ပီနန်းမြန်မာဘုန်းတော်ကြီးကျောင်း စုပေါင်းမဟာဘုံကထိန်ပွဲတော်

>> Monday, November 1, 2010



မလေးရှားနိုင်ငံ၊ ပီနန်းမြို့ရှိ ဓမ္မိကာရာမမြန်မာဘုန်းတော်ကြီးကျောင်း၏ အကြီမ် ၂၀-မြောက် စုပေါင်းမဟာဘုံကထိန်ပွဲတော်ကို (၃၁-၁၀-၂၀၁၀)ရက်နေ့တွင် ပီနန်းကောင်တာကုန်တိုက်မှလူငယ်များ၊ nld - youth (la) malaysia ၊ ကုမုဒြာ အဖွဲ့၊ အမေ့ရင်သွေး(ဂီတပဒေသာအဖွဲ့၊ မြန်မာဥယျာဉ်အဖွဲ့၊ ရောင်နီဦးအဖွဲ့၊ ဒါနကုသလအဖွဲ့၊ အမေ့မေတ္တာအဖွဲ့၊ အောင်သပြေမိသားစုတို့မှ စုပေါင်းပြုလုပ်ခဲ့ကြသည်။

ကြွရောက်လာသောဧည့်သည်တော်များအား စတုဒီသာမဏ္ဍပ်များမှ စားသောက်ဖွယ်ရာများဖြင့် ကျွေးမွေးဧည့်ခံခဲ့ကြပြီး ဘုန်းတော်ကြီးများအား နံနက်ဆွမ်း၊ နေဆွမ်းများ ဆက်ကပ်လှူဒါန်းကာ နေ့လည် ၂း၃၀ အချိန်တွင် ကထိန်ပဒေသာပင်များ စီတန်းလှည့်လည်ခဲ့ကြသည်။

ပီနန်းဆရာတော်ကြီးနှင့် ထိုင်ဝမ်ဆရာတော်ကြီးတို့မှ ရေစက်သွန်းချအမျှပေးဝေကာ အလှူရှင်များက သာဓုအနုမောဒနာ၍ ညနေ ၅း၀၀ အချိန်တွင် ကထိန်ပွဲကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြသည်။

ကထိန်ပွဲလာပရိတ်သတ်များအား အမေ့ရင်သွေး (ဂီတပဒေသာအဖွဲ့မှ) သီဆိုဖျော်ဖြေခဲကြသည်။

0 comments:

  © Blogger templates Sunset by Ourblogtemplates.com 2008

Back to TOP