ထိန်းသိမ်းရေးစခန်းမှ ကိုယ်ဝန် ၆-လနှင့် အမျိုးသမီး၏ဒုက္ခ

>> Monday, March 7, 2011

မလီတာ (သမီး)နှင့် ဒေါ်ဂျူတီ (အမေ) သားအမိနှစ်ဦးတို့သည် အောက်တိုဘာလလ ၉ -ရက်၊ ၂၀၁၀ ခုနှစ် (အင်္ဂါနေ့) ညနေ ၃ နာရီခန့်၌ မလေးရှားနိုင်ငံ၊ အမ်ပန်း (Ampang) နယ်မြေ၊ ပန်ဒန်အင်းဒါး (Pandan Indah) အရပ်တွင် မလေးရှားလူဝင်မှုကြီးကြပ်ရေး၏ ဖမ်းဆီးထိန်းသိမ်းခြင်းကို ခံခဲ့ရပါသည်။

အဖမ်းခံရပြီးနောက် ရဲစခန်းအချုပ်မှတဆင့် ကာဂျမ်း (Kajang) ထောင်သို့ ပြောင်းရွှေ့ခံခဲ့ရပါသည်။ ကာဂျမ်းထောင်အတွင်းရှိနေစဉ် မလီတာ၌ ကိုယ်ဝန် ၃-လရှိနေပြီဖြစ်ကြောင်း ဆေးစစ်ချက်များအရ သိခဲ့ရသည်။

ကာဂျမ်းထောင်အတွင်း နှစ်လကျော်မျှ နေထိုင်ခဲ့ရပြီး ဇန်န၀ါရီလ ၇-ရက်၊ ၂၀၁၁ တွင် လန်ဂန်း (Lenggeng) ထိန်းသိမ်းရေးစခန်းသို့ ထပ်မံပြောင်းရွှေ့ခံခဲ့ရသည်။ လန်ဂန်းထိန်းသိမ်းရေးစခန်းသို့ရောက်ပြီး ၁၀-ရက်ခန့်အကြာတွင် UNHCR-Malaysia မှ ကိုယ်စားလှယ်နှင့် လွတ်မြောက်ရန်အတွက် အင်တာဗျူးဖြေဆိုခွင့်ရခဲ့ပြီး တလခွဲမျှကြာခဲ့ပြီဖြစ်သော်လည်း မည့်သည့်အကျိုးသက်ရောက်မှုမှ မရှိခဲ့ပေ။


ယခုအချိန်တွင် မလီတာကိုယ်ဝန်မှာ ၆-လကျော်ပြီ ဖြစ်ပါသည်။ ထိန်းသိမ်းရေးစခန်းတွင် နေထိုင်ရသည့်အတွက် ကိုယ်ဝန်ဆောင်သည်တယောက်နှင့် ပတ်သတ်သည့် ဆေးကုသမှု၊ ဆေးစစ်ခံယူမှု လုံးဝမရရှိသည့်အပြင် လိုအပ်သည့် အစားအသောက်အာဟာရလည်း စားရခြင်းမရှိပေ။

သို့ဖြစ်ပါ၍ လူသားချင်းစာနာထောက်ထားသောအားဖြင့်လည်းကောင်း၊ ထိန်းသိမ်းရေးစခန်းတွင်းမှ ကိုယ်ဝန်ဆောင်မိခင်လောင်းတယောက်၏ ဒုက္ခကို ကိုယ်ချင်းစာ သနားညှာတာသောအားဖြင့်လည်းကောင်း UNHCR-Malaysia နှင့် နီးစပ်သည့် လူ၊ အဖွဲ့အစည်း တို့မှ UNHCR-Malaysia သို့ ထပ်မံတင်ပြပေးကြပါရန် လေးစားစွာ မေတ္တာရပ်ခံအပ်ပါသည်။

မလီတာ၏ Lenggeng Camp Body No. မှာ 6991 ဖြစ်ပြီး မိခင်ဖြစ်သူ ဒေါ်ဂျူတီ၏ Body No. မှာ 6990 ဖြစ်ပါသည်။

0 comments:

  © Blogger templates Sunset by Ourblogtemplates.com 2008

Back to TOP