ပြည်ထောင်စုနေ့နှင့် ဗိုလ်ချုပ်မွေးနေ့ အထိမ်းအမှတ် သွေးလှူ

>> Saturday, February 12, 2011



ယနေ့ (၁၂.၂.၂၀၁၁) တွင် ကျရောက်သော ၆၄-ကြိမ်မြောက် ပြည်ထောင်စုနေ့တွင် မလေးရှားနိုင်ငံရှိ “၀ံသာနု” လူငယ်များ နိုင်ငံရေး၊ လူမှုရေးကွန်ယက်မှ လူငယ်အယောက် ၂၀ သည် -

ပြည်ထောင်စုနေ့ အထိမ်းအမှတ်အားဖြင့်လည်းကောင်း၊

ဖေဖော်ဝါရီ ၁၃-ရက်နေ့တွင် ကျရောက်မည်ဖြစ်သော အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏မွေးနေ့ကို အစဉ်အမှတ်ရ ဂုဏ်ပြုသောအားဖြင့်လည်းကောင်း၊

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသားခေါင်းဆောင်များ ပူးပေါင်းဖော်ဆောင်လျက်ရှိသော ဒုတိယ ပင်လုံညီလာခံကို ကြိုဆိုထောက်ခံသည့်အနေနှင့်လည်းကောင်း၊

မလေးရှားနိုင်ငံ အမျိုးသားသွေးလှူဘဏ်တွင် သွေးလှူခြင်းဒါနကို စုပေါင်းပြုလုပ်ခဲ့ကြပါသည်။

0 comments:

  © Blogger templates Sunset by Ourblogtemplates.com 2008

Back to TOP