ရွှေဘုံစံ ကုမ္မဏီကြောင့် ဒုက္ခရောက်နေကြရသူများ.

>> Monday, October 25, 2010

ကျွန်နော့် ပတ်ဝန်းကျင်မှာ တွေ့မြင်နေရတဲ့ မတရားတဲ့ အဖြစ်အပျတ်လေးတစ်ခုပါ..။မလေးရှားမှာရှိတဲ့ အေးဂျင့်တွေနဲ့ မြန်မာပြည်မှာ ရှိနေတဲ့ အေးဂျင့်တွေ ပေါင်းပြီး ရိုက်စားလုပ်နေကြတဲ့ အဖြစ်လေး တစ်ခုပေါ့.....

မြန်မာနိုင်ငံကနေ လွန်ခဲ့တဲ့ လေးလပိုင်း ၂၉ရက်နေ့ ( 29.APR.2010) မှာ ထွက်လာကြတဲ့ ဦးအာလီစော ( A.358952) အပါအ၀င် ၆ဦး အဖွဲ့မှာပတ်ပို့ စာအုပ်နှင့် ပါမစ်အလိမ်ခံနေရပါတယ်...။

မြန်မာပြည်မှ အေးဂျင့်ကတော့ ရွှေဘုံစံ ကုမ္မဏီ မှ ကိုကျော်မြင့်ထွန်း ...ဖုန်းနံပါတ် 095109492 ဖြစ်ပါတယ်...။သူ့ကို ဆတ်သွယ်ပြောဆိုတဲ့အခါ မှာလဲ ရိုင်းပြစွာ ပြန်လည် ပြောဆိုခဲ့ပါတယ်။မြန်မာနိုင်ငံမှာ သူ့ကို ပေးချေခဲ့ရတာ ၁၃ သိန်းခွဲ (လက်ငင်း) ဖြစ်ပါတယ်..။

လက်ရှိ ပူချွန်း ILO မှ တာဝန်ရှိသူများနှင့် ဆတ်သွယ်လုပ်ဆောင်နေသော်လည်း တပတ်ပြီး တပတ် ရက်ချိန်းတွေနဲ့ပဲ ပြန်လာနေရပါတယ်...။

မြန်မာပြည်မှာ ရှိနေတဲ့ မိတ်ဆွေ သူငယ်ချင်းတွေ ၄င်းကုမ္မဏီနှင့်ဆက်သွယ်ပြီး အလုပ်မလုပ်မိကြစေဖို့နဲ့ ဒီအဖြစ်အပျက်နဲ့ ပတ်သတ်ပြီး ထိထိရောက်ရောက် အကူအညီ ပေးနိုင်မဲ့ မိတ်ဆွေများ ရှိရင် ( 016 9812997 ) ကို ဆတ်သွယ်မေးမြန်းနိုင်ပါတယ်...။

CO2 မှ ပေးပို့လာပါသည်။

1 comments:

Co2zeиith October 26, 2010 at 11:40 PM  

ဘိုမူးဂျုတ်ကွ :P

  © Blogger templates Sunset by Ourblogtemplates.com 2008

Back to TOP