ပေါက်ပင်ဘာကြောင့်ကိုင်းရတယ်

>> Friday, June 3, 2011

ဒီပို့စ်ကို ရေးသင့်တယ်၊ ရေးသင့်ပြီထင်လို့ ရေးရတာပါ။ ကျော်ကျော်ခေါင်းဆောင်တဲ့ NLD-LA (Malaysia) ရဲ့ ပါတီနဲ့ နိုင်ငံရေးကို ခုတုံးလုပ်ပြီး စီးပွားရှာနေတဲ့လုပ်ရပ်၊ နိုင်ငံရေးပါတီအလံအောက်မှာနေပြီး နိုင်ငံရေးသိက္ခာမရှိတဲ့လုပ်ရပ်၊ မူမမှန်တဲ့ လုပ်ရပ်တွေကို ဖော်ထုတ်ချပြရာမှာ ကျနော့်ဆီကို feedback တွေ တော်တော်ပြန်လာပါတယ်။ ဒါပေမယ့် များသောအားဖြင့် အပြုသဘောဆောင်ပြီး ကောင်းကျိုးလိုလားမှုနဲ့ ဝေဖန်တာ၊ ထောက်ပြတာတွေ၊ အမှန်တရားတခုအတွက် အားပေးတာတွေ ဖြစ်တဲ့အတွက် ၀မ်းသားအားတက်ရပါတယ်။ တချို့တလေကလည်း ပုဂ္ဂိုလ်ရေးတိုက်ခိုက်နေတာလို့ ပြန်စွပ်စွဲတာတွေလည်း ရှိပါတယ်။

လူတယောက်၊ အဖွဲ့တဖွဲ့ရဲ့ ရိုးသားမှုမရှိဘဲ လိမ်ညာစားနေတဲ့ အလုပ်တွေကို အထောက်အထား ခိုင်လုံစွာနဲ့ ဝေဖန်ထောက်ပြတာကို ပုဂ္ဂိုလ်ရေး တိုက်ခိုက်နေတာလို့ ကျနော်မထင်ပါဘူး။ ဥပမာတခု ကျနော်ဆိုချင်ပါတယ်။ လက်ရှိ မြန်မာနိုင်ငံကို အုပ်ချုပ်နေတဲ့ သန်းရွှေနဲ့ အသွင်ပြောင်း အာဏာရူးတစုရဲ့ ကိုယ်ကျိုးရှာတဲ့ လုပ်ရပ်တွေကြောင့် တိုင်းပြည်ဟာ ဆင်းရဲတွင်း နစ်သထက်နစ်လာတယ်။ ပြည်သူတွေ ငတ်သထက်ငတ်လာတယ်။ ဒါတွေကို ထောက်ပြပြီး သန်းရွှေရဲ့ လုပ်ရပ်တွေ မှားယွင်းကြောင်း သန်းရွှေမကောင်းကြောင်း ကျနော်တို့ ပြောကြပါတယ်။ သန်းရွှေနဲ့ စစ်အစိုးရကို ဆန့်ကျင်ကြတယ်။ တော်လှန်ကြတယ်။ စစ်မှန်တဲ့ ပြည်သူ့အစိုးရတရပ် ပေါ်ပေါက်လာနိုင်ဖို့ ကြိုးစားကြတယ်။

သန်းရွှေဦးဆောင်တဲ့ အသွင်ပြောင်း စစ်အစိုးရနဲ့ ကျော်ကျော်ဦးဆောင်တဲ့ NLD-LA (Malaysia) ရဲ့ ရိုးသားမှုမရှိတဲ့ လုပ်ရပ်တွေဟာ အသွင်အားဖြင့် အတူတူပါပဲ။ သန်းရွှေက နိုင်ငံနဲ့ချီပြီး လိမ်ညာနေတယ်။ ကျော်ကျော်က NLD နာမည်နဲ့ နိုင်ငံရေးကို ခုတုံးလုပ်ပြီး လိမ်နေတယ်။ လိမ်ညာမှုအကြီး အသေးသာ ကွာခြားတာပါ။ ကျော်ကျော်ဦးဆောင်တဲ့ NLD-LA (Malaysia) ရဲ့ မြန်မာလူထုအပေါ် လိမ်ညာနေတာကို ဖော်ထုတ်တာဟာ ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုပါလို့ ပြောမယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ ပြည်တွင်း ပြည်ပအတိုက်အခံအားလုံးဟာ သန်းရွှေနဲ့ စစ်အစိုးရကို ပုဂ္ဂိုလ်ရေးတိုက်ခိုက်နေတာပါလို့ ပြောခြင်းနဲ့ အတူတူပဲဖြစ်ကြောင်း ယူဆနိုင်စရာ ရှိပါတယ်။

ဒီပြဿနာတွေကို အခုမှဘာလို့ အစဖော်နေရတာလဲလို့ မေးတဲ့လူလည်း ရှိပါတယ်။ အခုမှ အစဖော်တာ မဟုတ်ပါဘူး။ အရင့်အရင်ကလည်း အကြောင်းတိုက်ဆိုင်ရင် ကျနော်ရေးလေ့ရှိတာကို ဒီဘလောခ့်မှာပဲ ပြန်ရှာဖတ်ကြည့်နိုင်ပါတယ်။ အကြောင်းတိုက်ဆိုင်ရင်လို့ ပြောရတာကလည်း တင်ထားခဲ့ပြီးတဲ့ပို့စ်တွေမှာ ရေးခဲ့တဲ့အတိုင်း “ယိုသူမရှက်၊ မြင်သူရှက်” ဆိုသလို ပြောတဲ့လူက ကြာတော့ရှက်လာတယ်။ အချိန်တန်ရင် သူ့အကုသိုလ်နဲ့သူ သွားမှာပါလေလို့ စိတ်ဒုံးဒုံးချထားပေမယ့် မကောင်းမှုလုပ်တဲ့ လူတွေရဲ့သက်ဇိုးက စစ်အစိုးရနဲ့ထပ်တူ ရှည်လွန်းနေပါတယ်။

အခုထပ်ပြီး အထောက်အထားတွေနဲ့အတူ ဖော်ထုတ်ချပြရတာကလည်း မြန်မာ့အရေးလုပ်နေကြတဲ့ အတိုက်အခံအချင်းချင်း မှားယွင်းစွာ အဖမ်းခံရတာကို အခွင့်ကောင်းယူပြီး “ဟိုကောင်တွေတော့ သွားကုန်ပြီ။ လမ်းကြုံတုန်း ငါ့အမှိုက်ထုပ်ပါ ထည့်ပေးလိုက်မှပဲ” ဆိုတဲ့ အချောင်သမားစိတ်ဓာတ်နဲ့ အချင်းချင်းချောက်တွန်းတဲ့ ကျော်ကျော်ရဲ့ ပြောစကားကြောင့်ပါပဲ။ ဒီလိုလူယုတ်မာ ဦးဆောင်တဲ့ NLD-LA (Malaysia) ဆက်ရှိနေမယ်ဆိုရင် မလိုလားအပ်တဲ့ ပြဿနာတွေ မလွဲမသွေ ဆက်ဖြစ်နေအုံးမယ်ဆိုတာ သေချာနေတာမို့ နိုင်ငံရေးဗန်းပြပြီး လုပ်စားနေတာတွေကို ဖော်ထုတ်သက်သေထားပြီး ကျော်ကျော်နဲ့ NLD-LA (Malaysia) ကို ဖျက်သိမ်းပေးဖို့ စိတ်တူကိုယ်တူ မြန်မာ့အရေးလုပ်နေသူတွေစုပြီး တင်ပြတောင်းဆိုရတာပါ။

NLD-LA (Malaysia) နဲ့ပတ်သတ်ပြီး ပို့စ်တင်တာ၊ အသံဖိုင်တင်တာရပ်လိုက်တော့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ နိုင်ငံတချို့က သူငယ်ချင်းတွေ လှမ်းမေးကြပါတယ်။ ဆက်မတင်တော့ဘူးလား။ ရပ်လိုက်ပြီလား။ NLD-LA (Malaysia) ကို ဒီအတိုင်းပဲ ဆက်ထားထားမှာလားပေါ့။ အမှန်အတိုင်းပြောရရင် ကျနော်တို့အနေနဲ့ NLD-LA (Malaysia) က ဒီလို ဒီလို မကောင်းတာတွေ၊ နိုင်ငံရေးနဲ့ မအပ်စပ်တဲ့ လိမ်ညာနေတဲ့ အလုပ်တွေ လုပ်နေပါတယ်လို့ ဖော်ထုတ်ပြတာကိုပဲ လုပ်နိုင်ပါတယ်။ NLD-LA (Malaysia) ဆက်ရှိဖို့ မရှိဖို့က ကျနော်တို့အလုပ်မဟုတ်ပါဘူး။ ဆက်တင်ဖို့ အသံဖိုင်တွေက ကျနော့်မေလ်းထဲမှာ၊ ဖုန်းထဲမှာ၊ အသံဖမ်းစက်ထဲမှာ အများကြီးပါ။ လိုအပ်သေးတယ်ဆိုရင် လိုအပ်တဲ့သူတွေဆီ တိုက်ရိုက်ပို့ပေးပါ့မယ်။ ဒီပို့စ်ဟာလည်း ကျော်ကျော်ခေါင်းဆောင်တဲ့ NLD-LA (Malaysia) နဲ့ ပတ်သတ်ပြီး နောက်ဆုံးပို့စ်ပါပဲ။ ဒီထပ်ပိုပြီး ပြတ်ပြတ်သားသားလုပ်နိုင်တာ နောက်ဆုံးနည်းလမ်းတခုပဲ ရှိပါတယ်။

NLD ပါတီရဲ့ ဂုဏ်သိက္ခာကို ထိခိုက်နိုင်တဲ့အပြင် မြန်မာ့အရေးလှုပ်ရှားမှုအတွက် အန္တရာယ်၊ အနှောင့်အယှက်တခုလိုဖြစ်နေတဲ့ ကျော်ကျော်ဦးဆောင်တဲ့ NLD-LA (Malaysia) ဆက်ရပ်တည်သင့် မတည်သင့်ကိုတော့ NLD ပါတီမှ ခေါင်းဆောင်များမှ သေချာစွာ စုံစမ်းစစ်ဆေးပြီး ဓမ္မဓိဌာန်ကျကျ အမြန်ဆုံး ဆုံးဖြတ်နိုင်ကြမယ်လို့ မျှော်လင့်ထားပါတယ်။ ဒီလိုမှ မဟုတ်ဘဲ အဆိပ်ပင်ရေလောင်းသလို လုပ်ချင်တာလုပ်ကြကွာ လို့ လျစ်လျူရှုပြီး ဒီပုပ်ထဲကဒီပဲ အားလုံးကအတူတူပါပဲ ဆိုရင်ဖြင့် တကယ့်ကို စိတ်ရင်းအမှန်၊ ယုံကြည်ချက်အပြည့်နဲ့ အပင်ပန်း၊ အဆင်းရဲ၊ အနစ်နာခံပြီး လုပ်နေကြတဲ့ ခေါင်းဆောင်တွေရဲ့နိုင်ငံရေးလှုပ်ရှားမှုတွေဟာ ပုလိုင်းပေါက်နဲ့ ဖားကောက်နေတဲ့အတိုင်း ပင်ပန်းသလောက် အကျိုးမရှိ ဖြစ်နေအုံးမှာပါ။

ဒါ့အပြင် တာဝန်ရှိသူများရဲ့ လျစ်လျူရှုမှု အကျိုးဆက်ကြောင့် မလေးရှားက မြန်မာ့အရေး လှုပ်ရှားသူတွေကြား တစုံတခုသောဆိုးကျိုးနဲ့ ကျော်မကောင်း ကြားမကောင်းသော ဖြစ်ရပ်များ ထပ်မံပေါ်ပေါက်လာမယ်ဆိုရင်လည်း ၀မ်းနည်းစရာ ကောင်းရုံကလွဲပြီး ဘယ်သူမှ တားဆီးနိုင်မှာ မဟုတ်ပါဘူး။

သတင်းစကားတခုကို ထပ်ပြောလိုပါတယ်။ ကိုကိုသစ္စာ facebook page မှာ ကိုကိုသစ္စာနဲ့ NLD-LA (Malaysia) က လက်ရှိအတွင်းလူတယောက် လက်ဝါးရိုက်ပြီး တင်ထားတဲ့ပို့စ်မှာ ကျော်ကျော်ဟာ NLD-LA (Malaysia) ကနေပြီး ထွက်စာတင်ထားတယ်လို့ ဆိုထားပါတယ်။ ထွက်စာ တင်မတင်တော့ မသိပါဘူး။ ကျော်ကျော် အမေရိကကိုထွက်ဖို့ ဆေးစစ်ထားပြီးပြီလို့ အသေအချာ သိရပါတယ်။ ဒါကြောင့် မလေးရှားက နိုင်ငံရေးအမှိုက်တခုဟာ UNHCR-Malaysia ရဲ့ကျေးဇူးကြောင့် မကြာခင်မှာပဲ အမေရိကသို့ လွင့်လာတော့မည် ဖြစ်ပါကြောင်း အမေရိကရှိ မြန်မာ့အရေးလှုပ်ရှားသူများသို့ သတင်းစကား ပါးအပ်ပါတယ်။


မောင်ပါလ
၃.၆.၂၀၁၁

3 comments:

ရှေ့သို............အစဉ် June 3, 2011 at 5:17 PM  

ကျတော်ပြောပါတယ်...အစောကြီးကတည်းက..ဒီနွားတွေကို မြန်မာပြည်နဲ့ အဝေးဆုံးတစ်နေရာကို သွားတာ..အားလုံးအတွက် အကောင်းဆုံးဖြစ်ပါလိမ့်မယ်လို့...အဲ...ယောင်လို့တော့
ဗမာပြည်ကိုတော့ ပြန်မလာကြနဲ့ပေါ့ဗျာ...ဟုက်ဘူးလား....

မောင်ပါလ June 4, 2011 at 9:32 AM  

ကျနော်နဲ့ အကိုတယောက်ရဲ့ မေးလ်ထဲက အမေးအဖြေလေးပါ။ ပု၈္ဂိုလ်ရေးရာ ထိခိုက်နစ်နာမှုမရှိတဲ့အပြင် သူပြောတာက အရမ်းကောင်းလို့ ပြန်ရှယ်ပေးလိုက်ပါတယ်။

ကိုဇော်ဝင်းရေ..........

အကိုလက်ရှိ ဘယ်မှာရှိနေတယ်ဆိုတာတော့ ကျနော်မသိပါဘူး။
အကိုပြောတာ အရမ်းကောင်းတဲ့ အစီအစဉ်ပါ။
လက်ရှိ NLD-LA (Malaysia) ထဲမှာ ပါတီစည်းကမ်းနဲ့
ဒီမိုကရေစီနည်းလမ်းအရ ရွေးချယ်ထားတဲ့ အီးစီအဖွဲ့ဝင် တယောက်မှမရှိပါဘူး။
ပြောရရင်ဗျာ..........။ ခုလက်ရှိအီးစီအကုန်လုံးဟာ ကျော်ကျော်က သူ့ကိုမလှန်နိုင်
မယ့်သူတွေကို ရွေးခန့်ထားတဲ့သဘောပါ။ NLD-LA (Malaysia) အကြောင်းသိတယ်ဆိုရင်
ဒီအကြောင်းကိုလည်း အကိုသိမယ်ထင်ပါတယ်။
လက်ရှိ NLD-LA (Malaysia) ဟာ စစ်အစိုးရနည်းတူ အာဏာရှင်ဆန်စွာ ဖွဲ့စည်းထားတာပါပဲ။
ကျနော့်အမြင်ပြောရရင်တော့ အီးစီတဖွဲ့လုံး ပြန်ပြီးရွေးကောက်ဖွဲ့စည်းဖို့ လိုအပ်တယ်။
ပါတီကထွက်ပါမယ်ဆိုရင်လည်း ကိုယ်ပိုင်ငွေမဟုတ်ဘဲ ပါတီရန်ပုံငွေနဲ့ ၀ယ်သုံးထားတဲ့
ပစ္စည်းတွေ ပါတီမှာအကုန်ထားခဲ့ရပါမယ်။ ခြွင်းချက်အနေနဲ့ အ၀တ်အစားတော့ မပါဘူးပေါ့ဗျာ။
နောက်တခုက ဖြစ်နိုင်၇င်ပေါ့ဗျာ............။
ကျော်ကျော်ရဲ့ အာဏာရှင်ဆန်ဆန် ပြုမူမှုကြောင့် စိတ်ဓာတ်ရှိပြီး တယောက်စီပြိုကွဲနေတဲ့
NLD-LA (Malaysia) ထဲက လူငယ်တွေ အပြင်မှာ အများကြီးရှိပါတယ်။ ဒီလူတွေကိုပါ
ပြန်စုစည်းပြီး မှန်ကန်စွာ ပြန်လည်လှုပ်ရှားမယ်ဆိုရင် NLD-LA (Malaysia) ဟာ
လူ ၈-ယောက်ကနေ ၈၀၊ ၈၀၀ တဖြည်းဖြည်းနဲ့ ပြန်အသက်ဝင်လာနိုင်ပါတယ်။
ကိုဇော်ဝင်း ကျနော့်သဘောထားကို မေးတာ အရမ်းကောင်းတဲ့အတွက်ကြောင့် အကုန်လုံးဖတ်လို့ရအောင်
ဘလောခ့်နဲ့ fb page မှာ ပြန်ရှယ်လိုက်ပါတယ်။
|

ကိုထူးရေ...ခင်များကိုတော့ တားလို့ရမယ်မထင်တော့ဘူ... ကျော်ကျော် ဆိုတာ မကြာခင်မှာပဲ သူ့ရဲ့အခန်းဂန္တတွေ မှေးမှိန်ပျောက်ကွယ်သွားပါတော့မယ်...ဒါကြောင့်...ခင်များကို အလကားပာသ အချိန်ကုန်မခံစေခြင်ဘူး...အခုလက်ရှိ NLD(LA)malaysia ရဲ့အခြအနေက ဒီလိုဗျ...NLD(LA)malaysia ရဲ့E-C မျာနှင့် အဖွဲ့ဝင်အတော်များများက ဦးဘို(ခ)ဦးဘိုဘိုမြင့် ကို ဥက္ကဌ နေရာတွင် တာဝန်ထမ်းဆာင်ရန် သဘောတူထားကြပါတယ်...သိုသော်လည်း ဦးဘိုဘိုမြင့် က တစ်ခြာသော ဥက္ကဌ ဖြစ်ထိုက်သော သူတွေကိုလည်း ဖြစ်စေချင်သောကြောင့်၎င်း မိမိ ဥက္ကဌ တာဝန်ထန်းဆောင်သည်ကို မနှစ်သက် သောသူများရှိခဲ့လျှင်သော်၎င်း ထောက်ရှု၍ နယ်မြေအသီးသီးရှိ အဖွဲ့ဝင်များမှတစ်ဆင့်ရွေးကောက်တင်မျှောက်ခြင်းခံရသော နယ်မြေတာဝန်ခံများနှင့်အတူ အဆင့်ဆင့်ရွေးကောက်၍ ထောက်ခံမဲ အများဆုံးရရှိသော သူကိုသာ ဥက္ကဌ တာဝန်ကိုထမ်းဆာင်သင့်ကြောင်း အများသဘောတူ ဆုံးဖြတ်၍ ၂၂.၅.၂၀၁၁ ipoh perak တွင် စတင်ကျင်ပမည် ဖြစ်ပါတယ်......ဒီအကြောင်းနှင့်ပတ်သတ်ပြီးတော့ ကိုထူ ရွဲှ့မြင်လေး ပြေားပြပေစေခြင်ပါတယ်...လေးစားစွာဖြင့် ဒီပဲယင်း ဇော်ဝင်း

myanmarcome. June 4, 2011 at 1:58 PM  

ဒီကွန်မန့်ကိုမပေးခင် ကျနော်ဟာ ဘယ်သူ့ဘက်မှလည်းမပါဘူး အမြင်သက်သက်ပဲရေးမှာပါ။ ပြည်ပမှာရှိတဲ့ NLD အဖွဲ့အစည်းတွေကို ဒေါ်အောင်ဆန်းစုကြည်ရဲ့အဖွဲ့ဖြစ်ကြောင်း တရားဝင်အတည်ပြုပြဌာန်းထားတာရှိပါသလား အဲဒီတော့ ပြည်ပမှာ ရှိကြတဲ့ NLD အဖွဲ့နာမည်ခံထားကြတဲ့အဖွဲ့တိုင်းဟာ တရားဝင်မရှိဘူး နားလည်မှုနဲ့သာ NLDနာမည်ကို ယူသုံးကြတာဖြစ်တယ်..ဘယ်လိုပြဿနာပဲဖြစ်ဖြစ် NLD ဆိုတဲ့ ဂုဏ်သိက္ခာကိုမထိခိုက်သင့်ဘူး NLD ဆိုတာကိုလည်းမပြောသင့်ဘူး NLD ဆိုတာ ဒေါ်အောင်ဆန်းစုကြည်တည်ထောင်ထားတဲ့ပါတီတစ်ခုသာဖြစ်တယ် မြန်မာပြည်မှာပဲNLD အဖွဲ့အစည်းဆိုတာရှိတယ် အခုကိစ္စနဲ့ပက်သက်ပြီးတော့ အသံဖိုင်ဗျူးထားတဲ့အထဲမှာ ဒီကိစ္စတွေနဲ့ပက်သက်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ကရောမသိဘူးလားဆိုတဲ့ မေးခွန်းမျိုးကိုမဗျူးသင့်ပါဘူး ဖြေတဲ့သူဘက်ကပါလာရင်လည်း မေးတဲ့သူကလည်း ဒါကိုသိပြီး ဖျက်သင့်ရင်ဖျက်ရပါလိမ့်မယ် အခုဖြစ်နေတဲ့ပြဿနာဆိုတာ တစ်ကယ်နိုင်ငံရေးလုပ်နေတဲ့သူတွေအတွက်တော့ သဲမှုန်တစ်ခုစာတောင်မရှိပါဘူး ရပ်ကွက်လမ်းဘေးမှာ ရန်ဖြစ်နေကြတဲ့ ခလေးတွေသာသာပဲရှိတယ် ပြည်ပရောက်နေတဲ့သူတွေထဲမှာ နိုင်ငံရေးရောင်ရောင်အသံကုန်လွှင့်ပြီး ကိုယ်ကျိုးအတွက်ကြည့်နေကြတဲ့သူတွေအများစုပါ ကိုယ်ကျိုးမကြည့်ပဲ လုပ်နိုင်တဲ့သူ အရည်အချင်းရှိတဲ့သူသာပေါ်ပေါက်ခဲ့မယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်လည်း အခုလိုမျိုး ဒုက္ခတွေတွေ့ရမှာမဟုတ်ဘူး ဘယ်သူသူ့လိုမျိုးလုပ်ပြနိုင်လဲ တစ်ယောက်မှမရှိဘူး ဒေါ်အောင်ဆန်းစုကြည်ကိုတော့လေးစားကြစေချင်တယ် NLD ဆိုတာကြီးထည့်ထည့်မသုံးကြပါနဲ့ လူကြီးတွေကိုလည်းဆွဲထည့်ပြီးမပါစေပါနဲ့

  © Blogger templates Sunset by Ourblogtemplates.com 2008

Back to TOP