ရွက်ကြွေများ

>> Tuesday, November 9, 2010

“ရွက်ကြွေများ”

ငါတို့ အရင်လို တဟီးဟီး မရယ်တော့ဘူး
အုပ်စုဖွဲ့ပြီး ယိမ်း,မကတော့ဘူး
အငိုအပြုံးတွေနဲ့ ဇာတ်မတိုက်တော့ဘူး။

သစ္စာရှိစွာ စိမ်းလန်းခဲ့ပြီးပြီ
နောက်ဆုံးအချိန်ထိ ဖက်တွယ်ခဲ့ပြီးပြီ
ကိုယ့်ကိုယ်ကို ခြွေချ မြေခခဲ့ကြပြီ။

မနက်ဖြန်မှာ
ဒီ့ထက် ပိုရင့်ရော်လို့
ဒီ့ထက် ပိုခြောက်သွေ့လို့
ဒီ့ထက် ပိုပါးလွှာလို့
လေပြည် တလှမ်း
ရွက်ကြွေ တသန်း လွင့်ခဲ့တယ်
ဟိုး...အဝေးကို။

(အိမ်ဝေးငှက်များသို့ ....)
လေပြည်
(၉-၁၁-၂၀၁၀၊ အင်္ဂါနေ့၊ ည ၁၂း၀၀ နာရီ)

0 comments:

  © Blogger templates Sunset by Ourblogtemplates.com 2008

Back to TOP