စံလွဲခြင်း

>> Saturday, April 23, 2011

“စံလွဲခြင်း”

ဘ၀ရည်ရွယ်ချက် လို့အမည်တပ်
အပေးအယူမအပ်စပ်တဲ့ ဆွေးနွေးပွဲတခု..........

ဥစ္စာဓနတွေရဲ့ ညှို့ငင်မှု
ရုပ်ဝတ္ထုတွေရဲ့ အိပ်မွေ့ချမှု
အတတ်ပညာတွေရဲ့ သိမ်းသွင်းမှုအောက်
ကိုယ့်ကိုကိုယ်ပြာချ
အဲဒီပြာတွေကိုပြန်စားသုံး
အိပ်မက်တွေတခုပြီးတခုဝါးမြို
ထပ်ခါတလဲလဲအိုမင်းရင်း
မျှော်လင့်ခြင်းတွေနဲ့ သေဆုံးနေကြတာ
ဘ၀ရဲ့ရည်ရွယ်ချက် တဲ့လား......။

“ငြီးငွေ့စရာကောင်းလိုက်တာ”
မှတ်ချက်တခု...
ရင်ဘတ်ကိုစုံကန်ရင်း
ညည်းညည်းညူညူ အန်ကျလာတယ်။
ငါကိုယ်ငါ..........
informal အဖြစ်သတ်မှတ်ရင်း
တိတ်တဆိတ် ထလစ်ခဲ့တယ်
မျှော်လင့်ချက်ကင်းစွာ ရှင်သန်ဖို့....။

မောင်ပါလ
၂၃.၀၄.၂၀၁၁

0 comments:

  © Blogger templates Sunset by Ourblogtemplates.com 2008

Back to TOP