အရောင်ပြောင်းတတ်သော ပုတ်သင်ညိုများ

>> Monday, March 28, 2011

“အရောင်ပြောင်းတတ်သော ပုတ်သင်ညိုများ”


သူငယ်ချင်း......
မင့်အဇ္ဈတ္တက မှန်မယ်ထင်သပဆို
စည်းရုံးတာကို လက်ခံစရာမလို
ဝေဖန်နေတာတွေက အပို
ယုံကြည်ချက်အတိုင်း မားမားရပ်
လျှောက်ရမယ့်လမ်းမှာ စိုက်လိုက်မတ်တပ်ပေါ့...

ဟိုလူပြော ဟုတ်နိုးနိုးထင်
ဒီလူပြော ဟုတ်နိုးနိုးမြင်နဲ့
သူများအင်္ကျီ ကိုယ်ပေါ်တင်
ကိုယ့်အစွဲကိုယ့်အမြင် နတ္ထိ
စမ်းတ၀ါးဝါး မျက်စိနဲ့
သူများပြတဲ့ လမ်းကိုလျှောက်
မင်း နောက်ကောက်ကျလိမ့်မယ်။

အကြောင်းဆက် ပေါင်းဖက်မိလို့
ခပ်ပြတ်ပြတ်ပဲ သတိပေးခဲ့ချင်...
ဆိတ်(....)လို ဟိုကပ်ဒီကပ်နဲ့
မင်းကိုယ်မင်း သတိချပ်
ကြောင်ကြာကြာရေမငုပ်တတ်ဘူး
အကျနာမှ မင်းမှတ်မယ်။

မောင်ပါလ
၂၈.၃.၂၀၁၁

2 comments:

နွေမင်းလွင် March 28, 2011 at 4:40 PM  

လောကမှာ ကိုယ့်စီးပွားရေးအတွက် ဆိတ်(....)လို လုပ်နေကြသူတွေ အများသားလား

ကိုကိုကျော် March 28, 2011 at 4:53 PM  

ဟားဟားဟား မောင်ပါလရေ ...စားရေးတဲ့အခါမှာ ရဲရဲရေး...ရဲရဲတွေး...ရဲရဲပြောရတယ်ကွ...ဒါမှ ကလောင်စွမ်းထက်တယ်တဲ့......
(.......)ကွက်လပ်ကြီးတော့ မထားခဲ့နဲ့ဟေ့...
ငါပြည့်ခဲ့မယ်..ဆိတ် ( လဥ )လိုလို့........။

  © Blogger templates Sunset by Ourblogtemplates.com 2008

Back to TOP