နအဖ တရားခွင်

>> Tuesday, November 30, 2010

တရားခွင်-၁

တရားသူကြီး ။ ။ ရုံးတော်ရှေ့ရောက်နေတဲ့ တရားခံက ဘာအမှုလဲ။
ဆွဲချရှေ့နေ ။ ။ ရပ်ကွက်ထဲမှာ ရယကခွင့်ပြုချက်မပါဘဲ တံတားဆောက်၊ လမ်းတွေမြေဖို့တဲ့ အတွက်ပါခင်ဗျား.........။
တရားသူကြီး ။ ။ အပိုင်အကြီးအကဲကို မထီမဲ့မြင်ပြုတဲ့အတွက် သောက်မြင်ကပ်ပုဒ်မ နဲ့ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၀-နှစ် ကျခံစေ။


တရားခွင်-၂

တရားသူကြီး ။ ။ ရုံးတော်ရှေ့ရောက်နေတဲ့ တရားခံက ဘာအမှုလဲ။
တရားခံရှေ့နေ ။ ။ ငါးလောင်းပြိုင်လူသတ်မှုကို သက်သေနဲ့တကွ ဖမ်းမိတာပါခင်ဗျား...............။ (တရားသူကြီးအား နှစ်ကိုယ်ကြားလေသံဖြင့်) ဗိုလ်ချုပ်........ နဲ့ တရားခံက ဒီလို ဒီလို ရှိပါတယ်ခင်ဗျ။
တရားသူကြီး ။ ။ တရားခံသည် အပိုင်အကြီးအကဲနှင့် နားလည်မှုယူထားပြီး ဖြစ်သည့်အတွက် နားလည်မှုပုဒ်မနှင့် တရားသေလွတ်စေ။

နအဖစစ်အစိုးရသည် မြန်မာနိုင်ငံအား သောက်မြင်ကပ်ပုဒ်မနှင့် နားလည်မှုပုဒ်မ နှစ်မျိုးဖြင့်သာ အုပ်ချုပ်နေပါသည်။

0 comments:

  © Blogger templates Sunset by Ourblogtemplates.com 2008

Back to TOP