အရေးကြီးပြီ သွေးစည်းကြစို့

>> Tuesday, November 9, 2010


သီချင်းဒေါင်းလုပ်ယူရန်

ယနေ့နောက်ဆုံးရ ဒုက္ခသည် ပြည်သူတွေ ပုံပါ..
ယခုနောက်ဆုံးရ မြဝတီသတင်းများ..... မြန်မာစံတော်ချိန် (မနက် ၁၁နာရီ)

မြဝတီမြို့မှာ ပြည်သူတော်တော်များများ ဘုန်းကြီးကျောင်းတွေမှာ ပိတ်မိနေပါတယ်လို့ ဆိုပါတယ်...။ နအဖဘက်မှလည်း ညကလမ်းပေါ်တွေ့တွေ့သမျှလူတွေကို ပစ်တယ်လို့ သိရပါတယ်..။ နအဖမှ နောက်ထပ်(၁)နာရီ အတွင်း ပြည်သူတွေ မြို့ထဲကထွက် သွားဖို့ လိုက်လံကြေငြာနေပါတယ်... ပြီးခဲ့တဲ့ ညက DKBA နဲ့ အဖွဲ့၃ဖွဲ့ခန့် သွားရောက်ပူးပေါင်းခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်..။ သေဆုံးနေသူတွေရဲ့ အလောင်းတွေကို ကောက်လို့ မရတော့တဲ့ အခြေအနေဖြစ်နေကြောင်း မျက်မြင်သက်သေများမှ ဆိုပါတယ်...။ အခြကျန်တဲ့အဖွဲ့တွေက ကော့ကရိတ်နဲ့ မြ၀တီနဲ့ ကြားမှာ စုပေါင်း လှုပ်ရှားနေကြတယ်လို့ ယူဆရတယ်လို့ ထွက်ပေါ်လာတဲ့ သတင်းများက ဆိုပါတယ်..။ ဘုရားသုံးဆူမှာတော့ DKBA မှ အပေါ်စီးမှ အသာရလျှက်ရှိကြောင်း သတင်းပေးပို့လာသူမှ ပြောဆိုသွားပါတယ်..။

နောက်တစ်ဦးကတော့ ကမ်းနားမှာ သတင်းထောက်များစွာဟာ ၃ချောင်းထောက်ကင်မရာတွေနဲ့ မြ၀တီဘက်ကိုချိန်ထားပါတယ်.. ထိုင်းစစ်သားတွေကတော့ လုံခြုံရေးသတိနဲ့ရွေ့လျားသွားလာနေကြပါတယ် ..မြ၀တီဘက်ကမ်းကနေ မိသားစုတွေ ကူးလာနေကြဆဲပါပဲ..။ သူတို့ကတော့ စစ်တပ်ဝင်နေပြီ စစ်ကားတွေပတ်နေတယ်..။ ရှောင်ကြဘို့ ပြောပါတယ်.. ညက တံတားမှာ ဗုံးကွဲတာကတော့ အမှန်ပါပဲ အကောက်ခွန်ဂိတ်(တံတားပေါ်က) ပျက်ဆီးသွားပါတယ်ဟု မျက်မြင်သက်သေ ကမ်းနားနေသူတစ်ဦးမှ ပြောဆိုပါတယ်...။

အရေးကြီးတော့ သွေးစည်းပြီ

ယခုနောက်ဆုံးရ သတင်းအရ.. လက်ရှိ တိုက်ပွဲ ပြန်စနေပြီ တော်တော်ဆူညံနေတယ် ဖုန်းထဲမှာတောင် တော်တော် ဆူညံနေပါတယ်... မြဝတီမှ DKBAတပ်များအား KNU မှဝင်ရောက်ကူနေပြီလို့ ဆိုပါတယ်.. လက်ရှိမှာ မြို့တွင်းတိုက်ပွဲသာဖြစ်နေပြီး ပြင်ပသို့ ကူးစက်လာပါက.. နောက်ထပ် DKBA (၅၀၀) နှင့် KNU စစ်သား (၉၀၀) ကျော် တိုက်ပွဲတွင် ပါဝင် လာနိုင်ပါတယ်။ လက်ရှိ မြ၀တီမြို့ထဲရောက်နေသာ ဗိုလ်နှုတ်ခမ်းမွှေးတပ်မှာ အင်အား (၃၀၀) ခန့်ရှိပါတယ်”..။ ယခု မြို့ထဲမှာ DKBAကို ဝင်ကူနေတဲ့ အဖွဲ့တစ်ဖွဲရှိပြ်း (နာမည်တော့ မဖော်ပြနိုင်တာ ခွင့်လွှတ်ပါ) KNU က နအဖ စစ်တပ်တွေကို လမ်းကြောင်းဖြတ်ပေးနေတာပါ... ကျွန်တော်တို့ တခြားအဖွဲ့တွေကို စောင့်ကြည့်ရလိမ့်မယ်။ မပါလာရင်တော့ ?? ?? ?? ?? ?? ?? အဖွဲ့၅ဖွဲ့နဲ့ပဲ ဆက်တိုက်သွားရလိမ့်မယ်။ လက်ရှိပါဝင်နေသူမှ ပြောဆိုသွားပါတယ်..။

မြဝတီမြို့က ပြည်သူတွေကို နိုင်ငံတကာ ကြက်ခြေနီလို အဖွဲ့အစည်းမျိုးက ဝင်ရောက်ကူညီပေးနိုင်အောင် ဆော်သြပေးကြပါ..

လက်ရှိအခြေအနေမှာတော့ မြဝတီမှာ ကျန်ရှိပိတ်မိနေသူတွေရဲ့ အခက်အခဲနဲ့ အသက်အန္တရာယ်က အင်မတန်မှ အရေးကြီးနေပါပြီ.. နအဖကတော့ မြဝတီ ပြာကျရင်ကျပါစေ.. သူတို့ အသာစီးရဖို့ပဲ ကြိုးစားနေတာပါ.. ပြည်သူတွေ အသက်အိုးအိမ်ကို စောင့်ရှောက်ဖို့ ဆိုတာမစဉ်းစားဘူးဆိုတာ အားလုံးသိပြီးသားပါ... ဒုက္ခရောက်နေတဲ့ ကျွန်တော်တို့ ပြည်သူတွေအတွက် မြဝတီမြို့ကို နိုင်ငံတကာ ကြက်ခြေနီလို အဖွဲ့အစည်းမျိုးက ဝင်ရောက်ကူညီပေးနိုင်အောင် လုပ်နိုင်ကိုင်နိုင်တဲ့ အဖွဲ့အစည်းတွေက နောက်မကျစေဘဲ အလျှင်အမြန် တောင်းဆိုပေးကြပါလို့ တိုက်တွန်း နှိုးဆော်လိုက်ရပါတယ်..

တော်လှန်ရေးသမားများသို့ပန်ကြားချက်


ပြည်သူသာအမိ ပြည်သူသာအဖဖြစ်တယ်။
ပြည်သူလူထုကို အကာအကွယ်ပေးပါ။
ပြည်သူလူထုရဲ့ ယုံကြည်ကိုးစားမှုကို ရယူပါ။
ကရင်တပ်တွေဟာ ဘုရားသုံးဆူနဲ့ မြဝတီ(၂)မြို့ကို ထိန်းထားနေစဉ် အတောအတွင်း နအဖစစ်တပ်တွေရဲ့ လုပ်ကြံဖန်တီး မီးရှို့ဖျက်ဆီးမှုတွေကို သတိထားကြပါ။ နအဖစစ်တပ်တွေက အင်မတန်မှ လိမ်လည် လှည့်ဖျား ဥာဏ်များတဲ့အတွက်ကြောင့် သူတို့မျှားခေါ်နေတဲ့ ချောင်ပိတ်ကွင်းထဲမရောက်မိဖို့ သတိရှိကြပါစေ။ နအဖက စစ်ရေး၊ နိုင်ငံရေး အမြတ်ထုတ်ဖို့ ချောင်းနေပါတယ်။

ကျန်တဲ့တိုင်းရင်းသား စစ်ရေးမဟာမိတ် တွေ လက်တွေ့ပြင်ကြဖို့ လိုပါပြီ။ ပြည်တွင်း ဒီမိုကရေစီအင်အားစုတွေပြည်သူလူထုနဲ့လက်တွဲပြီး တိုက်ပွဲဝင်နိုင်ဖို့ ၀ိုင်းဝန်းကူညီ လက်တွဲဖို့  အသင့်တော်ဆုံးကာလဖြစ်ပါတယ်။

စစ်ရေးအရ အပစ်အခတ်ရပ်ထားပေမယ့်လည်း နအဖရဲ့ စစ်ဖိနပ်အောက် ခေါင်းလျှိုမ၀င်လိုသည့် ကချင် ၊ မွန် ၊ ကရင်နီ ၊ ရှမ်း ၊ ၀ တို့ အနေနှင့် ယခု အချိန်တွင် ငါ့လာ မတိုက်သေးဘူးပဲ မြို့ ထဲ မှာ အေးအေးလူလူ နှပ်နေနိုင်သမျှ နေမည်ဟူသောစိတ်ဖြင့် မသိသလိုနေမည်ဆိုလျှင်တော့ သင်တို့ ၏ အလှည့်လည်း မလွဲမသွေ တစ်နှစ်အတွင်း ရောက်ရှိလာမည်ဖြစ်၏။

ဒါ့ကြောင့် နအဖရဲ့အလိမ်အညာရွေးကောက်ပွဲကို ဆန့်ကျင်သည့် စစ်ရေးဆောင်ရွက်ချက်ကို စတင်သင့်ပြီဖြစ်တယ်။ သို့ မဟုတ်ပါမူ သင်တို့ အဖွဲ့ များ၏ အနာဂါတ်ကံကြမ္မာ ၊ တိုင်းရင်းသားပြည်သူလူထု ၏ အနာဂါတ်ကံကြမ္မာသည်ကား ဆင်းရဲတွင်း နက်သထက်နက်ပြီး စစ်ကျွန်တွင်းက ရုန်းထွက်ဖို့မဖြစ်နိုင်တော့ပါ။ တိုင်းရင်းသားပြည်သူတွေ လူတန်းစေ့ရေး နီးစပ်ရာမြို့များကနေ လက်နက်ကိုင် ထွက်လာကြပါတော့။

ဒီမိုကရေစီနှင့်တော်လှန်ရေးပန်းတိုင်သို့
စောကျော်ခွီးနဲ့အဖွဲ့သားများ


0 comments:

  © Blogger templates Sunset by Ourblogtemplates.com 2008

Back to TOP