယ်။ တားဆီးတာကလဲ စေတနာ တခုခုပါမှာပါ။ ....
15 hours ago · Like · 1 person

Ni Ni Mar · Friends with Burma Today and 11 others
အခုလိုညီညီညွတ်ညွတ်ရှိရမည့်အချိန်မှာတစ်ယောက်လုပ်တာကိုတစ်ယာက်ကဝေဖန်နေမည့်စာတွေကိုရေးနေမည့်အစားဒီထက်အကျိုးရှိမည့်စာတွေပိုရေးသားသင့်ပါတယ်.....အငြင်းပွားဝေဖန်နေကြရင်တစ်ဖက်ကပိုလို့သဘောကျပါလိမ့်မယ်...စုစုစည်းစည်းစည်းနဲ့စည်းလုံးမှုရဖို့လိုနေတဲ့အချိန်မှာချင့်ချိန်ပြီးရေးသားစေချင်တာပါ...
15 hours ago · Like

Friend Ever
ဒီပို့စမှာ သွေးကွဲစေလို ခြင်းဆိုတာကိုတော့ ကျွန်တော် ဥာဏ်နဲ့ ရှာမတွေ့ပါဘူး။ ဒီမှာ ပြောချင်တာ က ပြည်တွင်းက ချီတက်သူတွေက သူတို့ဟာ ဆုတောင်းဖို့ဆိုတဲ့ ရည်ရွယ်ချက် တခုတည်းဖြစ်ပြီး ဆန္ဒပြဖို့မရည်ရွယ်ဘူးဆိုပါတယ်။ စေတနာ နဲ့ ဆုတောင်း ပွဲလုပ်တာ ကောင်းတာပေါ့ လို့ ကျွန်တော်တို့ ရဲ့လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းဆုကြည်က ပြောကြားသွားပါတယ်။ ဟုတ်ပါတယ်... စေတနာအမှားမဖြစ်ရင် ကောင်းတာပေါ့ဗျာ။
သင့်တော်တဲ့ အချိန်၊ လုပ်သင့်တဲ့ အချိန် ဘယ်သူသတ်မှတ်တယ်ရယ် မရှိပါဘူး။ ကိုယ်ထွက်ချင်တဲ့ အချိန်ထွက်မယ် ဆိုတာကလည်း နည်းနည်း အတ္တဆန်ပြီး အများအတွက် နစ်နာမှာကို ထည့်မစဉ်းစားဘူးလား ကျွန်တော် သံသယ ဖြစ်ပါတယ်။
15 hours ago · Like · 1 person

Friend Ever
ညီညွတ်ကြတာကောင်းပါတယ်။ အမြင်မတူ ပဲ ညီညွတ်တာပိုပြီး ခွန်အားဖြစ်စေမှာပါ။ ကျွန်တော်ရေးထားတာ တွေမှားတာတွေ များမှာပါ။ ဟုတ်ပါတယ်... မြန်မာပြည်သူပြည်သားတွေ အားလုံး ရည်ရွယ်တူပါတယ်။ လှုပ်ရှားပုံစံ မတူတာကိုလည်း လက်ခံရမှာပါ။ တစ်ဖက်တစ်လမ်း တစ်တပ်တစ်အား ထောက်ခံရမှာပါ။ ဒါပေမယ့် ခရီးတစ်ခုတည်း၊ တစ်လှေထဲ သွားနေတဲ့ အရေးကြီးတဲ့ အချိန်တွေမှာ၊ ကိုယ်လှုပ်ရှားတာ သူများကို အန္တရာယ် မဖြစ်စေသင့်ပါဘူး။ ပန်းတိုင်ရောက်လိုဇော၊ အများကောင်းကျိုး ဆောင်ရွက်လိုဇော နဲ့ ဘယ်လိုတွေးပြီး ဘယ်လိုဆုံးဖြတ်လိုက်မှန်းမသိ ကိုယ်နေရာက လှေဝမ်းကို ဖောက်တာ မျိုးဆိုရင်တော့ တစ်လှေလုံး ငြိမ်နေမှာ မဟုတ်တော့ပါဘူး။
ရေးကြပါ။ ကျွန်တော်နားမလည်ပါဘူး။ ဝေဖန်ကြပါ။ ဆွေးနွေးကြပါ။ ဒါပေမယ့် သူတစ်ပါးရဲ့ ယုံကြည်မှု၊ စေတနာတစ်ခုခု ပါတဲ့ ဖန်တီးမှု တွေကို ပယ်ဖျက်ဖို့ တောင်းဆိုဝေဖန်တာ ဟာ လူ့အဆင့်ရဲ့ ဘယ်လိုမျိုးပါလိမ့်ဆိုတာကို ကျွန်တော် ဥာဏ်မမီပါဘူး ဗျာ။ အမြင်မတူရင် ဝေဖန်တာ၊ တိုက်ခိုက်တာတွေက အသစ် အသစ်သော နည်းလမ်း တွေကို တွေ့ရှိစေတာ မို့အရမ်းကောင်းပါတယ်။
ပုဂ္ဂိုလ်ရေးမပါဘဲ လုပ်ရပ်တွေအပေါ်မှာ ပြင်ပေး၊ ဝေဖန်၊ ဆွေးနွေး၊ ထောက်ပြတယ် ဆိုရင် ညီညွတ်လာကြမှာပါ။ မှန်ကန်သော စေတနာ ပါရမှာပေါ့ ဗျာ.......
15 hours ago · Like · 1 person

Ni Ni Mar · Friends with Burma Today and 11 others
ဆုတောင်းပွဲလုပ်တာဟာကောင်းတာလုပ်တာပါပဲ....အချိန်မကျသေးဘူးလို့ရေးဖို့မလိုဘူးထင်ပါတယ်...အခုကလည်းငြိမ်းငြိမ်းချမ်းချမ်းဆုတောင်းပွဲလုပ်ကြတာပါ...အဲဒါကိုဝေဖန်နေရင်တစ်ဖက်လူကိုပိုအားပေးသလိုဖြစ်သွားပါလိမ့်မယ်...စစ်မှန်တဲ့ဒီမိုကရေစီရဖို့အတွက်အားလုံးကြိုးစားနေကြတယ်လို့နားလည်ရင်ဆုတောင်းတဲ့သူတွေကိုပြစ်တင်ဝေဖန်စာရေးနေတာဟာအကျိုးရှိမရှိစဉ်းစားစေချင်ပါတယ်...
15 hours ago · Like

Friend Ever
‎@Ni Ni Mar: ဟုတ်တာပေါ့ ဗျာ.. ညီညီညွတ်ညွတ်ရှိရမယ့် အချိန်လို့ထောက်ပြတာ အရမ်းကျေးဇူးကြီးပါတယ်။ ဝေဖန်ခြင်းဆိုတာ အကျိုးများစေပါတယ်။ မလုပ်သင့်ဘူး ဆိုတာ ပြောမယ် ဆိုရင် တော့ ဒီမိုကရေစီ နိုင်ငံရဲ့အခွင့်အရေးကိုတော့ ကျနော်နားမလည်ပါဘူး။ ဒါပေမယ်... အဲဒီလိုဒီမိုကရေစီမှ နိုင်ငံကြီးမှာနေပြီး၊ မီဒီယာကို ကန့်သတ်တာဟာ အာဏာရှင် ဒီမိုကရေစီ လမ်းစဉ်အသစ်များလား။ လုပ်ရပ်မှန်သမျှဟာ ဝေဖန်ခွင့် ရှိမှ အနှစ်သာရရှိမှာပါ။ ဒီမှာ ဝေဖန်ဆွေးနွေး ကြတဲံ ရေးကြ တဲ့ သူတွေအတွေး ချော်တယ်ဆိုရင် ဘယ်လိုတည့်ရမှာလဲဗျာ။ ဆုတောင်းတာ ကိုမကောင်းဘူး မပြောပါဘူး။ အဲဒီအနေအထားလေး မတူတာ ကို လက်မခံ နိုင်တာဟာ တခြားနေရာမှာ နေရင် မပြောလိုပါဘူး။ ဒီမိုကရေစီနိုင်ငံ မှာနေတယ်ဆိုတော့ ကိုယ်ကိုကိုယ် ရှက်သင့်ပါတယ်။ ဒါတွေက အများကို အသုံးချ လမ်းခင်းပြီး တတိယ ထွက်သွားကြတဲ့ စိတ်ရူးပေါက်နေတဲ့ သူတွေ ဖြစ်တတ်ပါတယ်။ နားလည်ပါတယ်။ လမ်းပေါ်မှာ သေကြ မှာကိုတော့ အဲလို ဒီမိုကရေစီ နိုင်ငံ ကနေ လက်ခုပ်တီးပြီး ဘေးဝိုင်းမလုပ်သင့် ဘူးလို့ ဆိုလိုက် ရင် အတွေးအခေါ်မချော်ဘဲ မှန်တယ်လို့ ပြောမလားဗျာ။ ကျေးဇူး တင်ဖို့ကောင်းပါတယ်။ ဒီမိုကရစီ နဲ့ ပတ်သက်သမျှ ဝေမျှပါလို့ ပြောပါရစေ။
15 hours ago · Like

Friend Ever
‎"Everyone has the right to freedom of opinion and expression; this right includes freedom to hold opinions without interference, and impart information and ideas through any media regardless of frontiers" ဒါကို ဒီမိုကရေစီ နိုင်ငံမှာနေ နေတဲ့သူက ရှင်းပြရင် ကျနော်တို့ ဒီမိုကရေစီပညာတိုးမှာပါ။
14 hours ago · Like

Ni Ni Mar · Friends with Burma Today and 11 others
‎@friend ever မီဒီယာသည်အခုချိန်မှာစည်းလုံးသွေးစည်းမှုအတွက်ရေးသားတာကပိုကောင်းပါတယ်...လုပ်တဲ့သူတွေကိုပြစ်တင်ဝေဖန်နေကြလို့လဲဒီလောက်ထိအချိန်ကြာလာတာပါ...ကိုယ်လည်းမလုပ်သူများလုပ်တော့လည်းဝိုင်းဝေဖန်တာဟာမကောင်းပါဘူး...လွတ်လပ်စွာသဘောထားကွဲလွဲခွင့်ရှိပါတယ်...ဒီမိုကရေစီနိုင်ငံအစစ်မှာမကျေနပ်ရင်လွှတ်တော်ထဲမှာတောင်လက်သီးလက်မောင်းတန်းပြီးပြောကြဆိုကြတာဆိုရင်အခုလိုမျိုးဆုတောင်းပွဲလေးကိုငြိမ်းငြိမ်းချမ်းချမ်းလုပ်တာကိုဘာမှပြောစရာမလိုဘူးလို့ထင်ပါတယ်...
14 hours ago · Like

Ni Ni Mar · Friends with Burma Today and 11 others
ဒီမိုကရေစီနိုင်ငံလို့ကြွေးကြော်နေပြီး ဒီမိုကရေစီအခွင့်အရေးမရှိတာကမှရှက်သင့်တာပါ။
14 hours ago · Like

Friend Ever
ဟုတ်ပါတယ်ဗျာ.... စည်းလုံးညီညွတ်ဖို့ရေးတာကောင်းတာပေါ့။ ကောင်းတယ် စည်းလုံးကြ အားလုံးထွက်ကြ ဆိုတာမျိုးရေးကြရင် ပိုကောင်းမယ်လို့မထင်မိဘူးလားဗျာ။ ကိုယ်ကောင်းတယ် လို့ထင်မှတ်တဲ့ အရာတွေပဲ ရေးစေချင်တာက အတ္တကြီးတာပေါ့ဗျာ။ အပေါ်က အခွင့်အရေးလေးကို ဖတ်ပါဗျာ။ ဟုတ်ပါတယ်... ကျနော်တို့ကခံနေကြရတာပါ။ အရပ်သားတဖြစ်လဲ စစ်အစိုးရရဲ့ ကြွေးကြော်တာတွေ၊ ဒီမိုကရေစီလို့ဟစ်တာတွေဟာ ရှက်စရာ ကောင်းသလို အားလုံးနစ်နာနေကြပါတယ်။ အဲဒါကို လူထုရဲ့ ခေါင်းဆောင်တွေ က သတိရှိရှိနဲ့လုပ်နေတာပေါ့ဗျာ။ ဆုတောင်းတာ ကို အချိန်မကျသေးဘူး ဝေဖန်သူတွေ နဲ့ လုပ်သင့်တယ်လို့ထောက်ခံသူတွေဟာ ရည်ရွယ်ချက်တူကြပါတယ်။ စစ်အာဏာ ရှင်လက်အောက်က လွတ်ဖို့ ဒီမိုကရေစီ ရဖို့ပါ။ ရေးသားမှု အပေါ်မှာ ဒီမိုကရေစီနိုင်ငံမှာ မှီခိုနေသူဆို ရင် အပြုသဘော ဝေဖန်တာကောင်းပါတယ်။ ပယ်ဖျက်ခိုင်းတယ် ဆိုတာတော့ သွေးရူးသွေးတန်း အာဏာရှင်ဆန်ပါတယ်။ လွတ်လပ်စွာပြောဆိုရေးသားခွင့် ကို ဘာသာပြန်ပြီး ဒီမိုကရေစီ အပြည့်အ၀ခံစားနေတဲ့သူက ဝေမျှသင့်ပါတယ်။ ကျနော် နိုင်ငံရေးကို နားမလည်ပါဘူး။ ကျနော် တို့ပြည်သူတွေသေကြတာ များပြီး။ Ni Ni Mar တို့လိုဒါတွေကို ခုတုံးလုပ်ပြီး တတိယနိုင်ငံမှာ ဒီမိုကရေစီ ခံစားနေရတဲ့သူတွေ ကတော့ အမြင်တွေ လွပ်လပ်မှာပါ။ ပြည်သူတွေနဲ့ ကလေးတွေပဲ သေကြမှာ။ ကိုယ်ရေးတာကို ကိုယ်တာဝန်ယူ ကြသလိုပါ ပဲ။ ပြောတာကိုလည်း လွပ်လပ်ခွင့် ပေးထားပြီး တာဝန်ယူကြရမှာပါ။ ဒီမိုကရေစီနိုင်ငံကနေပြီး ရှက်သင့်တယ်လို့ ပြောပြတာ ကျေးဇူးတင်ပါတယ်။
14 hours ago · Like

Ni Ni Mar · Friends with Burma Today and 11 others
တတိယနိုင်ငံတွေဘာတွေတော့မသိဘူး...လစဉ်အခွန်ကိုနိုင်ငံတော်ချမ်းသာဖို့အခွန်ဆောင်ပေးနေပါတယ်...ဘယ်နိုင်ငံကမှမကောက်တဲ့အခွန်၁၀%ကိုဆောင်နေတာကြာလှပေါ့...
14 hours ago · Like · 1 person


Friend Ever 

အဲဒီလို နားလည်နေရင် ကျနော်တို့တွေထက်အများကြီးအမြင်ကျယ်နေတာပေါ့ဗျာ။ မျှဝေတာ ကျေးဇူးတင်ပါတယ်။ ထောင်ထဲက နိုင်ငံရေးသမားတွေကတော့ ဘ၀တစ်ခုလုံး ၁၀၀ % အခွန်ကို နေ့စဉ်ပေးနေကြတာပါ။ ကျနော်တို့တွေအတွက် ဘာမျှော်လင့်ချက်မှ မထားဘဲ လုပ်နေကြတာပါ။ နောက်ထပ် လူတွေ၊ ပညာတတ်တွေ၊ လူငယ်တွေ အဲဒီလို မဖြစ်စေချင်တော့တာ လူထုခေါင်းဆောင်တွေ နဲ့ လက်ရှိမြန်မာနိုင်ငံရေးကို နားလည်တဲ့ တန်ဖိုးရှိတဲ့ လူတွေအားလုံးရဲ့ဆန္ဒ ပါ။ အားလုံး ကလေးစားဖို့ ကောင်းပါတယ်။
14 hours ago · Like

Ni Ni Mar · Friends with Burma Today and 11 others
အဲဒီလိုပြောတာလည်းမှန်ပါတယ်...စစ်မှန်တဲ့ဒီမိုကရေစီရဖို့လုပ်နေကြတာပဲလေ...သွေးရူးသွေးတန်းနဲ့လုပ်နေကြတာတော့မဟုတ်ပါဘူး...စေတနာတွေကိုလည်းနားလည်စေချင်ပါတယ်...နားလည်စေချင်လို့အငြင်းပွါးမည့်စာမျိုးမရေးသားစေချင်တာပါ....ဒီမိုကရေစီတကယ်အစစ်အမှန်ရပြီးရင်တော့ဘာမှပြောစရာမလိုတော့ပါဘူး...အခုဟာကလုပ်ခဲ့တဲ့သူတွေအတွက်လည်းသူတို့အကျိုးမယုတ်စေချင်လို့စိုးရိမ်မိလို့ပြောတာပါ...
14 hours ago · Like

Friend Ever
ဟုတ်ပါတယ်။ အားလုံးလုပ်နေကြတာပါ။ သူတို့ကိုသွေးရူးသွေးတန်းလုပ်တယ် လို့ ကျနော် လုံးဝမသုံးမိပါဘူး။ ရေးသား ဖန်တီးမှု တစ်ခု ကို ပယ်ဖျက်ပါလို့ အပေါ် ကတောင်းဆိုသူကိုသာ ကျနော် ရည်ရွယ်တာပါ။ မြန်မာမှန်ရင် ကိုယ့်တိုင်းပြည်ကို စေတနာရှိကြတာ နားလည်ပါတယ်။ မရေးသားစေချင်ရင် ဝေဖန်ပါဗျာ၊ တိုက်ခိုက်ပါဗျာ၊ ဖျက်လိုက်ရင်ကောင်းမယ် ဆိုတာ ကတော့ဒီမိုကရေစီနားမလည်သေးတဲ့ ကျနော်က မှားတယ်လို့ပြောပါမယ်။ ကျနော်ယူဆတာ မှားရင်ပြောပေါ့ဗျာ။ ကျနော် ရေးခဲ့တဲ့ Comment တွေကိုကြည့်ပါ။ ပုဂ္ဂိုလ်ရေးနစ်နာစေလိုတာ မပါရဘူးဗျာ။ ရေးသားကြပါစေ။ ဝေဖန်တာက ဖတ်တဲ့သူတွေ လုပ်မယ်။ ဖျက်ခိုင်းတာတော့ ဘယ်သူလုပ်မှာပါလိမ့်။
ကျနော် တို့က ဒီမိုကရေစီအစစ်အမှန်ကို တကယ်လိုချင်နေတဲ့ အချိန်တွေမှာ မြန်မာနိုင်ငံသား ဒီမိုကရေစီနိုင်ငံရောက်နေတဲ့သူတွေ ကိုယ့်တာဝန်ကိုယ်သိကြမယ်ဆိုရင် အရမ်းကောင်းမှာပါ။ ဝေမျှပေးပါ။ ကျေးဇူးတင်ပါတယ်။
14 hours ago · Like

Ni Ni Mar · Friends with Burma Today and 11 others
အချင်းချင်းနားလည်မှုလွဲပြီးသူများလုပ်တာထိုင်ပြီးဝေဖန်ပြောဆိုနေတာကိုရေးနေမည့်အစားမရေးတာကမှကောင်းမယ်လို့ပြောချင်လို့ဖျက်ခိုင်းတာပါ...အန်တီစုကတောင်ဘာမှမပြောမဝေဖန်တာကိုဘာကြောင့်ဒီလိုအငြင်းပွါးစရာရေးသားနေမှာလဲ...ဧရာဝတီသတင်းဖတ်ကြည့်လိုက်ပါ...အန်တီစုဘာပြောသလဲဆိုတာကိုသိအောင်လုပ်ပြီးမှရေးပါ...ဝေဖန်ပါ...
ယမန်နေ့က ပြုလုပ်ခဲ့သည့် ၀တ်ပြုဆုတောင်းပွဲ များနှင့်ပတ်သက်သည့်အမြင်ကို ပြည်တွင်း သတင်းထောက်တဦးက ဒေါ်အောင်ဆန်းစုကြည်အား မေးမြန်းရာ နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး ဆုတောင်းခြင်း ဖြစ်သည့်အတွက် ကောင်းမွန်ကြောင်း ပြောသည်။

“စေတနာနဲ့ အားလုံးကောင်းဖို့ ဆုတောင်းတာဖြစ်တဲ့အတွက် ကောင်းတာပေါ့” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။
12 hours ago · Like

Friend Ever
အဲဒီသတင်းကိုအစအဆုံးနားလည်အောင်ပြန်ဖတ်စေချင်ပါတယ်ဗျာ။ ယဉ်ကျေးမှု နဲ့ပြောဆိုရေးသားတာလို့ ကိုယ်ကိုကိုယ် ယုံကြည်ပါတယ်။ ဖျက်ခိုင်းတယ်ဆိုတာ ကိုက လူမဆန်တဲ့ အပြုအမူသဘောအနေနဲ့ ခွင့်လွှတ်ပေးပါတယ်။ ရေးသားသူတွေကို လွပ်လပ်စွာ ရေးသားကြပါစေ။ ဖတ်သူတွေက ဝေဖန်ကြပါစေ။ လွပ်လပ်မှုတွေ ပေးလိုက်ပါ။ ကိုယ့်ကိုယ်နဲ့ကိုယ် တဲ့အောင်နေပါဗျာ။
12 hours ago · Like

Friend Ever
အငြင်းပွားရေးသားတာပဲဖြစ်ဖြစ်၊ ဘာပဲဖြစ်ဖြစ် အားလုံးက စေတနာ နဲ့ လုပ်တာတွေ ဖြစ်ကြလို့ ဝေဖန်တာ တစ်ခုပဲ လုပ်သင့်ပါတယ်။ ဖျက်ပါ ဆိုတာက တော့ ဒီမိုကရေစီ နိုင်ငံမှာ ရော အဲလို ကျင့်သုံး နေသလား။ ဝေမျှ ပညာပေး ပဲလုပ်ပါဗျာ။ စော်ကားနှိမ့်ချတာတွေ မလုပ်ကောင်းဘူးထင်တာပဲ။ ဒီမိုကရေစီ နိုင်ငံမှာ နေ နေ တာ ကိုလည်း သတိလေး ထားပါ။ ကျေးဇူးတင်ပါတယ်။
12 hours ago · Like

Ko Htoo
အိပ်ရေးပျက်တာ များလို့ မနေ့ညက အစောကြီးအိပ်လိုက်မိတယ်။ မနီနီမာ ပြောထားတာတွေ အရမ်းများနေတဲ့ ကျနော်ဆိုလိုရင်းတွေကိုပဲ ပြန်ဆွေးနွေးပါ့မယ်။

မနီနီမာပြောချင်တဲ့အဓိကအကြောင်းအရာတွေက ဒီပို့စ်ဟာ (၁) သွေးကွဲစေတယ်၊ အငြင်းပွားစရာဖြစ်တယ်။ စည်းလုံးမှုကို ပျက်ပြားစေနိုင်တယ်။ (၂) ဆန္ဒပြသူတွေကို အချိန်မကျသေးဘူးလို့ မပြောသင့်ဘူး။ (၃) လုပ်တဲ့သူတွေကို ထိုင်ပြီး ဝေဖန်လေကန်ရေး မလုပ်သင့်ဘူး။ ဒါပဲထင်တယ်။

ကျနော်ပြန် ဆွေးနွေးပါ့မယ်။
(၁) ကို ကျနော်ပြန်ဆွေးနွေးရရင် ကျနော်ဟာ အမြင်တမျိုးနဲ့ အပြုသဘောဆောင်ပြီး ရေးထားခြင်းသာ ဖြစ်ပါတယ်။ အဖွဲ့အစည်းတခုနဲ့ ဥပမာပေးပါ့မယ်။ အဖွဲ့အစည်းတခုအတွင်းမှာ လုပ်ငန်းစဉ်တခုအတွက် စကားပြောကြစဉ် ကျနော်က ဒီလုပ်ငန်းစဉ်ကို ဒီလိုမျိုးလုပ်တာထက်စာရင် နောက်တမျိုးနဲ့ ပြောင်းလုပ်ဖို့ကို အကြံပြုတယ်ဆိုပါစို့။ ကျနော့်အကြံပြုချက်ဟာ လုပ်မယ့်လုပ်ငန်းစဉ်အတွက် အဖျက်အမှောက်ဖြစ်စေနိုင်ပါသလား၊ အငြင်းပွားစရာ ဖြစ်စေနိုင်ပါသလား၊ အဖွဲ့အစည်းကြီးတခုလုံးကို ပျက်စီးစေနိုင်ပါသလား၊ အဖွဲ့အတွင်းမှာ ရှိနေကြတဲ့ လူအားလုံးကို သွေးကွဲစရာ ဖြစ်စေနိုင်သလား။ အဖွဲ့ထဲမှာ ခုလိုပဲ မနီနီမာ ရှိမယ်၊ ကျနော်ရှိမယ် ဆိုကြပါစို့။ ကျနော်က အဆိုပြုမယ်။ မနီနီမာက ကန့်ကွက်မယ်။ အဖွဲ့တွင်းမှာ ရှိနေတဲ့လူအားလုံးက အဆိုပြုတာကို လက်ခံတာနဲ့ ကန့်ကွက်တာကို လက်ခံတာရှိမယ်။ ဒါဆိုရင် လူများစုရဲ့ ဆန္ဒအလျောက် ကျနော်တို့ ဆုံးဖြတ်ကြရပါလိမ့်မယ်။

နောက်ဆုံးတခု ကျနော်အကြံပြုချက်ဟာ အဖွဲ့အတွက် အနာဂတ်မှာ ကောင်းကျိုးဖြစ်စေနိုင်မယ်ဆိုရင်တောင် အဖွဲ့တွင်းမှာရှိတဲ့ လူအများစုရဲ့ ဆန္ဒကိုပဲ ကျနော်တို့ ဦးစားပေးစဉ်းစားရမှာပါ။ တခြားတဖက်ကလည်း ဖြစ်လာနိုင်ချေရှိတာတွေအတွက် ကျနော်တို့ကြိုတင်ပြင်ဆင်မှု လုပ်လို့ရနိုင်လာမယ်လို့ ယူဆတဲ့အတွက်ကြောင့် မနီနီမာရဲ့ သွေးကွဲစေတယ်လို့ ယူဆတဲ့စကားကို ကျနော့်အနေနဲ့ ကျိုးကြောင်းဆီလျော်စွာ လက်မခံပါဘူး။
4 hours ago · Like · 1 person

Ko Htoo
‎(၂) ကို ပြန်ဆွေးနွေးရမယ်ဆိုရင် မနီနီမာရေးထားတဲ့ ဒေါ်စုစကားကိုပဲ ကျနော်ထောက်ပြရပါလိမ့်မယ်။ ဒေါ်စုပြောတာက ဆုတောင်းပွဲလုပ်တာ ကောင်းတာပေါ့ တဲ့၊ ဒေါ်နော်အုန်းလှ ပြောတာကလည်း ကျမတို့ ဆန္ဒပြကြတာမဟုတ်ပါဘူးတဲ့၊ ကျမတို့ လုပ်ရိုးလုပ်စဉ် လုပ်နေကျ ဆုတောင်းပွဲ လုပ်ကြတာပါတဲ့။

၂၆-ရက်နေ့ သတင်းမှာ တက်လာတာက မြန်မာပြည်တွင်းမှာ ရဲရဲတောက်ဆန္ဒပြတို့၊ မကြောက်မရွံ့ဆန္ဒပြ တို့ ဆိုပြီး တက်လာပါတယ်။ သတင်းသမားတွေ၊ နိုင်ငံသမားတွေရဲ့ စကားလုံးအသုံးပြုပုံဟာ အရမ်းကို အရေးကြီး ပညာသားပါပါတယ်။ ဆိုးကျိုး၊ ကောင်းကျိုး အများကြီး ဖြစ်စေနိုင်ပါတယ်။

သတင်းသမားတွေအနေနဲ့က သူတို့ရေးလိုက်တဲ့သတင်းကို လူအကြိုက်ဖြစ်အောင် အကြီးကြီးတွေ လုပ်ပြီးရေးကြပါတယ်။ ပြည်ပက နိုင်ငံရေးသမား ဘလောခ့်ဂါတွေကလည်း စာသင်ကျောင်းထဲက၊ လုပ်ငန်းခွင်ထဲက၊ အိပ်ရာထဲကနေ Laptop လေးတလုံးစီနဲ့ သတင်းဌာနတွေကို ကိုးကားပြီး ပြည်တွင်းမှာဆန္ဒပြနေကြပြီ၊ ရဲရဲတောက်ပဲဟ၊ သတ္တိရှိလိုက်ကြတာနော် ဆိုတာတွေးရေးရင်း လုပ်ကြဟ၊ ချကြဟ။ ငါတို့တော့ မလာနိုင်သေးပါဘူး စာသင်နေလို့၊ အလုပ်လုပ်နေလို့ အိပ်ချင်နေသေးလို့ နင်တို့တွေက သတ္တိရှိတယ်။ သေရင်လည်း နင်တို့ အာဇာနည်တွေ ဖြစ်မှာ ငါတို့ဘလောခ့်မှာ တင်ပေးမှာ......... စိတ်ချ ဆိုပြီး laptop လေးနှိပ်လိုက်။ အားပေးလိုက်။ စာသင်၊ အလုပ်လုပ်လိုက်ပါပဲ။

ယနေ့အချိန် အာဏာရှင်စနစ်လက်အောက်မှာပဲ ရှိသေးတဲ့ မြန်မာနိုင်ငံတွင်းမှာ ဆန္ဒပြပွဲဖြစ်ရင် အရင်ဆုံး ပြည်ပက ကျနော်တို့ လုပ်နိုင်တာက လုပ်နေတဲ့သူတွေကို ဆုတောင်းပေးရမယ်။ အရိုက်မခံရပါစေနဲ့၊ ပစ်သတ်မှုတွေမဖြစ်ကြပါစေနဲ့၊ ထောင်တွေထပ်မကျပါစေနဲ့ ဆိုပြီး ဆုတောင်းပြီး ဆန္ဒပြသူတွေကို ထောက်ခံတာဟာ သူတို့ရဲ့ သတ္တိကို ချီးကျူးဂုဏ်ပြုတာနဲ့ အတူတူပါပဲ။ မြှောက်ပေးနေမှပဲ သူတို့ကို ချီးကျူးဂုဏ်ပြုနိုင်ကြတာ မဟုတ်ပါဘူး။

၂၆-ရက်နေ့တက်လာတဲ့ သတင်းဌာနနဲ့ ဘလောခ့်တွေကို ပြန်ကြည်မယ်ဆိုရင် ဆုတောင်းပွဲ လုပ်တယ်ဆိုတာကနည်းပြီး ရဲရဲတောက်ဆန္ဒပြကြတယ် ဆိုတာက များနေပါတယ်။ ရလာတဲ့ အကျိုးဆက်ကိုလည်း ကြည့်ရင်လည်း ၂၆-ရက်နေ့မှာ တချို့အဖမ်းခံလိုက်ရတယ်။ ၂၇-ရက်နေ့ ၀တ်ပြုဆုတောင်းတာ ငြိမ်းချမ်းစွာနဲ့ ပြီးသွားတယ်။

အကယ်၍သာ ၂၆-ရက်နေ့မှာ ၀တ်ပြုဆုတောင်ပွဲလေးကို အကျဉ်းသား၊ လွတ်မြောက်ရေး၊ မြစ်ဆုံဆည်ရပ်တန့်ရေး စာတန်းများပါ အ၀ါရောင်အကျီဆင်တူဝတ်ဆင်ထားကြပြီး ပြုလုပ်ကြပါတယ်ဆိုပြီး ရေးကြ၊ သူတို့အတွက် ၀ိုင်းပြီး ဆုတောင်းဂုဏ်ပြုကြမယ်ဆိုရင် ၂၇-ရက်နေ့မှာလိုပဲ အေးချမ်းစွာ ပြီးသွားလိမ့်မယ်လို့ ယုံကြည့်ပါတယ်။

ဒါကြောင့် ပြည်ပက သတင်းသမားမဟုတ်တဲ့ နိုင်ငံရေးစိတ်ဝင်စားပြီး တိုင်းပြည်တိုးတက်ပြောင်းလဲလိုတဲ့ သူတွေဟာ သတင်းသမားတွေ နိုင်ငံရေးသမားကြီးတွေရဲ့ စကားလုံးအသုံးအနှုန်းတွေကို သတိကြီးကြီးထားပြီး ချဉ်းကပ်သင့်ပါတယ်။

(၂) အရပဲ အချိန်မကျသေးပါဖူး လို့ ပြောဆိုထားတာ မဟုတ်ပါဘူး။ အချိန်မကျသေးဖူးထင်ပါတယ်လို့ ကျနော်သုံးထားပါတယ်။ ဒါကျနော့်ထင်မြင်ချက်ပါ။ စွပ်စွဲချက်မဟုတ်ပါဘူး။
4 hours ago · Like

Ko Htoo
ဘာကြောင့် ကျနော်ဒီလိုထင်မြင်ရပါသလဲဆိုရင် (၁) တိုင်းပြည်တွင်းမှာ ဆန္ဒပြပွဲဖြစ်ချင်တဲ့သူ အများစုဟာ ပြည်ပကများနေတယ်လို့ ထင်ပါတယ်။ မြစ်ဆုံဆည်ဆောက်ရေးကို ကိုးကားပါမယ်။ အင်တာနက်ကို အများဆုံးအသုံးပြုနိုင်တာ ပြည်ပကပါ။ မြစ်ဆုံဆည်ကန့်ကွက်ရေးကို အင်တာနက်ကနေ အပြင်းအထန်ကန့်ကွက်နေကြပါတယ်။ ပြည်တွင်းမှာလည်း နာမည်ကြီး စာရေးဆရာကြီးတွေ ဆည်ကြောင့် ဖြစ်လာနိုင်မယ့် အပြစ်တွေကို ဟောပြောကြ စည်းရုံးကြပေမယ့် ပြည်တွင်းမှာ ဖြစ်မလာနိုင်ခဲ့သေးပါဘူး။ ဒါကြောင့် ပြည်ပမှာနေသူတွေဟာ ပြည်တွင်းက ကျပ်တည်းကျဉ်းမြောင်းစွာ လုပ်နေရတဲ့ အခြေအနေကို ယထာဘူတကျကျ သုံးသပ်ဖို့ လိုအပ်ပါတယ်။

ဘယ်အချိန်ပဲဖြစ်ဖြစ် လုပ်တဲ့အချိန်ဟာ ဖြစ်တဲ့အချိန်ပဲဆိုတာ နိုင်ငံေ၇းကို စိတ်ဝင်စားမှုအားနည်းတဲ့လူတွေ ပြောစကားသာ ဖြစ်ပါလိမ့်မယ်။ ဥပမာတခု ကျနော်ဆိုပါမယ်။ ၀ါရင့်သမ္ဘာရင့် စီးပွားရေးလုပ်ငန်းရှင်ကြီး တဦးဟာ သူလုပ်မယ့် စီးပွားေ၇းတခုမှာ စီးပွားရေး အကျိုးအမြတ်ရဖို့ မမျှော်လင့်ရင် လုပ်မှာ မဟုတ်ပါဘူး။ ဘယ်လောကကလူပဲဖြစ်ဖြစ် မိမိကျင်လည်နေရတဲ့ လောကအတွက် အကျိုးမရှိဘူးဆိုရင် လုပ်ကြမှာမဟုတ်ပါဘူး။

စစ်မှန်တဲ့ နိုင်ငံရေးသမားတွေဟာလည်း မိမိကိုယ်ကျိုးစီးပွားတွေကို ဘယ်လောက်ပဲ စွန်လွှတ်ထားပေမယ့် လုပ်တဲ့အလုပ်တိုင်းမှာ တိုင်းပြည်အတွက် နိုင်ငံရေးအကျိုးအမြတ်ကို အမြဲတွက်ဆချင့်ချိန်နေမှာပါ။ စစ်မှန်တဲ့ နိုင်ငံရေးဝါရင့်လာလေလေ၊ နိုင်ငံရေးအကျိုးအမြတ်အတွက် ချင့်ချိန်တွက်ဆပြီး လုပ်လေလို့ ကျနော်ယူဆပါတယ်။

ကျနော့်ယူဆချက်ထဲမှာ နိုင်ငံရေးကို ခုတုံးလုပ်ပြီး ကိုယ်ကျိုးရှာနေတဲ့ နိုင်ငံရေးသမားတွေ၊ သူများယောင်လို့ လိုက်ယောင်ပြီး အမောင်တောင်မှန်း မြောက်မှန်းမသိတဲ့ လူတွေ မပါပါဘူး။

(၂) အနေနဲ့ အချိန်မကျသေးဘူးလို့ ကျနော်ထင်တာပါလို့ ရေးတာက အကျဉ်းသားလွတ်မြောက်ရေးကို ရှေ့တန်းတင်ပါတယ်။ လက်ရှိကြံ့ဖွတ်အစိုးရဟာ အာဏာသိမ်းမှုကို မလွဲမသွေလုပ်မယ်လို့ ယုံကြည်ထားပေမယ့် လူထုခေါင်းဆောင် ဖောက်ထားတဲ့လမ်းပေါ်ကနေ အာဏာမသိမ်းခင်မှာ နိုင်ငံရေးအကျိုးအမြတ်ကို အားလုံးက ရနိုင်သလောက်ဝိုင်းပြီး ယူကြဖို့ လိုပ်တယ်။ နောက်အာဏာသိမ်းမှာက တပိုင်းပါ။ မသိမ်းခင်လက်ရှိအခြေအနေမှာ ကြံ့ဖွက်က သူလိုချင်တာတွေရဖို့အတွက် နိုင်ငံတကာကို ပြုပြင်ပြောင်းလဲနေပါတယ်ဆိုတာ ပြကို ပြရအုံးမှာပါ။

နိုင်ငံတကာလက်ခံနိုင်အောင် လုပ်ပေးရမယ့် သူတို့ပြောင်းလဲရေးက ဘာလဲ၊ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့ပဲ ဖြစ်ပါတယ်။ ကျောင်းသားခေါင်းဆောင်တွေ အပြင်မှာရှိတာနဲ့တင် nld နဲ့ ဒေါ်စုတောင်မပါဝင်ဘဲ ရွှေဝါရောင်တော်လှန်ရေးလို လူထုအင်အားပြပွဲကြီးကို ဖော်ဆောင်နိုင်ဖို့ လမ်းခင်းပေးနိုင်ခဲ့ကြတယ်။ သူတို့တွေအပြင်မှာရောက်ကြလို့ရှိရင် nld တို့ လူထုခေါင်းဆောင်တို့ လက်တွဲညီညီနဲ့ နောက်တကြီမ်ပွဲကြီးကို အာဏာမသိမ်းခင်မှာ ဖော်ဆောင်နိုင်မှာ မလွဲမသွေပါပဲ။ ဒါကြောင့်မို့ အကျဉ်သားလွတ်မြောက်ရေးကို နှောင့်နေးကြန့်ကြာစေမှာကို မဖြစ်စေချင်တာပါ။

လိုအပ်လို့ဖြစ်လာတာက တားလို့မရပါဘူး။ ဒါပေမယ့် ဘေးတီးလို့ ပွဲစည်ပြီး မဖြစ်သင့်တာ မဖြစ်ရအောင် စေတနာအမှန်နဲ့ အကြံပြု ထင်မြင်ထားခြင်းသာ ဖြစ်ပါတယ်။
3 hours ago · Like · 1 person

Ko Htoo
‎(၃) အရကတော့ သိပ်ပြီး ဆွေးနွေးဖို့ မရှိပါဘူး။ အားလုံးမှာတာဝန်ရှိတယ်။ ၂၃ -နှစ်ကြာခဲ့ပြီ ဘာမှဖြစ်မလာသေးဘူးဆိုတာ သူများကို မေးခွန်းထုတ်နေကြမယ့် အစား ကိုယ့်ကိုကိုယ် ပြန်မေးခွန်းထုတ်ကြည့်ကြဖို့ အကြံပေးချင်ပါတယ်။ ငါကရော ဒီ ၂၃-နှစ်အတွင်းမှာ ဘာတွေလုပ်ခဲ့သလဲ လို့ပေါ့နော်....... အားလုံးကို ကျေးဇူးတင်ပါတယ်။ နောက်တချိန် အာဏာရှင်နဲ့ ထိပ်တိုက်ရင်ဆိုရမယ် အခါမှာ စာသင်ကျောင်းထဲမှာ ရှိနေလို့ပါ၊ အလုပ်ထဲမှာမို့လို့ပါ၊ အိပ်ရာပေါ်မှာမို့လို့ပါ ဆိုတာတွေ မရှိဖို့ ဆုတောင်းရင်း ကျနော်ကိုယ်တိုင်လည်း အပြောနဲ့အလုပ်ညီနိုင်အောင် ကြိုးစားသွားမှာပါ။
3 hours ago · Like · 1 person

Ni Ni Mar · Friends with Burma Today and 11 others
လက်ရှိအစိုးရဟာယူနီဖောင်းပြောင်းထားတဲ့အစိုးရလို့သိထားရင်စစ်မှန်တဲ့ဒီမိုကရေစီပြည်သူတွေဆီမှာမရှိသေးဘူးလို့သိထားမယ်ဆိုလျှင်အာဏာသိမ်းမယ်လို့ပြောနေဖို့လိုမယ်မထင်ပါဘူး..အာဏာကသူတို့လက်ထဲမှာပဲရှိနေသေးတာဖြစ်တဲ့အတွက်အာဏာထပ်သိမ်းမယ်ဆိုတဲ့စကားကမှားနေပါတယ်...လက်မခံနိုင်ပါဘူး...ပြည်သူကအစစ်အမှန်တင်မြှောက်ထားတဲ့အစိုးရမဟုတ်သေးပါဘူး...လက်ရှိအစိုးရကစစ်အစိုးရပါပဲ...ဘယ်ကအာဏာကိုထပ်သိမ်းအုံးမှာပါလဲ...ပြည်သူလက်ထဲကိုဘာအာဏာမှမအပ်နှင်းရသေးပါဘူး...ယခုလက်ရှိအာဏာရှင်အစိုးရပဲရှိနေသေးတာလို့မသိရှိသေးတဲ့အတွက်တော့ဆက်လက်သိရှိဖို့ကြိုးစားလိုက်ပါအုံး...
အခုရေးတဲ့အထဲမှာစော်ကားနှိမ့်ချလိုတဲ့စကားတစ်လုံးမှမပါတာကြောင့် friend ever သည်စစ်မှန်သောဒီမိုကရေစီကိုလိုလားသောသူတစ်ယောက်ဖြစ်ခဲ့မယ်ဆိုပါကယ္ခုပြောခဲ့သောစေတနာစကားများကိုနားလည်နိုင်ပါလိမ့်မယ်...
ငြိမ်းငြိမ်းချမ်းချမ်းဆုတောင်းတယ်ဆိုတာစေတနာထားပြီးလုပ်တာဖြစ်တဲ့အတွက်နောက်ပြီးစည်းကမ်းရှိစွာနဲ့လုပ်တာဖြစ်တဲ့အတွက်အဲဒီလူတွေကိုတော့အပြည့်အဝထောက်ခံပါတယ်...ယခုပိုစ်တွင်နောက်ထပ်ဆွေးနွေးမည်မဟုတ်ပါ...
2 hours ago · Like

Friend Ever
‎Ni Ni Mar ..ခင်ဗျား.... ကျေးဇူးတင်ပါတယ်။ စော်ကားမိုက်ရိုင်းမှုတွေ ပါလာတဲ့ ဒီမိုကရေစီနိုင်ငံ က မနီနီမာရေ... ကျနော်တို့ထက်အများကြီးပညာတတ်မယ်လို့ ယူဆပါတယ်။ မနီနီမာ ဟာနိုင်ငံရေး နကန်းတလုံးမှ နားမလည်တဲ့ ကျနော်ထက်ကို နိုင်ငံရေးစေတနာ၊ ဗဟုသုတ နိမ့်ကျ၊ အောက်တန်းကျနေပါလား။ အစိုးရပဲဖြစ်ဖြစ် အာဏာရှင်ပဲ ဖြစ်ဖြစ်၊ စကားလုံးတွေ နဲ့ လှည့်စားထားတာကို ပဲ သရုပ်ခွဲနေရင် တော့ စေတနာ ဆိုတာလည်း ကျနော်တို့ သံသယ ရှိပါတယ်။ ယဉ်ကျေးမှု ရှိပါဗျာ။ မြန်မာနိုင်ငံသားအချင်းချင်း အဲလောက်ထိ နှိမ်ချမှုတွေ လုပ်နေတာ အရမ်းရှက်ဖို့ကောင်းပါတယ် ဗျာ။.... ထောက်ခံပါဗျာ... မနီနီမာ ရဲ့ထောက်ခံမှု ကို ကျနော်တို့ဘာမှ မပြောပါဘူး။ မတားပါဘူး။ ဖျက်လိုက်ပါလို့မပြောပါဘူး။ အဲဒီလို လုပ်ရင် ကျနော်တို့လည်း မနီနီမာ လို အရိုင်းအစိုင်းတွေ ဖြစ်သွားမှာပေါ့။ လူတွေကို အပေါ်ကနေ အာဏာရှင်ပုံစံလို ဖျက်လိုက် လို့ပြောချင်သွားမှာပေါ့။ မဆွေးနွေးတော့တာ သိရတဲ့အတွက် အရမ်းကျေးဇူးတင်ပါတယ်။ ဗဟုသုတ ရတဲံ့အတွက် ကျေးဇူးပါ။
2 hours ago · Like

Ko Htoo
နိုင်ငံရေးဟာ
ရှုပ်တွေးပါတယ်။ ကျနော့်ဥာဏ်တထွာတမိုက်နဲ့ လိုက်မမှီပါဘူး။ အရှိတရားကို လက်လွှတ်လို့ မရသလို အစိုးရကို လုံးဝအယုံအကြည်မရှိမူကိုလည်း ဆုပ်ကိုင်ထားနိုင်ရပါမယ်။ ဒါကိုလည်း ဒေါ်စုနဲ့ ဘဘဦးဝင်းတင် စကားတွေအရ သိနိုင်ပါတယ်။

ဘာပဲဖြစ်ဖြစ် ကျနော်တို့ပို့စ်မှာ ပုဂိုလ်ရေးထိခိုက်မှုမရှိဘဲ ဆွေးနွေးပေးတဲ့အတွက် အားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်။
2 hours ago · Like

Ko Htoo
ကျနော့်ဘလောခ့်က ကွန်မန့်ပါ။

chanNLD3016 September 28, 2011 8:53 AM

"ကျနော့်သဘောထားကျနော် ရှင်းရှင်းပြောရရင်တော့ ဒေါ်အောင်ဆန်းစုကြည် ဒီစစ်အစိုးရနဲ့  ဆွေးနွေးနေတာနဲ့  ငြိမ်ငြိမ်ဆိမ်ဆိမ် နေရမယ်ဆိုတာ မဟုတ်ဘူးလို့  ကျနော်ယူဆတယ်။ ဘာမှ ငြိမ်စရာမရှိဘူး။ ဘာဖြစ်လို့ လဲဆိုတော့ ဒီလိုမငြိမ်မသက်ဖြစ်ရတဲ့ကိစ္စတွေက အစိုးရက လုပ်ရမယ့်ကိစ္စတွေကို မလုပ်လို့  မငြိမ်မဆိမ် ဖြစ်နေတာကိုး။ လွှတ်ရမယ့်အချိန်မှာ မလွှတ်ဘူး။ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်မပေးဘူး ဆိုတဲ့အခါကျတော့ မငြိမ်မဆိမ်ဖြစ်နေမှာ ပေါ့။ တောင်းဆိုကြမှာပေါ့။ မိသားစုတွေ၊ လိုလားတဲ့ လူတွေကတော့ ပြောကြဆိုကြမှာပေါ့ဗျာ. ဒါပဲပေါ့။ အဲဒါကို ဒေါ်အောင်ဆန်းစုကြည်နဲ့  ဆွေးနွေးနေတဲ့ အတွက်ဆိုပြီးတော့ မလိုလားဘူးဆိုဒါတော့ အဲဒါတော့ မမှန်ဘူးလို့ ကျနော်ထင်တယ်"

(၂၇၊ စက်တင်ဘာ၊ ၂၀၁၁ ည ၇း၃၀ အာအက်ဖ်အေမှ မနေ့က လှုပ်ရှားမှုနဲ့ ပတ်သက်ပြီး ဝေဖန်နေကြတဲ့အပေါ် ဦးဝင်းတင်ရဲ့ သဘောထား မေးမြန်းမှု အသံလွှင့်ချက်မှ)

မောင်ပါလ September 28, 2011 4:05 PM

ဟုတ်ပါတယ်။ ဘဘဦးဝင်းတင်ပြောတာရော ဒေါ်စုပြောတာရောပါ ကျနော်သတင်းထဲမှာ ဖတ်ရပါတယ်။ စကားတွေအရ သဘောထားမတူကြပါဘူး။ ဒါပေမယ့် NLD၊ ဒေါ်စု၊ ဘဘဦးဝင်းတင်၊ ဘဘဦးတင်ဦး တို့ဟာ တသွေးထဲ၊ တသားထဲ ရှိနေကြမယ်ဆိုတာ ခြွင်းချက်မရှိကျနော် ယုံကြည်ပါတယ်။ ဘဘဦးဝင်းတင်ဟာ ခုမှ ဒီအနေအထားပြောတာ မဟုတ်ပါဘူး။ ဒေါ်စု က အစိုးရနဲ့ ငြိမ်းချမ်းရေးလမ်းကြောင်းကို သွားနေတယ်။ ဘဘဦးဝင်းတင်က နဂိုကတည်းက ကြံ့ဖွတ်အစိုးရဟာ ယုံကြည်စရာမရှိဘူးလို့ ဦးတည်ထားတယ်။ ခေါင်းဆောင်ကြီးတွေက လိမ္မာပါးနပ်စွာ အမျှော်အမြင်ကြီးစွာ နဲ့ ရှေ့ကနေလမ်းခင်းပေးထားကြပါတယ်။ ဒါကြောင့် ပို့စ်စရေးကတည်းက နိုင်ငံရေးပရိယာယ်ကို နားမလည်ပါဘူးလို့ ကျနော်ဝန်ခံထားပါတယ်။

ခေါင်းဆောင်ကြီးနှစ်ဦးရဲ့ လမ်းကြောင်းနှစ်ခုမှာ ကျနော်တို့ပြည်သူတဦးချင်းစီဟာ ဘယ်လမ်းကြောင်းကို လိုက်ပြီး ဒီခေါင်းဆောင်နှစ်ဦးကို အားဖြည့်ပေးမလဲဆိုတာ စဉ်းစားစရာ ဖြစ်လာပါတယ်။

ကျနော်စဉ်းစားမိတာက ကျနော်ကနိုင်ငံအပြင်မှာပါ။ ဒါကြောင့် ကျနော်လုပ်နိုင်တာ ကြံ့ဖွတ်ကိုအယုံအကြည်မရှိမူကို ကိုင်ပြီး ဒေါ်စုရဲ့ ငြိမ်းချမ်းရေးလမ်းကြောင်းကိုပဲ ထောက်ခံအားပေးနိုင်ပါသေးတယ်။ အပြင်နေပြီး ပြည်တွင်းကဆန္ဒပြကြဟေ့လို့ အော်ဟစ်နေတာ တရားမျှတမှုမရှိသလို chanNLD3016 ပြောတဲ့ ပြည်တွင်းက အင်တာနက်အသုံးပြုနည်းနေပါသေးတယ်ဆိုတဲ့ စကားအရ အကျိုးသက်ရောက်မှုလည်း မရှိသလောက်ဖြစ်နေပါတယ်။

ဘဘဦးဝင်းတင်ရဲ့ လမ်းကြောင်းကို ပြည်တွင်းက ပြည်သူတွေကပဲ လက်တွေ့ကျကျ စနစ်တကျနဲ့ အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှာပါ။ ဒါမှလည်း ပြည်ပက အော်ဟစ်ဆန္ဒပြခိုင်းနေတာထက်စာရင် အပြစ်နည်းပြီး အကျိုးများစရာဖြစ်နိုင်ပါတယ်။

သူ့တာဝန်၊ ကိုယ့်တာဝန် အသေအချာယူပြီး ပြည်တွင်း၊ ပြည်ပ ဟန်ချက်ညီညီ လှုပ်ရှားနိုင်ကြဖို့ အထူးလိုအပ်နေပါတယ်။

ပြည်ပကနေ အတင်းကြီး ပြည်တွင်းကလူတွေကိုဆန္ဒပြခိုင်း၊ သတင်းတွေကို ချဲ့ကားပြောကြ၊ ရေးကြ လုပ်ခဲ့ကြလို့ ၂၆-ရက်နေ့ ၀တ်ပြုဆုတောင်းပွဲဟာ ရဲရဲတောက် ဆန္ဒပြပွဲဖြစ်သွားပြီး လူတချို့ဖမ်းဆီးခံရပါတယ်။ ၂၇-ရက်နေ့ ဆုတောင်းပွဲဟာ ဆုတောင်းပွဲအနေနဲ့ပဲ ငြိမ်းချမ်းစွာ ပြီးသွားခဲ့ပါတယ်။

ကျနော့်ပို့စ်မှာလည်း ငြိမ်ငြိမ်ဆိမ်ဆိမ်နေရမယ်ဆိုတာ မပါပါဘူး။ လိုအပ်ရင် လုပ်ကြရမှာဖြစ်ပေမယ့် ဘေးတီးပေးနေတဲ့အတွက်ကြောင့် မဖြစ်သင့်တာတွေ ဖြစ်မလာဖို့ကို အကြံပြုထားတာပဲ ဖြစ်ပါတယ်။
2 hours ago · Like

0 comments:

  © Blogger templates Sunset by Ourblogtemplates.com 2008

Back to TOP