7-11

>> Saturday, November 6, 2010

"7-11"


7-11 ဟာ
ကြံဖွတ်တွေကြီးစိုး
ပြည်သူတွေပြာပုံတိုးမယ့်
စနစ်တခုကို အစပျိုးခြင်းဖြစ်တယ်။

7-11 ဟာ
တိုင်းပြည်ကိုချောက်ထဲချမယ့်
ဖက်ဆစ်စနစ်ကိုမျိုးစေ့ကြဲ
အာဏာရှင်တွေရဲ့
ရွေးပြီးကောက်မယ့်ပွဲတခုဖြစ်တယ်။

7-11 ဟာ
ဆွေမျိုးပေါက်ဖော်တွေရဲ့
မိတ်ဆုံစားပွဲမှာ
ဟာသနှောပြီးပြောကြတဲ့
လုပ်ကြံဇာတ်လမ်းတပုဒ်ဖြစ်တယ်။

7-11 ဟာ
စစ်တပ်ကို နဖားကြိုးထိုးဖို့
အာဏာရှင်တွေရဲ့ ကြိုးတချောင်းဖြစ်တယ်။

7-11 ဟာ
လွတ်မြောက်လိုသူပြည်သူအပေါင်း
ကျခဲ့ရတဲ့သွေးစီးကြောင်းတွေရဲ့
မြစ်ဖျားခံရာတခုဖြစ်တယ်။

7-11 ဟာ
တော်လှန်ရေးဝိညာဉ်အပေါင်းရဲ့
အံတကြိတ်ကြိတ်တောက်ခေါက်သံနဲ့
မချင့်မရဲငိုညဉ်းသံတို့ဆုံဆည်း
မျက်ရည်စီးကြောင်းရာတခုဖြစ်တယ်။

7-11 ဟာ
အမှန်တရားကိုနှောင်ကြိုးတဲ
လွဲနေတဲ့ဆုံမှတ်တွေပေါင်းစု
ငါတို့အင်အားစုတွေအတွက်
တိုက်ပွဲခေါ်သံတခုဖြစ်တယ်။

ဒီတော့.......
7-11 ကို ၀ိုင်းဝန်းဆန့်ကျင်ကြ။
7-11 ကို ၀ိုင်းဝန်းသပိတ်မှောက်ကြ။

အာဏာရှင်စနစ်ကို
အမြစ်ပါမကျန်တော်လှန်ကြ။

မောင်ပါလ

2 comments:

Aungsoe November 7, 2010 at 4:14 AM  

ငုံခံ မှန်းသိလေ လူတွေရဲ့သဘောသဘာဝအရ ဖြဲခြောက်နေမှာပဲ၊ မပြောချင်လို့ကြည့်နေတာ လူတွေက အ နေတယ်လို့ထင်တတ်ပါတယ်၊
တခါတလေ နဂါး မှန်းသိအောင် အမောက်တော့ထောင်ပြရမယ်...ကိုယ့်လူ။
လွတ်လပ်မှုကိုလိုချင်ရင်တော့...အာဏာရှင်စနစ်ကိုတိုက်ဖျက်ကြရမယ်။
ဘာ ဘာ ဘာ မှ အလားကားမရပါ၊ ထိုက်တန်တဲ့ ရင်းနှီးမှုတော့ ရှိရမှာပေါ့။
ကိုဗလိုင်(ဒိန်းမတ်)

Aungsoe November 7, 2010 at 4:41 AM  

၂၀၁၀ နိုဝင်ဘာ ၇ ရက်နေ့ဟာ ရွေးကောက်ပွဲ မဟုတ်ဘူး၊ ဒူးထောက်ပွဲပါ၊
၂၀၁၀ နိုဝင်ဘာ ၇ ရက်နေ့ဟာ ပြည်သူ့ကိုယ်စားလှယ်ရွေးတဲ့နေ့ မဟုတ်ဘူး၊
သမိုင်းတရားခံရွေးတဲ့နေ့ပါ...ရွေးကောက်ပွဲမှန်းမသိ ဒူးထောက်ပွဲ မှန်းမသိ ဖြစ်
နေတဲ့ အမတ်တို့ရေ လွှတ်တော်မှာ ဇွတ်အော်ဘို့မကြိုးစားလိုက်ပါနဲ့၊ကြံ့ဖွတ် ကြိုးဆွဲပြီ ကရမယ့်
ရုပ်သေးလိုမြင်ယောင်နေမိသေးတယ်...ကြံ့ဖွတ်ကြိုးဆွဲပြီး မက ခိုင်းသေးခင်...ကိုယ့်ကြိုး ကိုယ်ဆွဲလိုက် အမတ်တို့....ရေ။
ကိုဗလိုင်(ဒိန်းမတ်)

  © Blogger templates Sunset by Ourblogtemplates.com 2008

Back to TOP