ပြည်တွင်း ပြည်ပ မြန်မာအသိုင်းအ၀ိုင်းအားလုံးသို့

>> Thursday, May 26, 2011

လေးစားစွာ မေတ္တာရပ်ခံအပ်ပါသည်။

NLD-Youth (L.A Malaysia) အား မလေးရှားလ၀ကမှ မတရားအမှုဆင် ဖမ်းဆီးသွားသည့်ကိစ္စအား ကျနော်တို့မလေးရှားရှိ လူငယ်များ၊ အဖွဲ့အစည်းများမှ မိမိတို့တတ်နိုင်သည့်ဖက်မှ လိုက်လံစုံစမ်းဆောင်ရွက်နေပါသည်။ နီးစပ်ရာ NGOs များထံသို့လည်း မတရားအမှုဆင် ဖမ်းဆီးခံရသူများ အမြန်ဆုံးလွတ်မြောက်အောင် လိုက်လံဆောင်ရွက်ပေးပါရန် အကူအညီတောင်းခံထားပြီးဖြစ်ပါသည်။

အမှန်ကိုဆိုရပါသော် ဖမ်းဆီးခံရသူများလွတ်မြောက်ရေးမှာ UNHCR-Malaysia တွင် အများဆုံးတာဝန်ရှိပါသည်။ အဖမ်းခံရသူအများစုမှာ UNHCR-Malaysia မှတ်ပုံတင်ကဒ် ရရှိထားပြီးသူများဖြစ်ပါသည်။ UNHCR-Malaysia သည် မြန်မာလူမျိုးတို့၏ အရေးကိစ္စအား များသောအားဖြင့် လျစ်လျူရှုတတ်သည်ကို ကျနော်တို့၏အတွေ့အကြုံများအရ သိရှိနားလည်ထားပါသည်။

သို့ဖြစ်ပါ၍ ပြည်တွင်းနှင့် နိုင်ငံတကာရှိ မြန်မာ့အရေးလှုပ်ရှားသူများမှ မတရားအမှုဆင် ဖမ်းဆီးခံရသူများ အမြန်ဆုံး ပြန်လည်လွတ်မြောက်လာစေရန်အတွက် အောက်ပါအချက်အလက်ပါစာကို UNHCR-Malaysia သို့ လိပ်မူပေးပို့ခြင်းဖြင့်လည်းကောင်း၊ နီးစပ်ရာ NGOs များမှတဆင့်ဆောင်ရွက်ခြင်းဖြင့်လည်းကောင်း ၀ိုင်းဝန်းကူညီပံ့ပိုးပေးကြပါရန် ကျနော်တို့ မလေးရှားရောက် မြန်မာ့အရေးလှုပ်ရှားမှုအင်အားစု မှ အဖမ်းခံရသူများကိုယ်စား အလေးအနက် မေတ္တာရပ်ခံအပ်ပါသည်။

စစ်အစိုးရကို ဆန့်ကျင်တော်လှန်နေသော နိုင်ငံရေးတက်ကြွလှုပ်ရှားသူများအချင်းချင်း အယူဝါဒမတူညီလို့ အပြင်မှာ လက်သီးချင်းယှဉ်ထိုးရပါစေ။ တကယ့်တကယ် အရေးကြုံ အခက်အခဲတွေ့လာတဲ့အခါမှာ တယောက်ကိုတယောက် ၀ိုင်းဝန်းကူညီကြခြင်းဟာ နိုင်ငံရေးသမားကောင်းတွေရဲ့ စိတ်ဓာတ်ပါ။

မလေးရှားရောက် မြန်မာ့အရေးလှုပ်ရှားမှုအင်အားစုများ


UNHCR-Malaysia သို့ ပေးပို့ရမည့်လိပ်စာများ
mlslu@unhcr.org
MLSLUCDU@unhcr.org
MLSLUOPI@unhcr.org

Microsoft Office Word File ဒေါင်းလုပ်လုပ်ရန်

To UNHCR Malaysia

ကျနော်၏ အင်္ဂလိပ်စာညံ့ဖျင်းမှုကြောင့် အဆင်ပြေမည်ဆိုပါက Word File ကို ဒေါင်းလုပ်လုပ်ပြီး ပြန်လည်ပြင်ဆင်ပေးပါရန်

2 comments:

မောင်ပါလ May 26, 2011 at 3:09 PM  

facebook မှာ ကွန်မန့်ပေးထားတာကို ဒီမှာရှယ်ယာပြန်လုပ်တာပါ။

Htay Tint
ဒီကိစ္စမှာ UNHCR တခုတည်းနှင့် မလုံလောက်ပါ ။
အောက်ပါ လိပ်စာ သံရုံးများအပြင် အမေရိကန် သြစတေသျှ ကနေဒါသံရုံးများ အား လုံးသို့  စာပို့ ကြောင်းကြား အကူအညီတောင်း၇န်လိုပါသည် ။ အဖမ်းခံရသည့် အကြောင်းနှင့် နောက်ဆုံးအခြေအနေများအပြင မြန်မာပြည်ပြန်ပို့ ခံ...ရလျှင် ဖြစ်ခဲ့ဖူးသော နမူနာနှင့် နာမည်ခံ အစိုးရလက်သစ် ကလည်း ရေကြည်အိုင်မှတဆင့် ထောင်ထဲနမူနာ ပို့ ပြီး ဖြစ်လာမည့် အခြေအနေများကို ရေးသားရန်လိုအပ်ပါသည် ။

EMBASSY OF FINLAND, Kuala Lumpur
Tel. +60-3-4257 7746
E-mail sanomat.kul@formin.fi
Level 5th Floor, Wisma Chinese Chamber,
No 258, Jalan Ampang, Kuala Lumpur
Wilayah Persekutuan, 50450, Malaysia
03-4257-7746

Honorary Consulate of Sweden
Office/Residence:
Jalan Minyak,
Off Jalan Tuaran,
Mile 5 1/2,
88746 Inanam,
Kota Kinabalu, Sabah
Phone:+60 (0)88 43 13 36 (office)
E-mail: hpmarine[a]tm.net.my
PENANG
Royal Norwegian Consulate in Penang
4 Jalan Sepoy Lines
10450 Penang
Malaysia
Tel: +60 4 226 3459
Fax: +60 4 227 6529
E-mail: ratna@pmc.edu.my
Demark
San Li Tun, Dong Wu Jie 1
Beijing 100600
People's Republic of China
Tel. +86 (10) 8532 9900
bjsamb@um.dk

The Netherland
7th Floor, South Block, the AmpWalk
218, Jalan Ampang
Kuala Lumpur
Malaysia
Telephone (+60) 3 2168 6200

E-Mail KLL@minbuza.nl

sv May 27, 2011 at 2:52 AM  

ရောက်ပါတယ် မောင်ပါလရေ
တကယ့်ကို ဒုက္ခရောက်နေသူတွေကို ကူညီသူတွေ အဖမ်းခံရတယ်ဆိုလို.စိတ်မကောင်းပါ...တကယ့်ဒုက္ခသည် စစ် မစစ်ကို UNHCR က ဘယ်လိုသိနိုင်မလဲ...တကယ်တော့ မကောင်းတဲ့ ကိုယ်ကျိုးရှာသူလောဘ အတော မသတ်နိုင်သူတွေကြောင့် ဒီလိုအချင်းချင်းဖြစ်ရတာပါ...ဒီကိစ္စအတွက် အဓိက တာဝန်ရှိသူတွေကတော့ NLD-LA ဗဟိုသာ ဖြစ်ပါလိမ့်မယ်... သူတို.တာဝန်ယူဖြေရှင်းသင့်ပါတယ်...နိုင်ငံတွင်းမှာ သေတဲ့သူသေ ထောင်ကျသူကျ ဘဝပျက်သူပျက် ဒုက္ခရောက်နေကြချိန်မှာ ဒီ နာမည်ခုတုံးလုပ်သူတွေက အော့နှလုံးနာစရာပါ...ဒီ ကျော်ကျော်ဆိုသူရဲ့ မြန်မာပြည်တွင်းက လုပ်ငန်းတွေကို အတိအကျသိရင် သတင်းပေးလိုက်ပါ....အရှင်းဆုံးပြောရရင်တော့ ပြည်ပက နိုင်ငံရေးလုပ်နေသူတွေ ( တချို.နိုင်ငံရေးသမား အစစ်များ) ကလွဲလို. အထင်ကြီးစရာမရှိပါ...ပြည်ပမှာ ကိုယ်ယုံကြည်ရပ်တည်မှု.အတွက် အဖွဲ.အစည်းအတွက် ရံပုံငွေ လိုအပ်တယ်ဆိုတာ နားလည်ပေးလို.ရပေမယ့် လိုအပ်တာထက်ပိုပြီး ကိုယ့်လူမျိုးအချင်းချင်း ခေါင်းပုံဖြတ်တာ ၊ ရေနစ်သူ ဝါးကူထိုးတာမျိုးဟာ ရှက်စရာပါ...လုံးဝ လက်မခံနိုင်စရာပါ... ဒါဟာ နိုင်ငံရေးအရေခြုံသာလျှင် ဖြစ်ပါတယ်...

လေးစားစွာဖြင့်
simple views

  © Blogger templates Sunset by Ourblogtemplates.com 2008

Back to TOP