အမျိုးသားခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်အား ဂျပန်ရောက်မြန်မာနိုင်ငံသားများမှကြိုဆိုထောက်ခံသည့်အခမ်းအနား

>> Tuesday, November 23, 2010




၂၀၁၀ နိုဝင်ဘာလ (၂၃)ရက်။
ယနေ့ ဂျပန်နိုင်ငံရောက် မြန်မာ့ဒီမိုကရေ လိုလားသူများ စုပေါင်းဖွဲ့စည်းထာေးသာ ၂၀၁၀ရွေးကောက်ပွဲ ဆန့်ကျင်ရေး ကော်မတီ(ဂျပန်)က ဦးဆောင်၍ ဂျပန်ရောက် မြန်မာ့ဒီမိုကရေစီ လှုပ်ရှားသူများ၏ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာမှုအား ကြိုဆိုထောက်ခံသည့် အခမ်းအနားတရပ်ကို ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ ကုလသမဂ္ဂ အဆောက်အဦရှေ့တွင် ညနေ ၂း၀၀ နာရီ မှ ၅း၀၀ နာရီအထိ ကျင်းပ ပြုလုပ်ခဲ့ပါသည်။

အခမ်းအနားတွင် ဂျပန်နိုင်ငံရှိ ဒီမိုကရေစီအရေး လှုပ်ရှားနေကြသော အဖွဲ့အစည်းအသီးသီးမှ အမျိုးသား ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာမှုကို ကြိုဆိုထောက်ခံခြင်းနှင့် နိုင်ငံရေး ဦးဆောင်မှုကို ၀ိုင်းဝန်းပံ့ပိုး သွားကြရန် တက်ရောက်ခဲ့ကြသည့် အဖွဲ့အစည်းအသီးသီး တာဝန်ရှိသူများတို့မှ ထောက်ခံ ပြောဆို သွားခဲ့ကြပြီး ထုတ်ပြန်ချက်များကို လည်းဖတ်ကြားသွားပါသည်။

ဆက်လက်ပြီး ဒေါ်အောင်ဆန်းစုကြည်ထံသို့ အရောက်ပို့မည့် AUTO စာအုပ်များတွင် ဒေါ်အောင်ဆန်းစုကြည်အား ပြောချင်သော မိမိတို့၏ ဆန္ဒများ၊ဆုတောင်းများ၊ တောင်းဆိုမှုများ... အစရှိသည် တို့ကိုလည်း ရိုးသား ပွင့်လင်းစွာရေးခဲ့ကြပါသည်။ထို့အပြင် ဂျပန်နိုင်ငံရောက် မြန်မာ နိုင်ငံသားများမှ မြန်မာ အာဏာပိုင်များ၊ တပ်မတော်၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ၊ တက်ကြွလှုပ်ရှားသူများ နှင့်တကွ မြန်မာပြည်သူ တရပ်လုံးသို့ ပန်ကြားလွှာကိုလည်း ဖတ်ကြားခဲ့ပါသည်။

ထို့နောက် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)မှ ၂၀၀၃ ဒီပဲယင်း အရေးအခင်း အပြီးတွင် ထုတ်ဝေခဲ့သည့် လှောင်ချိုင့်ထဲက အမည်ရှိ တေးစီးရီးမှ ``ဒေါ်အောင်ဆန်းစုကြည်´´ သီချင်းကို PRMG တေးဂီတ အဖွဲ့နှင့်အတူ တက်ရောက်လာသူများအားလုံးမှ သီဆိုဟစ်ကြွေးကာ အခမ်းအနားကို အောင်မြင်စွာ ရုတ်သိမ်းနိုင်ခဲ့ပါသည်။

အခမ်းအနားသို့ ဂျပန်ရောက် ဒီမိုကရေစီအင်အားစုများမှ လူဦးရေ(၃၀၀)ခန့်ပါဝင်ဆင်နွှဲခဲ့ပြီး အခမ်းအနားတွင် သက်ဆိုင်ရာ တာဝန်ရှိသူတချို့နှင့် တက်ရောက်လာသူ တချို့အားလည်း ဂျပန်နိုင်ငံTBS နှင့် NHK သတင်းဋ္ဌာနတို့မှ အင်တာဗျူးများ ပြုလုပ်သွားကြောင်းလည်း သိရပါသည်။

သတင်းမှတ်တမ်း ။ AYE NANDAR AUNG
မှတ်တမ်းဓါတ်ပုံ ။ Lian Khan Sun
ဗီဒီယို ။kopuor

0 comments:

  © Blogger templates Sunset by Ourblogtemplates.com 2008

Back to TOP